MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 24, 2011

MTS Online Live Radio(မေတ္တာရှင် ၂၄နာရီအွန်လိုင်းရေဒီယိုမိတ်ဆက်)

မင်္ဂလာပါမိတ်ဆွေနှင့်သူငယ်ချင်းများခင်ဗျာ....

Merry Christmas to all of you...,

၂၀၁၁ ခုနှစ်ရဲ့  ခရစ်စမတ်နေ့လေးမှာ လူသားတိုင်းအပူပင်းကင်းမဲ့စွာပျော်ရွှင်နိုင်ပါစေလို့ ဦးစွာပထမ ဆုတောင်းပေးလိုက်ပါတယ်။

ယနေ့ခေတ်ကြီးမှာ လူသားတိုင်း ဘ၀ကို နည်းမျိုးစုံနည်း ကြိုးစားဖြတ်သန်းနေကြရသလို့  အချို့ သောသူများက
ပြည်ပနိုင်ငံ သွားရောက်အလုပ်လုပ်ကိုင် သို့မဟုတ် ကျောင်းတက်နေကြပါသည်။ထိုသူများသည် မိမိ မွေးရပ်အမိမြေနှင့်ဝေးကွာနေကြရပြီး ပြည်ပနိုင်ငံများတွင် အင်တာနက်နယ်ပယ်မှ တဆင့် သတင်းများနှင့် သီချင်းများ ဖတ်ရှုနားဆင်နေကြရတာမိတ်ဆွေတို့အသိဖြစ်ပါတယ်။အဲဒီလို အဝေးရောက် မြန်မာများ အတွက် ကျနော်အထူးအစီစဉ်တစ်ခုကူညီ စီစဉ်ပေးရန် ဘာလုပ်ရမလဲ စဉ်းစားကြည့်လိုက်တော့ အင်တာနက် နှင့်တိုက်ရိုက်နားထောင်ရတဲ့ အွန်လိုင်းရေဒီယို ဆိုတာကို သတိရရှိသွားပြီး ကျနော့်ရဲ့  Website မှာ
၂၄ နာရီအွန်လိုင်းရေဒီယို ထည့်သွင်းထုတ်လွှင့်နိုင်ခဲ့ပါသည်။( URL : http://wma1.viastreaming.net/MTS ) အဝေးရောက်မြန်မာများ မိမိတို့ ၇ဲ့ တစ်နေ့တာ အမောများနှင့် စိတ်ဖိစီးမှုများကို သီချင်းများနားထောင်ရင် စိတ်အပန်းဖြေနိုင်စေရန် ရည်ရွယ်ပါသည်။ သီချင်းများစိတ်မ၀င်စားသူများအတွက်လည်း ကျနော် အခြားတခုစီစဉ်ပေးထားပါတယ် ..အဲဒါကတော့ တရားတော်နာကြးရန်ဖြစ်ပါသည်။ BuddhaFm ဆိုတာဖြစ်ပါတယ်။ ၂၄နာရီလုံးတရားထုတ်လွှင့်နေတာဖြစ်ပါတယ်။Buddhafm တရားဆိုက်ဒ်တည်ထောင်သူဘုန်းဘုန်း၏ခွင့်ပြုချက်ယူပြီးကျနော့် website(www.myittarshin.com)တွင်ထည့်သွင်းပေးထားပါတယ်။အဝေးရောက် ရွှေမြန်မာနှင့်ပြည်တွင်းမှ ရွှေမြန်မာများ
မိမိတို့ နှစ်သက်ရာရွှေးချယ်နားဆင်၇င်း နောက်ဆုံးရ သတင်းထူုးများနှင့် ပရဟိတ သတင်းနှင့်အခြားသော ဗဟုသတရစရာ ဖတ်စရာ မှတ်စရာများကိုလည်း Blog Posts အဖြစ်ကျနော့်၏ ဆိုက်ဒ်တွင်ဖတ်ရှုနိုင်ပါသည်။

သီချင်းများတောင်းဆိုလိုပါလျှင် မိမိတို့၏ Gtalk မှ mts4u@myittarshin.com ကို Invite လုပ်ပြီးတောင်းဆိုနိုင်ပါတယ်ခင်ဗျာ။တရားတော်များကိုတောင်းဆိုနာယူလိုပါလျှင့် info@buddhafm.net ကို
Invite လုပ်ပြီး တရားတော်များနာယူနိုင်ပါသည်(ဗုဒ္ဓဘာသာလူမျိုးများအားလုံးအတွက် အထူးရည်ရွယ်ပါသည်။)။

မိမိတို့ ၏ Blog တို့တွင် ၂၄ နာရီအွန်လိုင်းရေဒီယိုကိုထည့်သွင်းလို့ပါက Code များ mts@myittarshin.com တွင်အီးမေးမှတစ်ဆင့်တောင်းယူနိုင်ပါသည်။

မှတ်ချက်... ကျနော်၏Website နှင့် အွန်လိုင်းရေဒီယိုသည် အခြားသော အွန်လိုင်းရေဒီယိုများနှင့် လုံးဝ လုံးဝ လုံးဝ ပတ်သက်ြ်ခင်း ဆက်နွယ်ခြင်း နှင့် ပြိုင်ဆိုင်လိုခြင်း လုံးဝ မရှိပါ။ မိတ်ဆွေများ အတွက် ပျော်ရွှင်မှုတခုရရှိမယ်(သို့မဟုတ်)တရားဓမ္မကြောင့် တရားသဘောများရရှိမယ်ဆိုရင် ကျနော် ကြိုးစားရကြိုးနပ်ပါပြီ.....။

မိတ်ဆွေများ ပြည်ပနိုင်ငံများမှာ ဘ၀ကိုကြိုးစားရပ်တည်နေရင်း အဝေးတစ်နေရာမှ အမိမြန်မာပြည်ကို တူတူလွမ်းဆွတ်လိုက်ကြရအောင်လား ခင်ဗျာ......


မေတ္တာရှင် (ကျော်မြတ်သူ-ခေတ္တစင်ကာပူ)
မေတ္တာရှင်ပရဟိတဖောင်ဒေးရှင်း
Email : mts@myittarshin.com
web site : www.myittarshin.com
Online Radio Link : http://wma1.viastreaming.net/MTS


စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး။

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး
မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁
စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ "ရွှေရတနာ" မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။
ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုချက်မရသေးပါဘူး။
"လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမ၀င် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။"
လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။
အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကို ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိဖြစ်ကြောင်း အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအ၀ိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။
ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။
SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Singapore ,Tel : 6337 0891,
Forward Mail တခုမှ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာလူမျိုးများဟာ အပြင်ပန်းကြည့်ပြီးယုံကြည့်သောကြောင့်နိုင်ငံတကာတွင် မကြာခဏဆိုသလို အလိမ်ခံနေရပါသည်။ ထို့ကြောင့် ယနေ့လို မသမာသူတွေ နေရာတိုင်းရှိနေသောကြောင့် မိမိ၇ဲ့ ချွေးနဲ စာနှင့်ရှာဖွေထားသော ငွေများကို လက်လွတ်စလွယ် မပြုလုပ်ကြပဲ အရာရာတိုင်းကို အလွယ်တကူမယုံကြည်မိစေ၇န် မေတ္တာရှင်မှအထူးသတိပေးလိုက်ပါတယ်။

ယခု ဖော်ပြလိုက်သောသတင်းသည် စင်င်္ကာပူတွင် ဟိုးလေးတကျော် နာမည်ကြီးနေသော သတင်းတခုဖြစ်သောကြောင့် အများသိစေ၇န်ဖော်ပြပေးလိုက်ပါသည်။ အလားတူစွာပဲ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်လိုသော မိတ်ဆွေများရှိပါကလည်း မိမိတို့ ဆက်သွယ်သည့်  ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်စီ တွေကို အလွယ်တကူမယုံကြည့်ကြပါရန်နှင့် မိမိ၏တန်ဖိုးရှိလှသည်ငွေများသည် မိမိ ဘ၀အတွက်အ၇င်းနှီးပြုလုပ်လိုသော်လည်း ယခုလို မသမာသူများနှင့်တွေ့ဆုံကြုံကြိုက်ခဲ့ပါကမိမိတို့အတွက် အများကြီးဆုံးရှုံးမှုဖြစ်ပါလိမ့်မည်ဆိုတဲ့အကြောင်းကိုလည်း အထူးသတိပေးလိုက်ရပါသည်။
ယခုလို ခေတ်ကာလမကောင်းတဲ့အချိန်တွင် စီးပွားရေးကြပ်တည်းနေကြသည့်အချိန်တွင် မသမာသူများသည်ငွေရလျှင်ဘာမဆို ရှေ့ နောက်စဉ်းစားတွေးခေါ်မှုခေါင်းပါးစွာ လုပ်ကိုင်နေကြခြင်းကြောင့် ကျွန်ုပ်တို့မြန်မာနိုင်ငံနှင့်တကွ နိုင်ငံတိုင်းတွင် ရာဇ၀တ်မှူများကို ကျူးလွန်နေကြသဖြင့် လူမိုက်တို့သွားရာလမ်းကိုနောက်ဆုံးသွားကြရလေသည်။

သဗ္ဗေသတ္တာ ကမ္မဿကာ


မေတ္တာရှင်(ကျော်မြတ်သူ-ခေတ္တစင်ကာပူ)

Phone : +65 93669711

Email : mts@myittarshin.com

http://wma1.viastreaming.net/MTS (၂၄ နာရီအွန်လိုင်းရေဒီယို {တရားတော်များနှင့် သီချင်းများ} )

Website: http://www.myittarshin.com/

http://myittharshinmts.blogspot.com/

http://phoelamin.wordpress.com

နိုင်ငံခြားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ အခွန်ဆောင်ရန်မလိုတော့ပါ


နိုင်ငံခြားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ အခွန်ဆောင်ရန်မလိုတော့ပါ

ဟုတ်မဟုတ်ဆိုတာ ၂၀၁၂ ဇန်န၀ါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ အဖြေပေါ်ပါလိမ့်မယ်။


Forward Mail မှကူးယူဖော်ပြပါသည်။


မေတ္တာရှင်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။