MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 26, 2011

ကမ္ဘာကြီးအား ဗုဒ္ဓဘာသာအမြင်သဘောဖြင့်လေ့လာကြည့်ခြင်း။

ကမ္ဘာကြီးအား ဗုဒ္ဓဘာသာအမြင်သဘောဖြင့်လေ့လာကြည့်ခြင်း။

ဦးဇင်းတို့ရဲ့ ကမ္ဘာကြီးက ဖြစ်ရပ်အထွေထွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အကောင်းဘက်ကရော၊ အဆိုးဘက်ကပါ၊အကောင်းအဆိုး နှစ်မျိုးစလုံးမှာ အကြောင်းအကျိုး၊ အဆိုးအကောင်းတွေနဲ့ဒွန်တွဲနေတယ်။ အကြောင်းတွေကိုသုံးသပ်ပြီးတော့ ပေါ်လာတဲ့အကျိုးတွေကိုကြည့်ရှုတတ်တဲ့သူဟာအမှန်သိတဲ့သမ္မာဒိဋ္ဌိပဲ။ဗုဒ္ဓဘာသာရဲ့ အစကလည်းသမ္မာဒိဋ္ဌိကစတယ်။
မဂ္ဂင် ၈ပါးမှာ နံပါတ် ၁.မဂ္ဂင်ဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ အမှန်ကို သိခြင်းဟာ ဗုဒ္ဓဘာသာရဲ့အစပဲ။ ဘာဖြစ်သလဲ
အကောင်းလား အဆိုးလား ဒီနှစ်ခုရဲ့အဖြေကိုရှာတတ်ရင် အဲဒါ သမ္မာဒိဋ္ဌိပဲ။ ကမ္ဘာလောကြီးမှာ ဘေးဒုက္ခတွေ အမျိုးမျိုးကြုံတွေ့နေကြရတယ်မလားဥပမာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငတ်မွတ်ခေါင်းပါးဘေး၊ တိုက်ခိုက် လုယက်မှု၊ နှိပ်စက်တဲ့ဘေးစစ်ဘေးစစ်ဒဏ်၊အကြမ်းဖက်မှုစတဲ့ ဘေးဒုက္ခအမျိုးမျိုးတွေအခုကမ္ဘာအရပ်ရပ်ဖြစ်နေကြတယ်။ ဒါတွေဘာကြောင့်ဖြစ်သလ၊ဲဘယ်သူကြောင့် ဖြစ်သလဲ၊ဘယ်သူဘယ်ဝါကြောင့် ဖြစ်တယ်လို့ပုဂ္ဂိုလ်ကိုသုံးသပ်ခြင်းသည် တကယ်။
အမှန်မဟုတ်ဘူးဘယ်တိုင်းပြည၊်ဘယ်နိုင်ငံ၊ဘယ်ဘာသာ၊ဘယ်လူမျိုးကမှဒီ ပြဿနာပေါင်းစုံကိုဖန်တီးတာမဟုတ်ဘူး၊ ဒီအဆိုးအကောင်း အကြောင်းအကျိုး အရင်းမှန်ကို ကောင်းစွာနားမလည် သဘောမပေါက်ရင်အဲဒါမိစ္ဆာဒိဋ္ဌိပဲ။ မကောင်းမှု ဒုစရိုက် (၁၀) ပါးရှိတယ်။ ဒီမကောင်းမှု သတ်ခြင်း၊ ခိုးခြင်း။ လုယက်သတ်ဖြတ်ခြင်း၊ကာမဂုဏ်ဖောက်ဖြန်ခြင်းစတဲမကောင်းမှေူ့တွကစပြီးတောဒီပြဿနာ ဖြစ်လာတယ်။ မကောင်းမှုရဲ့ အကြောင်းအရင်းကို လေ့လာသုံးသပ်ရင် သုံးမျိုးပဲ ရှိပါတယ်။ (၁) လောဘ၊(၂) ဒေါသ၊(၃) မောဟ၊ ဒုစရိုက် ဆယ်ပါးကိုဒီအကြောင်းအရင်း သုံးပါးက လွန်ကျူးတယ်။ တစ်ခါတစ်ရံမှာ လောဘကြောင့် ဖြစ်တယ်။ တစ်ခါတရံမှာ ဒေါသ ကြောင့် ဖြစ်တယ်။တစ်ခါတခါမှာ မောဟ ကြောင့် ဖြစ်တယ်။ဒီလို ဖြစ်နေတဲ့အကုသိုလ်တရားတွေရဲ့ အခြေခံကတော့ လောဘ၊ ဒေါသ၊မောဟတွေကြောင့်ပါ။ဒီအကြောင်းတရားသုံးပါးကိုမြတ်ဗုဒ္ဓရဲ့ပဋ္ဌာန်းပါဠိတော်မှာ အားလုံးရွတ်နေကြတဲ့ အတိုင်းပေါ့“ဟေတု ပစ္စယော၊” ဟေတု ပစ္စယောဆိုတာနဲ့ ဟိတ် ၆ ပါးပါသွားတယ်။
လောဘ၊ ဒေါသ၊ မောဟ၊အလောဘ၊အဒေါသ၊အမောဟ၊ ဟေတုဆိုတာအကြောင်းတရား၊ဒါတွေဟာဘာအတွက်ကြောင့်ဖြစ်လာရသလဲဆိုရင်တော့ ဒီမကောင်းတဲ့ အကြောင်းကြောင့်ပဲ။
ဒိလိုမကောင်းမှုမျီူးဖြစ်ပေါ်ဖို့အတွက် အကျိုးတရားဖြစ်လာတယ်။ ဒီ လောဘ၊ ဒေါသ၊ မောဟ ကမကောင်းတဲ့
အကြောင်းတရားပဲ။မကောင်းမှူ့ကိုဖန်တီးတာမူဆလင်မဟုတ်ဘူး၊ဗုဒ္ဓဘာသာမဟုတ်ဘူး၊ခရစ်ယန်မဟုတ်ဘူး၊ဟိန္ဒူမဟုတ်မဟုတ်ဘူး၊ ဂျူးမဟုတ်ဘူး၊မကောင်းမှုကို ဖြစ်ပေါ်စေတာအဓိကအကြောင်းအရင်းက လောဘ။ ဒေါသ၊မောဟစတာတွေ ကြောင့်ပဲ ဖြစ်တယ်။
လူမျိုးနဲ့ပဲ ပြောပြောဘာသာတရားတွေနဲ့ပဲ ပြောပြော နေရာဒေသတွေနဲ့ပဲ ပြောပြောဒီအခြေခံတရားသုံးပါးက နေရာတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်။ အပေါ်က ဆိုင်းဘုတ်တွေကြောင့်သာ ဗုဒ္ဓဘာသာ၊မူဆလင်ဘာသာ။ ခရစ်ယန်ဘာသာ၊ဟိန္ဒူဘာသာ၊ဂျူးဘာသာလို့စသည်ဖြင့်ကွဲသွားတာ၊ဒီဆိုင်းဘုတ်တွေအဆင့်အတန်းတွေကို ဖြုတ်ချလိုက်ရင် အခြေခံသဘောတရားကတော့ အတူတူပါ။ ဗုဒ္ဓဘာသာရဲ့ လောဘ၊ ဒေါသ၊ မောဟ၊ကရောဘာထူးမှာမို့လို့လဲ၊ ကျန်တဲ့ဘာသာတွေနဲ့လည်း အတူတူပဲ၊ အပေါ်က ဆိုင်းဘုတ်တပ်ထားလို့ ဒါက ဗုဒ္ဓဘာသာလုပ်တာ၊ ဒါက ခရစ်ယန်လုပ်တာ၊ ဒါကမူဆလင်လုပ်တာ၊ ဒါက ဟိန္ဒူလုပ်ဆိုပြီး ဆိုင်းဘုတ်တွေကွဲသွားလို့သာမုန်းတီးခြင်း၊ ပြိုင်ဆိုင်ခြင်းတွေ ပိုများလာတယ်။ အကြောင်းတရားအမှန်ကို မသိရင် ဖြေရှင်းဖို့ခက်ပါတယ်၊ ဘယ်သူဘယ်ဝါလို့ စွက်စွဲနေကြရင် ပိုဆိုးလာဖို့ပဲ ရှိတယ်။
လောဘ၊ ဒေါသ၊ မောဟတွေစတာတွေ ပိုပြီးတော့များလာလေလေ ပိုပြီင်္းတော့ဒုက္ခတွေများလာလေလေပဲ။
အဲဒါတွေကတော့မိစ္ဆာဒိဋ္ဌိတွေလုပ်နေတာ၊အမှန်ကိုသိတဲ့လူတွေကတော့ယနေ့ကမ္ဘာမှာမကောင်းမှုတွေများနေတယ်
ဒါတွေဘယ်ကနေ အရင်းခံလာသလဲလို့ ကြောင်းစွာ နားလည် သဘောပေါက်တဲ့လူတွေက အမှန်ကို သိတဲ့ သမ္မာဒိဋ္ဌိပဲ။အဖြေမှန်ကို တကယ်သိသွားရင် ပြဿနာကို ဖြေရှင်းဖို့ လွယ်သွားတယ်။
မကောင်းမှုအခြေခံတရားကိုမသိဘဲနဲ့ဆိုင်းဘုတ်အောက်မှာရှင်းနေလို့ကတော့အဖြေမှန်ပေါ်လာမှာမဟုတ်ဘူး။
ဥပမာဆိုကြပါစို့တကယ့် ရောဂါအဖြစ်မှန်ကိုမသိတဲ့ဆရာဝန်ကလူနာကို ဆေးကုသဖိုရန်ခက်ခဲသလိုပဲယနေကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခက်အခဲမှန်သမျှကို ဖြေရှင်းဖို့ အင်မတန်ခက်ပါလိမ့်မယ်။
ဗုဒ္ဓဘာသာဝင်ကလည်း လောဘ၊ ဒေါသ၊ မောဟဒီတရားတွေရှိနေရင် သူလည်း မိစ္ဆာဒိဋ္ဌိပဲ၊ ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ ပဲ ဖြစ်ဖြစ် ဒီတရား အဖြေမှန်ကိုသိရင် သမ္မာဒိဋ္ဌိပဲ။
မကောင်းမှုကို ၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေက စတယ်ဆိုတာ မပြောပဲနဲ့အကုသိုလ်တရား (၁၀)ပါးရဲ့အကြောင်းအရင်း လောဘ။ ဒေါသ၊ မောဟ ကစတယ်လို့ သိမြင်နိုင်ကြပါစေလို့ဆန္ဒပြုကာတိုက်
တွန်းရင်းဒီပို့စ်လေးဖြင့်ကုသိုလ်ပြုလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထို့)

အမေ့ကိုကျေးဇူးဆပ်ချင်တယ်။

အမေ့ကိုကျေးဇူးဆပ်ချင်တယ်။

ရှေးခေတ် ကမ္ဘာဦးလူသားများဟာ အကြောက်တရားများကြောင့် သစ်ပင် တော တောင် စတာတွေကို ကိုးကွယ်အားထားရာအဖြစ် ကိုးကွယ်အားထားခဲ့ကြတယ်။ အခုအခါမှာတော့ မိဘဘိုးဘွား ဆွေမျိုးအစဉ်အဆက်ကနေ ဗုဒ္ဓ၊ဟိန္ဒူ၊ခရစ်ယာန်၊အစ္စလာမ် စတဲ့ဘာသာများကို ကိုးကွယ်အားထားလာကြတယ်။ အချို့မှာ ဘိုးစဉ်ဘောင်ဆက်ကနေ ကိုးကွယ်လာတဲ့ဘာသာကိုပဲ အမှီပြုပြီး မိရိုးဖလာကိုးကွယ်နေကြတဲ့သူများ ရှိကြတယ်။ အချို့သူများက မိမိရိုးဖလာကိုးကွယ်မှုမှ သွေဖီကာ မှန်တယ် သဘာဝကျတယ်ဆိုပြီး ဘာသာတရားတစ်ခုကို လက်ခံယုံကြည်ကာ ကိုးကွယ်ကြတာလဲ ရှိကြပါတယ်။

တစ်နေ့ စားရေးသူထံ ဒကာတစ်ယောက် ရောက်ရှိလာပြီး “အရှင်ဘုရား…တပည့်တော်ကို မှတ်မိသေးလားဘုရား၊ မင်းမောင် လေဘုရား ပြီးခဲ့တဲ့နှစ်က အရှင်ဘုရားတို့ ရိပ်သာ သင်္ကြန် တရားစခန်းမှာ တရားအားထုတ်ခဲ့ပါတယ်ဘုရား” ဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ ဆက်လက်ပြီး “တပည့်တော်ရဲ့ မိဘများကို မတွေ့တာကြာပြီဖြစ်တဲ့အတွက် မိဘများရှိရာ ဇာတိချက်ကြွေကို ရောက်ခဲ့ပါတယ်ဘုရား၊ တပည့်တော်လျှောက်တင်စရာ လေးရှိလို့ လျှောက်တင်ခွင့်ပြုပါဘုရား” ဆိုပြီး ပြောလာတဲ့အတွက် စိတ်ချမ်းသာသလို ပြောရန် အခွင့်ပေးလိုက်ပါတယ်။
တပည့်တော်ငယ်စဉ်က ချင်းပြည်နယ်ဘက်မှာ နေပါတယ်။ အရွယ်ရောက်လာတော့ အကြောင်းကြောင်းကြောင့် အောက်ပြည် အောက်ရွာဖက်ကို ရောက်ခဲ့ပါတယ်။အဲဒီမှာ သူတော်ကောင်းဇနီး မောင်နှံနှစ်ဦးနဲ့တွေ့ရာက တပည့်တော်ဘ၀ ပြောင်းလဲဖို့အကြောင်း ဖန်လာခဲ့ပါတယ်။
ဖြစ်ပုံက ဒီလိုပါ…..တပည့်တော် အခုအောက်ပြည်အောက်ရွာကို ရောက်လာတာ အခုဆို (၁၅)နှစ်ရှိပါပြီ၊ အိမ်ထောင်ကျပြီး သားသမီးသုံးယောက် ထွန်းကားခဲ့ပါတယ်။ ဒီလို အခြေတကျ ရှိလာတဲ့အခါမှာ အသိမိတ်ဆွေတွေလဲ အထိုက် အလျောက်ရှိလာပါတယ်။ အသိမိတ်ဆွေများအနက် တပည့်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့သူကတော့ သူတော်ကောင်းဇနီးမောင်နှံတို့ပါ။ လောကရဲ့သဘာဝအမှန်တရားများကို ပြောပြရာကနေ သူတို့အိမ်မှာ ကက်ဆက်ခွေနဲ့ တရားနာဖို့အကြောင်းပြောလာပါတယ်။ တပည့်တော်က “ဟင်..တရားနာတာဟာ ငရဲမကြီးဘူးလား” လို့ မေးတဲ့အခါ ဇနီးမောင်နှံက “ငရဲကြီးတယ်ဆိုတာ မကောင်းတာလုပ်မှ ငရဲကြီးတာပါ။ ကောင်းတာ လုပ်နေရင် ငရဲမကြီးပါဘူး” လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ်လေ သူတို့ပြောတဲ့ တရားကို နားထောင်ကြည့်အုံးမယ် လို့ ဆုံးဖြတ်ပြီး သူတို့ပြောတဲ့တရားကို နားထောင်ကြည့်ပါတယ်။ နားထောင်ဖန်များ လာတော့ တွေးမိတယ်။
“အော်…တရားတော်ဆိုတာ တခြားမဟုတ်၊ လောကမှာ တကယ်ရှိတဲ့ သဘာဝအမှန်တရားတွေကိုပြောနေတာကိုး၊ သဘာဝအမှန်တရား ဆိုတာလဲ တကယ်တော့ ဖန်တီးပြီးပြောထားခြင်းမဟုတ်ဘူးဆိုတာကို သိလာရတယ်။
နားထောင်လိုက်ရတဲ့တရားများအနက် ကောင်းတာလုပ် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ် မကောင်းတာဖြစ်မယ်ဆိုတာလဲ ပါတယ်။ ဒါကိုကြားလိုက်ရတော့ အများကြီးဖြစ်နိုင်လောက်တယ်လို့လဲတွေးမိတယ်။ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်ကလေးထားမိလိုက်တာနဲ့ ကိုယ့်မှာ စိတ်မချမ်းသာဖြစ်သွားတယ်၊စိတ်တွေလေးလာတယ်။ သူတစ်ပါးအပေါ် စိတ်ကောင်းထားမိတဲ့အခါ အထူးသဖြင့် သနားမိတဲ့အခါဆိုရင် စိတ်ချမ်းသာပြီး လွတ်လပ်ပေါ့ပါးလာတယ် လို့ မှတ်မိတာလေးတွေ တွေးရင်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နေမိပါတယ်။
အဲဒီကနေစလို့ မကောင်းတာလုပ်ရင် ငရဲကြီးတတ်တယ်၊ ကောင်းတာလုပ်ရင် ငရဲမကြီးဆိုတာကိုလဲ လက်ခံနိုင်လာပါတယ်။ မိတ်ဆွေကောင်းတချို့က အကြံပေးတာနဲ့ တပည့်တော် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ကို သတိရတိုင်း ရွတ်ဆိုဖြစ်ခဲ့ပါတယ်။ ရွတ်ဆိုဖန်များလာတော့ ခရီးအရှည်ကြီးကို ခြေကျင်ခရီး သွားရတဲ့အခါ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ရွတ်ပြီး သွားရင် ခဏလေးနဲ့ရောက်သလို ခံစားခဲ့ရပါတယ်ဘုရား၊ အိပ်မပျော်တဲ့ညများဆို ဒါကို ရွတ်ဆိုလိုက်ရင် မကြာဘူး အိပ်ပျော်သွားတာပဲဘုရား၊ ပြီးတော့ ရွတ်ဆိုပွားများဖန်များလာတော့ စိတ်ချမ်းသာမှု တကယ်ရရှိလာတာအမှန်ပဲဘုရား။ ဒါကြောင့် တပည့်တော် အခုအချိန်အထိ သွားလေရာရာ ရွတ်နေမိတယ်ဘုရား။
ဒီလိုနဲ့ အချိန်တွေကြာလာခဲ့တယ်။ ငါလဲ မိဘများထံ မရောက်တာလဲ ကြာပြီ၊ သတိရလွန်းတဲ့အတွက် အဖေအမေတို့ဌာနေကို ပြန်ဦးမှပဲလို့တွေးကာ ဇာတိချက်ကြွေမွေးရပ်မြေသို့ လာခဲ့ပါတယ်။
အိမ်ရောက်တော့ အဖေက လေမိပြီး အိပ်ရာထဲ လဲနေပါတယ်။ ငါ့အဖေ့ကို ဘယ်လို ကျေးဇူးဆပ်ရကောင်းမလဲ၊ သူ့အတွက် နေ၀င်ချိန်က သိပ်မလိုတော့၊ ဘ၀ကူးကောင်းအောင် သားတစ်ယောက်အနေနဲ့ လုပ်ပေးချင်တယ်။ ဒါပေမဲ့ အဖေက တပည့်တော် ခံယူသလို မဟုတ်တော့ ကုသိုလ်ရ အောင်လုပ်ပေးဖို့ မလွယ်ဖြစ်နေတယ်။ ဒီလိုနဲ့ ရင်ထဲမချိဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ ကျေးဇူးရှင်အဖေ ကွယ်လွန်ခဲ့ပါတယ်ဘုရား။ အဖေ့အလောင်းကို မြေမြုပ်ခါနီး နောက်ဆုံးအနေနဲ့ ရှိခိုးလိုက်ပါတယ်၊ ဒါကို ဆွေမျိုး မိတ်ဆွေများက “ ဒို့များ အဖေသေလို့ ငိုလိုက်ရတာ၊ မင်းကျတော့ အဖေသေလို့ လုံးဝ မျက်ရေမကျတဲ့အပြင် အခုလို အဖေ့နားမှာ အရှက်မရှိဘဲ ၀မ်းလျားမှောက်နေတာ ဘာအရူးထတာလဲ” လို့ အပြောခံခဲ့ရပါတယ်။ ယုံကြည်ချက်ခြင်းမတူလို့ ဖြစ်တာပဲ လို့ တွေးပြီး ဆိတ်ဆိတ်လေးပဲနေလိုက်ပါတယ်။
တပည့်တော်မှာ အမေတော့ အခုအချိန်အထိ အသက်ရှင်နေပါသေးတယ်။ ဇာတိမြေရောက်ခိုက် တပည့်တော်က “ အမေ ကျွန်တော်လေ အမေ့ကို လွမ်းလိုက်တာ အမေရယ်၊ အခုလို အမေ့ကို ကျန်းမာစွာနဲ့ တွေ့မြင်ရတော့ ဖေါ်မပြတတ်အောင်ပဲ ၀မ်းသာလိုက်တာ” ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါသေးတယ်။ အမေနဲ့စတွေ့တဲ့နေ့က အမေ့ကို သွားရောက်ကန်တော့တဲ့အခါ အမေက “အော်…………ငါ့သား….ငါ့သား…. အောက်ပြည် အောက်ရွာသွားလိုက်တာ ရူးလာတာပဲ အဖတ်တင်တယ်” လို့ တပည့်တော်ကို တွေတွေကြီးကြည့်ပြီး ပြောပါတယ်။ အဲဒီအခါ တပည့်တော်က “ဘာဖြစ်လို့လဲ အမေရဲ့” လို့ပြန်မေးတော့ အမေက “ အခုပဲကြည့်လေ အမေ့ရှေ့မှာ ၀မ်းလျားမှောက်ပြီး လူမြင်မကောင်းအောင် လုပ်နေတာဟာ အရူးထတာပေါ့၊ ပီးတော့ အခုလို ငါ့တို့ဆီ ငါ့သားရောက်လာတာကလဲ ငါတို့ဆုတောင်ပေးလို့ ရောက်လာတာလေ” လို့ ပြောပါတယ်။
မိဘဆိုတာ ကျေးဇူးကြီးမားလှတဲ့အတွက် ဘုရားနဲ့တစ်ဂိုဏ်းထဲ ထားရမယ် လို့ ဘုန်းတော်ကြီးများ ပြောပြချက်အရ အမေ့ကျေးဇူးကို သိတဲ့ သားတစ်ယောက်အနေနဲ့ ရှိခိုးရတာပါ။ သားဟာ ရူးလာတာလဲ မဟုတ်ပါဘူး။ အသိတရား ပိုလာတာပါ၊ ကံတရားကြောင့် လူဖြစ်လာတာလို့ပြောတော့လဲ လက်မခံဘူး၊ ဘုရားသခင်ဖန်ဆင်းပေးထားတာလို့ပဲ ပြောပါတယ်ဘုရား။
အမေ့ရဲ့စကားကို ဘာမှန်းမသိစတုန်းကတော့ လက်ခံနိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ လုံးဝလက်ခံမနိုင်တော့ပါ။ ဒါပေမဲ့ အမေ စိတ်ချမ်း သာပါစေတော့ ဆိုပြီး ဘာမှတုံ့ပြန်မပြောဘဲ ဆိတ်ဆိတ်သာနေလိုက်ပါတယ်။ အမှန်က အဖေနဲ့အမေဆီကို မရောက်တာကြာတော့ လွမ်းလို့ လမ်းစရိတ်အကုန်ခံပြီး ရောက်လာတာပါ၊ ဘယ်သူ့ရဲ့ဆုတောင်းချက်မှ မဟုတ်ဘူးဆိုတာ တပည့်တော်သိပါတယ်ဘုရား၊ ဒါ့အပြင် အခုတပည့်တော် စားဝတ်နေရေးအတွက် အလုပ်ကြိုးစားလုပ်နေပါတယ်ဘုရား၊ အလုပ်လုပ်မှလဲ စားရမှာပါ၊ အလုပ်မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘုရား၊ ဘယ်သူမှ ဖန်ဆင်းပေးတာ၊ ဆုတောင်းပေးတာ မဟုတ်ပါ၊ ဘယ်တန်ခိုးကြီးနတ်တွေကမှ လုပ်ပေးလို့ရတဲ့အရာမျိုးလဲမဟုတ်ပါ၊ ကိုယ်လုပ်မှ ကိုယ်အတွက်အဆင်ပြေမှာပါ။ ဒါက တပည့်တော်ရဲ့ အမြင်ကို ပြောတာပါဘုရား၊ ဒီလို အသိအမြင်ရှင်းလာတာကလဲ သူတော်ကောင်း ဇနီးမောင် နှံတို့ရဲ့ ကျေးဇူးတွေပေါ့ဘုရား။
တပည့်တော်ရဲ့ ဦးလေး ကျောင်းဆရာတစ်ယောက်ရှိပါတယ်ဘုရား၊ တပည့်တော်က ကိုယ်လုပ်မှ ကိုယ်ရတာ ဘယ်သူမှ လာမပေးဘူး ဆိုတဲ့ သဘောတရားကို ပြောတော့ ဦးလေးက “မင်းပြောတာ သဘာဝကျတယ်၊ လက်ခံနိုင်စရာရှိတယ်၊ ဒါပေမဲ့ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေက ယုံကြည်ချက် မတူတော့ မင်းဒီလို သွားပြောလို့တော့မရဘူး” လို့ ဦးလေးဖြစ်သူက တွေးတွေးဆဆ ပြောပါတယ်။ တပည့်တော်ရဲ့ ယူဆချက်ကို ဦးလေးတစ်ယောက်ပဲ စဉ်းစားပေးတာ ၀မ်းသာစရာပါဘုရား။
ဇာတိရွာရောက်ခိုက် တစ်နေ့ အမေ့ကို “အမေရယ်….ကျွန်တော်လေ အောက်ပြည်အောက်ရွာပြန်သွားရင် တော်ရုံနဲ့ ပြန်ရောက်ဖြစ်မှာ မဟုတ်ဘူး၊ အခုလာမဲ့သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်ပြီး တရားစခန်းဝင်မယ်လို့ စိတ်ကူးထားပါတယ်အမေ” လို့ ပြောလိုက်တော့ အမေက “ဟာ သားရယ်…..ကတုံးတုံးပြီးသင်္ကန်းဝတ်တယ်ဆိုတာ ငရဲကြီးတတ်တယ်လေသားရဲ့၊ သွားမလုပ်ပါနဲ့နော်”
ဒါက အမေ့ရဲ့ရင်ထဲကလာတဲ့စကားဖြစ်မယ်ထင်ပါတယ်။ ဘယ်မိဘမဆို သားသမီးကို ချစ်လှပါတယ်။ ဒါကြောင့်လဲ သားဖြစ်သူကို ငရဲကျမှာ မလိုလားဘူး ထင်ပါရဲ့၊ ဒါက အမေယုံကြည်နေတဲ့ ဘာသာရေးအရပြောတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်စေ အမေ့ရဲ့မေတ္တာကတော့ သားသမီးအပေါ် မှာ ကောင်းစေချင်ကြတာ ပေါ်လွင်လွန်းလှပါတယ်။
တပည့်တော် သင်္ကြန်မှာ ဒုလ္လဘရဟန်းဝတ်ပြီး တရားစခန်းဝင်ခဲ့ပါတယ်ဘုရား၊ သင်္ကန်းဝတ်နဲ့ ဓါတ်ပုံရိုက်ပြီး အမေ့ကို ပို့ပေးချင်ပါတယ်ဘုရား၊ ဒါပေမဲ့ အမေက ငရဲကြီးတတ်တယ်ဆိုတဲ့ အမြင်ကရှိနေတော့ တပည့်တော် ဓါတ်ပုံ ပို့ချင်ပေမဲ့ မပို့ဖြစ်ခဲ့ပါဘုရား၊ တပည့်တော်ရဟန်းဝတ်ထားတဲ့ ဓါတ်ပုံကို အမေ့ကို ပေးလို့ရှိရင် အမေသတိရတဲ့အခါ ဓါတ်ပုံကို ထုတ်ကြည့်ပြီး ကုသိုလ်ရစေချင်လို့ပါဘုရား။ တပည့်တော် အမေ့ကို အကောင်းဆုံးကျေးဇူး ဆပ်နည်းနဲ့ ကျေးဇူးဆပ်ချင်ပါတယ်၊ ဒါဟာ တပည့်တော်ရင်ထဲကလာတဲ့ ဆန္ဒတစ်ခုပါ။ ဒါပေမဲ့ အမေရဲ့အမြင်က ငရဲကြီးတတ်တယ်ဆိုတဲ့ အမြင်ရှိနေတော့ တပည့်တော် ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိဖြစ်နေလို့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်ဘုရား။
ဒီလိုပြောလာတော့ စာရေးသူက “မောင်မင်းမောင်ရယ်…စိတ်မကောင်းမဖြစ်ပါနဲ့၊ မင်းကျေးဇူးဆပ်ချင်နေတဲ့အမေ့ကို ကျေးဇူးဆပ်ခွင့်တော့ တစ်နေ့ကြုံဦးမှာပါ။ ဘာကြောင့်လဲ ဆိုရင် အခုခေတ်မှာ ဘာသာခြားဖြစ်ပေမဲ့ ပရတိဟ အများကောင်းကျိုးလုပ်နေတာတွေဟာ မေတ္တာကရုဏာအခြေခံပြီးလုပ်နေကြတဲ့အတွက် ကုသိုလ်တွေချည်းပါပဲ။ အခုလဲ မင်းရဲ့ ရဟန်းဝတ်ဓါတ်ပုံကို ကြည့်ပြီး သားဆိုတဲ့ချစ်ခြင်းနဲ့ ကြည့်ဖြစ်မယ်၊ ကြိမ်ဖန်များစွာထုတ်ကြည့်လာတဲ့အခါ ‘ငါ့သားက ဒီအ၀တ်နဲ့တော်လိုက်တာ’ ဆိုပြီး စိတ်ကြည်လင်လာလိမ့်မယ်။ ဒါဆိုရင်တော့ မင်းအမေမှာ ကုသိုလ်ရမှန်းမသိရနိုင်တယ်လေ”…။
ဒါနဲ့စပ်လို့ ရှေးအခါတုန်းက အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်မှာ အဒိန္နပုဗ္ဗက ဆိုတဲ့ ပုဏ္ဏားတစ်ယောက်ရှိခဲ့ဖူးတယ်။ ရှိတဲ့ပစ္စည်းကို ဘယ်တော့မှ ပေးကမ်းဖူးတယ်လို့ မရှိဘူး၊ ဒါကြောင့် သူ့ကို မပေးဘူးသူ (အဒိန္နပုဗ္ဗက) လို့ အများကသိကြပါတယ်။ ပုဏ္ဏားဟာ ပစ္စည်းဥစ္စာ အလွန်ချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်တယ်။ သူ့မှာ သားကလေးတစ်ယောက် ရှိတယ်။ ငယ်ရွယ်တဲ့သားကလေးကို နားဋောင်းလုပ်ပေးချင်တယ်၊ ပန်းတိမ်ဆရာကို ရွှေခတ်ခိုင်းရင် ငွေကုန်မှာစိုးလို့ သူကိုယ်တိုင် ပင်ပမ်းခံ ပန်းတိမ်ခတ်ပြီး အချိုးမညီတဲ့နားဋောင်းကို သားကလေးရဲ့ နားမှာ ပန်ဆင်ပေးထားပါတယ်။ ဒါကိုအကြောင်းပြုလို့ ကလေးနာမည်ကိုလဲ ‘မဋ္ဌကုဏ္ဍလီ’ လို့ အမည်တွင်ခဲ့ပါတယ်။
တစ်ဆယ့်ခြောက်နှစ် လူလားမြောက် အရွယ်ရောက်လာတဲ့အခါ မဋ္ဌကုဏ္ဍလီမှာ ဖျော့တော့တဲ့ရောဂါတစ်မျိုး ဖြစ်လာတယ်။ ဒါနဲ့ အမေက ခင်ပွန်းသည်အား “ပုဏ္ဏား…သင့်သားမှာ ရောဂါဖြစ်နေပြီ ဆေးကုပေးပါတော့” လို့ပြောတယ်။ ပုဏ္ဏားက ဆေးဆရာခေါ်နေမယ်ဆိုရင် ဆေးကုခ ပေးရဦးမယ်။ ကုန်ကျစရိတ်သက်သာအောင် ကြံမှာပဲ ဆိုပြီး ဆေးဆရာထံသွားကာ ရောဂါ ပျောက်စေတဲ့ဆေးနည်းသွားတောင်းတယ်။ အိမ်ရောက်တော့ သူကိုယ်တိုင် ဆေးဖေါ်ပြီး သားကို ဆေးတိုက်ပါတယ်။ဒါပေမဲ့ စနစ်ကျတဲ့ဆေးကုနည်းမဟုတ်တဲ့အတွက် မဋ္ဌကုဏ္ဍလီဟာ မကြာခင်မှာ ပဲ ရောဂါကြောင့် အိပ်ရာထဲ ဘုံးဘုံးလဲတော့တယ်။ သားကလေး ရောဂါကျွမ်းနေပြီဆိုတာကို သိတော့မှ ပုဏ္ဏားဟာ ဟိုဆေးဆရာပြေးခေါ် ဒီဆေးဆရာပြေး ခေါ်ပါတော့တယ်။ ဆေးဆရာများကလဲ မဋ္ဌကုဏ္ဍလီကိုကြည့်ပြီး ရောဂါကကျွမ်းနေပြီဆိုတာကို အကဲခတ်မိတဲ့အတွက် ဆေးမကုဘဲ ပြန်သွားကြတယ်။
မဋ္ဌကုဏ္ဍလီလေးဟာ ဝေဒနာခံစားရင်း သေရမဲ့အချိန်ကို စောင့်နေရပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ဒီကလေးကိုအကြောင်းပြုလို့ လူအများအကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာကိုသိတဲ့အတွက် မနက်ပိုင်း ဆွမ်းခံကြွရင်း ထိုသူဌေးအိမ်ရှေ့မှာ ခေတ္တရပ်နေပါတယ်။ မဋ္ဌကုဏ္ဍလီကို ကြည့်လိုက်တော့လဲ အိမ်အတွင်းဖက်ကို မျက်နှာမူပြီး တစ်ဖက်စောင်းအိပ်နေတာဆိုတော့ မမြင်နိုင်ဘူး၊ ဒါကြောင့် မြင်သာအောင်ဆိုပြီး ဘုရားရှင်က မဋ္ဌကုဏ္ဍလီထံကို ရောင်ခြည်တော်များ လွတ်လိုက်ပါတယ်။ မဋ္ဌကုဏ္ဍလီက ဒါဘာအရောင်တွေလဲ ဘယ်ကလာတာလဲဆိုပြီး အလင်းရောင်လာတဲ့ အိမ်အပြင်ဖက်ဆီကို ကြည့်လိုက်တဲ့အခါ ဘုရားရှင်အား ကြည်ညိုဖွယ်ရာဖူးတွေ့လိုက်ရတော့ ဘုရားရှင်အား အလွန်ကြည်ညိုတဲ့ သဒ္ဓါတရားဖြစ်ပေါ် လို့နေတယ်။ ဘုရားရှင်က ဒီလောက်စိတ်ကြည်ညိုခြင်းဖြင့် မဋ္ဌကုဏ္ဍလီအဖို့ တော်လောက်ပြီ လို့ သိတော်မူကာ ကျောင်းတော်ကို ပြန်ကြွတော်မူခဲ့ပါတယ်။ မကြာခင်မှာပဲ မဋ္ဌကုဏ္ဍလီလဲ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်နဲ့ ကွယ်လွန်ခဲ့ပြီး၊နတ်ပြည်မှာ နတ်သားသွားဖြစ်ပါတယ်။
ပြောလိုတာက ဒီသားအဖမိသားစုဟာ လူ့ဘ၀တစ်လျှောက်လုံး တစ်ခါမှ ပေးလှူခဲ့ဖူးတာမရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင်တော့ မဟုတ်တန်ရာ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မဋ္ဌကုဏ္ဍလီဟာ သေခါနီးမှာ ဘုရားရှင်ကို ကြည်ညိုတဲ့ကုသိုလ်စိတ်နဲ့သေပြီး နတ်ပြည်ရောက်ရတာပါ။
ထို့အတူပဲ မောင်မင်းမောင်ရဲ့ အမေကိုလဲ သင်္ကန်းဝတ်ထားတဲ့ မောင်မင်းမောင်ရဲ့ဓါတ်ပုံကို ပို့လိုက်ရင် အဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့ ပို့တဲ့အခါ တိုက်ရိုက်မပို့ဘဲ နားလည်ပေးနိုင်တဲ့ ဦးလေးကို အရင်ပို့ရပါမယ်။ ပြီးမှ မောင်မင်းမောင်ရဲ့အမေကို အခြေအနေကြည့်ပြီး ဦးလေးကို အပေးခိုင်းရင် အဆင်ပြေနိုင်ကောင်း ပါတယ်။ သားဆိုတဲ့ချစ်ခြင်းနဲ့ သင်္ကန်းဝတ်ထားတဲ့ သားဓါတ်ပုံကို ကြည့်ပြီး တစ်နေ့နေ့တစ်ချိန်ချိန် အမေ့ရဲ့စိတ်ထဲ ကြည်ညိုတဲ့ ကုသိုလ်စိတ်လေးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမဲ့ အမေ့စိတ်ထဲ ကုသိုလ်စိတ်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒီလိုနည်းနဲ့ကုသိုလ်စိတ်ဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်ဆိုရင် ကျေးဇူးဆပ်ရာရောက်ပါတယ်။ ဘာကြောင့်ဆိုရင် အမိအဘကို ပုခုံးပေါ်တင်ပြီး ထမင်းခွံ့ကျွေး၊ ကျင်ကြီး၊ကျင်ငယ်တွေကိုလဲသုတ်သင်ပေးလို့ အနှစ်တစ်ရာကြာအောင် ပြုစုစောင့်ရှောက်ပေးဦးတော့ ကျေးဇူးဆပ်တယ်လို့ မခေါ်သေးဘူး။ ဒါန၊သီလ၊ဘာဝနာကုသိုလ်မရှိတဲ့ အမိအဘများကို ဒါနကုသိုလ်၊ သီလကုသိုလ်၊ဘာဝနာကုသိုလ်များ ရရှိအောင် စွမ်းဆောင်ပေးနိုင်လို့ အမိအဘများမှာ ကုသိုလ်စိတ်ဖြစ်တယ်ဆိုရင် အမိအဘကို ကျေးဇူးဆပ်ရာရောက်တယ် ဆိုတာပြောရင်း…. အမိအဘကို အမြတ်ဆုံးကျေးဇူးဆပ်နိုင်တဲ့ သားကောင်းသမီးမြတ်များဖြစ်ကြပါစေ။မေတ္တာဖြင့်

အရှင်မုနိန္ဒ..M.A Buddhism .Magadh University BodhGaya India။

အလှူရေစက်လက်နဲ့ မကွာ။

အလှူရေစက်လက်နဲ့ မကွာ။

ဦးဇင်းတို့ရဲ့မြန်မာလူမျိုးများဟာ အင်မတန်အလှူအတန်း ရက်ရောတဲ့ လူမျိုးများဖြစ်ပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားတွေ အပါအ၀င် မြန်မာလူ့ဘောင်တစ်ခုလုံးမှာ အလှူဒါနနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ စကားပုံဆိုရိုးစကားတွေဟာ ပြောမဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ အများစုဗုဒ္ဓ၀င်တွေပီပီ မွေးစနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ အလှူအတန်းဟာ ဘ၀တစ်လျှောက်လုံး ပါနေခဲ့တာပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဟုတ်ဘဲ လှူရင် လှူသလောက် အာသေ၀နပစ္စည်းအရ ပထမဇောနဲ့ လက်ငင်းဘ၀မှာ ဒိဌဓမ္မအကျိုးပေးဖို့ ၊ ဒါမှမဟုတ် သတ္တမဇောနဲ့ နောက်လာမဲ့ ဒုတိယဘ၀မှာ အကျိုးပေးဖို့ ဒါမှမဟုတ် အလယ်ငါးဇောအရ နိဗ္ဗာန်မရမီစပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးဖို့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဆိုလိုတာဖြစ်ပါတယ်။ဒါန
ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ) စာအုပ်မှာ "ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ " ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်ရွှေပြည် နိဗ္ဗာန်ကို လှမ်းတက်ဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ လှေကားထစ်သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ နည်းလမ်းမဟုတ်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ (နိဗ္ဗာနပစ္စယော)တော့ဖြစ်ပါတယ်။ ဘယ်လိုအထောက်အပံ့ ဖြစ်စေသလဲဆိုတော့ လှူဒါန်းတဲ့နေရာမှာ ထားခဲ့တဲ့ စေတနာသဒ္ဓါတွေရဲ့အကျိုးကြောင့် အစစအရာရာ ပြည့်စုံဖူလုံုံစွာနဲ့ တစ်မဂ်တစ်ဖိုလ် မြန်မြန်ဆန်ဆန်ရောက်စေနိုင်ပါတယ်။ ဒါနမျိုးစေ့ ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာတွေကွာခြားစေသလိုဆိုတော့ ကားရှိတဲ့သူနဲ့ ခြေလျင်လျှောာက်ရတဲ့သူ ကွာခြားသလိုပဲ။ ကားရှိတဲ့သူ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားတဲ့အချိန်မှာ ခြေလျင်သမားကတော့ နေပူပူအောက် ထီးကောက်တစ်ချောင်းနဲ့ ရုန်းကန်ရတုန်းပါ။ ဒါနအခြေခံရှိတဲ့သူဟာ အုတ်မြစ်ကောင်းချထားတဲ့ တိုက်အိမ်လိုပါပဲ။ အမြစ်အားကောင်းတဲ့ အပင်လိုပါပဲ။ ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့ အလွန်လွယ်ပါတယ်။ ဒီလိုအကျိုးပေးနိုင်ဖို့ သာမာန်ဖြစ်ကတတ်ဆန်း အလှူမျိုးနဲ့တော့ မရနိုင်ပါဘူး။ အလှူဒါနမှာ ပြည့်စုံရမယ့် အရည်အသွေးတွေ အရည်ချင်းလက္ခဏာရပ်တွေ ရှိနေပါတယ်။ဒါန၏ အင်္ဂါလက္ခဏာ
အဲဒီအရည်ချင်း အင်္ဂါလက္ခဏာတွေကတော့ ရုပ်ပိုင်းအရဆိုရင် အလှူပေးသူ၊ အလှူခံသူ၊ အလှူပစ္စည်းတို့ဖြစ်ပါတယ်။ ဘယ်သူမဆို လှူတာတော့ ဒီလိုဘဲလှူကြတာပါပဲ။ ဒါပေမယ့် လှူလိုက်ရခြင်း၏ အကျိုးပေးပုံခြင်းကတော့ တူကြမှာမဟုတ်ပါဘူး။ ဒါဟာဆိုရင် အလှူရဲ့စင်ကြယ်ခြင်း ကွားခြားခဲ့လိုပါပဲ။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက်ရတတ်ပြီး၊ ညောင်ပင်လောက် လှူသော်လည်း ညောင်စေ့လောက်ရသလိုမျိုးပေါ့။ ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်က မဟာဒုတ်ဆင်းရဲသားဟာ ထင်းပေါက်လို့ရတဲ့ အခကြေးငွေ၊ ပံ့သကူရတဲ့ ငါကြင်းကြီးတစ်ကောင်နဲ့ပဲ မြတ်စွာဘုရားရှင်ကို ဆွမ်းကပ်ရတာ ဒိဌဓမ္မ ချက်ချင်းလက်ငင်း အကျိုးပေးတာမျိုး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မဟာဒုတ်အကျိုးပေးပုံနဲ့ ပတ်သက်လို့ အင်္ဂါသုံးတန်နဲ့ပြည့်စုံလို့ အကျိုးပေးခြင်းဖြစ်တဲ့အကြောင်း အခြေပြုပဌာန်းတရားတော် အာသေ၀နပစ္စည်းအပိုင်းမှာ ဟောတော်မူခဲ့ပါတယ်။အလှူရှင်
အင်္ဂါသုံးတန်မှာ ပထမအင်္ဂါတစ်ခုကတော့ အလှူရှင်ရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားပါပဲ။ စေတနာဟာ ကံဖြစ်တယ်လို့ မြတ်စွာဘုရားဟော်တော်မူခဲ့အတိုင်း စေတနာကြီးမြင့်သလောက် ကံလည်းကြီးမြင့်တာပါပဲ။ ကိုယ်စားမဲ့ထမင်းထုပ်ကို မစားဘဲ၊ ရဟန္တာကိုလှူတာ၊ ပစ္စေကဗုဒ္ဓါကိုလှူတာ၊ ကျွန်ခံနေရတဲ့ သမီးလေးကို ရွေးဖို့ငွေပိုက်ဆံနဲ့ တောလမ်းခရီးမှာ တွေ့ရတဲ့ ရဟန်းတော်ဆွမ်းဘုန်းပေးဖို့အတက် ဆွမ်းဝယ်ပြီးလှူလိုက်တဲ့ မဟာတိဿယ ဒါယကာလို သဒ္ဓါထက်သန်တဲ့ အလှူအတန်းမျိုးဟာ ဘယ်လောက်များမြင့်မြတ်လိုက်ပါသလဲ။ တကယ်တော့ လှူတယ်ဆိုတာ စွန့်လွှတ်ပေးကမ်းတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လှူရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ ''ငါ''တပ်မက်မှုတဏှာ၊ လောဘကို ချုပ်တည်းပယ်ဖြတ်ပြီးမှ စွတ်လွှတ်လှူဒါန်းရတာ၊ ငါမဟုတ်တဲ့နာမ်ရုပ်ကို ငါလို့စွဲမှတ်နေတဲ့ အ၀ိဇ္ဇာနှင့် သကာယဒိဌိကို ပယ်သတ်နိုင်ဖို့ တိုက်ပွဲဝင်လှူဒါန်းရတာဖြစ်ပါတယ်။ အတ္တကြီးလေလေ၊ လောဘကြီးလေလေ၊ ကိလေသာကြီးလေလေ၊ စွန့်လွှတ်ရမှာနှမြောလေလေပါပဲ။ တပ်မက်မှုတဏှာကြီးမားလေ၊ စွန့်လွှတ်ဖို့ခက်လေလေပါပဲ။ အဲဒီတော့ မဟာတိဿယလို လှူဒါန်းဖြစ်ဖို့အတွက် စေတနာသဒ္ဓါတရားကြီးမားဖို့ လိုအပ်ပြီပေါ့။ ထမင်းနဲအိုးကွဲလို့ ရွှေစည်းခုံလှူတာမျိုး၊ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး၊ တစ်ကျပ်ဖိုးလှူပြီး တစ်ရာဖိုးလိုချင်လို့လှူတာမျိုး၊ ပကာသန၊ ရာထူးဂုဏ်၊ နာမည်ကျော်စောဖို့အတွက် လှူတာမျိုးဆိုရင်တော့ တကယ်သဒ္ဓါစစ်စစ်နဲ့ လှူတာမဟုတ်တဲ့အတွက် စင်ကြယ်သောအလှူလို့ မခေါ်ဆိုနိုင်ပါဘူး။ တကယ်စင်ကြယ်တဲ့ သဒ္ဓါတရားဆိုတာ လှူလိုက်ရလို့ အလှူခံပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းတာကို သိမြင်ရပြီး ပီတိဖြစ်တဲ့စိတ်ကလေးပါ။ သို့ပေမယ့် ငါဥစ္စာဆိုတဲ့ နှမြောဝန်တိုစိတ်နည်းနည်းလေးမှ မဖြစ်မိဖို့ လိုပါတယ်။ သတိကပ်ပြီး ဉာဏ်နှင့်ယှဉ်ဖို့လိုပါတယ်။ အစာငတ်နေသော ခွေးကလေးကို အစာကျွေးလိုက်ရတာ၊ လုပ်ကိုင်မစားနိုင်သော ဒုက္ခိတပုဂ္ဂိုလ်များကို ကူညီလှူဒါန်းလိုက်ရတာ၊ ဆွမ်းစားချိန်လင့်နီးနီး ဖြစ်နေသော ရဟန်းသံဃာတော်ကို အချိန်မီဆွန်းကပ် လှူဒါန်းလိုက်ရတာ စသဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ်အမြတ်မရွေးပဲ မွန်မြတ်သော စေတနာသဒ္ဓါတရားနဲ့လှူမှ တကယ်စင်ကြယ်သော စေတနာဖြစ်မှာပါ။ လှူဒါန်းတဲ့နေရာမှာ ငါမလို့လှူနိုင်တာ၊ သင်းတို့ကဒီလောက်လှူနိုင်ရင် ငါတို့က ဒါထက်သာအောင်လှူမယ်ဆိုတဲ့ မာနစိတ်တွေ၊ ဣဿမစ္ဆိရိယစိတ်တွေနဲ့ လှူမယ်ဆိုပြန်ရင်လည်း ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ရတဲ့ ဥပနိဿယ ပစ္စည်းဖြစ်ရပြန်ပါတယ်။ ကုသိုလ်ကိုအမှီပြုပြီး အကုသိုလ်ကိုဖြစ်ရတဲ့အတွက် ကြောက်ဖို့ကောင်းလှပါတယ်။ ဒါဟာ အလှူရှင်ရဲ့ စင်ကြယ်မှုဖြစ်၏၊ မဖြစ်၏ဆိုတဲ့အပိုင်းပါ။အလှူခံပစ္စည်း
အလှူခံပစ္စည်းရဲ့ စင်ကြယ်မှုအပိုင်းကတော့ စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့'ဓမ္မိယလဒ္ဓ' စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ပါပဲ။ စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ဆိုတာ မိစ္ဆာအာဇီဝလို့ ခေါ်တဲ့ လုပ်ငန်း(၅) မျိုးကိုရှောင်ကြဉ်ဖို့ပါပဲ။(၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း။(၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း။(၃) သားငါးများ ကုန်ကူးခြင်း။(၄) အရက်သေစာများ ကုန်ကူးခြင်း။(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများ ကုန်ကူးခြင်း။
အဲဒီလို မကောင်းမှုနဲ့ ရှာဖွေရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ ခိုးပြီး၊ လိမ်ပြီး၊ လုယက်ပြီး သူတစ်ပါးဆီက မတရားသဖြင့်ရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ မိမိရဲ့ရိုးသားဖြောင့်မတ်စင်ကြယ်စွာ အသက်မွေးဝမ်းကြောင်းနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်းဖြစ်ဖို့ပါပဲ။ မကောင်းမှုနဲ့ ရထားတဲ့ပစ္စည်းကို လှူလို့ရော အကျိုးမပေးဘူးလားဆို အကျိုးပေးပါတယ်။ သို့သော် မကောင်းမှုနဲ့ယှဉ်တဲ့ အကျိုးသွားလေးကတော့ ပါနေတော့မှာပေါ့။အလှူခံပုဂ္ဂိုလ်
နောက်တစ်ပိုင်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ စင်ကြယ်မှုအပိုင်းပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ စင်ကြယ်မြင့်မြတ်လေလေ လှူရတဲ့သူအဖို့ အကျိုးရှိလေလေပါပဲ။ မဟာဒုတ်ဒါယကာရဲ့ဆွမ်းကို ကဿပမြတ်စွာဘုရားရှင်က ချီးမြှေက်ဖို့အတွက် သမာပတ်ဝင်စားပြီး စိတ်တော်ကို နိဗ္ဗာန်အာရုံပြုပြီး ထုံထားပြီးမှ သမာပတ်က ထပြီးတော့ မဟာဒုတ်ဆွမ်းကို သပိတ်တော်ဘုန်းပေးတော်မူပါတယ်။ လောကတွင် အမြင့်မြတ်ဆုံး အစင်ကြယ်ဆုံး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မှ ပိုမိုစင်ကြယ်သွားးအောင် သမာပတ်ဝင်စားပြီးမှ အလှူခံတော်မူတာဖြစ်ပါတယ်။တကယ်တော့ ပါရမီဆိုတာလည်း အရင်းခံအားဖြင့် တပ်မက်တဲ့တဏှာကိုသတ်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါနဆိုတာကလည်း ကိုယ်မှာရှိတဲ့ လောဘကိုထိန်းချုပ်၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ပါရမီ(၁၀)ပါးကို ဖြည့်ရာလည်းရောက်ပါတယ်။ပါရမီ(၁၀)ပါး(၁) ဒါန = ပေးကမ်း လှူဒါန်းခြင်း။(၂) သီလ = သီလဆောက်တည်ခြင်း။(၃) နိက္ခမ = ကိလေသာ အနှောင်အဖွဲ့မှထွက်ခြင်း(တောထွက်ခြင်း)။(၄) ပညာ = ပညာဆည်းပူးခြင်း ၊ ဖြန့်ဝေခြင်း။(၅) ၀ီရိယာ = မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။(၆) ခန္တီ = သည်းခံခြင်း၊(၇) သစ္စာ = မှန်ကန်သော စကားကိုဆိုခြင်း။(၈) အဓိဌာန် = ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ခြင်း။(၉) မေတ္တာ = ဒေါသမဖြစ်အောင်နေခြင်း။(၁၀) ဥပေက္ခာ= ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်မှလွတ်အောင်နေခြင်း။
မိမိရဲ့အလှူဟာစင်ကြယ်တဲ့ အလှူဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ဒါနပါရမီမြောက်ပါတယ်။ ကိုယ်ကျင့်ဗုဒ္ဓ၀င်ကျမ်းပြု ဆရာကြီးဦးရွှေအောင်ရဲ့ အဆိုတွင် ယတိပြတ်စွန့်လွှတ်လှူဒါန်းတာ ဖြစ်ရင် နိက္ခမပါရမီ၊ မိမိဒါန အထမြောက်အောင်မြင်ဖို့အတွက် အားထုတ်ကြိုးစားရတဲ့အတွက် ၀ီရိယပါရမီ၊ ပညာဆင်ခြင်တုံဉာဏ်နဲ့ယှဉ်ပြီး လှူဒါန်းတဲ့အခါမှာ ပညာပါရမီ၊ မဖြစ်ဖြစ်အောင် လှူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့လှူတဲ့အတွက် အဓိဌာန်ပါရမီ၊ အလှူခံပုဂ္ဂိုလ်အပေါ် စေတနာသဒ္ဓါအပြည့်နဲ့ မေတ္တာထားပြီးလှူတဲ့အတွက် မေတ္တာပါရမီ၊ ဒါနပြုရာမှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို သည်းခံကျော်လွှားရတဲ့အတွက် ခန္တီပါရမီ၊ အလှူရှင်အပေါ် အလှူခံပုဂ္ဂိုလ်ဖြစ်ဖြစ်၊ဘေးပရိတ်သတ်ကဖြစ်ဖြစ် ကဲ့ရဲ့တာ၊ ချီးမွမ်းတာကို မတုန်မလှုပ် သည်းခံနိုင်မယ်ဆိုရင် ဥပေက္ခာပါရမီ၊ စတဲ့ ပါရမီ(၁၀)ပါးပါဝင်နေသလို ပါရမီဖြည့်ရာလည်း ရောက်ပါတယ်။ ဒါနတစ်ခုကို ပြုတော့မယ်ဆိုရင် ပါရမီအားလုံး ပြည့်စုံနေတဲ့ ပါရမီကုသိုလ်ကြီးတစ်ခု ပြုလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် လှူတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လိုလှူကြမလဲ။ ကျွန်တော်နားလည်သလောက် အကြံပြုပါရစေ။လှူတဲ့ပုဂ္ဂိုလ်အနေနဲ့ စေတနာကို စင်ကြယ်စွာထားနိုင်ဖို့ လိုပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာ စတဲ့ ကောင်းကျိုးချမ်းသာတွေကို လိုချင်လို့ လောဘနဲ့လှူတဲ့ အလှူမျိုး၊ သူများနဲ့ဂုဏ်တု ဂုဏ်ပြိုင် မခံချင်စိတ်နဲ့လှူတဲ့ အလှူမျိုး၊ သူများကဲ့ရဲ့မှာကြောက်လို့ လှူတဲ့အလှူမျိုး၊ စေတနာမပါတဲ့ အလှူမျိုး၊ အဲဒီလိုအလှူမျိုးတွေ မဖြစ်စေချင်ပါဘူး။လှူတဲ့နေရာမှာ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူပါ။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူရင် ကျွဲကူးရေပါသလို လူချမ်းသာ၊ နတ်ချမ်းသာဆိုတာ အလိုလို ပါပြီးသားပါ။ အရိယာသူတော်စင် များကလည်း ကိုယ်ချမ်းသာဖို့သက်သက်ကို ရည်စူးပြီးလှူတာကို အနှစ်မြို့ကြပါဘူး။ မိုးကုတ်ဆရာတော် ဘုရားကြီး မိန့်ဆိုခဲ့သည်မှာ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်လို့ ကုသိုလ်လုပ်ရင် ကုသိုလ်ကံနဲ့ တဏှာရောနေတယ်။ ကုသိုလ်လုပ်တာက ကုသိုလ်၊ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်တာက တဏှာပေါ့။ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ 'ဒုက္ခသစ္စာ' မထည့်ပါနဲ့။ နောက်ဘ၀ မသာဖြစ်တာ ကောင်းစားတာလား၊ မသာလွတ်မှကောင်းစားမှာပေါ့။ ကိုယ့်မှာလည်း ဒုက္စသစ္စာရှိနေပါလျက်နဲ့ နောက်ဒုက္စသစ္စာကို တောင့်တဖို့ လိုပါအုန်းမလား။ ၃၁-ဘံအားလုံးဟာ အနိစ္စကြီးပဲ။ လူပြည်ဆုတောင်းတာ မြေကြီး ကြီးပွါးဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာပြည်ဆုတောင်းတာ မသာကြီးချဖို့၊ ဒီဒုက္ခသစ္စာကြီး မရချင်ရင် လှူပါ'' လို့ မိန့်ကြားတော်မူခဲ့ပါတယ်။လှူတဲ့နေရာမှာ ပုဗ္ဗ၊ မုဉ္စ၊ အပရ ဆိုတဲ့ စေတနာသုံးတန်ကို ပြတ်ပြတ်သားသား ပြဌာန်းပြီးတော့ တဏှာစွဲ ကျွတ်ကျွတ်လွတ်လွတ်နဲ့ စွန့်လွတ်ပြီးတော့ လှူလိုက်ပါ။ ငါစွဲမထားပါနဲ့၊ ငါ့ဥစ္စာစွဲ မထားပါနဲ့။ နိက္ခမပါရမီမြောက်အောင် လှူလိုက်ပါ။ ''ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့အစွဲကို စွန့်လွှတ်ပစ်တာ။ မမျှော်နဲ့၊ မျှော်ရင်ချော်မှာပဲ။ မျှော်တာက တဏှာ၊ အကျိုးပေးမှာက စေတနာ။ စေတနာသန့်ရှင်းရင် အကျိုးပေးသန့်ရှင်းမယ်။ ပစ္စည်းကို လက်ကလွှတ်ပေမဲ့ ငါစွဲစိတ်က မလွှတ်မိရင် ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ် စွဲများကြောင့် ပြိတ္တာခန်း တန်းဝင်ကြရမယ် '' လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့ပါတယ်။ လှူတဲ့နေရာမှာ ဒါနပါရမီသာမက ၀ိရိယပါရမီပါမြောက်အောင်၊ သဟသိကဒါန မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ ၀ီရိယစိုက်ထုတ်ပြီး ဝေယျာဝစ္စကုသိုလ်ကိုပါ ရအောင်ယူပါ။အလှူခံပုဂ္ဂိုလ်အတွက် အလိုအပ်ဆုံးအချိန်မှာ အလိုအပ်ဆုံး ပစ္စည်း၊ အထောက်အပံ့ကို ပေးလှူနိုင်အောင်၊ (ကာလေဒါန)ဖြစ်အောင် ကြိုးစားပါ။ အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ် အမြတ်မရွေး ကိုယ့်ကုသိုလ်ဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတဲ့ ကျေးဇူးရှင်တွေအဖြစ် မေတ္တာထားပြီး လေးလေးစားစား ပေးလှူပါ။ မိမိရဲ့အလှူ အောင်မြင်ပြီးမြောက်တဲ့အထိ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားသည်းခံပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီးလှူပါ။ မိမိရဲ့ အလှူပစ္စည်းဟာလည်း ဓမ္မိယလဒ္ဓ၊ စင်ကြယ်စွာရှာဖွေထားတဲ့ ပစ္စည်းဖြစ်ပါစေ။ ခိုးဝှက်၊ လုယက်၊ အဓမ္မရယူထားတဲ့ပစ္စည်း မဖြစ်ပါစေနဲ့။ ကိုယ်ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ပစ္စည်းဟာ အစင်ကြယ်ဆုံးပါ။ 'အသယှ' ဇာတ်တော်မှာ 'အသယှ' သူဌေးဟာ ရှိသမျှပစ္စည်း လှူဒါန်းလိုက်လို့ကုန်တော့၊ ခုနှစ်ရက်လုံးလုံး မြက်ရိတ်ပြီး ရောင်းရငွေနဲ့ တစ်မိသားစုလုံး ထမင်းတောင်မစားဘဲ အငတ်ခံပြီးလှူဒါန်းလို့ သိကြားမင်းရဲ့ ဗိမာန်တောင် တုန်လှုပ်ပါတယ်လို့ ဆိုထားပါတယ်။ လှူတဲ့အချိန်မှာ မြင့်မြတ်တဲ့အလှူခံပုဂ္ဂိုလ်ကို လှူနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အခုအခါမှာ အရိယသံဃာတော်ကြီးများ၊ ပစ္စေကဗုဒ္ဓါစတဲ့ အလှူခံပုဂ္ဂိုလ်မျိုး ရှာရခက်လေတော့ အကောင်းဆုံးအကြံပြုချင်တာက သံဃာတော်များကိုရည်မှန်းပြီး လှူတာပါပဲ။ ရဟန်းတော်တစ်ပါးချင်းကိုရည်ရွယ်ပြီး လှူတာထက် သံဃာတော်များကိုရည်မှန်းပြီး လှူတာက ပိုပြီးမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အပြစ်ကင်းပါတယ်။လှူတယ်ဆိုတာ ပစ္စည်းရှိမှလှူနိုင်တာ မဟုတ်ပါဘူး။ အမိအဘကို လုပ်ကျွေးတာ၊ သားသမီး မိသားစုကိုလုပ်ကျွေးတာ၊ ဆွေမျိုးမိတ်သင်္ဂဟကို စောင့်ရှောက်တာလည်း အလှူတွေပါပဲ။ မိမိရဲ့ပညာကို မျှဝေတာ၊ မိမိရဲ့လုပ်အားကိုမျှဝေတာ၊ မိမိရဲ့အားလပ်ချိန်ကို လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ပေးတာတွေဟာလည်း ပညာအလှူ၊ လုပ်အားအလှူ၊ အချိန်အလှူတွေပါပဲ။ ''မရှိလို့မလှူ မလှူလို့မရှိ'' ဆိုတာမဟုတ်ပါဘူး။ မရှိပေမယ့်လည်းလှူနိုင်ပါတယ်။ လှူချင်စိတ်မရှိလို့သာ မလှူကြတာပါ။ လှူချင်တဲ့ သဒ္ဓါစိတ်ရှိရင် ဘုရားအလောင်းယုန်မင်းတောင်မှ ကိုယ့်ကိုယ်ကို မီးပုံထဲခုန်ချဆင်းပြီး လှူခဲ့သေးတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကနေ သွေး၊ မျက်ကြည်လွှာ လှူနိုင်ပါတယ်။ အရေးကြီးတာက လှူချင်တဲ့သဒ္ဓါစိတ်ရှိဖို့ပါပဲ။ လှူချင်တဲ့သဒ္ဓါစိတ်ထက်သန်ဖို့ပါပဲ။လောကီအရကြည့်မယ်ဆိုရင် အရာရာကိုစွတ်လွှတ် နိဗ္ဗာန်လမ်းကိုသာ ရောက်ရှိရေးအတွက် တရားဓမ္မကိုကျင့်ကြံအားထုတ်နေသော ဘိက္ခုအရှင်သူမြတ်တွေ၊ ရှေးကပြူဖူးသောကံမကောင်းရှာလို့ ဒုက္ခိတဖြစ်ရပြီး လုပ်မစားနိုင်သော မသန်စွမ်းသူတွေ၊ ပဋ္ဋိရူပဒေသ အမှီမရလို့ ငယ်စဉ်က ပညာသင်ခွင့်ကောင်းကောင်းမရကြလို့ အသက်မွေးဝမ်းကျောင်း ခက်ခဲပြီး ဆင်းရဲနေကြသော မရှိဆင်းရဲသားများ ကို လှူဒါန်းရတာဟာ လောကကြီးကိုဟန်ချက်ညီအောင်၊ မျှတအောင် ကူညီလုပ်ဆောင်နေတာပါ။ ထို့ကြောင့် လှူတတ်မယ်ဆိုရင် လှူတယ်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိတာပါ။ လူတိုင်းလူတိုင်း ကလျာဏပုထုဇဉ်တိုင်း ဒါနအမှုကိုတော့ ပြုသင့်ကြပါတယ်။ ဒါန၊ သီလ၊ ဘာဝနာ မပါရင် သန်းခေါင်လကွယ်၊ တောအုပ်လယ်၌ အမှောင်ထဲမှာ လမ်းပျောက်ရသူလို သံသရာလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရမှာပါ လို့ လယ်တီဆရာတော်ဘုရားကြီး ဆုံးမတော်မူခဲ့ပါတယ်။ဤစာစောင်ကို ဖတ်ရှုကြရသော ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့သည် သတ္တ၀ါအားလုံးတို့ကို လှူနိုင်၊ ပေးနိုင်၊ ကျွေးနိုင်၊ ကမ်းနိုင်သော သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။ ဤစာစောင်ကို ဖတ်ရှုပြီးချိန်မှစ၍ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်စေရန် လှူတတ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလိမြတ်များ ဖြစ်ကြပါစေ။ တယောက်ကိုတစ်ယောက် ပီယစက္ခု ချစ်ခင်သောမျက်လုံးဖြင့်ကြည့်ရှုနိုင်ကြပြီး သူတော်ကောင်းတရား လက်ကိုင်ထားနိုင်ကြ၍ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြာင်း တိုက်တွန်းနှိုးဆော်ရင်း ဤပို့စ်ဖြင့် ဓမ္မဒါန ပြုအပ်ပါသည်။အရှင်မုနိန္ဒ. M.A မာဂဓတက္ကသိုလ်...အိန္ဒိယ။

မကောင်းမှူရဲ့ နောက်ကွယ်

မကောင်းမှူရဲ့ နောက်ကွယ်

သတ
္တလောကကြီးတွင် အချို့လူများသည် အကြောက်တရား နည်းပါးတတ်ကြ၏ အယုံအကြည်လည်း နည်းပါးတတ်ပေသည် လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်တယ် ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုမူ ဖြင့်တုံ့ပြန်တတ်၏အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား များမရှိရုံမက အတွေးအခေါ်များပင် မှားယွင်းကြကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့ပြစ်တင်တတ်သည်အထိ ဖြစ်ကြပေ၏ကံကံ၏အကျိုးတရားနှင့် စပ်၍လည်း လက်တွေ့ မခံရသေးတဲ့အခါ ကလေးကလား သဘောထားတတ်ကြပေ၏အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်ကြပေတယ်ထို့အတူ မိမိတို့လုပ်ရပ်များတွင် လက်ယဉ်လာတဲ့အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်ကြတယ် ထို့သူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်တွေကြောင့် အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” လို့ ပြောဆိုတဲ့အခါ “ငရဲကြီးတော့ ငရဲလေးတွေကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်၍တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာရင်လည်း “၀ပ်လိုက်ရင် ထပြိးပြေးတာပေါ့…” စသည်ဖြင့် ပြောင်းပြန် စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်ကြလေတယ် ထိုသူတို့ ဆိုချင်သညမျာ်းမှာကား လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေတဲ့သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပိုပြိးအလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်ကာ အပျော်အပြက် ပြောလိုဟန် ရှိကြပေ၏။ အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးတွေကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှုရဲ့တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိတဲ့သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာတဲ့အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်ကြပေတယ် ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ဖြင့် မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေတယ်
အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများရဲ့အကျိုးပေးချိန် မတန်သေးလို့သာ ဖြစ်ပါတယ် မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်ငြားလည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်ပါကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါတွင်မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထားပါသည်။ ထိုစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့ရဲ့ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများရဲ့အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်ရှိလာမည်မှာ အမှန်ပင်ဖြစ်ကြောင်းကို သိရှိနိုင်မည် ဖြစ်တယ် အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်တို့ကား အထူးပင် သိသားထင်ရှားလှပေသည် အကုသိုလ် အလုပ်ရဲ့ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တန်ခိုးရှင်များမှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှတယ်
မှန်ပါတယ်အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံရဲ့ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မထင်ဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများတို့သည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာတတ်ကြပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏
မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူတို့သည် ပညာသတိ မရှိဖြစ်ကြကာ မိမိတို့ရဲ့အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ပင်ရောက်ရှိတတ်ကြောင်း (မဃဒေ၀ )လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါတယ် ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းကန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောင်္ကျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထားရဲ့
ဆရာတော်ကြီးရဲ့ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်းပြိးပျက်စီးချိန် သို့ရောက်လာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများ ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်တဲ့သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်သည်။
အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် သို့ရောက်လာလျှင်ကား ယ္ခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကိုပြန်၍ တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်သည် ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားကမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေလွန်ပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်ကြသည်
မြတ်ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှီသူတစ်ယောက်ရှိ၏ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိတယ် ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြလေသည်စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူပြီး မိမိရဲ့အိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ဝက်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင်ချည်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိလေသည်ဝက်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်ပြီးပွတ်ပွတ်ဆူနေသည့် ရေနွေးများဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေသည်စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိသည်စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရသည် စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေပြီး ထို့နောက် မြက်မီးဖြင့် အမွေးအမျှင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏ ထိုနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်လာခဲ့လေသည်။
တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ များဖြစ်ပေါ်လာခဲ့သည်အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရလေသည် မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်ငြားလည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရသည် စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံကြွသွားစဉ် ကြားခဲ့လေသည် ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြလေသည် ထိုအခါ ဘုရားရှင်က ထိုအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူတို့သည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရတယ် နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရတယ် ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရတယ်ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရတယ် ပင်ပန်းရတယ် စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်လှစွာ ဖြင့်ဝက်ကဲံ့သို့အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။
ဤသည်ကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမားရဲ့ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါသည်။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်ငြားလည်း ဘုရားမကယ်နိုင်တဲ့ အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရသည်ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏ မှန်ပါသည်ထို့သို့သော အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားပင်မကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်ရဲ့လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်မဟုပ်ပါလား
ဆိုလိုသည်မှာ ဘုရားရှင်ကမှမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများတို့ကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရား “မ” နိုင်အောင်၊ ဘုရားရှင်ကကယ်နိုင်အောင် မကောင်းမှုကို ရှောငရှာ်းပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါတယ် ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူတို့ကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်”မ
နိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်ရှားနိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုက်ပါတယ်။
ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားရှင်မကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု ဂရုနာဖြင့် စေတနာစကား မေတ္တာအားဖြင့် ဦးဇင်းက တိုက်တွန်းအပ်ပါသည် စာဖတ်သူပရိတ်သပ်များအားလုံးဒိပို့စ်
လေးကိုဖတ်ရင်း မိမိတို့ရဲ့ဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုပါသည်။
အရှင်မုနိန္ဒ(ပန်းထို)
M.A မာဂဓတက္ကသိုလ်။

ဗုဒ္ဓ္ဓဘာသာနှင့် ၀တ်စားဆင်ယင်မှူ


ဗုဒ္ဓ္ဓဘာသာနှင့် ၀တ်စားဆင်ယင်မှူ
ဦးဇင်းတို့ရဲ့အမိမြန်မာပြည်ကြီးဟာ
ကမ္ဘပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုရင်ဖြင့် မြန်မာပြည်နှင့် တွဲပြီးမှ မှတ်သားလာရသည့်အထိအခြားသောနိုင်ငံတွေမှာဖြစ်ကြရတယ်မြန်မာပြည်ကြီးကသာသနာ့တံခွန်လွှင့်တင်နိုင်ခဲ့တာသမိုင်းအစဉ်အလာကြီးမားတဲ့နိုင်ငံဖြစ်ပါသည်။ရွှေရောင်တွေတဝင်းဝင်းနှင့်သာသနာ့ရောင်ဝါထွန်လင်းတောက်ပလှသောမြန်မာပြည်ကြီးတွင်မှီတင်းနေထိုင်ကြကုန်သောမြန်မာပြည်သူပြည်သားတို့မှာလည်းမြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီး၏အဆုံးအမအောက်တွင်ယဉ်ကျေးသိမ်မွေ့စွာ၊ဖေးမကြင်နာစွာ၊ပျော်ရွှင်ကြည်နူးစွာ၊ နားလည်စာနာမူရှိစွာ၊ အားပေးကူညီတက်စွာနှင့်တစ်ဦးကိုတစ်ဦးဆွေမျီုးသားအချင်းပမာမေတ္တာတရား၊ ထားတက်ကြပုံမှာကမ္ဘာတွင်အံ့သြမခန်းကိုယ့်ကြငှန်းနှင့်ကိုယ်ပိုင်ယဉ်ကျေးမူ၊ကိုယ်ပိုင်ဝတ်စားဆင်ယင်မူများတို့ဖြင့်ကမ္ဘာ့ကြီးရဲ့အလယ်တွင်တင့်တယ်ခဲ့ကြသည်။ထိုသို့ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်ဝတ်စားသွာလာမူတို့သည်မြတ်ဗုဒ္ဓရဲ့ဘာသာတရား၏အဆုံးအမအောက်တွင်တည်နေကြသည်မှာမလွဲဧကန်အမှန်ပင်ဖြစ်ပါသည်။
သူတော်ကောင်းတရားတွေများနှင့်နားဝင်ယဉ်ကျေးသိမ့်မွေ့စွာနေခဲ့ကြတဲ့ဦးဇင်းတို့ရဲ့မန်မာတွေမှမယဉ်ကျေးလျှင်မည်သူတွေကများယဉ်ကျေးနိုင်ပါ့တော့မလည်း။မကောင်းမှုလုပ်ရမှာ၊မကောင်းတာပြောရမှာကိုရှက်ခြင်း၊မကောင်းသောအပြုအမှုအပြောအဆိုအလုပ်အကိုင်တို့ကိုပြုမှုပြောဆိုလုပ်ကိုင်ရမှာတို့ကိုကြောက်တတ်ခြင်းဆိုသည့် တရားနှစ်ပါးက မယဉ်ကျေး ယဉ်ကျေးလာလေအောင် မသိမ်မွေ့သိမ်မွေ့လာလေအောင်သတိပေး ပြောဆိုညွန်ကြား ဆုံးမနေသလိုပင် ဖြစ်နေသည်မဟုပ်ပါလား။မိမိတို့ရဲ့ကိုယ်ပိုင် ဝတ်စားဆင်ယင်မမှုများနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများတို့ဖြင့်ကမ္ဘာကြီးရဲ့အလယ်တင့်တယ်ခဲ့သောဦးဇင်းတို့မြန်မာတိုင်းရင်းသားအားလုံးတို့သည်ရေမြေဥတုယဉ်ကျေးမှုနှင့်ဘာသာတရားကွဲပြားခြားနားလှသောအနောက်နိုင်ငံသားတို့၏ထုံးစံ(စတိုင်လ်)ဟန်ပန်တို့ကိုအတုခိုးယူကာသုံးစွဲဝတ်စားဆင်ယင်လာကြသည်မှာရှက်စရာကြောက်လန့်စရာကောင်းရုံသာမက ပဲအမျိုးဘာသာ သာသနာတော်ကြီး ညှိုးနွမ်းသွားမှာကိုပင် စိုးမိလှပါတယ်။
ထိုကဲ့သို့အနောက်တိုင်းယဉ်ကျေးမှုများစိုးမိုးချယ်လှယ်မှုမျီုးကိုဦးဇင်းတို့ရဲ့မန်မာပြည်သူလူငယ်လူရွယ်အများစုတို့ ၀တ်စားဆင်ရင်နေကြသည်မှာအဘယ်ကြောင့်ဖြစ်သနည်းဟုဆန်းစစ်ကြည့်လျှင်အတုမြင်အတက်သင် မှုတို့ကြောင့် ဖြစ်ပါသည်။ရှေးတုန်းက မြန်မာလူမျိုးတို့သည် မိမိတို့ရဲ့သားသမီးများကို ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကဗုဒ္ဓဘာသာတရားရဲ့အဆုံးအမ၊သာသနာ၏အဆုံးအမအောက်တွင်ယဉ်ကျေးသိမ်မွေ့စွာလူငယ်လူရွယ်များဖြစ်လာအောင်ဘုန်းတော်ကြီးကျောင်းများသို့သွား၍စာချစာသ်ဆရာတော်တွေထံမှာအပ်ကာ ဗုဒ္ဓစာပေပညာသင်ကြားခြင်း ၊ဥပုသ်သီတင်းဆောက်တည်ခြင်းတို့ကိုမမေ့မလျော့ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် ပန်းပွင်များအားထုပထာ်းသောဖက်ပမာ မွှေးပျံ့ခဲ့ကြလေသည်။
အမျိုးသားများ ဆိုလျှင်လည်း ပုဆိုး၊ ရှပ်အကျိင်္အဖြူနှင့် တင့်သကဲ့သို့ အမျိုးသမီးများသညပင်လည်း ထမီ ရင်ဖုံးရင်စေ့ ခါးတို ခါးရှည်စသည်တို့ဖြင့် ရိုးရှင်းလှပကာခုန်မင်နှစ်သက်ဖွယ်ကောင်းသည်ဟုကြားဖူးပါသည်။
ယ္ခုမူကားထိုကဲ့သို့မဟုတ်ခဲ့ပြီးတကား။လူကြီးမိဘများလည်းမိမိတို့ရဲ့သားသမီးများ၏ဝတ်စားဆင်ယင်ပြောဆိုပုံမှစ၍ယဉ်ကျေးသိမ်မွေ့မှု ပျောက်နေပုံကို သတိမမူတော့ပဲ ခေတ်စနစ်ကိုလွဲချကာ ဥပေက္ခာပြုလျက် ရှိနေတက်ကြပေလေသည်။
ဗုဒ္ဓဘာသာတရား၏ကျောင်းတော်ကြီးများဖြစ်သောဘုန်းကြီးကျောင်းများသို့မိမိတို့မိဘများကိုယ်တိုင်ပင်လည်း တစ်ခါတစ်ရံမှသာသွားလာဘိသကဲ့သို့ မိမိတို့ရဲ့သားသမီးများကိုလည်း စေလွှတ်ခြင်းများမပြုလုပ်ကြတော့သည်မျာအလွန်ပင်ဝမ်းနည်းစရာကောင်းလှပေတယ်။
မြန်မာတို့နှင့် ဖီလာဆန့်ဘက်ဖြစ်သော အနောက်တိုင်းနိုင်ငံတို့ရဲ့ ယဉ်ကျေးမူတို့သည် ထိုနယ်ပယ်များမှ တဆင့် လူငယ်လူရွယ်များ၏ အတုယူစိတ်ကို လမ်းလွှဲသို့ ဆွဲဆောင်ခေါ် ယူနိုင်ခဲ့ပေသည်။အထူးသဖြင့် မြန်မာအမျိုးသမီးများကအဓိကကျလှပါသည်ဟုထင်သည်။ အချို့သောမြန်မာအမျိုးသမီးများသည်မြန်မာပြည်မှာနေပြီးမြန်မာလူမျီုးမိဘများတို့မှပေါက်ဖွားကြီးပြင်းလာသောကြောင့်မြန်မာအမျိုးသမီးများဟုခေါ်တွင်မှတ်ယူကြပါသည်။ထိုအမျိုးသမီးတို့၏ဝတ်စားဆင်ယင်မူဟန်ပန်မူယာတို့မှာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမူဟန်ပန်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေတာတွေကိုတွေရပါသည်။
အရှက်အကြောက်တရားတို့ကိုလုံးဝမေ့ထားကြဟန်ရှိသည်ဗုဒ္ဓဘာသာတရား၏အဆုံးအမများနှင့်ဝေးကွာခဲ့ကြလေပြိလားလို့တွေးဆမိသည်။ရိုးရိုးရှင်းရှင်းနှင့်မြန်မာဆန်ဆန်ဝတ်စားဆင်ယင်သူများလည်းရှိကြပါသည်။ အများစုမှာတိုတောင်းသောစကပ်၊ကောက်ညှင်းထုပ်စည်းသကဲ့သို့ကြပ်ညှပ်လှသောထမီစကပ်ဆိုလား(သေချာတော့မသိပါ)ရင်ဟိုက်ကိုယ်ကြပ်ချက်ပေါ်ကြိုးပျောက်တို့နှင့်ရှက်စရာအလိလိများကိုပင်တွေ့မြင်ဘူးပါသည်။ငွေကြေးတစ်ခုတည်းကိုသာ ကြည့်ကာ လူမျိုးဘာသာ ယဉ်ကျေးမှုစရိုက်စတာတွေ ကွဲပြားလှသော နိုင်ငံခြားသားများကိုပေါင်းသင်းလက်ထပ်နေကြသည်မှာလည်းအလွန်ပင်ဝမ်းနည်းစရာစိတ်မကောင်းစရာဖြစ်ရပြန်ပါသည်။
မြေမျိုပြီး လူမျိုးမကုန်နိုင်ပါ။ လူမျိုမှသာ လူမျိုးကုန်နိုင်သညမဟုပ်ပါလား။ဦးဇင်းတို့ရဲ့ မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုး မြန်မာ့ဓလေ့တို့ သည်ကားကမ္ဘာအလယ်မှာ ထင်ရှားစွာ ဆက်လကပြိးတော့်တည်ရှိနေရန်မှာ မြန်မာအမျိုးသားအမျီုးသမီးထု၏ကြီးမားသောသမိုင်းပေးတာဝန်တရပ်ပင်ဖြစ်ပါသည်။ယ္ခုကားကြောက်စရာကောင်းသောယဉ်ကျေးမှုတို့ကြောင့်ဗုဒ္ဒသာသနာ့နယ်မြေတို့သည်လည်းပန်းခြံကဲ့သို့ဖြစ်ချင်တိုင်းဖြစ်နေလေပြီ။"မြက်ခင်းပေါ်မနင်းရ"ဆိုတဲ့စာသားများသည်စည်းကမ်းမရှိသော၊ယဉ်ကျေးမှုသိမ်မွေ့မှုမရှိသောသူတွေရှိနေကြတဲ့အတွက် ရေးထားရခြင်းသာ ဖြစ်ပါသည်။
မိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်နှင့်ဆင်ခြင်တုံတရားရှိနေမည်ဆိုပါကထိုသို့သောစာတန်းများကိုရေးသားရလိမ့်မည် မဟုတ်ချေ။ ထိုနည်းတူစွာ ဘုရားစေတီ စောင်းတန်း စသော ဗုဒ္ဓသာသနာပိုင်နယ်မြေများပေါ်တွင် အတွဲများမဖွယ်မရာပြုမှုခြင်းများကိုဖမ်းဆီးဖယ်ရှားနေရသည်မှာလည်းဗုဒ္ဓဘာသာတရားအထွန်းကားဆုံးနိုင်ငံဖြစ်သောအမိ မြန်မာနိုင်ငံအနေဖြင့် ရှယ်စရာအလိလိပင်ဖြစ်ပါသည်။အခြားအခြားသောဘာသာကြီးများ၏ အဆောက်အဦးများဖြစ်သောဗလီ၊ချပ်ကျောင်းများတို့တွင်ထိုဘာသာဝင်တို့သည်ယင်းသို့ပြုမှုဆောင်ရွက်ခြင်းများမရှိသည်ကိုလေ့လာတွေ့ရှိရလေလေရှက်ရွံ့ဝမ်းနည်းစိတ်မကောင်းဖြစ်ရလေလေဖြစ်မိပါသည်။ထိုကြောင့်မိမိတို့ရဲ့ကိုယ်ပိုင် အသိစိတ်ဓာတ် နှင့် ဆင်ခြင်ကြလျှင် အကောင်းဆုံး ဖြစ်မည်ဟုဦးဇင်းထင်မိပါသည်။
ဝတ်စားဆင်ယင်မှုကို လုံခြုံစွာ ဝတ်စားဆင်ယင် သင့်ကြပေသည်။ အကွဲအပြဲ အဖော်အဟိုက်များသည် မလိုလားအပ်သောဘေးရန်များဝင်ရောက်စေနိုင်သလိုရန်သူတို့ကိုဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေသည်မဟုပ်ပါလား။”ဖုံးကွယ်ထားသောအရာသည်လှစ်ဟဖော်ထုတ်ထားသောအရားများထက်များစွာတန်ဖိုးကြီးမားလှပါသည်ဟုဦးဇင်းထင်မိပါသညိ။ရွှေထက်ပင်တန်ဖိုးကြီးမှားလှသောမိန်းမတို့၏အိဒြေ္ဒသိက္ခာတရားများကိုဖော်ထုတ်ပြသနေခြင်းသည် လှပလာခြင်းမဟုတ်ပဲ ပျက်စီးလာခြင်းပင် ဖြစ်နေပေမည်။
ဗုဒ္ဓဘာသာရဲ့ဘာသာရေးတရားအရကြည့်မည်ဆိုလျှင်လည်းတဏှာဆိုသောညစ်ညမ်းမှုကြီးပင်ဖြစ်ပါသည်။”
မြန်မာတို့ပြည်ရှိတိုင်းရင်းသား၏ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု၊ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကိုမပျေက်မပျက်ရလေအောင်၊ တခြားဘာသာဝင်များအနေဖြင့်မိမိတို့ဘုရားကျောင်းကန်သာသနာ့နယ်မြေများကိုလေ့လာဝင်ထွက် မှတ်သားထားကြသည့်အခါ မေးငေါ့ရှုတ်ချစရာ မဖြစ်ရလေအောင်၊ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာကြီး မကွယ်မပျောက်ရလေအောင်၊ဗုဒ္ဓဘာသာကြီးနှင့်ယှဉ်တွဲမှတ်သားရသောမြန်မာပြည်မြန်မာလူမျိုးတိုင်းရင်းသားတို့ မပျောက်ဆုံးမတိမ်ကော သွားရလေအောင် မြန်မာပြည်သူပြည်သား အားလုံးတို့ရဲ့သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်ကြရမည်မဟုပ်ပါလား။
မြန်မာနိုင်ငံတော်အတွင်းရှိတိုင်းနှင့်ပြည်နယ်တက္ကသိုလ် ကျောင်းသားကျောင်းသူများကို မြန်မာဆန်ဆန် ဝတ်စားဆင်ယင်စေပြီး မြန်မာ့တက္ကသိုလ် ကျောင်းတော်ကြီးများ၏ အလှပေါ်အယဉ်ဆင့် စေခဲ့သည်မှာ အလွန်တရာမှဝမ်းသာကြည်နှုးဖြစ်ခဲ့ရပါတယ်။ထို့အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် မိမိတို့ရဲ့ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် မိမိတို့၏ဘာသာသာသနာအကျိုးကို ရှေးရှုပြီး ဘုရားကျောင်းကန် စေတီပုထိုးများနှင့်ဗုဒ္ဓဘာသာသာသနိကအဆောက်အဦးများဝတ္တကနယ်မြေများပေါ်တွင်ဝတ်စားဆင်ယင်မှုမှအစ ပြုမှုဆောင် ရွက်နေထိုင်မှုများအားမိမိတို့ရဲ့ကောင်းမြတ်သောအသိစိတ်ဓာတ်လေးများဖြင့် ကျောင်း ကန်ဘုရားသွားကြတဲ့အခါမြန်မာဆန်ဆန်ဝတ်စုံလေးများဖြင့်သွားလာကြရန်နှင့်လူကြီးမိဘဆရာသမားတို့၏ရှေ့တွင်ရိုသေ၀တ်တွားစွာဂရုဂရ၀တရားများဖြင့်မြန်မာလူမျီုးများပိပိထိန်းသိမ်းစောင့်စောင့်ကြပြီးကမ္ဘာ့အလယ်တွင်ဗုဒ္ဓဘာသာမြန်မာများဆိုတာကိုဗုဒ္ဓဘာသာ၏အဆုံးအမများနဲ့သက်သေပြကြပါလို့တိုက်တွန်းရင်းဒိပို့စ်လေးဖြင့်ကုသိုလ်ပြုလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထို)
M.A.မာဂဓတက္ကသိုလ် အိန္ဒိယ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။