MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 26, 2011

အမေ့ကိုကျေးဇူးဆပ်ချင်တယ်။

အမေ့ကိုကျေးဇူးဆပ်ချင်တယ်။

ရှေးခေတ် ကမ္ဘာဦးလူသားများဟာ အကြောက်တရားများကြောင့် သစ်ပင် တော တောင် စတာတွေကို ကိုးကွယ်အားထားရာအဖြစ် ကိုးကွယ်အားထားခဲ့ကြတယ်။ အခုအခါမှာတော့ မိဘဘိုးဘွား ဆွေမျိုးအစဉ်အဆက်ကနေ ဗုဒ္ဓ၊ဟိန္ဒူ၊ခရစ်ယာန်၊အစ္စလာမ် စတဲ့ဘာသာများကို ကိုးကွယ်အားထားလာကြတယ်။ အချို့မှာ ဘိုးစဉ်ဘောင်ဆက်ကနေ ကိုးကွယ်လာတဲ့ဘာသာကိုပဲ အမှီပြုပြီး မိရိုးဖလာကိုးကွယ်နေကြတဲ့သူများ ရှိကြတယ်။ အချို့သူများက မိမိရိုးဖလာကိုးကွယ်မှုမှ သွေဖီကာ မှန်တယ် သဘာဝကျတယ်ဆိုပြီး ဘာသာတရားတစ်ခုကို လက်ခံယုံကြည်ကာ ကိုးကွယ်ကြတာလဲ ရှိကြပါတယ်။

တစ်နေ့ စားရေးသူထံ ဒကာတစ်ယောက် ရောက်ရှိလာပြီး “အရှင်ဘုရား…တပည့်တော်ကို မှတ်မိသေးလားဘုရား၊ မင်းမောင် လေဘုရား ပြီးခဲ့တဲ့နှစ်က အရှင်ဘုရားတို့ ရိပ်သာ သင်္ကြန် တရားစခန်းမှာ တရားအားထုတ်ခဲ့ပါတယ်ဘုရား” ဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ ဆက်လက်ပြီး “တပည့်တော်ရဲ့ မိဘများကို မတွေ့တာကြာပြီဖြစ်တဲ့အတွက် မိဘများရှိရာ ဇာတိချက်ကြွေကို ရောက်ခဲ့ပါတယ်ဘုရား၊ တပည့်တော်လျှောက်တင်စရာ လေးရှိလို့ လျှောက်တင်ခွင့်ပြုပါဘုရား” ဆိုပြီး ပြောလာတဲ့အတွက် စိတ်ချမ်းသာသလို ပြောရန် အခွင့်ပေးလိုက်ပါတယ်။
တပည့်တော်ငယ်စဉ်က ချင်းပြည်နယ်ဘက်မှာ နေပါတယ်။ အရွယ်ရောက်လာတော့ အကြောင်းကြောင်းကြောင့် အောက်ပြည် အောက်ရွာဖက်ကို ရောက်ခဲ့ပါတယ်။အဲဒီမှာ သူတော်ကောင်းဇနီး မောင်နှံနှစ်ဦးနဲ့တွေ့ရာက တပည့်တော်ဘ၀ ပြောင်းလဲဖို့အကြောင်း ဖန်လာခဲ့ပါတယ်။
ဖြစ်ပုံက ဒီလိုပါ…..တပည့်တော် အခုအောက်ပြည်အောက်ရွာကို ရောက်လာတာ အခုဆို (၁၅)နှစ်ရှိပါပြီ၊ အိမ်ထောင်ကျပြီး သားသမီးသုံးယောက် ထွန်းကားခဲ့ပါတယ်။ ဒီလို အခြေတကျ ရှိလာတဲ့အခါမှာ အသိမိတ်ဆွေတွေလဲ အထိုက် အလျောက်ရှိလာပါတယ်။ အသိမိတ်ဆွေများအနက် တပည့်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့သူကတော့ သူတော်ကောင်းဇနီးမောင်နှံတို့ပါ။ လောကရဲ့သဘာဝအမှန်တရားများကို ပြောပြရာကနေ သူတို့အိမ်မှာ ကက်ဆက်ခွေနဲ့ တရားနာဖို့အကြောင်းပြောလာပါတယ်။ တပည့်တော်က “ဟင်..တရားနာတာဟာ ငရဲမကြီးဘူးလား” လို့ မေးတဲ့အခါ ဇနီးမောင်နှံက “ငရဲကြီးတယ်ဆိုတာ မကောင်းတာလုပ်မှ ငရဲကြီးတာပါ။ ကောင်းတာ လုပ်နေရင် ငရဲမကြီးပါဘူး” လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ်လေ သူတို့ပြောတဲ့ တရားကို နားထောင်ကြည့်အုံးမယ် လို့ ဆုံးဖြတ်ပြီး သူတို့ပြောတဲ့တရားကို နားထောင်ကြည့်ပါတယ်။ နားထောင်ဖန်များ လာတော့ တွေးမိတယ်။
“အော်…တရားတော်ဆိုတာ တခြားမဟုတ်၊ လောကမှာ တကယ်ရှိတဲ့ သဘာဝအမှန်တရားတွေကိုပြောနေတာကိုး၊ သဘာဝအမှန်တရား ဆိုတာလဲ တကယ်တော့ ဖန်တီးပြီးပြောထားခြင်းမဟုတ်ဘူးဆိုတာကို သိလာရတယ်။
နားထောင်လိုက်ရတဲ့တရားများအနက် ကောင်းတာလုပ် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ် မကောင်းတာဖြစ်မယ်ဆိုတာလဲ ပါတယ်။ ဒါကိုကြားလိုက်ရတော့ အများကြီးဖြစ်နိုင်လောက်တယ်လို့လဲတွေးမိတယ်။ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ကလေးထားမိလိုက်တာနဲ့ ကိုယ့်မှာ စိတ်မချမ်းသာဖြစ်သွားတယ်၊စိတ်တွေလေးလာတယ်။ သူတစ်ပါးအပေါ် စိတ်ကောင်းထားမိတဲ့အခါ အထူးသဖြင့် သနားမိတဲ့အခါဆိုရင် စိတ်ချမ်းသာပြီး လွတ်လပ်ပေါ့ပါးလာတယ် လို့ မှတ်မိတာလေးတွေ တွေးရင်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နေမိပါတယ်။
အဲဒီကနေစလို့ မကောင်းတာလုပ်ရင် ငရဲကြီးတတ်တယ်၊ ကောင်းတာလုပ်ရင် ငရဲမကြီးဆိုတာကိုလဲ လက်ခံနိုင်လာပါတယ်။ မိတ်ဆွေကောင်းတချို့က အကြံပေးတာနဲ့ တပည့်တော် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ကို သတိရတိုင်း ရွတ်ဆိုဖြစ်ခဲ့ပါတယ်။ ရွတ်ဆိုဖန်များလာတော့ ခရီးအရှည်ကြီးကို ခြေကျင်ခရီး သွားရတဲ့အခါ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ရွတ်ပြီး သွားရင် ခဏလေးနဲ့ရောက်သလို ခံစားခဲ့ရပါတယ်ဘုရား၊ အိပ်မပျော်တဲ့ညများဆို ဒါကို ရွတ်ဆိုလိုက်ရင် မကြာဘူး အိပ်ပျော်သွားတာပဲဘုရား၊ ပြီးတော့ ရွတ်ဆိုပွားများဖန်များလာတော့ စိတ်ချမ်းသာမှု တကယ်ရရှိလာတာအမှန်ပဲဘုရား။ ဒါကြောင့် တပည့်တော် အခုအချိန်အထိ သွားလေရာရာ ရွတ်နေမိတယ်ဘုရား။
ဒီလိုနဲ့ အချိန်တွေကြာလာခဲ့တယ်။ ငါလဲ မိဘများထံ မရောက်တာလဲ ကြာပြီ၊ သတိရလွန်းတဲ့အတွက် အဖေအမေတို့ဌာနေကို ပြန်ဦးမှပဲလို့တွေးကာ ဇာတိချက်ကြွေမွေးရပ်မြေသို့ လာခဲ့ပါတယ်။
အိမ်ရောက်တော့ အဖေက လေမိပြီး အိပ်ရာထဲ လဲနေပါတယ်။ ငါ့အဖေ့ကို ဘယ်လို ကျေးဇူးဆပ်ရကောင်းမလဲ၊ သူ့အတွက် နေ၀င်ချိန်က သိပ်မလိုတော့၊ ဘ၀ကူးကောင်းအောင် သားတစ်ယောက်အနေနဲ့ လုပ်ပေးချင်တယ်။ ဒါပေမဲ့ အဖေက တပည့်တော် ခံယူသလို မဟုတ်တော့ ကုသိုလ်ရ အောင်လုပ်ပေးဖို့ မလွယ်ဖြစ်နေတယ်။ ဒီလိုနဲ့ ရင်ထဲမချိဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ ကျေးဇူးရှင်အဖေ ကွယ်လွန်ခဲ့ပါတယ်ဘုရား။ အဖေ့အလောင်းကို မြေမြုပ်ခါနီး နောက်ဆုံးအနေနဲ့ ရှိခိုးလိုက်ပါတယ်၊ ဒါကို ဆွေမျိုး မိတ်ဆွေများက “ ဒို့များ အဖေသေလို့ ငိုလိုက်ရတာ၊ မင်းကျတော့ အဖေသေလို့ လုံးဝ မျက်ရေမကျတဲ့အပြင် အခုလို အဖေ့နားမှာ အရှက်မရှိဘဲ ၀မ်းလျားမှောက်နေတာ ဘာအရူးထတာလဲ” လို့ အပြောခံခဲ့ရပါတယ်။ ယုံကြည်ချက်ခြင်းမတူလို့ ဖြစ်တာပဲ လို့ တွေးပြီး ဆိတ်ဆိတ်လေးပဲနေလိုက်ပါတယ်။
တပည့်တော်မှာ အမေတော့ အခုအချိန်အထိ အသက်ရှင်နေပါသေးတယ်။ ဇာတိမြေရောက်ခိုက် တပည့်တော်က “ အမေ ကျွန်တော်လေ အမေ့ကို လွမ်းလိုက်တာ အမေရယ်၊ အခုလို အမေ့ကို ကျန်းမာစွာနဲ့ တွေ့မြင်ရတော့ ဖေါ်မပြတတ်အောင်ပဲ ၀မ်းသာလိုက်တာ” ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါသေးတယ်။ အမေနဲ့စတွေ့တဲ့နေ့က အမေ့ကို သွားရောက်ကန်တော့တဲ့အခါ အမေက “အော်…………ငါ့သား….ငါ့သား…. အောက်ပြည် အောက်ရွာသွားလိုက်တာ ရူးလာတာပဲ အဖတ်တင်တယ်” လို့ တပည့်တော်ကို တွေတွေကြီးကြည့်ပြီး ပြောပါတယ်။ အဲဒီအခါ တပည့်တော်က “ဘာဖြစ်လို့လဲ အမေရဲ့” လို့ပြန်မေးတော့ အမေက “ အခုပဲကြည့်လေ အမေ့ရှေ့မှာ ၀မ်းလျားမှောက်ပြီး လူမြင်မကောင်းအောင် လုပ်နေတာဟာ အရူးထတာပေါ့၊ ပီးတော့ အခုလို ငါ့တို့ဆီ ငါ့သားရောက်လာတာကလဲ ငါတို့ဆုတောင်ပေးလို့ ရောက်လာတာလေ” လို့ ပြောပါတယ်။
မိဘဆိုတာ ကျေးဇူးကြီးမားလှတဲ့အတွက် ဘုရားနဲ့တစ်ဂိုဏ်းထဲ ထားရမယ် လို့ ဘုန်းတော်ကြီးများ ပြောပြချက်အရ အမေ့ကျေးဇူးကို သိတဲ့ သားတစ်ယောက်အနေနဲ့ ရှိခိုးရတာပါ။ သားဟာ ရူးလာတာလဲ မဟုတ်ပါဘူး။ အသိတရား ပိုလာတာပါ၊ ကံတရားကြောင့် လူဖြစ်လာတာလို့ပြောတော့လဲ လက်မခံဘူး၊ ဘုရားသခင်ဖန်ဆင်းပေးထားတာလို့ပဲ ပြောပါတယ်ဘုရား။
အမေ့ရဲ့စကားကို ဘာမှန်းမသိစတုန်းကတော့ လက်ခံနိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ လုံးဝလက်ခံမနိုင်တော့ပါ။ ဒါပေမဲ့ အမေ စိတ်ချမ်း သာပါစေတော့ ဆိုပြီး ဘာမှတုံ့ပြန်မပြောဘဲ ဆိတ်ဆိတ်သာနေလိုက်ပါတယ်။ အမှန်က အဖေနဲ့အမေဆီကို မရောက်တာကြာတော့ လွမ်းလို့ လမ်းစရိတ်အကုန်ခံပြီး ရောက်လာတာပါ၊ ဘယ်သူ့ရဲ့ဆုတောင်းချက်မှ မဟုတ်ဘူးဆိုတာ တပည့်တော်သိပါတယ်ဘုရား၊ ဒါ့အပြင် အခုတပည့်တော် စားဝတ်နေရေးအတွက် အလုပ်ကြိုးစားလုပ်နေပါတယ်ဘုရား၊ အလုပ်လုပ်မှလဲ စားရမှာပါ၊ အလုပ်မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘုရား၊ ဘယ်သူမှ ဖန်ဆင်းပေးတာ၊ ဆုတောင်းပေးတာ မဟုတ်ပါ၊ ဘယ်တန်ခိုးကြီးနတ်တွေကမှ လုပ်ပေးလို့ရတဲ့အရာမျိုးလဲမဟုတ်ပါ၊ ကိုယ်လုပ်မှ ကိုယ်အတွက်အဆင်ပြေမှာပါ။ ဒါက တပည့်တော်ရဲ့ အမြင်ကို ပြောတာပါဘုရား၊ ဒီလို အသိအမြင်ရှင်းလာတာကလဲ သူတော်ကောင်း ဇနီးမောင် နှံတို့ရဲ့ ကျေးဇူးတွေပေါ့ဘုရား။
တပည့်တော်ရဲ့ ဦးလေး ကျောင်းဆရာတစ်ယောက်ရှိပါတယ်ဘုရား၊ တပည့်တော်က ကိုယ်လုပ်မှ ကိုယ်ရတာ ဘယ်သူမှ လာမပေးဘူး ဆိုတဲ့ သဘောတရားကို ပြောတော့ ဦးလေးက “မင်းပြောတာ သဘာဝကျတယ်၊ လက်ခံနိုင်စရာရှိတယ်၊ ဒါပေမဲ့ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေက ယုံကြည်ချက် မတူတော့ မင်းဒီလို သွားပြောလို့တော့မရဘူး” လို့ ဦးလေးဖြစ်သူက တွေးတွေးဆဆ ပြောပါတယ်။ တပည့်တော်ရဲ့ ယူဆချက်ကို ဦးလေးတစ်ယောက်ပဲ စဉ်းစားပေးတာ ၀မ်းသာစရာပါဘုရား။
ဇာတိရွာရောက်ခိုက် တစ်နေ့ အမေ့ကို “အမေရယ်….ကျွန်တော်လေ အောက်ပြည်အောက်ရွာပြန်သွားရင် တော်ရုံနဲ့ ပြန်ရောက်ဖြစ်မှာ မဟုတ်ဘူး၊ အခုလာမဲ့သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်ပြီး တရားစခန်းဝင်မယ်လို့ စိတ်ကူးထားပါတယ်အမေ” လို့ ပြောလိုက်တော့ အမေက “ဟာ သားရယ်…..ကတုံးတုံးပြီးသင်္ကန်းဝတ်တယ်ဆိုတာ ငရဲကြီးတတ်တယ်လေသားရဲ့၊ သွားမလုပ်ပါနဲ့နော်”
ဒါက အမေ့ရဲ့ရင်ထဲကလာတဲ့စကားဖြစ်မယ်ထင်ပါတယ်။ ဘယ်မိဘမဆို သားသမီးကို ချစ်လှပါတယ်။ ဒါကြောင့်လဲ သားဖြစ်သူကို ငရဲကျမှာ မလိုလားဘူး ထင်ပါရဲ့၊ ဒါက အမေယုံကြည်နေတဲ့ ဘာသာရေးအရပြောတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်စေ အမေ့ရဲ့မေတ္တာကတော့ သားသမီးအပေါ် မှာ ကောင်းစေချင်ကြတာ ပေါ်လွင်လွန်းလှပါတယ်။
တပည့်တော် သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်ပြီး တရားစခန်းဝင်ခဲ့ပါတယ်ဘုရား၊ သင်္ကန်းဝတ်နဲ့ ဓါတ်ပုံရိုက်ပြီး အမေ့ကို ပို့ပေးချင်ပါတယ်ဘုရား၊ ဒါပေမဲ့ အမေက ငရဲကြီးတတ်တယ်ဆိုတဲ့ အမြင်ကရှိနေတော့ တပည့်တော် ဓါတ်ပုံ ပို့ချင်ပေမဲ့ မပို့ဖြစ်ခဲ့ပါဘုရား၊ တပည့်တော်ရဟန်းဝတ်ထားတဲ့ ဓါတ်ပုံကို အမေ့ကို ပေးလို့ရှိရင် အမေသတိရတဲ့အခါ ဓါတ်ပုံကို ထုတ်ကြည့်ပြီး ကုသိုလ်ရစေချင်လို့ပါဘုရား။ တပည့်တော် အမေ့ကို အကောင်းဆုံးကျေးဇူး ဆပ်နည်းနဲ့ ကျေးဇူးဆပ်ချင်ပါတယ်၊ ဒါဟာ တပည့်တော်ရင်ထဲကလာတဲ့ ဆန္ဒတစ်ခုပါ။ ဒါပေမဲ့ အမေရဲ့အမြင်က ငရဲကြီးတတ်တယ်ဆိုတဲ့ အမြင်ရှိနေတော့ တပည့်တော် ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိဖြစ်နေလို့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်ဘုရား။
ဒီလိုပြောလာတော့ စာရေးသူက “မောင်မင်းမောင်ရယ်…စိတ်မကောင်းမဖြစ်ပါနဲ့၊ မင်းကျေးဇူးဆပ်ချင်နေတဲ့အမေ့ကို ကျေးဇူးဆပ်ခွင့်တော့ တစ်နေ့ကြုံဦးမှာပါ။ ဘာကြောင့်လဲ ဆိုရင် အခုခေတ်မှာ ဘာသာခြားဖြစ်ပေမဲ့ ပရတိဟ အများကောင်းကျိုးလုပ်နေတာတွေဟာ မေတ္တာကရုဏာအခြေခံပြီးလုပ်နေကြတဲ့အတွက် ကုသိုလ်တွေချည်းပါပဲ။ အခုလဲ မင်းရဲ့ ရဟန်းဝတ်ဓါတ်ပုံကို ကြည့်ပြီး သားဆိုတဲ့ချစ်ခြင်းနဲ့ ကြည့်ဖြစ်မယ်၊ ကြိမ်ဖန်များစွာထုတ်ကြည့်လာတဲ့အခါ ‘ငါ့သားက ဒီအ၀တ်နဲ့တော်လိုက်တာ’ ဆိုပြီး စိတ်ကြည်လင်လာလိမ့်မယ်။ ဒါဆိုရင်တော့ မင်းအမေမှာ ကုသိုလ်ရမှန်းမသိရနိုင်တယ်လေ”…။
ဒါနဲ့စပ်လို့ ရှေးအခါတုန်းက အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်မှာ အဒိန္နပုဗ္ဗက ဆိုတဲ့ ပုဏ္ဏားတစ်ယောက်ရှိခဲ့ဖူးတယ်။ ရှိတဲ့ပစ္စည်းကို ဘယ်တော့မှ ပေးကမ်းဖူးတယ်လို့ မရှိဘူး၊ ဒါကြောင့် သူ့ကို မပေးဘူးသူ (အဒိန္နပုဗ္ဗက) လို့ အများကသိကြပါတယ်။ ပုဏ္ဏားဟာ ပစ္စည်းဥစ္စာ အလွန်ချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်တယ်။ သူ့မှာ သားကလေးတစ်ယောက် ရှိတယ်။ ငယ်ရွယ်တဲ့သားကလေးကို နားဋောင်းလုပ်ပေးချင်တယ်၊ ပန်းတိမ်ဆရာကို ရွှေခတ်ခိုင်းရင် ငွေကုန်မှာစိုးလို့ သူကိုယ်တိုင် ပင်ပမ်းခံ ပန်းတိမ်ခတ်ပြီး အချိုးမညီတဲ့နားဋောင်းကို သားကလေးရဲ့ နားမှာ ပန်ဆင်ပေးထားပါတယ်။ ဒါကိုအကြောင်းပြုလို့ ကလေးနာမည်ကိုလဲ ‘မဋ္ဌကုဏ္ဍလီ’ လို့ အမည်တွင်ခဲ့ပါတယ်။
တစ်ဆယ့်ခြောက်နှစ် လူလားမြောက် အရွယ်ရောက်လာတဲ့အခါ မဋ္ဌကုဏ္ဍလီမှာ ဖျော့တော့တဲ့ရောဂါတစ်မျိုး ဖြစ်လာတယ်။ ဒါနဲ့ အမေက ခင်ပွန်းသည်အား “ပုဏ္ဏား…သင့်သားမှာ ရောဂါဖြစ်နေပြီ ဆေးကုပေးပါတော့” လို့ပြောတယ်။ ပုဏ္ဏားက ဆေးဆရာခေါ်နေမယ်ဆိုရင် ဆေးကုခ ပေးရဦးမယ်။ ကုန်ကျစရိတ်သက်သာအောင် ကြံမှာပဲ ဆိုပြီး ဆေးဆရာထံသွားကာ ရောဂါ ပျောက်စေတဲ့ဆေးနည်းသွားတောင်းတယ်။ အိမ်ရောက်တော့ သူကိုယ်တိုင် ဆေးဖေါ်ပြီး သားကို ဆေးတိုက်ပါတယ်။ဒါပေမဲ့ စနစ်ကျတဲ့ဆေးကုနည်းမဟုတ်တဲ့အတွက် မဋ္ဌကုဏ္ဍလီဟာ မကြာခင်မှာ ပဲ ရောဂါကြောင့် အိပ်ရာထဲ ဘုံးဘုံးလဲတော့တယ်။ သားကလေး ရောဂါကျွမ်းနေပြီဆိုတာကို သိတော့မှ ပုဏ္ဏားဟာ ဟိုဆေးဆရာပြေးခေါ် ဒီဆေးဆရာပြေး ခေါ်ပါတော့တယ်။ ဆေးဆရာများကလဲ မဋ္ဌကုဏ္ဍလီကိုကြည့်ပြီး ရောဂါကကျွမ်းနေပြီဆိုတာကို အကဲခတ်မိတဲ့အတွက် ဆေးမကုဘဲ ပြန်သွားကြတယ်။
မဋ္ဌကုဏ္ဍလီလေးဟာ ဝေဒနာခံစားရင်း သေရမဲ့အချိန်ကို စောင့်နေရပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ဒီကလေးကိုအကြောင်းပြုလို့ လူအများအကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာကိုသိတဲ့အတွက် မနက်ပိုင်း ဆွမ်းခံကြွရင်း ထိုသူဌေးအိမ်ရှေ့မှာ ခေတ္တရပ်နေပါတယ်။ မဋ္ဌကုဏ္ဍလီကို ကြည့်လိုက်တော့လဲ အိမ်အတွင်းဖက်ကို မျက်နှာမူပြီး တစ်ဖက်စောင်းအိပ်နေတာဆိုတော့ မမြင်နိုင်ဘူး၊ ဒါကြောင့် မြင်သာအောင်ဆိုပြီး ဘုရားရှင်က မဋ္ဌကုဏ္ဍလီထံကို ရောင်ခြည်တော်များ လွတ်လိုက်ပါတယ်။ မဋ္ဌကုဏ္ဍလီက ဒါဘာအရောင်တွေလဲ ဘယ်ကလာတာလဲဆိုပြီး အလင်းရောင်လာတဲ့ အိမ်အပြင်ဖက်ဆီကို ကြည့်လိုက်တဲ့အခါ ဘုရားရှင်အား ကြည်ညိုဖွယ်ရာဖူးတွေ့လိုက်ရတော့ ဘုရားရှင်အား အလွန်ကြည်ညိုတဲ့ သဒ္ဓါတရားဖြစ်ပေါ် လို့နေတယ်။ ဘုရားရှင်က ဒီလောက်စိတ်ကြည်ညိုခြင်းဖြင့် မဋ္ဌကုဏ္ဍလီအဖို့ တော်လောက်ပြီ လို့ သိတော်မူကာ ကျောင်းတော်ကို ပြန်ကြွတော်မူခဲ့ပါတယ်။ မကြာခင်မှာပဲ မဋ္ဌကုဏ္ဍလီလဲ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်နဲ့ ကွယ်လွန်ခဲ့ပြီး၊နတ်ပြည်မှာ နတ်သားသွားဖြစ်ပါတယ်။
ပြောလိုတာက ဒီသားအဖမိသားစုဟာ လူ့ဘ၀တစ်လျှောက်လုံး တစ်ခါမှ ပေးလှူခဲ့ဖူးတာမရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင်တော့ မဟုတ်တန်ရာ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မဋ္ဌကုဏ္ဍလီဟာ သေခါနီးမှာ ဘုရားရှင်ကို ကြည်ညိုတဲ့ကုသိုလ်စိတ်နဲ့သေပြီး နတ်ပြည်ရောက်ရတာပါ။
ထို့အတူပဲ မောင်မင်းမောင်ရဲ့ အမေကိုလဲ သင်္ကန်းဝတ်ထားတဲ့ မောင်မင်းမောင်ရဲ့ဓါတ်ပုံကို ပို့လိုက်ရင် အဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့ ပို့တဲ့အခါ တိုက်ရိုက်မပို့ဘဲ နားလည်ပေးနိုင်တဲ့ ဦးလေးကို အရင်ပို့ရပါမယ်။ ပြီးမှ မောင်မင်းမောင်ရဲ့အမေကို အခြေအနေကြည့်ပြီး ဦးလေးကို အပေးခိုင်းရင် အဆင်ပြေနိုင်ကောင်း ပါတယ်။ သားဆိုတဲ့ချစ်ခြင်းနဲ့ သင်္ကန်းဝတ်ထားတဲ့ သားဓါတ်ပုံကို ကြည့်ပြီး တစ်နေ့နေ့တစ်ချိန်ချိန် အမေ့ရဲ့စိတ်ထဲ ကြည်ညိုတဲ့ ကုသိုလ်စိတ်လေးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမဲ့ အမေ့စိတ်ထဲ ကုသိုလ်စိတ်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒီလိုနည်းနဲ့ကုသိုလ်စိတ်ဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်ဆိုရင် ကျေးဇူးဆပ်ရာရောက်ပါတယ်။ ဘာကြောင့်ဆိုရင် အမိအဘကို ပုခုံးပေါ်တင်ပြီး ထမင်းခွံ့ကျွေး၊ ကျင်ကြီး၊ကျင်ငယ်တွေကိုလဲသုတ်သင်ပေးလို့ အနှစ်တစ်ရာကြာအောင် ပြုစုစောင့်ရှောက်ပေးဦးတော့ ကျေးဇူးဆပ်တယ်လို့ မခေါ်သေးဘူး။ ဒါန၊သီလ၊ဘာဝနာကုသိုလ်မရှိတဲ့ အမိအဘများကို ဒါနကုသိုလ်၊ သီလကုသိုလ်၊ဘာဝနာကုသိုလ်များ ရရှိအောင် စွမ်းဆောင်ပေးနိုင်လို့ အမိအဘများမှာ ကုသိုလ်စိတ်ဖြစ်တယ်ဆိုရင် အမိအဘကို ကျေးဇူးဆပ်ရာရောက်တယ် ဆိုတာပြောရင်း…. အမိအဘကို အမြတ်ဆုံးကျေးဇူးဆပ်နိုင်တဲ့ သားကောင်းသမီးမြတ်များဖြစ်ကြပါစေ။မေတ္တာဖြင့်

အရှင်မုနိန္ဒ..M.A Buddhism .Magadh University BodhGaya India။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။