MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 21, 2011

အော်...လောကကြီးရဲ့ လူသားသတ္တ၀ါတွေ အတ္တတွေနဲ့ ပါလား။...

နှစ်သစ်တခု၏ နှစ်ဆန်းပိုင်း ဇန်န၀ါရီလတွင် ကျွန်ုပ်သည် အွန်လိုင်းတခုဖြစ်တဲ့ ချက်ရွမ်းတခုမှာ အသင်းဝင်ဖြစ်သွားပါတယ်။အဲဒါနဲ့  ရံဖန်ရံခါဆိုသလို အပျင်းပြေသူငယ်များနှင့် ချက်ရွမ်းတွင် ယဉ်ကျေးစွာစနောက်ပီးနေလာခဲ့ တာ ၈လ ကျော်ခဲ့ ပြီပေါ။အဲဒီလိုနဲ့ တနေ့မှာ ကျနော် ဖြစ်ချင်လုပ်ချင်ခဲ့ သော ပရဟိတလုပ်ငန်းများနှင့်တရားတော်ထုတ်ကိုရေဒီယိုမှ လွှင့်ချင်ခဲ့တဲ့ စိတ်ကူးနှစ်ခုထဲမှ တစ်ခု ကိုအ၇င်ဆုံးစတင်အကောင်ထည်ဖော်နိုင်ခဲ့ပါတယ်။ အဲဒါဘာလဲဆိုတော့ www.buddhafm.net တွင် ၂၄ နာရီပတ်လုံးတရားတော်များကို ဗုဒ္ဒဘာသာဝင်များအတွက် ထုတ်လွှင့်ပေးနိုင်တဲ့  တရားထုတ်လွှင့်သူ Broadcaster ဖြစ်လာလို့ပါပဲ။အဲဒီလိုနဲ့ ကျနော်ဆန္ဒတခုကျန်ရှိနေတာကိုဆက်လက်အကောင်ထည်ဖော်ရန်ကြိုးစားခဲ့တာ ၄ လခန့်အကြာမှာ ကိုယ်ပိုင် ပရဟိတWebsite လေးတခုထောင်ချင်တဲ့စိတ်ကူးက အကောင်ထည့်ပေါ်လာခဲ့ ပါတယ်။အဲဒါကတော့ ၁၀-၁၂-၂၀၁၁ ကျနော် အလုပ်နားတဲ့ ရက်တရက်မှာဖြစ်ပါတယ်။တနေကုန် ကွန်ပြူတာရှေ့မှာ ထိုင်ပြီး နည်းပညာပိုင်းဆိုင်ရာတွေကိုလေ့လာပြီး အဲဒီနေ့မှာပဲ www.myittarshin.com ဆိုတဲ့ကျနော့်ရဲ့ ပရဟိတ ဆိုက်ကလေးပေါ်ပေါက်လာခဲ့ပါတယ်။ပရဟိတလို့ ပြောတာ စကားကကြီးကျယ်သလိုဖြစ်နေရင် နားလည်ပေးပါ။ကျနော်က ပရဟိတလုပ်ငန်းကို တပိုင်တနိုင် မိမိ တတ်စွမ်းသလောက်နဲ့ စလုပ်တာဖြစ်လို့ အဖွဲ့ စည်းအသင်းဖွဲ့ မရှိပါဘူး။ ထို့အတွက်ကြောင့် မလိုလားအပ်တဲ့ အထင်လွဲနားလည်မှူလွဲစရာ နာမည်ပျက်စရာတွေလည်းမရှိနိုင်ပါဘူးဆိုတဲ့ ခံယူချက်နဲ့ တစ်ဦးတယောက်အားနဲ့ စတင်ခဲ့ပါတယ်။ နိဗ္ဗ္ဗာန်ရောက်ရာရောက်ကြောင်း နှင့် ကုသိုလ်အရေးအတွက် အကျိုးမျှော်နှိုးဆော်ပေးတဲ့အရာများအထူးပြုလုပ်ပီး နတ်လူသာဓုခေါ်နိုင်ကြစေ၇န်ရည်ရွယ်ချက်နဲ့  ကျနော်ရဲ့ မေတ္တာရှင်ဆိုက်ဒ်လေးထူထောင်ခဲ့ပါတယ်။ထို့ နောက် အွန်လိုင်းရေဒီယိုပါထည့်သွင်းတည်ထောင်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် အချို့ သောသူများ၏ ကဲ့ ရဲ့ မှူ မကောင်းသတင်း သပုတ်လေလွှင့်ပြောဆိုမှုများနှင့် သူတို့ ရေဒီယိုဆိုက်ဒ် နှင့်ယှဉ်ပြိုင်သည်ဟူသော မှားယွင်းစွာကလေးအတွေးများဝင်ပြီး မနာလိုစိတ်များဖြစ်ကာ အကုသိုလ်များပွားများနေသည်ကိုတွေ့ ရှိရတဲ့အတွက် ကျနော် မေတ္တာရှင်(ကျော်မြတ်သူ)အလွန်ပင်စိတ်မကောင်းဖြစ်မိပါသည်။ထိုသူများသည် ကျွန်ုပ်၏ စာမျက်နှာတွင် အပြာရောင်စာသားများနှင့်မြန်မာလို ရှင်းလင်းစွာရေးသားထားသည်ကို သဘောပေါက်နားလည်ခြင်းမရှိသေးသောကြောင့်ဟု တွေးတောယူဆမိလိုက်ပါတယ်။အဘယ်သို့ ပင်ဖြစ်စေကာမူ
ကျွန်ုပ်အားမည်သူမဆို တရားနားဆင်ရန်အတွက်လာရောက်မေးမြန်းသူများနှင့် ဘာသာရေးနှင့်ပရဟိတလုပ်ငန်းများလုပ်ဆောင်သူများအကိုအစဉ်အမြဲလေးစားလျှက်ရှိပါသည်.။သို့ သော်ငြားလည်း
ကျွန်ုပ်သည် ဗုဒ္ဒဘာသာဝင်အစစ်များ(Generation Automatically Buddhism မိဘကိုးကွယ်သည်ကိုလိုက်ကိုးကွယ်ရသူများကို မဆိုလိုပါ) ကိုတရားများနားဆင်လိုပါက နားဆင်သူတယောက်ပင်ရှိပါစေ ကျွန်ုပ်သည် တရားတော်များကို အမြဲမပျက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်သည် သူတပါးအထင်ကြီးစေ၇န်စကားများမဆိုတတ်မပြုမူတတ်သလို ကျွန်ုပ်သည် ပျော်ရွှင်၊ကြည်နူး။ပီတိနှင့်ဝမ်းနည်းခြင်း။စိတ်ဆိုးခြင်းများဖြစ်ပါကလည်း ပွင့်လင်းစွာပြောဆိုရမှာ ၀န်မလေးသူဖြစ်ပါသည်။ကျွန်ုပ်အား မည့်ကဲ့သို့ပင် မဟုတ်မမှန်သတင်းနှင့် မကောင်းသတင်းများနောက်ကွယ်တွင်ပြောဆိုသူများ ကို အထူးကျေးဇူးတင်ပါသည်။သို့သော်ငြားလည်း ကျွန်ုပ်၏ ကိုးကွယ်မှူ ဘာသာတရားနှင့် ပရဟိတလုပ်ငန်းများအတွက် မစော်ကားစေချင်ပါဘူး။အလားတူပဲ မည်သည့် Website တွင်မဆို မည်သည့် Chatroom တွင်မဆို တရားဓမ္မနားဆင်နာကြားယူလိုသောမိတ်ဆွေများရှိပါကလည်း ကျွန်ုပ်ဆက်လက် ကူညီပြီး တရားနားဆင်နိုင်ရန် website address Link (ဥပမာ- www.buddhafm.net or www.myittarshin.com) များကိုဆက်လက်ဖော်ပြပေးသွားပါမည်။မိမိသည်ဗုဒ္ဒဘာသာဝင် အစစ်ဖြစ်ပါက မိမိကိုးကွယ်သော ဘာသာတရားအတွက်လက်ခံနိုင်လိမ့်မည်ဟုထင်ပါသည်။အဘယ်သို့ ကျူ်ကဲ့သိုပြောရသလဲဆိုလျှင် ကျွန်ုပ်အထက်တွင်ဖော်ပြခဲ့သော ရေဒီယိုဆိုက်ဒ်တခု၇ဲ့ ချက်ရွမ်းတွင် တရားဓမ္မ website Link ကို ကျွန်ုပ်သူငယ်ချင်းများအား ဖော်ပြပေးခဲ့သောကြောင့်ကျွန်ုပ်အား သပုတ်လေလွှင့်ပြောဆိုကာ လူအများအထင်ကြီးအောင်ပြောဆိုနေသောသူများယခုထိရှိနေသောကြောင့်ဖြစ်ပါသည်။ထို့ ကြောင့် ထိုသူသည် ကျွန်ုပ်အား ထိုသူသည် ထိုသူဦးစီးသော Chat Room မှာကျွန်ုပ်၏အကောင့်အား Deleted လုပ်ပစ်ခဲ့ပါသည်။မည်သို့ပင် အကြောင်းပြချက် ခိုင်လုံစွာမရှိပဲ ခေါင်းဆောင်ကောင်းမပီသစွာပြုမူဆောင်ရွက်မူများသည် မိမိနောက်လိုက် အောက်လက်ငယ်သားတွေအတွက် အထင်သေးစရာဖြစ်လာရမည်ကို ထိုသူနားလည်မည်မဟုတ်ပါ။ ကျွန်ုပ် အဓိကပြောဆိုချင်သည်မှ မိမိသည် ကျွန်ုပ်ကဲ့သို့ တရားတော်များမလွှင့်ဆိုနိုင် မိမိကိုယ်တိုင် တရားအတွက်ေ၇ဒီယိုမလွှင့်နိုင်။ကျွန်ုပ်ပြုလုပ်နေသော နတ်လူအများသာဓုခေါ်နိုင်မည့်လုပ်ငန်းများ လိုက်လံမလုပ်ဆောင်နိုင်ပါက မိမိလက်ရှိအနေထားတွင်ရေငုံနှုတ်ပိတ်နေသင့်သည်ဟု ကျွန်ုပ်ပြောကြားလိုက်ပါသည်။ထို့အပြင် ကျွန်ုပ်သည် မည်သူ့ ကိုမှ ယှဉ်ပြိုင်လိုစိတ်မရှိသော်ငြားလည်း မလိုသူများက မဟုတ်မကန်ပြောဆိုနေသောကြောင့် ကျွန်ုပ်လွန်စွာစိတ်မကောင်းဖြစ်မိပါသည်။ထိုသူများအတွက် ကံကြမ္မာလှည်းဘီးသည် လည်ပတ်နေပါဦးမည်။.......

ဆက်လက်ကြိုးစားသွားပါဦးမည်။

မေတ္တာရှင်(ကျော်မြတ်သူ)
www.myittarshin.com
http://wma1.viastreaming.net/MTS (၂၄ နာရီ အွန်လိုင်းရေဒီယို {တရားတော်များနှင့် သီချင်းများ } )
http://myittharshinmts.blogspot.com
http://phoelamin.wordpress.com

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။