MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 20, 2011

နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည်ကော်မတီ ထုတ်ပြန်

နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည်ကော်မတီ ထုတ်ပြန်

2011-12-17

စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

Kyaw Thu/Facebook(

နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့ဝင်များ ကချင်ပြည်နယ်အတွင်းမှ စစ်ပြေးဒုက္ခသည်များကို အကူအညီပေးအပ်နေစဉ်။

ဒီကော်မတီကို KIO က ဖွဲ့စည်းပေးထားတာ ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ စခန်း ၁၄ ခု ဖွင့်ပြီး အကူအညီပေးနေတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်း ၁၄ ခုမှာ စာရင်းကောက်ယူမှုအရ ဒုက္ခသည် ၅ သောင်းကျော် ရှိနေပါတယ်။

လတ်တလော တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒုက္ခသည် အရေအတွက် တနေ့တခြား တိုးလာနေတယ်လို့ စခန်းတွေမှာ တာဝန်ယူနေသူတွေက ပြောပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး KIA ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ခုလို ပြောပါတယ်။

“ဦးကျော်သူ ခေါင်းဆောင်ပြီး ကူညီရေးအသင်းကနေ ကချင်ပြည်နယ်မှာရှိတဲ့ စခန်းတွေမှာ လာပြီး ကူညီနေတဲ့ ကိစ္စကို ကျနော်တို့က ကျေးဇူးတင်တယ်၊ ကြိုဆိုတယ်။ နောက် မြစ်ကြီးနား၊ ဝိုင်းမော်လို ဒေသမျိုး မဟုတ်ဘဲနဲ့ နယ်စပ်တလျှောက်မှာလည်း စခန်းတွေ အများကြီးရှိတယ်။ အဲဒီစခန်းတွေမှာ လူ ၅ သောင်းလောက် ရှိပါတယ်။ တကယ်လို့ ဦးကျော်သူခေါင်းဆောင်တဲ့ အဖွဲ့အနေနဲ့ ဒီဒေသတွေကို လာပြီး လေ့လာချင်တယ်၊ အကူအညီ ပေးချင်တယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ကြိုဆိုတယ်၊ လိုအပ်တဲ့ အကူအညီများကို ကျနော်တို့ ဆောင်ရွက်သွားမယ် ဆိုတဲ့စာ ထုတ်ပြန်တာ ဖြစ်ပါတယ်”

အခုလို ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေတာကြောင့် အကန့်အသတ်တွေ ရှိနေတယ်လို့ နာရေးကူညီမူအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

ဒီကနေ့ ကချင်ဒုက္ခသည်ကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဦးကျော်သူကို မေးမြန်းရာမှာ မိမိတို့ အနေနဲ့ တတ်နိုင်သလောက် အကူအညီတွေ ဆက်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ စစ်ပွဲတွေ အမြန်ဆုံး ရပ်စေချင်တယ်။ ဘာကြောင့်ဆို ကြားထဲက မြေစာပင်ဖြစ်တဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေ၊ စစ်ပြေးဒုက္ခသည်တွေ အတွက် တော်တော်လေး အန္တရာယ် ကြီးမားတယ်။ သူတို့ဒေသလည်း သူတို့ ပြန်ချင်တယ်၊ သူတို့ အိုးအိမ် သူတို့ ပြန်ချင်တယ်။ သူတို့လယ်ယာမှာ သူတို့ ထွန်ယက်စားသောက်စေချင်တဲ့ ဆန္ဒ ရှိတယ်။ အဲဒီတော့ ဒါ စစ်ပွဲတွေ ရပ်မှ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မှာ။ ငြိမ်းချမ်းမှုကိုပဲ အဓိက လိုချင်ပါတယ်။ အမြန်ဆုံးလည်း ငြိမ်းချမ်းစေချင်ပါတယ်”

နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က စပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ အမရပူရ ဘဝအလင်း ပရဟိတအသင်း စတဲ့ အသင်းအဖွဲ့တွေ အပြင် မြစ်ကြီးနားမှာ ရှိတဲ့ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေအတွင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေတာ ဖြစ်ပါတယ်။

Website တခုမှကူးယူဖော်ပြပေးထားပါသည်။

ကချင်ပြည်နယ် မိုးကောင်းမှာ ဗုံး ၅ လုံး ပေါက်ကွဲခဲ့။

ကချင်ပြည်နယ် မိုးကောင်း မြို့နယ်ထဲမှာ ရှိတဲ့ မန္တလေး မြစ်ကြီးနား မီးရထားလမ်းပေါ်မှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက ဗုံး ၅ လုံး ပေါက်ကွဲခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
မိုးကောင်း မြို့နယ်နဲ့ ၅ မိုင် အကွာလောက်မှာ ရှိတဲ့ ထိုးဖူး ကျေးရွာနဲ့ ဆားမှော် ကျေးရွာ အကြားမှာ ဖြစ်ပြီး မီးရထားလမ်း မိုင်တိုင်အမှတ် ၆၇၈ (၁၁∕၁၂) အနီးက နေရာ နှစ်နေရာမှာ ၂ လုံး တစ်ကြိမ်၊ ၃ လုံး တစ်ကြိမ် ဆက်တိုက် ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ မိုးကောင်းမြို့နယ် ရဲစခန်းက ရဲအရာရှိက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆိုခဲ့ပေမယ့် အသေးစိတ် အချက်အလက် မသိရှိကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။ မနက်လင်းအားကြီး အချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး မိုးကောင်းမြို့ကနေ မန္တလေးကို ထွက်လာတဲ့ မီးရထား တစ်စီး မရောက်ခင်မှာ ပေါက်ကွဲခဲ့တာလို့ ဆားမှော် ရွာသား တစ်ဦးကပြောကြားထားပါတယ်။
“မနေ့က မနက်ပေါ့။ ၃ နာရီလောက်၊ မိုးကောင်း ကနေ ထွက်မယ်ဆိုရင် ထိုးဖူးကို ရောက်တယ်။ ထိုးဖူးကနေ ထွက်မယ်ဆိုရင် ဆားမှော် ရောက်တယ်။ ထိုးဖူးနဲ့ ဆားမှော်ကြားပေါ့။ ၂ ခုကွဲတယ်။ အဲဒီ မိုင်းခွဲတဲ့နားမှာ သေတာက နှစ်ယောက်၊ လွတ်တာက တစ်ယောက်လို့တော့ ကြားတယ်။ မန္တလာလား၊ တရုတ်ရထားလား မသိဘူး။ သွားတယ်။ သွားတဲ့အခါကျတော့ သံလမ်း မိုင်းကွဲနေတာ ဖြစ်နေတဲ့ အခါကျတော့ အဲဒီရထား ဥသြဆွဲပြီးတော့ နောက်ပြန်ဆုတ်လာတယ်၊ ချက်ချင်းပဲ ပြန်ပြင်တယ်” သေဆုံးခဲ့သူ နှစ်ဦးဟာ ဗုံးထောင်ရင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာ ဖြစ်နိုင်ပြီး ဘယ်အဖွဲ့အစည်းက ဆိုတာ အတိအကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် မီးရထားသံလမ်း ကင်းယူထားတဲ့ မိုးကောင်း အခြေစိုက် ခလရ ၁၀၅ တပ်ရင်း တပ်ဖွဲ့ဝင်တွေရဲ့ သေနတ် ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပေမယ့် တစ်စုံတစ်ရာ ထူးခြားတာ မတွေ့ရဘူးလို့ အခုနက ရွာသားကပဲ ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော် ကလည်း အခု ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ဆားမှော် ကျေးရွာ အနီးက ရထားလမ်းပေါ်မှာပဲ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပေမယ့် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရပါတယ်။

Forward Mail တခုမှဖော်ပြထားပါတယ်။


ရှေးမြန်မာစိတ်ဓာတ်မွေးမြူပါ။

ကျနော့်တို့ယနေ့ခေတ်လူငယ်များ နှင့် နောက်ပိုင်းတက်သစ်စကလေးငယ်များမှအစ ကျား/မ မရွေး အားလုံးအပါအ၀င် အချို့အသက်အ၇ွယ်ကြီးမားသော်လည်း အတွေးအခေါ်နည်းပါသူများအကြောင်းဆွေးနွေးကြည့်ရအောင်ခင်ဗျာ။
မေးသူ : အကိုနာမည်လေးနှင့် အကို့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်လေးပြောပြပါခင်ဗျာ။
ဖိုးလမင်း : ကျနော် နာမည်ကတော့ဖိုးလမင်းပါ ။အသက်ကတော့ ၃၀ ပြည့်ပါတော့မယ်။ကျနော် လက်ရှိနေထိုင်တာက စင်ကာပူနိုင်ငံမှာပါ။
ဘ၀သမားလို့လဲပြောလို့ရပါတယ်။
မေးသူး ကိုဖိုးလမင်း နဲ့ ကျနော်တို့ဒီနေ့ဆွေးနွေးမဲ့အကြောင်းကတော့ နိုင်ငံတကာမှာရောက်ရှိနေကြတဲ့မြန်မာလူငယ်များအကြောင်းပါ။
အကိုအနေနဲ့  အကို့ရဲ့ထင်မြင်ချက်လေးနဲ့ ကျနော့်ရဲ့ထင်မြင်ချက်လေး ဆွေးနွေးကြည့်ရအောင်လား….ခင်ဗျာ။
ဖိုးလမင်း : ဟုတ်ကဲ့ပါ။ ကျနော် ပထမဦးစွားဆွေးနွေးစေချင်တဲ့အကြောင်းရင်ကတော့ စောစောက ကိုသီဟ ပြောခဲ့သလိုပဲ နိုင်ငံတကာမှာရောက်ရှိနေကြတဲ့မြန်မာလူငယ်များဟာ ဆို၇င် ပြည်ပနိုင်ငံသေးများ နှင့် နိုင်ငံကြီးများမှာ ပညာရှာဆည်းပူသူများ၊ အလုပ်လုပ်ကိုင်နေသူများ နှင့် အလုပ်တဖက်ကျောင်းတဖက်ဖြင့်ဘ၀ကို ကြိုးစားဖြတ်သန်းနေသူများရယ်လို့ အမျိုးမျိုးအဖုံဖုံ ရှိကြပါတယ်။ ပြည်ပမှာ ကျောင်းတက်နေသူများရဲ့ ၈၀% နှုန်းကတော့ မိဘနှင့်ခွဲခွာနေရပီးရပ်ဝေးနိုင်ငံများမှာ ကိုယ့်ပိုင်ဆုံးဖြတ်ချက်များအစစအရာရာ လုပ်ကိုင်ဆောင်ရွက်နေရသူများပါ။ထို ၈၀% နှုန်းထဲမှ အများစုသောသူများသည် မိဘအုပ်ထိန်းမှုအောက်မှ ကင်းကွာနေကြရလျှင် စာကြောင့်စိတ်ဖိစီးမှုသော်လည်းကောင်း ။ ချစ်သူရည်းစားကြောင့်ကြေကွဲခံစားစိတ်ညစ်ရသည်သော်လည်းကောင်း။ သို့မဟုတ် မိသားစုပြသနာများကြောင့် ရပ်ဝေးမှာပညာရှာနေသော်လည်းစိတ်ပူပန်မှုများနေသူများရယ်လို့ အမျိုးမျိုးရှိကြပြန်ပါတယ်။ထိုအထဲမှာမှ လူငယ်များအများဆုံးဖြစ်လေ့ဖြစ်တတ်ရှိသောသဘာဝကတော့ လူမှုပေါင်းသင်းဆက်ဆံရေးနှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ ယွင့်းမှုများဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲဆို၇င်တော့ ကျောင်းမှာ စာချင်းပြိုင်ဆိုင်ကြ ၊သူငယ်ချင်းချင်းဝတ်စားဆင်ယင်မှု နှင့် အလှအပပြိုင်ဆိုင်မှုများ။ ခင်မှုသောသူငယ်ချင်းများနှင့် အွန်လိုင်းသူငယ်ချင်းများနှင့်ဆက်ဆံရာတွင်ပြိုင်ဆိုင်မှုများ ကြွားဝါမှုများ။ သူ့ချစ်သူ နှင့် ကိုယ့်ချစ်သူပြိုင်ဆိုင်မှုများ ။ အရာရာတူညီမှများရှိသောအခါတွင် မိမိ၏ မိဘချမ်းသာကြွယ်ဝမှုနှင့် သြဇာအာဏာ ပြိုင်ဆိုင်နေကြခြင်းစသည့် ထိုအဓီကအချက်များဟာ ထိုလူငယ်များ၏စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုတနေ့တခြားမသိမသာချို့ ယွင်းလာနေကြပါတယ်။ထိုချို့ယွင်းမှူများကြောင့် သူတို့လေးတွေဟာ ဘယ်အရာမဆို သူတို့ပိုင်ဆိုင်မှုနှင့်အဆင်တန်းခွဲခြားမှုမျက်လုံးများနှင့် လူတကာကိုတဖြည်းဖြည်းကြည့်တတ်လာကြပါတယ်။ သင်ဟာ လူဘ၀အကြောင်းအရာရာကို ပိုင်းခြားသိမြင်နေပြီးမိမိကိုယ်ပိုင်ဆင်ခြင်ဆုံးဖြတ်နိုင်ရန် အတွက် လူ့လောကရဲ့အောက်ခြေဘ၀အကြောင်းကစပြီးနားလည်ရပါမယ်။သင်လူပေါင်းမြောက်များစွာ၊ လူမျိုးမရွေးဘာသာမရွေး ပေါင်းသင်းဆက်ဆံဘူးခဲ့ဖူးခဲ့လျှင် သင်လူကဲခေတ်နည်းကို သင်ယူစရာမလိုပဲ လူတွေရဲ့စရိုက်တွေ ၊သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေကို တခဏတာအတွင်း ထိုသူများနှင့် စကားစမြည် အလာဘ သလာဘ ပြောကြည့်ရုံဖြင့်သိနိုင်ပါတယ်။ ကဲဆိုလိုရင်းဘက်ကို ဆက်ပြောကြရအောင်ဗျာ…ဒီလိုဗျ…ယနေ့ခေတ်လူငယ်တွေစရိုက်သွင်ပြင်လက္ခဏာတွေကိုထက်မှာဖော်ပြခဲ့သလိုပေါ့ဗျာ..အဲဒီလိုမျိုးအဖြစ်တွေကြောင့် လူလူချင်း စကားပြောဆိုဆက်ဆံတဲ့အခါမှာ အလွယ်တကူဒေါသတွေမလိုလားအပ်ပဲထွက်လာမယ် ၊ အဲဒီနောက် သူ့တို့ရဲ့စိတ်အာရုံမှတဆင့်ဒေါသနောက်မှ လိုက်လာတာကတော့ သူတို့လေးတွေရဲ့ ပင်ကိုယ်မသိစိတ်မှနေပီး ဒေါသစကားလေးတွေထွက်လာမယ် ထို့နောက် ရိုင်းဆိုင်းသောစကားတွေပြောလာကြမယ်။ အဲဒီလိုရိုင်ဆိုင်းမှုတွေကို ကြိုးကိုင်နေတဲ့စိတ်က သူတို့လေးတွေရဲ့ ပင်ကိုယ်စရိုက်လေးတွေဖြစ်တဲ့ မိဘအုပ်ထိန်းသွန်သင်မှုငယ်စဉ်က အပြည့်အ၀ မရခဲ့တာတွေက စတင်ဖော်ပြလာတတ်ပါတယ်။အဲဒီလိုမျိုးတွေကြောင့် သူ့တို့လေးတွေ စကားပြောလာရင် ရိုင်းဆိုင်းမှုတွေပါလာမယ်..ဒါ့အပြင် ဒီထက်ဆိုးတဲ့နောက်ဆက်တွဲ ဆဲဆိုမှုတွေ ပါလာကြမယ်ပေှါ့ဗျာ။ အဲဒီလမ်းစဉ်အတိုင်း ဖြစ်လာတတ်ကြပါတယ်ခင်ဗျာ… အဲဒီလိုအခါမျိုးမှာ ဘေးပတ်ဝန်းကျင် သို့မဟုတ် တခြားတဖက်လူက ဘယ်လိုမြင်မလဲဆိုတော့ ဒီတယောက်မိုက်ရိုင်းပါလား၊ မိမဆုံးမ ဖမဆုံးမသားသမီး ။ သူ့မိဘတွေမရှိကြဘူးလား မိဘတွေက မဆုံးမကြဘူးလား မသိဘူးလို့ ဧကန်မုချ တပါးသူမှ နုတ်ဖြင့်ဖွင့်မပြောတောင်မှ သူတို့ရဲ့ စိတ်ထဲမှာထိုကဲသို့ သေချာပေါက်ကြိမ်းသေတွေးတောမိမှာအမှန်ပါဗျာ။အဲဒီတော့ ကျနော် ဖိုးလမင်း ထင်မြင်ယူုဆချက် အကြံပေးချင်တာကတော့ မိမိဟာ ဘယ်နိုင်ငံကြီးမှပဲနေရော့က်နေေ၇ာက်နေ။ သမ္မတကြီး ဖြစ်ရုံမကလို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေကြီးဖြစ်နေလည်း စိတ်ဓာတ်မြင့်မြတ်မှု စိတ်သဘောထာားကြီးမှု နှစ်ဖက်မြင်ဝါဒါကြီးမားမှု ၊ ငယ်စဉ်အခါကတည်းက မိဘနှစ်ပါးတို့ရဲ့ သွန်သင်မှု ။ အတွေးအခေါ်မှန်ကန်စွာဆုံးဖြတ်တတ်မှု “ လုံးဝ လုံးဝ “ မရှိပါက ထိုသူများက လမ်းဘေးတွင် ပိုက်ဆံမရှိသောကြောင့် တောင်း၇မ်းစားသောက်နေသော သူဖုန်းစားထက်ပိုပီးတော့ နိမ့်ကျ ယုတ်ညံ့ပြီး စိတ်ဓာတ်အောက်တန်းကျပါတယ်။ အဲဒီအတွက် မိမိ၏အပြုမူ အပြောဆိုများသည် မိမိတစ်ဦးတည်းသာမက မိမိကိုလူ့လောကထဲရောက်အောင်ခေါ်ဆောင်လာသော ကျေးဇူးရှင်မိဘနှစ်ပါး တို့ကိုလည်းထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် မိမိ ဘာကိုပဲလုပ်လုပ် ဘာကိုပဲပြောပြော လူမှူဆက်ဆံတတ်ဖို့က လူ့မှုပတ်ဝန်းကျင်မှာအရေးကြီးဆုံးဖြစ်ပီး စိတ်ဓာတ်များကိုလည်း လူကြီးများပြောဆိုဆုံးမ သင်ကြားပြောဆိုခဲ့သလိုပဲ “ ရှေးယခင်ကလူမျိုးများ ကဲ့ သို့ စိတ်ဓာတ်ကို ရိုးသားမြင့်မြတ် သဘောထားကြီးမှု ပွင့်လင်းမှု “ များဖြင့် ယနေ့ ၂၁ ရာစု ရဲ ကောက်ကျစ်ယုတ်မာပက်စက်နေကြတဲ့ အချိန်ခါကြီးမှာ မိမိကိုယ်တိုင်က စပြီး ကောင်းမွန်မြင့်မြတ်သော စိတ်ဓာတ်များနှင့် ဘ၀လမ်းခရီးကြမ်းကို ဖြတ်သန်းကြသင့်တယ်လို့ ကျနော်ထင်တယ် ကိုသီဟ….။
မေးသူ : ဟုတ်ပါတယ်ဗျာ။ အကိုဖိုးလမင်းပြောသလို့ ခုခေတ် ၂၁ ရာစု သစ်ကြီးမှာ အဲဒီလို စိတ်ဓာတ်မျိုးနဲ့ ဘ၀ကို ဖြတ်သန်းနေတဲ့သူက ခတ်ရှားရှားရယ်ခင်ဗျ။
ဘာပဲဖြစ်ဖြစ် အဲဒီလိုစိတ်ဓာတ်မျိုး သူများတွေမမွေးမြူနိုင်ကြရင် လည်းကျနော်တိုလက်လှမ်းမှီသလောက် စိတ်တူကိုယ်တူရှိမယ့် မိတ်ဆွေများကို ၇ှာဖွေပေါင်းသင်းကြပြီး မနက်ဖြန်များစွာရဲ့ ခရီးကြမ်းကို ဖြတ်သန်းကြလိုက်ရအောင်ဗျာ။ နောက်တပတ်မှာတော့ ကျန်ရှိနေတဲ့ ယနေ့ခေတ် ပြည်ပနိုင်ငံကြီးများမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတို့လေးတွေရဲ့ စရိုက်နဲ့ သွင်ပြင်လက္ခဏကို ဆက်လက်ဆွေးနွေးရအောင်လားဗျာ။ အခုတပတ်တော့ ဒီလောက်နဲပဲ ရပ်နားလိုက်ကြအောင် အကိုဖိုးလမင်းရေ…
ဖိုးလမင်း : ဟုတ်ကဲ့ပါဗျာ ။ကျနော်လည်း ခေတ်လူငယ်တဦးဖြစ်ပေမဲ့ လူငယ်အချင်းချင်း စရိုက်တူ ကိုယ်သူမိတ်ဆွေများကိုရှာဖွေရင်နဲ ကိုသီဟနဲု့ခုလိုဆုံတွေ့ ဖြစ်ကြရင် ဒီအကြောင်းလေးကိုဆွေးနွေး ခွင့်ရတာကျေးဇူးတင်ပါတယ် ခင်ဗျာ…..]
ကဲ …နောက်တပတ်အတွက်စောင့်မျှော်ကြည့်ရအောင် …………
ဖိုးလမင်း ( ဟန်နိုင်စော-မ၇မ်းတလင်း(မှော်ဘီ)
(အဘဆရာကြီး မင်းသိင်္ခ ကိုရှိခိုးဦးချအောင့်မေ့လွမ်းဆွတ်လျှက်)


မေတ္တာရှင်
www.myittarshin.com
mts@myittarshin.com

မြန်မာအမျိုးသမီးများ ဘယ်နိုင်ငံရောက်ရောက်သတိထားရန်အချက်များ

ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမ၊ ဆရာ ၊ တပည့်…… များ

အခု တလော online ပေါ်မှာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာတွေ မလုပ်သင့် တာတွေ အများကြီးတွေ့ လာရတဲ့ အတွက် အမျိုးသမီးများ သတိထားဖို့ ရန် ဆော်သြချင်ပါတယ်
ဘာပဲ လုပ်လုပ်သတိထားစေချင်ပါတယ်၊ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ အခုမှပဲ ရေးဖြစ်လိုက်ပါတယ်

(၁) ဈေးဝယ်ထွက်ခြင်း
Shopping ထွက်တဲ့ အခါ Shopping Centre မှာ ရှိတဲ့ အဝတ်လဲ ခန်းတွေမှာ အဝတ် စမ်းဝတ်တဲ့ အခါ သတိထားစေချင်တယ်၊ အဝတ်တွေ ချွတ်ပြီး လဲတဲ့ အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၂) အိမ်သာသွားခြင်း
အများသုံးအိမ်သာ( ဘယ်အိမ်သာပဲ ဖြစ်ဖြစ်) တွေမှာ အညစ်အကြေး (အပေါ့အလေး) စွန့် တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၃) ရေချိုးခြင်း
ဘယ်မှာပဲ ရေချိုးချိုး (မိမိအိမ်၊ သူငယ်ချင်းအိမ်၊……..) ရေချိုးတဲ့အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ၊ ရေချိုးတဲ့ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၄) ခရီးသွားခြင်း
ဘယ်ကိုပဲ ခရီးသွားသွား၊ ညဖက်ဖြစ်စေ၊ နေ့ဖက်ဖြစ်စေ၊ Bus ပဲစီးစီး သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေ၊ ကားစီးရင်း အိပ်ပျော်နေတဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၅) ဓာတ်ပုံ ရိုက်ခြင်း
သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ဓာတ်ပုံ ဆရာတွေနဲ့ ပဲဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ဓာတ်ပုံတွေ ရိုက်တဲ့ အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၆) အပျော်ခရီးသွားခြင်း
မိသားစုနဲ့ ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ် အပျော်ခရီးသွားတဲ့အခါ သတိထားစေချင်ပါတယ်။ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၇) ဓာတ်ပုံများကူးခြင်း
မိမိဘာသာ အပျော်ရိုက်တဲ့ ဓာတ်ပုံတွေ ဆိုင်မှာ သွားကူးတဲ့အခါ သတိထားကြပါ၊ တချို့သော ဓာတ်ပုံဆိုင်မှာ အလှပုံ တွေ online ပေါ်ကို photoshop နဲ့ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၈) သမီးရည်းစားများချိန်းတွေ့ခြင်း
အချို့သော သမီးရည်းစားများ ချိန်းတွေ တဲ့ အခါ အမျိုးမျိုးနေကြထိုင်ကြတဲ့ပုံတွေ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၉) မိမိဘာသာ တစ်ယောက်ထဲ ပုံစံ အမျိုးမျိုးဓာတ်ပုံ ရိုက်ခြင်း
မိမိဘာသာ ပုံစံ အမျိုးမျိုးနဲ့ တစ်ယောက်ထဲ ဓာတ်ပုံရိုက်ထားတဲ့ ပုံတွေ online ပေါ်ကို ရောက်နေကြတယ် ဘာကြောင့်ပဲဖြစ်ဖြစ် မိမိဘာသာ ရိုက်ထားတဲ့ ပျော်ရိုက်တဲ့ပုံတွေကို သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၁၀) Online မှာ ချိန်းတွေ့ခြင်း
Online ပေါ်မှာ မိမိချစ်သူနဲ့ဖြစ်စေ၊ လင်ယောက်ျားနဲ့ဖြစ်စေ… အမျိုးမျိုးသော အမျိုးမျိုးနေကြထိုင်ကြတဲ့ပုံတွေ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၁၁) အဝတ်အစားများဝတ်ဆင်ခြင်း
အဝတ်အစားများဝတ်ဆင်ရာတွင်လည်း သတိထားစေချင်ပါတယ်။ မပေါ်တပေါ် မလုံ့တလုံ အဝတ်တွေ ဝတ်တဲ့အခါ မသမာသူတွေရဲ့ ချောင်းမြောင်းရိုက်ထားတဲ့ အမျိုးမျိုး ချောင်းမြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အပျော်သဘော စနောက်ပြီးရိုက်တဲ့ ပုံတွေ online ပေါ် မှာ ရောက်လာပါတယ်၊ သတိထားကြပါ ဒို့ မြန်မာ အမျိုးသမီးများ

(၁၂) အင်တာနက်သုံးတဲ့အခါ

အခုနောက်ဆုံးပေါ်အင်တာနက်ဆော့ဝဲလ်တွေထွက်နေပါတယ်၊ ကွန်ပြူတာ မှာ မိမိဘာပဲလုပ်လုပ် အချိန်နဲ့အမျှ snapshoot နဲ့ Auto ဓာတ်ပုံတွေ ရိုက်ပေးနေတာတွေ လုပ်လို့ရနေပါပြီ၊ အသက် ၁၈ နှစ် အထက်မှ ကြည့်လို့ရမယ် မြန်မာ ဟိုလိုင်းတွေလည်း တနေ့တခြား များလာနေပါပြီ၊ သတိထားကြပါ ဒို့မြန်မာအမျိုးသမီးများ
……………………….

အများကြီးတော့ ရေးပေးချင်ပါတယ်
အဓိက ကတော့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ သွားတာ လာတာ ဆင်ခြင်ကြစေချင်ပါတယ်
အခု တလော မသမာသူတွေက ပိုပြီး အကွက်စိတ်လာပါတယ်
ဘယ်လိုရိုက်ရမလဲ ဘယ်မှာ ရိုက်ရင်ရမလဲ …..
Shopping Centre က ဆိုင်တွေကိုလည်း သိပ်မယုံ ပါနဲ့
တချို့က အခကြေးငွေယူပြီး ရိုက်ဖို့ ခွင့်ပြုတဲ့ ဆိုင်တောင်ရှိပါတယ်

ကျွန်တော်က online ကနေပဲ သိရတာပါ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါထက်ပိုပြီး ဘယ်လောက်တောင်ဖြစ်ပျက်နေကြပြီလဲ

သူများနိုင်ငံနဲ့ ယှဉ်ပြီးပြောရင်တော့ ဒါက မရိုးပါဘူးလို့ထင်ကောင်းထင်ပါမယ်

ဒါပေမယ့် ရေခံမြေခံ မတူဘူးလေ

ခေတ်မှီတယ်လို့ပဲ ပြောချင်ပြောပါ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကြည့်ရင်တော့ သိကြမှာပါ
ကျွန်တော်ရဲ့ မောင်နှမ၊ သူငယ်ချင်း၊ ဆရာ၊ တပည့်၊ …… တွေကို ကိုယ်ချင်းစာပြီး ဒီစာကို ရေးဖြစ်တာပါ
ဒီစာရေးရင်းနဲ့တောင် အရမ်းခံစားရတယ် သူငယ်ချင်းတို့ရယ်——–


Forwards Mail တခုမှတွေ့ ရရှိသောကြောင့် အမျိုးကောင်းသမီးများအတွက် သတိပေးဖော်ပြလို က်ပါတယ်။
သတိဆိုသည်မှာ မည်သည့်အခါမှ ပိုသည် မ၇ှိပါ.။
နောင်တဆိုတာ နောင်မှရလာတတ်သော်လည်း အချီးနှီးပါ။

မေတ္တာရှင်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။