MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 11, 2011

မေတ္တာရှင်ဆိုက်ဒ်မှ အလှူတန်းများနှင့်ပတ်သက်ပြီး အထူးသတိပေးလိုပါသည်။

မင်္ဂလာပါခင်ဗျာ။

ကျနော်တို့ မေတ္တာရှင်ဆိုက်မှာအလှူတန်းများပြုလုပ်တိုင်း မှတ်တမ်းမှတ်ရာများ နှင့် ဓာတ်ပုံ/ဗီဒီယိုများ
နှင့်တကွ www.myittarshin.com or http://myittharshinmts.blogspot.com တို့ တွင် ၀င်ရောက်
ကြည့်ရှုနိုင်ပါသည်။

ဥပမာ--- ကျွန်ုပ်လှူတန်းခဲ့သောမှတ်တမ်းမှတ်ရာတခုကိုကြည့်ပါ။




၁၁-၁၂-၂၀၁၁ နေ့တွင် ချမ်းမြေ့ရိပ်သာကျောင်း(Singapore)အတွက်လှူဒါန်းငွေ။
အလှူငွေဖြတ်ပိုင်းဖြစ်ပါသည်။မယုံကြည်သူများက No-103,Verd View,Choa Chu Kag Estate,Singapore 688708 ချမ်းမြေ့ရိပ်သာကျောင်း(စင်ကာပူ)လမ်းကြုံလျှင်စုံစမ်းကြည့်နိုင်ပါသည်။
ယခုခေတ်အချိန်ခါတွင် Photoshops နှင့် အခြားသော Softwares များ Printing Design များ။ ဘောက်ချာစာအုပ်များကို မိမိလိုသလို ထုတ်ယူသုံးစွဲနေကြပါသောကြောင့် မိမိအလှူအတွက် အကုသိုလ်စိတ်များမဖြစ်မိစေရန် ခိုင်လုံသောသက်သေနှင့် အမှန်တကယ်လှူဒါန်းမှုမျိုးတွင်ပါဝင်လှူဒါန်းကြပါရင် သတိပေးအပ်ပါသည်ခင်ဗျာ။
*** မိမိသဒ္ဒါတရားသည် အလှူတန်းတိုင်းအတွက် ကုသိုလ်ဖြစ်ပါသည်။ နဲတာ များတာ အဓိကမဟုတ်ပါ။ 50 Cents or $1 လှူသော်လည်း သင့်အတွက် ငွေကြေးAmount ထက် အလှူအတွက် သဒ္ဒါတရားနှင့်စိတ်အားထက်သန်မှုသည် အလွန်ပင်ကုသိုလ်ကြီးဖြစ်နေပါသည်။*****



ကျနော်တို့ မေတ္တာရှင် ပရဟိတဆိုက်ဒ်နှင့်၂၄နာရီရေဒီယိုဆိုက်ဒ်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့  ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်လိုက်ပါသည်။

မေတ္တာရှင် ဆိုက်ဒ်ကိုလာရောက်လည်ပတ်ကြရန်လည်း ကျနော် မေတ္တာရှင် မှာ နွေးထွေးစွာဖိတ်
ခေါ်လိုက်ပါတယ်ခင်ဗျာ။

ကျနော်တို့ ဆိုက်ဒ်၏ ရည်မှန်းချက်မှာ နှစ်စဉ်နှစ်တိုင်းအလှူကြီး ၂ ကြိမ်ပြုလုပ်ရန်နှင့် အခါအားလျှော်စွာ အလျှင်းသင့်သလို့  အခြားသောအလှူတန်းများကိုလည်းပြုလုပ်သွား၇န်နှင့် ၂၄နာရီအွန်လိုင်းရေဒီယိုအစီစဉ်တွင် တရားတော်များနှင့် တေးသီချင်းများကို တနှစ်ပတ်လုံးထုတ်လွှင့်သွားရန်ရည်ရွယ်ပါသည်ခင်ဗျာ။

ကျနော်တို့ ၏ ဆိုက်ဒ်သည် ယခုမှစတင်တည်ထောင်လိုက်သည့်အတွက် အဖက်ဖက်မှလိုအပ်ချက်များရှိပါသောကြောင့် လာရောက်လည်ပတ်သူတို့ နှင့် အလှူရှင်များက
စိတ်တိုင်းမကျပါက နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ပညာရှင်များကလည်း
ပရဟိတလုပ်ငန်းများအကျိုးအတွက် မေတ္တာဖြင့်မိမိတို့ ဘက်မှ http://www.myittarshin.com/ တွင်လိုအပ်သည်များကို ကူညီပေးရန်(သို့ မဟုတ်) အကြံဥာဏ်ပေးရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

ကျနော်တည်ထောင်သော မေတ္တာရှင် ဆိုက်ဒ် သည် ယခုအချိန်ခါတွင်ကျနော်တစ်ဦးတစ်ယောက်အားဖြင့်
စတင်တည်ထောင်ပါသောကြောင့် အလှူတန်းနှင့် Web site ပြုပြင်ထိန်းသိမ်းရေးတို့ တွင် စိတ်သွားတိုင်းကိုယ်မပါ သကဲ့ သို့  လိုသလောက် ခရီးမပေါက်နိုင်သေးပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

ကျွန်ုပ်၏ ကိုယ်ရေးအကျဉ်း

နာမည်-ကျော်မြတ်သူ(လက်ရှိတွင် www.buddhafm.net တရားတော်ထုတ်လွှင့်နေပါသည်)Dj-Fighter Lay
အသက်-၂၆
အမျိုးသား-Single
အလုပ်အကိုင် - Site Supervisor(ခေတ္တစင်ကာပူ)

ကျွန်ုပ်သည် စင်ကာပူနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။
ကျွန်ုပ်၏ ငယ်စဉ်ကတည်းဆန္ဒရှိသည့်အတိုင်း ပရဟိတလုပ်ငန်းများကို ၁၀-၁၂-၂၀၁၂ တွင်စတင်အကောင်ထည်ရန်ဆုံးဖြတ်ခဲ့ပါသည်။

ကျွန်ုပ်သည်အလှူအတန်းပြုလုပ်သည့်အခါများတွင် မိမိတတ်စွမ်းသလောက်ပြုလုပ်တတ်သလို အလှူအတန်းများပြုလုပ်ရာတွင်လည်း အများအားနှိုးဆော်တတ်ပါသည်။

ယနေ့ခေတ် စီးပွားရေးကြပ်တည်းမှုကြောင့် အင်တာနက်မှအကြောင်းအမျိုးမျိုးဖြင့် အလှူငွေကောက်ခံသူများရှိသလို / ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများကလည်း မြန်မာလူမျိုးအချင်းချင်း လူသားချင်မစာနာထောက်ထားပဲ ကိုယ်ကျိုးအတွက်နည်းအမျိုးမျိုးဖြင့်
မသမာသောနည်းများဖြင့် ၀င်ငွေရှာနေကြသည်ကိုလည်း မိတ်ဆွေများသိရှိကြသည့်အတိုင်းပါ။

ငွေ၏တန်ဖိုးကို နားလည်သောသူများနှင့် ကောင်းမွန်စွာနားမလည်သူများ ။ မိမိ၏ငွေကိုအကျိုးမရှိစွာအသုံးချနေကြသူများကိုပတ်ဝန်းကျင်တွင် နေ့စဉ်ဆိုသလို မိတ်ဆွေတို့ တွေ့ ကြမှာ
ပါ။ထို့ အတွက်ကြောင့် မိမိသည် အလှူတခုပြုလုပ်လိုငြားသော်လည်း သေချာစွာဆုံးဖြတ်စဉ်းစားပြီးမှ လုပ်ဆောင်ပါရန်လည်းနှိုးဆော်အပ်ပါသည်။

ကျွန်ုပ်၏ မေတ္တာရှင် http://www.myittarshin.com/ ဆိုက်ဒ်ကို တည်ထောင်ရခြင်းမှာ ကျွန်ုပ်တတ်စွမ်းသမျှ အလှူဒါနများကို မိတ်ဆွေများတွေ့ ရှိပြီး မိတ်ဆွေတို့ ကလည်း မိမိတို့ စိတ်အားထက်သန်သလို မိမိတို့ ပတ်ဝန်းကျင်တွင် မိမိထက်နိမ့်ကျသူများနှင့်မိဘမဲ့များ။မသန်မစွမ်းဌာနများ။ဘိုးဘွားရိပ်သာများ။ နာရေးကူညီမှုအသင်းများ။တကယ့်အကူညီလိုအပ်နေသောဘုန်းတော်ကြီးပညာသင်ကျောင်းများ။ဆွံ့အ နားမကြားကျောင်းများ။သဘာဝဘေးအန္တရယ်များဖြစ်ကြသော ရေ၊မြေ၊လေ၊မီး အစရှိသည့်
ဘေးအန္တရာယ်များအတွက် မိတ်ဆွေတို့ တတ်စွမ်းသလောက်လှူဒါန်းကျပါရန် နှိုးဆောင်ချင်ပါသည်။
(အလှူတခုပြုလုပ်ရာတွင် လှူတန်းမှုတိုင်းသည် ကုသိုလ်များသော်ငြားလည်း တကယ့်လိုအပ်မည့်နေရာများတွင်
မိမိတတ်နိုင်သလောက်လှူနိုင်ခြင်းသည် အခြားသောနေရာဌာနများတွင်အလှူဒါနပြုခြင်းထက်ပိုမိုမွန်မြတ်ပါသည်။အလားတူစွာပဲ ရှေးဘုရင်များ
လက်ထက်ကတည်းရှိခဲ့တဲ့  စတုဒီသာ အလှူဟာလည်း အလွန်မွန်မြတ်လှပါသည်။အလှူဒါနပြုတိုင်း ငွေ ရှိမှဆိုတဲ့ စကားက မမှန်ကန်ပါ။ငွေ မရှိပေမဲ့  ကုသိုလ်ယူရန် နည်းလမ်းများစွာရှိပါတယ်။ကျွန်ုပ်ခံယူချက်သည် ဘ၀တွင် အချိန်သည်သာလျှင် အဓိကပါ၊ ငွေ သည်အဓိကဆိုသာမှန်ပါသော်လည်း အချိန်မရှိပဲ ထိုငွေကိုမည်သို့ရှာနိုင်မည်နည်း။အချိန်ရှိ ခိုက်လုံးလစိုက်ဆိုသည့်စကားအတိုင်း မိမိသည် ဘယ်နေ့ ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာမှာ ရောဂါနှင့်သေမလား။ရုတ်တရက် နည်းအမျိုးကြောင့်သေမလား အစရှိသဖြင့်မည်သူမှ အတိအကျမသိရှိနိုင်ပါ။ဥပမာတခုပြောရမည်ဆိုလျှင်...ကျွန်ုပ်၏ ဆရာသမားတစ်ဆူဖြစ်သော အဘဆရာကြီးမင်းသိင်္ခ သည် ဗေဒင်လက္ခာ ပညာရပ်ပိုင်းတွင်
တဖက်ကမ်းခပ်အောင် ထူးချွန်ပြောင်မြောက်ပြီး နာမည်ကျော်ကြားခဲ့သော်လည်း သူကိုယ်တိုင်ပင် သူသေဆုံးမည့်ရက်အတိကျ မသိခဲ့ရပါ။ကျွန်ုပ်တို့ မမျှော်လင့်ထားသောနေ့တနေ့တွင်ရုပ်တရက် ကွယ်လွယ်သွားပြီး ဘ၀တပါးသို့ကူးပြောင်းသွားခဲ့ပါသည်။ထို့ ကြောင့်မိမိသည် ကျူ်လူသားသတ္တ၀ါလောကတွင် ဘယ်အခန်းကဏ္ဏတွင် ပါဝင်နေမည်ကို မိမိဘာသာ အချိန်ရှိခိုက်လုံးလစိုက်ရင်း တိုတောင်းတဲ့ လူ့ ဘ၀လေးမှာ
အချိန်ရှိခိုက်လုံးလစိုက်ကြ ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။)

""""ကျွန်ုပ်သည် မေတ္တာရှင်ပရဟိတဖောင်ဒေးရှင်းကိုတည်ထောင်ရခြင်းသည် လူအများအထင်ကြီးအောင်လုပ်ခြင်း လုံးဝ လုံးဝ လုံးဝ မဟုတ်ပါ။ကျွန်ုပ်အား ကြိုက်သလိုဝေဖန်နိုင်ပါသည် သို့ ပေမယ့် အလှူအတန်းနှင့် ကျွန်ုပ်ကိုးကွယ်သော ဗုဒ္ဓမြတ်စွာဘုရားနှင့်တရားတော်များကို လာရောက်ထိပါးစော်ကားရန် လုံးဝ လက်မခံပါ။ဗုဒ္ဓဘာသာလူအမျိုးအချင်းချင်း ရှုံ့ ချပြောဆိုပြီး ဗုဒ္ဓဘာသာဝင်အတုများ ။မိရိုးဖလာ မိဘဗုဒ္ဓဘာသာဖြစ်လို့ သားသမီးလည်း Automatic အလိုလျှောက်ဗုဒ္ဓဘာသာဖြစ်သူများက ကျွန်ုပ်အားလာရောက်ထိပါးသောကြောင့် ကျွန်ုပ်သည် ယခုလိုဖော်ပြရေးသားထားခြင်းဖြစ်ပါကြောင်းအသိပေးနှိုးဆော်ပါသည်။ အလားတူစွာပင် ကျွန်ုပ်သည်အသက်အားဖြင့်ငယ်သော် အလှူဒါနနှင့်ဘာသာရေးကိုးကွယ်ယုံကြည်မှုတို့ တွင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ ထက် သာလွန်သည်ကို အခိုင်မာပြောဆိုနိုင်ပါသည်။ကျွန်ုပ်သည် ငယ်စဉ်ကတည်းကပင် မိဘနှစ်ပါး၏ အဆုံးမတရားများကိုအပြည့်ဝခံယူခဲ့ သောကြောင့် ယခုအချိန်တွင် တိုင်းတပါးပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေရသော်ငြားလည်း ထိုမိဘနှစ်ပါး၏ဆုံးမသွန်သင်မှုကို
အမြဲနာယူမှတ်သားနေဆဲဖြစ်သောကြောင့် တပါးသူများသည် ကျွန်ုပ်ထက်
ထူးချွန်တတ်မြောက် ပြီးမြောက်နေသောပညာရှင်များကိုလည်း အပြစ်တင်ရှုံ့ ချခြင်းမရှိပါကြောင်းနှင့် အရာတခုကိုမိမိမလုပ်နိုင်လျှင် တစ်ပါးသူများအား မလိုမုန်းတီးစိတ်၊ပစ်တင်ရှုံ့ ချခြင်းစိတ်ထားများသည် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်အဆုံးမများနှင့်မကိုက်ညီကြောင်းကိုလည်း ပြောကြား
လိုပါတယ်ခင်ဗျာ။
"""

****ကျနော်သည် မည်သူ့ ဆီကမှ အထွေအထူး လိုက်လံအလှူခံခြင်းမပြုလုပ်ပါ*****
"ကျွန်ုပ်ပြုလုပ်သော အလှူများတွင် ကုသိုလ်ပါဝင်ယူလိုပါက ကျွန်ုပ်နှင့်အတူ လိုက်လံပါဝင်ဆောင်ရွက်လှူဒါန်းရန် ဖိတ်ကြားအပ်ပါသည်။ အလှူငွေမလိုပဲ မိတ်ဆွေသည် ကျွနုပ်ပြုသော အလှူများတွင် လူကိုယ်တိုင်ကိုယ်ကျ လိုက်လံအားပေး ကုသိုလ်ယူနိုင်ပါကလည်း နွေးထွေးစွာဖိတ်ခေါ်အပ်ပါသည်။"


****** အခြားသူတစ်ဦးတယောက်မှ ကျွန်ုပ်တည်ထောင်ထားသော ပရဟိတ ဆိုက်ဒ် နာမည်နှင့် အလှူခံခြင်း သို့ မဟုတ် မိတ်ဆွေတို့ အတွက်သံသယသတင်းများ/မေးခွန်းများရှိလာပါကလည်း ကျွန်ုပ် မေတ္တာရှင်(ဖိုးလမင်း) ထံသို့ အီးမေးနှင့်သော်လည်းကောင်း ။ဖုန်းဖြင့်သော်လည်းကောင်း တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။

***ကျွန်ုပ်နှင့်အတူအလှူတန်းများတွင်ပါဝင်ဆင်နွဲကုသိုလ်ယူလိုကြသော မိတ်ဆွေများကစေတနာသဒ္ဒါတရားရှိသလောက် 50 Cents (ပြားငါးဆယ်)မှအစ လှူဒါန်းပါဝင်နိုင်ပါတယ်ခင်ဗျာ။ အလှူငွေများပါဝင်လှူဒါန်းလိုပါက ကျွန်ုပ်ထံ သို့ ဖုန်းဖြင့်သော်လည်းကောင်း Email ဖြင့်သော်လည်းကောင်း အရင်ဆုံးဆက်သွယ်ပြီးမှ ဘဏ်အကောင့်သို့ လွှဲပေးကြပါရန်နှိုးဆော်အပ်ပါသည်။*****


*တိုတောင်းလောက လူ့ ဘ၀တွင် ၊ကုသိုလ်မေတ္တာ ရှေးရှုပါ ။
ကြင်နာသနား တဖက်သားအား အမြဲဖေးမကူညီပါ။
နိမ့်ကျသူကိုတွဲခေါ်ပါ့  မြင့်တဲ့သူကိုရိုသေပါ။
မိမိထက်သာသူကို မလိုမုန်းတီမှုများစိတ်မရှိအောင်ကြိုးစားပါ။
လူသားအချင်းချင်း စာနာခြင်းဖြင့် လောကီ အကျိုးရွက်သယ်ပိုးလို့
ဘ၀၏ အချိန်များကို အကျိုးရှိစွာအသုံးချပါ။

မေတ္တာရှင် (မေတ္တာရှင်ပရဟိတဖောင်ဒေးရှင်း)
Website : www.myittarshin.com
MTS Online Radio FM : wma1.viastreaming.net/MTS (၂၄ နာရီအွန်လိုင်းရေဒီယို)
Email : mts@myittarshin.com

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။