MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 10, 2011

မေတ္တာရှင်၏ရင်ဖွင့်စကားသံ ။

ကျနော် အခုလို့ မေတ္တာရှင် Web Site လေးလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်လေးစားချစ်ခင်ရသော အဝေးရောက်မိဘ ၂ပါးနှင့် သူငယ်ချင်းများ။ တရားချစ်ခင် Buddha ဘာသာဝင်များအလွယ်တကူတရားနာယူလို့ရရှိရေးအတွက် နှင့် သီချင်းကြိုက်သူများနားဆင်၇န်အတွက် အထူးပြုလုပ်ပေးထားတာပါ။ထို့ အပြင် နှစ်စဉ် နှစ်တိုင်း ဧပြီလ နှစ်ဆန်းတစ်ရက်နေ့နှင့် သီတင်ကျွတ်လပြည့်နေတို့ တွင် အလှူကြီးများပြုလုပ်ရန် ပရဟိတ ၀က်ဆိုက်ဒ် တစ်ခုလို့ ပြောရမယ်ဆိုလည် မမှားပါဘူးခင်ဗျာ။ ထို့ အပြင် ကျနော်၏ဆိုက်ဒ်မှ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်အွန်လိုင်းရေဒီယိုကိုလည်း တွဲဖက်ထည့်သွင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ သီချင်းများ နှင့် တရားတော်များကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ထုတ်လွှင့်မည့်အချိန်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ.... တရားတော်လွှင့်ချိန် =>နေ့စဉ် မနက် ၃နာရီ မှ မနက်၁၀နာရီအထိ။ သီချင်းများထုတ်လွှင့်ချိန်=>မနက် ၁၀နာရီမှ မနက် ၃ နာရီအထိ။ မိမိတို့ နားဆင်လိုသော တရားတော်များနှင့် သီချင်းများကိုလည်း မိမိတို့ ရဲ့  Gtalk မှတဆင့်တောင်းဆိုနားဆင်နိုင်ပါတယ်ခင်ဗျာ။အသေးစိတ်ကို ၂၀၁၂ ဖေဖော်ဝါရီလတွင်ထပ်မံအသိပေးပါမည်။ မေတ္တာရှင်သည် မည်သည့် Web sites ၊ မည်သူ့ကိုမှ ပြိုင်ဆိုင်လိုစိတ်လုံးဝမရှိကြောင်း ပြောကြားလို့ပါတယ်ခင်ဗျာ။ ပညာရှင်များကလည်း မှားနေတာများ သို့မဟုတ် ယခုကျနော် တတ်သလောက်မှတ်သလောက်ဖန်တီးထားမှုထက် ပိုမိုတိုးတက်စေရန် စေတနာနှင့်ကူညီပေးလိုသူများ ရှိပါကလည်း ကျနော်မေတ္တာရှင်(ကျော်မြတ်သူ) မှ အထူးကျေးဇူးတင်ရှိစွာဖြင့် နွေးထွေးစွာ ကြိုဆိုပါတယ်ခင်ဗျာ။ လာရောက်လည်ပတ် ဖတ်ရှု။ တရားနားဆင်သူများ၊ သီချင်းနားဆင်သူများအားလုံးကို အထူးကျေးဇူးတင်လျှက်…… ကျနော်ကူညီနိုင်သည်များရှိပါက ကျနော့်ထံသို့  အီးမေးနှင့်သော်လည်းကောင်း ။ ကွန့်မန့်ပေးခြင်းဖြင့်သော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။ မိမိတို့ အကြံဥာဏ်ပေးလိုသည် သို့မဟုတ်အဆင်မပြေတာများရှိလျှင် ၊်အခက်ခဲများရှိပါက ကျနော့်ထံသို့ အချိန်မရွေးလူမျိုးဘာသာ မရွေး ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။ ဆက်လက်ကြိုးစားပါဦးမည်။
ကျွန်ုပ်သည် မေတ္တာရှင်ပရဟိတဖောင်ဒေးရှင်းကိုတည်ထောင်ရခြင်းသည် လူအများအထင်ကြီးအောင်လုပ်ခြင်း လုံးဝ လုံးဝ လုံးဝ မဟုတ်ပါ။ကျွန်ုပ်အား ကြိုက်သလိုဝေဖန်နိုင်ပါသည် သို့ ပေမယ့် အလှူအတန်းနှင့် ကျွန်ုပ်ကိုးကွယ်သော ဗုဒ္ဓမြတ်စွာဘုရားနှင့်တရားတော်များကို လာရောက်ထိပါးစော်ကားရန် လုံးဝ လက်မခံပါ။ဗုဒ္ဓဘာသာလူအမျိုးအချင်းချင်း ရှုံ့ ချပြောဆိုပြီး ဗုဒ္ဓဘာသာဝင်အတုများ ။မိရိုးဖလာ မိဘဗုဒ္ဓဘာသာဖြစ်လို့ သားသမီးလည်း Automatic အလိုလျှောက်ဗုဒ္ဓဘာသာဖြစ်သူများက ကျွန်ုပ်အားလာရောက်ထိပါးသောကြောင့် ကျွန်ုပ်သည် ယခုလိုဖော်ပြရေးသားထားခြင်းဖြစ်ပါကြောင်းအသိပေးနှိုးဆော်ပါသည်။ အလားတူစွာပင် ကျွန်ုပ်သည်အသက်အားဖြင့်ငယ်သော် အလှူဒါနနှင့်ဘာသာရေးကိုးကွယ်ယုံကြည်မှုတို့ တွင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ ထက် သာလွန်သည်ကို အခိုင်မာပြောဆိုနိုင်ပါသည်။ကျွန်ုပ်သည် ငယ်စဉ်ကတည်းကပင် မိဘနှစ်ပါး၏ အဆုံးမတရားများကိုအပြည့်ဝခံယူခဲ့ သောကြောင့် ယခုအချိန်တွင် တိုင်းတပါးပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေရသော်ငြားလည်း ထိုမိဘနှစ်ပါး၏ဆုံးမသွန်သင်မှုကို
အမြဲနာယူမှတ်သားနေဆဲဖြစ်သောကြောင့် တပါးသူများသည် ကျွန်ုပ်ထက်
ထူးချွန်တတ်မြောက် ပြီးမြောက်နေသောပညာရှင်များကိုလည်း အပြစ်တင်ရှုံ့ ချခြင်းမရှိပါကြောင်းနှင့် အရာတခုကိုမိမိမလုပ်နိုင်လျှင် တစ်ပါးသူများအား မလိုမုန်းတီးစိတ်၊ပစ်တင်ရှုံ့ ချခြင်းစိတ်ထားများသည် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်အဆုံးမများနှင့်မကိုက်ညီကြောင်းကိုလည်း ပြောကြား
လိုပါတယ်ခင်ဗျာ။
"

Email : mts@myittarshin.com

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။