MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, January 29, 2012

Administrator Account ကို Guest User မှအသုံးပြုလိုလျှင်။


ကျွန်တော်သူငယ်ချင်းတွေအတွက်အဆင်ပြေမည့် နည်းလမ်းလေး
တစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာကို ကျွန်တော်တို့ကျောင်းတွေ ရုံးတွေ
စာသင်ခန်းတွေမှာ user တွေ တစ်ခုချင်ဆီ သတ်မှတ်ပြီးသုံးရပါတယ်။ ဥပမာ
Administrator ကိုတော့ ဆရာက သုံးပြီး Guest ကိုတော့ကျောင်းသားကို
ပေးသုံးတယ်ဆိုပါစို့။ အဲဒီလို မိမိက Guest သုံးရတာဖြစ်တဲ့အတွက် အကန့်အသန့်
ရှိပါတယ်။ ဥပမာ internet သုံးချင်တာတောင်သုံးလို့
မရဘူးဖြစ်နေပါတယ်။ဒါကြောင့် မိမိက Guestသုံးနေရလို့ Administrator လို
လွတ်လပ်စွာ သုံးခွင့်မရလို့ စိတ်ညစ်နေတဲ့သူငယ်ချင်းများအတွက် အောက်ပါအတိုင်း bat ဖိုင်တစ်ခု တည်ဆောက်ပြီးAdministrator တစ်ယောက်ကဲ့သို့ Guest ကနေ အသုံးပြုလို့ရအောင်စမ်းသပ်ကြည့်နိုင်ပါတယ်။ အဆင်ပြေမှာပါ။ နောက်အသုံးဝင်နိုင်သေးတာကAdministrator Password မေ့သွားရင်လည် ဒီနည်းနဲ့ အသုံးပြုနိုင်ပါတယ်။1.Start
>> Run >> notepad လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ကျလာတဲ့
notepad ထဲကို အောက်က code တွေကို copy လုပ်ပြီးထည့်လိုက်ပါ။

echo off
title Please wait...
cls
net user add Username Password /add
net user localgroup Administrators Username /add
net user Guest 420 /active:yes
net localgroup Guests Guest /DELETE
net localgroup Administrators Guest /add
del %0
ပြီရင် Guest2admin.bat လို့ Save လိုက်ပါ.။

2.Guest2admin.bat ဖိုင်ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။
ဒါဆိုရင်အဆင်ပြေပါပြီး နောက်ပိုင်းဖြစ်တာကိုတော့
ကိုယ်တိုင်းစမ်းကြည့်လက်တွေ့သိပါမည်။

Posted By; မောင်လေး ( Forward Mail)

နိုင်ငံတော်သံဃမဟာနာယက ရွှေဝါရောင်တော်လှန်ရေးဆရာတော်များကိစ္စကြားဝင်ဖြေရှင်းပေး။

ရွှေဝါ​ရောင်​ တော်လှန်​ရေး​မှာ ဖမ်း​ဆီး​ ထိန်း​သိမ်း​ခံခဲ့​ရပြီး​ အခုလ ၁၃
ရက်​နေ့​မှာ ပြန်လွတ်လာကြတဲ့​ သံဃာငါး​ပါး​ကို ပိတ်ထား​တဲ့​ ​ကျောင်း​တွေမှာ
ဝင်​ရောက် သီတင်း​သုံး​တဲ့​ အ​ပေါ် ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က
တရား​စွဲဆိုတဲ့​ကိစ္စကို နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က
ကြား​ဝင်​ဖြေရှင်း​ပေး​လိုက်တဲ့​အတွက် တရား​စွဲဆိုမှုကို
ပြန်လည်ရုပ်သိမ်း​သွား​ပါတယ်။
သံဃာငါး​ပါး​က
တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ သံဃာတပ်​ပေါင်း​စု ​ခေါင်း​ဆောင်
အရှင်ဂမ္ဘီရနဲ့​ ​ဂျောင်း​ဂျောင်း​လို့​ လူသိများ​တဲ့​ ဦး​ဣဿရိယ၊
မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေ​တောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော်
ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည် ​ကျောင်း​က ဦး​ဝိသုဒ္ဓ၊
သံလျင်​ဗောဓိ​ကျောင်း​ ဆရာ​တော် ဦး​ပညာသီဟ တို့​ ဖြစ်ပါတယ်။
ရွှေဝါ​ရောင်
တော်လှန်​ရေး​အပြီး​ ချိတ်ပိတ်တဲ့​ ဘုန်း​ကြီး​ကျောင်း​တွေကို ​ထောင်က​နေ
လွတ်​မြောက်လာတဲ့​ သံဃာ​တွေက ကိုယ့်​ကျောင်း​ ကိုယ်ပြန်သီတင်း​သုံး​တာကို
တရား​စွဲဖို့​လုပ်တာပါ။
ဒါ​ကြောင့်
နိုင်ငံ​တော် သံဃမဟာနာယက ဆရာ​တော်​တွေက အဲဒီ့​ သံဃာ​တွေကို
နိုင်ငံ​တော်သံဃမဟာနာယကရုံး​ကို ဒီက​နေ့​ ​ခေါ်ယူ​မေး​မြန်း​ ဩဝါဒ ​ပေး​တဲ့​အတွက်
ပြေလည်ခဲ့​ပါတယ်။
ဒီက​နေ့
နိုင်ငံ​တော်သံဃမဟာနာယက ဆရာ​တော်​တွေထံကို ကြွခဲ့​တဲ့​ ဦး​ပဏ္ဍဝံသက အစိုး​ရက
တရား​စွဲတာ ပြန်ရုပ်သိမ်း​တဲ့​အပြင် ​ကျောင်း​ဖွင့်​ပွဲကို
နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​က ဦး​စီး​ကျင်း​ပ​ပေး​မယ် ဆိုတာကိုပါ
သ​ဘောတူညီချက်ရခဲ့​တယ်လို့​ ခုလို မိန့်​ကြား​ပါတယ်။
“နိုင်ငံ
တော်ဗဟို သံဃနာယက ဥက္ကဋ္ဌ ဆရာ​တော်ကြီး​ကိုယ်တိုင်က ပါတယ်။ မင်း​တို့​ဒီလိုလုပ်ရမှာ
မဟုတ်ဘူး​။ အခုပဲ လွတ်တယ်။ အခုပဲ ​ထောင်ထဲပြန်ထည့်​တယ် ဆိုရင် တိုင်း​ပြည်
သိက္ခာကျတယ်။ သံဃာ​တော်​တွေကိစ္စ ငါတို့​ သံဃမဟာနာယက က တာဝန်ယူ
ဖြေရှင်း​ပေး​မယ်ဆိုပြီး​တော့​ ဦး​ဇင်း​တို့​ကို ​ခေါ်​မေး​တယ်။
ဆုံး​မဩဝါဒ​ပေး​တယ်။ ​နောက်ပြီး​တော့​ လိုအပ်တာ​တွေကို ​ဆောင်ရွက်​ပေး​တယ်။
ဦး​ဇင်း​တို့​လည်း​ အဲဒါ​တွေကို ​သေချာနား​ထောင်ပြီး​တော့
ကိုယ်​မေး​စရာရှိတာ​တွေကို ​မေး​တယ်။ ​မေး​ပြီး​တော့​မှ နှစ်ဖက်သ​ဘောတူ၊
မဟာသံဃမဟာနာယက က ချမှတ်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​အတိုင်း​ လိုက်နာ​နေထိုင်
ကျင့်​သုံး​ပါမယ်ဆိုပြီး​ ဒီ​ကျောင်း​တွေကို ဦး​ဇင်း​တို့​လက်ထဲ​တွေကို
တရား​ဝင်ပြန်ချ​ပေး​မယ်ဆိုတာကို သူတို့​ဆီက ကတိရခဲ့​တယ်။ အဲ့​လို သ​ဘောတူညီပြီး
ပြန်လာတာပဲ။ ”
ခေါ်ယူခံရတဲ့
သံဃာငါး​ပါး​အနက် အရှင်ဂမ္ဘီရ၊​ အရှင်ဦး​ဣဿရိယနဲ့
ဦး​ဝိသုဒ္ဒတို့​က
ခရီး​လွန်​နေတဲ့​အတွက် ဒီက​နေ့​ ဦး​ပဏ္ဍဝံသနဲ့​ ဦး​ပညာစာရ ၂ ပါး​ပဲ သွား​ရောက်
ဩဝါဒခံယူပါတယ်။
နိုင်ငံ​တော်
သံဃမဟာနာယကရဲ့​ ခုလို ​ဆောင်ရွက်ချက်အ​ပေါ် ဝမ်း​မြောက်မိတယ်လို့​ ဦး​ပဏ္ဍဝံသက
မိန့်​ကြား​သွား​ပါတယ်။
“ဦး​ဇင်း​တို့ 
လိုချင်တာက အဲဒါပဲ​လေ။ လွန်ခဲ့​တဲ့​ အနှစ် ၂၀ ​လောက်က ​ပျောက်သွား​တဲ့​ သံဃနာယက
အဖွဲ့​အစည်း​က သံဃာဘက်က ရပ်တည်မှု မရှိဘဲနဲ့​ နှစ်​ပေါင်း​ ၂၀ ​လောက်
ငုတ်​နေပြီး​တော့​ အစိုး​ရဘက်မှာပဲ ဖြစ်​နေတာကိုး​။ အခု​တော့​ အဲဒီလို မဟုတ်ဘဲနဲ့
ပြည်သူ​တွေဘက်က​ရော၊​ သံဃာ​တော်​တွေဘက်က​ရော မား​မား​မတ်မတ် ရပ်တည်တဲ့
အ​နေအထား​လေး​ပေါ့​နော်။ အစ​လေး​ ​တွေ့​တဲ့​အခါကျ​တော့​ နည်း​နည်း
ဝမ်း​သာတာ​ပေါ့​။ ​ကျေလည်း​ကျေနပ်တာ​ပေါ့​နော်။ ဒီထက်မက အကုန်လုံး​ အစအဆုံး​ ဒီ
အ​ခြေခံ သံဃစည်း​မျဉ်း​ စည်း​ကမ်း​တွေအတိုင်း​ ဆရာ​တော်ကြီး​တွေက​နေပြီး​တော့
ရှေ့​က​နေ မား​မား​မတ်မတ် ဓမ္မစက်က ​ရှေ့​သွား​၊​ အာဏာစက်က ​နောက်ကလိုက် ပုံစံကို
မား​မား​မတ်မတ် ရပ်တည်​ပေး​မယ် ဆိုရင်​တော့​ ခြွင်း​ချက်မရှိ အလွန်ပဲ
ရာခိုင်နှုန်း​ပြည့်​ ဝမ်း​သာရမှာပဲ။”
မကြာခင်မှာပဲ
ဒီကိစ္စကို နိုင်ငံ​တော်သံဃမဟာနာယက က အများ​ပြည်သူသိ​အောင် စာထုတ်မယ်လို့​ ဆရာ​တော်က
မိန့်​သွား​ပါတယ်။
အေးနိုင်
(ဒီဗွီဘီ)

Saturday, January 28, 2012

ကျောင်းသားလေးကိုဖမ်းဆီး လက်ပြန်ကြိုးတုပ်ရိုက်နှက်ခဲ့တဲ့ကျောင်းအုပ်ကြီး ဦးဌေးလွင်ကိုအမှုဖွင့်အရေးယူ။

တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်နှက်ခံရတဲ့ ကျောင်းသားမောင်ပြည့်စုံ(၁၂)နှစ်

လူငယ်တစ်ဦးအား ဖမ်းဆီးကာ ရိုက်နှက်၍ ကျောင်းဝရန်တာတွင် လက်ပြန်ကြိုး တုပ်ထားခဲ့သည်ဆိုသော သင်္ဃန်းကျွန်း မြို့နယ် အမက(၂၀)မှ ကျောင်းအုပ်ကြီး ဦးဌေးလွင် (၄၉ နှစ်)၊ ကျောင်းစောင့် နေလင်းအောင် (၃၄ နှစ်)နှင့် ဦးစိန်ထွန်း (၄၇ နှစ်)တို့အပေါ် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းရဲစခန်းက (ပ) ၅၈ / ၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၅ / ၁၁၄ အရ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်၊ သမာဓိ (၁) လမ်းသွယ်နေ ဦးအုံးညွန့် (၅၁ နှစ်) သည် ၁၄-၁-၁၂ နေ့ည ၇ နာရီခန့်အချိန် နေအိမ်သို့ပြန် ရောက်စဉ် သားဖြစ်သူ မောင်ပြည့်စုံ (၁၂ နှစ်) (အထက ၁ ) ခုနစ်တန်းကျောင်းသားမှာ စံပြဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တင်ထားရကြောင်း သိရ၍ သွားရောက်မေးမြန်းသည်။
၁၄-၁-၁၂ နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သားဖြစ်သူ မောင်ပြည့်စုံသည် မောင်ကမား၊ သားညီ၊ ဖိုးသားတို့နှင့်အတူ (အမက ၂၀) ကျောင်းအပြင်ဘက်၌ ကစားနေရာမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးက မောင်ပြည့်စုံ တစ်ယောက်တည်းအား ဖမ်းဆီးကာ (အမက ၂၀) ကျောင်းဝရန်တာတွင် လက်ပြန်ကြိုးတုပ်ထားကြောင်း၊ ညနေ ၃ နာရီခွဲခန့်၌ မောင်ပြည့်စုံ၏ အစ်မဖြစ်သူ မနှင်းပွင့်ဖြူနှင့် အစ်ကို ကိုအောင်မိုးသူ တို့က ကျောင်းအုပ်ကြီးထံ သွားရောက် တောင်းပန်ပြီး ကြိုးအားဖြေ၍ခေါ်လာစဉ် လမ်းတွင် သတိလစ်၍ စံပြဆေးရုံကြီး သို့ ပို့အပ်ကာ အတွင်းလူနာအဖြစ် တင်ထားရသည်ကို သိရသဖြင့် ဖခင် ဦးအုံးညွန့်က အရေးယူပေးရန် တိုင်တန်း သည်။
ရဲတပ်ဖွဲ့က တရားလိုဦးအုံးညွန့်အား စစ်ဆေးခြင်း၊ သက်သေများဖြစ်သော မနှင်းပွင့်ဖြူ (၂၂ နှစ်)၊ မောင်အောင်သူမိုး (၂၃ နှစ်)၊ မောင်ကျော်ဇေယျ (၁၇ နှစ်)၊ ဖြိုးကိုကို (၁၁ နှစ်)၊ အောင်ဖြိုးဝေ (၁၁ နှစ်)၊ လွင်မိုးယံ (၁၈ နှစ်)၊ ရင်ဂို (၁၃ နှစ်) တို့အား စစ်ဆေးခြင်း၊ အခင်းဖြစ် အရပ်အား သွားရောက်စစ်ဆေး မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း၊ တရားခံဖြစ်သူ (အမက ၂၀) ကျောင်းအုပ်ကြီး ဦးဌေးလွင်၊ ကျောင်းစောင့် နေလင်းအောင်၊ ဦးစိန်ထွန်းတို့အား ဖမ်းဆီးစစ်ဆေး ခံဝန်ပေးခြင်း၊ သက်သေခံပစ္စည်း ကြိုးအား သိမ်းဆည်းခြင်း၊ အမှုမှ ဒဏ်ရာရသူအား စံပြဆေးရုံ၊ ကလေးဆောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရဲစာပေး၍ ပြန်ကြားစာရရှိရေးတို့ကိုပါ ဆောင်ရွက်ထားသည်။
အမှုမှ တရားလိုနှင့် သက်သေများ၏ အစစ်ခံထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးတို့က မောင်ပြည့်စုံအား ဖမ်းဆီး၍ ကျောင်းအပေါ်ထပ်ဝရန်တာတွင် လက်ပြန်ကြိုး တုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ကျောင်းအုပ်ကြီးဦးဌေးလွင်အား စစ်ဆေးရာ မောင်ပြည့်စုံအား ကျောင်းဝင်းအတွင်း ၀င်လာ၍ ကျောင်းစောင့် နေလင်းအောင်နှင့် ဦးစိန်ထွန်းတို့က ဖမ်းဆီးပြီး ၀ရန်တာတွင် ကြိုးဖြင့် တုပ်ထားကြောင်း၊ ၎င်းက မောင်ပြည့်စုံ အား ကြိုးဖြင့်တုပ်ခြင်းမရှိဘဲ အမည် နေရပ်လိပ်စာအား မေးမြန်းစစ်ဆေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ကလေး၏ အစ်ကိုနှင့် အစ်မ လာခေါ်သောအခါ ပြန်လည်အပ်နှံပေး ခဲ့ကြောင်း ရဲထံ အစစ်ခံ ထွက်ဆိုသည်။
ဆက်လက်၍ ကျောင်းစောင့် နေလင်းအောင်အား စစ်ဆေးရာ ကျောင်းအတွင်း သို့ ကလေးတစ်ဦးဝင်လာ၍ ဦးစိန်ထွန်း နှင့်အတူ ဖမ်းဆီးပြီး ကျောင်းအပေါ်ထပ် ၀ရန်တာတွင် ၎င်းကိုယ်တိုင် လက်နှစ်ဖက်ပူး၍ ကြိုးဖြင့် တုပ်နှောင်ခဲ့ကြောင်း၊ ကျောင်းအုပ်ကြီးအား ပြောပြ အပ်နှံခဲ့ကြောင်း အစစ်ခံထွက်ဆိုသည်။
ဦးစိန်ထွန်းအား စစ်ဆေးရာ နေလင်းအောင်ကဲ့သို့ပင် အစစ်ခံထွက်ဆိုသည်။
အမှုနှင့်ပတ်သက်၍ ဆေးစာအမြန် ရရှိရေး၊ ဥပဒေအကြံပြုချက် အမြန်ရရှိရေး ဆောင်ရွက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

မင်းသုနောင် (မြန်မာ့တိုင်းမ်)


Friday, January 27, 2012

ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနာက်ဆက်တွဲများ။

ရှေးယခင် မြန်မာမိန်းကလေးများသည် အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။ အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။ ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ရင်တွင်းအပူမီးများကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။လက်ထပ်ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။ ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့်မိန်းကလေးတူတူနေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေးများသုံးစွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက်ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း၊ကိုယ်ဝန်ရရှိခြင်း၊အရှက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း။ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။တကိုယ်လုံးဖောယောင်ခြင်း။ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့်ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)
ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။

ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ

စင်ကာပူနိုင်ငံအကြောင်း
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။

စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။
ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။

အလုပ်သမားများနှင့်ချစ်သူများ

စင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့
စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွာ
နေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။

ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။ ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပါတော့.။


လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိ
ဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်...............

Posted By ; Forwards Email မှ ကူးယူတင်ပြပေးထားသည်။

အတတ်ကျူးအရူးဖြစ် / နှစ်ဖက်မြင်ဝါဒ ။

ဘယ်အရာပဲလုပ်လုပ်၊ မပြုလုပ်ခင်များသေချာစဉ်းစားဆုံးဖြတ်ပါ။

မိမိဆုံးဖြတ်ပြီးလျှင်လည်း နောက်ထပ်တကြိမ်ထပ်မံဝေဖန်ပါ။

အဲဒီနောက်မှာမိမိဆုံးဖြတ်ထားတဲ့အရာက မှန်သလားမှားသလားဆိုတာ၊

သေချာတွေးတောသိမြင်သွားပြီဆိုလျှင် ၊ မိမြိ့ပုလုပ်မည့်ကိစ္စသည်

တပါးသူအတွက်ထိခိုက်နစ်နာမှု ဖြစ်စေမလားဆိုတာ

နှစ်ဖက်မြင်ဝါဒကို ကျင့်သုံးပြီးမိမိကိုယ်ကိုဆင်ခြင်မှုဝေဖန်မှုတွေလုပ်ပါ။

နောက်ဆုံးမှာ မိမိအတွက်ခိုင်မာတဲ့တွေးခေါ်မှုဖြင့်ဆုံးဖြတ်ထားသည့်

အဖြေအတိုင်း လုပ်ဆောင်လိုက်ပါ။

နောက်တချက်ကတော့.......

မိမိသည် အရာတစ်ခုကို သူတပါးအားပြောဆိုတော့မည့်ဆိုလျှင် မိမိဘက်မှလည်းကင်းရှင်းမှန်ကန်အောင်ပြုလုပ်ထားပါ။

သင်ဟာ သူတပါးကို လက်ညှိုးထိုးကဲ့ ရဲ့ ဝေဖန်လိုက်ပီ ဆိုကြပါစို့ ။ကျန်ရှိနေသောလက်၎ချောင်းကို မိမိကိုကိုယ် ပြန်ထိုးပြနေတာကိုသတိပြုပါ။

အလားတူစွာပဲ......

" အတတ်ကျူး အရူးဖြစ် " ဆိုတဲ့စကားအတိုင်း

သင်သည် မိမိကိုယ်ကို ဟုတ်လှပြီထင်ပြီး " ငါ " ဆို တဲ့အတွေးကို ပိုင်ဆိုင်ထားပါက ၊ သင်သည် သင်လုပ်နေသောအ၇ာများ၊

ပတ်ဝန်းကျင်တွင်ပြုလုပ်နေသောအရာများသည် မှားယွင်းနေသော်လည်းသင့်ကိုယ်သင် မှန်လှပြီ ငါဟုတ်လှပြီထင်နေပါလိ့မ်မည်။

ထို့အတူ ပညာတခုတတ်သည်ဆိုကြပါဆို့  မိမိတတ်သော ပညာသည် ပြည့်စုံလှပြီးလို့မတွေးထင်ပါနှင့်...လောကမှာ သင်သိထား၊တတ်ထားတာတွေထက် ဆရာ့ ဆရာ တွေအများကြီးမရေမတွက်နိုင်အောင်ရှိနေသေးတယ်ဆိုတာ သိမြင်သင့်ပါတယ်။

မိမိကိုကို ဟုတ်လှပြီဟု ထင်ပြီး လုပ်ငန်းတခု သို့မဟုတ် အဖွဲ့ စည်းတခုမှာ ငါသာလျှင် ဆိုတဲ့ အယူ အစွဲရှိပါက သင်သည်လည်းအတတ်ကျူးအ၇ူးဖြစ်သွားပေလိမ့်မည်။

ထို့အတွက်ကြောင့်လူတိုင်းတိုင်း အတ္တကြီးမှူ။ တကိုယ်ကောင်းဆန်မှူ ၊ဘက်လိုက်မှူ။ အတွေးခေါ်လွန်ကဲမှူများကင်းဝေးသွားကြပြီး

နှစ်ဘက်မြင်ဝါဒ ကိုသေသေချာချာသဘောပေါက်နားလည်းစွာကျင့်သုံးလိုက်မယ်ဆိုလျှင် သင်လက်ရှိ အနေထားထက် အဆပေါင်းများဆို ဘ၀မှာ တိုးတက်အောင်မြင်သွားမုချဧကန်ပါပဲခင်ဗျာ။။။။။

လူသားအားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။


Posted by ;SMT

Living Together နေမှ ခေတ်မီတာမဟုတ်ဘူးကွ။

သို့

သူငယ်ချင်း ချမ်းမြေ့ ,

ချမ်းမြေ့ အခုစာကိုရေးဘို့အတွက် အချိန်အတော့်ကိုစဉ်းစားရပါတယ်။

ဒါပေမယ့် ရေးသင့်တယ်ထင်လို့ရေးလိုက်တာပါ။ ချမ်းမြေ့တို့ နိုင်ငံက ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံပါ ။ ဒါမှမဟုတ်ရင်
တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးနေတဲ့ ၊ ကျင့်သုံးဆဲဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံဆိုလည်းမမှားပါဘူး .......။

ချမ်းမြေ့ဆိုလိုချင်တာက အရွယ်ရောက်ပြီးတဲ့ ညီငယ် ၊ ညီမငယ်တွေ ဟာ ကိုယ့်ဘ၀လက်တွဲဖော်ကိုရွေးချယ် ရှာဖွေ
လာတာ ဓမ္မတာလို့ဆိုလည်းရပါတယ် ။ တစ်ယောက်မကောင်းလို့တစ်ယောက်ပြောင်းချစ်တာလည်း မဆန်းပါဘူး ။
ဒီခေတ်ရော ဟိုး........ချမ်းမြေ့တို့ဘိုးဘွားဘီဘင်ခေတ်ကရော ရွေးချယ်လာကြတာဘဲလေ ။

မြန်မာမိန်းမလေးနဲ့ယောက်ျားလေးမှာဆိုရင် ပိုအရေးကြီးတာက မြန်မာမိန်းကလေးတွေပါဘဲ ။ ဟိုးအစဉ်အဆက်ကတည်းကမိန်းကလေးတွေဟာ အိမ်ထောင်မကျခင်မှာ သူတို့ရဲ့ အပျိုစင် တန်ဖိုး မပျက်စီးအောင်
ဂရုစိုက်ပြီး ထိန်းသိမ်းကြတယ်။တန်ဖိုးထားကြတယ် ။ အဲဒီအချက်က မြန်မာတင်မက ကမ္ဘာမှာပါ မြန်မာမိန်းကလေး တွေရဲ့ ကိုယ့်ကျင့်တရားနဲ့ တန်ဖိုးကိုအသိအမှတ်ပြုတာခံခဲ့ရတယ်လေ ။ ချမ်းမြေ့တို့ မေမေတို့ခေတ်တွေ ၊ မမတို့ ခေတ်တွေမှာ မိန်းကလေးတစ်ယောက်ကကိုယ့်ရည်းစားထားတာတောင် သုံးနှစ်သုံးမိုး လေ့လာပြီးမှ အဖြေပေးပြီး လက်ခံခဲ့ရတာ။ စကားပြောရင်လည်း လူကြီးကြောက်ရ သူများမသိအောင်ခိုးတွေ့ရနဲ့ သည်းထိပ်ရင်ဖို ဘဲလို့မေမေက ခဏခဏ ပြောတာ ကြားခဲ့ဖူးတယ် ။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ တိုးတက်လာတဲ့ခေတ်ထဲမှာ ကိုယ်ကျင့်တရားတွေ ၊ တန်ဖိုးတွေ ၊ထိုးကျကုန်တာကို ချမ်းမြေိ့စိတ်မကောင်းစွာတွေ့နေရတယ်။ အွန်လိုင်းမှာစကားပြော ၊ အပြင်မှာတွေ့ ၊ နောက်နေ့ချစ်သူဖြစ် ဆိုသလို ဖြစ်နေကြတယ်။အမှန်အကန်ချစ်သူဖြစ်ပြီး ညားသွားတဲ့သူတွေရှိသလို ၊ အကြံအဖန်နဲ့တွေ့ပြီး အပျိုရည်ပျက်ခဲ့တဲ့ သူတွေလည်း တွေ့ခဲ့ ရတယ်လေ ။ ဒါတွေက အင်တာနက်ကနေချစ်သူဖြစ်ကြတဲ့သူတွေရော ၊ အပြင်ဘက်မှာရင်းနှီး
မှုကနေပြီး ချစ်သူဖြစ်သွားတဲ့သူတွေလည်းပါတယ်လေ။

ချမ်းမြေ့ပြောချင်တာက ဘယ်မှာတွေ့တွေ့ ၊ ဘယ်လိုဘဲ ချစ်မိချစ်မိ ၊ မြန်မာမိန်းမကလေးတွေ ရော ၊မြန်မာယောက်ျား
လေးတွေ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကြစေချင်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ခေတ်တင်တိုးတက်တာမဟုတ်ဘူး
ရောဂါဆန်းတွေလည်း တိုးတက်နေကြတယ်လေ။ အမှတ်မထင် တဒင်္ဂသာယာမှုနောက်ကနေပြီး မဆုံးတော့တဲ့အမိုက်
မှောင်ထဲကို တိုးဝင်မိကြမှာစိုးလို့ သတိပေးတာပါ။

ချစ်သူများနေ့မှာဆိုရင်လည်း အမှန်တစ်ကယ် ချစ်သူချင်း တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်တဲ့လက်ဆောင်လေးတွေ
ပေးကြ ၊ ချစ်စကားတွေ တွတ်ထိုးကြနဲ့ ဆိုရင် ဘယ်လောက်ကြည်နူးဘို့ကောင်းမလဲ ၊ ဒါပေမယ့် ခုခေတ်မှာ ဒီတင်မရပ်တော့ဘဲနဲ့ အဲဒီနေ့မှာကောင်လေးအချို့ကကောင်မလေးအချို့ကို ဘယ်တော့မှမမေ့အောင် တန်ဘိုးထားတဲ့ လူပျို ၊ အပျိုဘ၀တွေ ပေးဆပ်ဘို့ စကားတွေဆိုကြတယ် ၊ ကောင်မလေးတွေကလည်းလိုက်လျောတယ် ၊ မယုံမရှိနဲ့
.........မြို့ရဲ့တည်းခိုခန်းတော်တော်များများမှာဆို အဲဒီနေ့တွေ့မှာ အခန်းလွတ်မရှိဘူးလို့တောင် ချမ်းမြေ့သူငယ်ချင်း
ဟိုတယ်က ၀န်ထမ်းတစ်ယောက်ကပြောဘူးတယ်လေ။ ဒါတွေက ယာယီတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ ၊
လိုက်လျောတယ်ဆိုပေမယ့် အဲဒိလိုဖြစ်သွားကြတဲ့ အတွဲတွေထဲမှာ အမှန်တစ်ကယ်ပေါင်းဖက်နိုင်ကြတဲ့အတွဲတွေက
လက်ချိုးရေလို့တောင် ရတယ်လေ။ နောက်ပိုင်းဖြစ်လာတဲ့ပြသနာအများအပြားကိုရင်ဆိုင်ရတာက ကာယကံရှင်တွေပေါ့။

အဆိုးဝါးဆုံးက မိန်းမလေးတွေလေ ။ သူတို့ပေးအပ်လိုက်တဲ့သူက သူတို့ကိုလက်မခံတဲ့အချိန်ကျတော့ နောင်တရလည်း
ပြန်ပြီးနဂိုအနေကိုပြန်မရောက်တော့ဘူးလေ။ စဉ်းစားစေချင်ပါတယ် ။ ယောကျာ်းလေးတွေကလည်း သူတို့ဘယ်လောက်
ဘဲ ရှုပ်ခဲ့ရှုပ်ခဲ့ သူတို့လက်ထပ်မဲ့သူတို့သမီးလောင်းကိုကျတော့ အပြစ်ကင်းစေချင်တဲ့သူတွေကများတယ်လေ။ နောက်ပြီး
ကမ္ဘာမှနာမည်ရခဲ့တဲ့ မြန်မာမိန်းကလေးတွေရဲ့ကိုယ်ကျင့်တရားနဲ့ သိက္ခာတန်ဖိုးကို ပျိုမေ တို့အလှည့်ရောက်မှ ငါတို့တိုင်းပြည်နဲ့ ဘာမှမထူးပါဘူးကွာ ၊ မြန်မာမိန်းမကလေးတွေလည်း ဆယ်ယောက်တစ်ယောက် အပျိုစစ်ရဘို့ခဲယဉ်းပါ
တယ်လို့ ပြောတာခံ၇ဘို့ နီးစပ်နေပါပြီ ။

အ၀တ်အစားနဲ့ကြည့်ကြည့် နေတာထိုင်တာနဲ့ကြည့်ကြည့် တစ်ချိန်က မြန်မာဟာအမျိုးသမီးကို ဂုဏ်ပြုတဲ့ အမိ နိုင်ငံတော်လို့တင်စားခံခဲ့ရပါတယ် ။ ပုခတ်လွဲတဲ့လက်တွေ ကမ္ဘာကိုကိုင်လှုပ်မယ်ဆိုတဲ့စကားတွေကလည်း အလကား မဟုတ်ပါဘူး ။မြန်မာမိန်းကလေးတွေရဲ့ ကိုယ်ကျင့်တရားနဲ့သိက္ခာကိုစန်းတင်ပြီးပြောခဲ့တာပါ။ အနေအထိုင် ၊ အပြော အဆို ၊ယဉ်ကျေးမှုကအစ ထင်ရှားခဲ့တဲ့မြန်မာဟာ ယနေ့ခေတ်ရောက်မှကိုယ်တွေခေတ်ရောက်မှ သူများလက်ညှိုး ထိုး ခံရမယ့်အဖြစ်ကိုမရောက်စေချင်ဘူးလေ။ မြန်မာမိန်းကလေးတွေ တိုးတက်ကြစေချင်ပါတယ်။ ခေတ်မီကြစေချင်ပါတယ် ။ ကမ္ဘာတစ်ဝန်းက လူတွေနဲ့ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်စေချင်ပါတယ် ။ ဒါပေမယ့် ဒါတွေကသိက္ခာရှိရှိနဲ့ ကိုယ့်ကိုယ် ကိုယ်တန်ဖိုးထားပြီး ယှဉ်ပြိုင်စေချင်တာပါ။ နိုင်ငံတစ်ကာယဉ်ကျေးမှုအတုခိုးပြီး ပေါင်အထက်နဲ့ ရင်တစ်ဝက် ၀တ်စား
ခြင်းနဲ့ living together စနစ်ကခေတ်မီတာမဟုတ်ဘူး၊ ထင်ပေါ်အုန်းတော့ စင်တော်ကကောက်မှာ မဟုတ်ဘူးဆိုတာကိုတော့ ပျိုမေတို့ သတိချပ်ဘို့အချိန်ကိုရောက်နေပြီ တင်ပါတယ်နော် ။

ချမ်းမြေ့ရေးတဲ့စာနဲ့ပတ်သက်ပြီး ပြောချင်တာများရှိရင် ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ် ။ စိတ်ထဲ၌ဖြစ်ပေါ်သော
ခံစားချက်များကိုရေးသားခြင်းဖြစ်၍ တစ်စုံတစ်ခုသောအကြောင်းအရာနှင့် ပတ်သက်ဆက်နွယ်မှုမရှိပါ ။ အကယ်၍
ဤစာနှင့်ပတ်သက်ပြီး မကျေနပ်တာများရှိရင်လည်း ချမ်းမြေ့ကြောင့်သာဖြစ်ပါသည် ။

ကျေးဇူးတင်ပါတယ်နော်။

Forward Mail ကရတာပါခင်ဗျာ


ဗုဒ္ဓဘာသာ (၅)မျိုးထဲက သင်ဘယ်လို ဗုဒ္ဓဘာသာလဲ???။

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီးဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်းမသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟုဟောတော်မူခဲ့ပါတယ်

အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရားဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်နေတဲ့မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်ရမှန်း

လည်းမသိ။တရားတော်ကိုဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချတာဘာရည်ရွယ်ချက်နဲ့ဦးချမှန်းမသိ။
ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘဗုဒ္ဓဘာသာဆိုတာလာဘ်လာဘလိုလို့ကိုးကွယ်တဲ့ဗုဒ္ဓဘာာသာကိုဆိုလိုတာပါ။ဒီဘဝစီးပွားရေးလေး

တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့လာဘ်လာဘ ပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့စီးပွားရေးတက်တယ်ဆိုပြီးရွေးကိုးကွယ်တာလာဘဗုဒ္ဓဘာသာပါ။
ဘုရားကိုးကွယ်မှလာဘ်ပေါများမယ်ဆိုရင်ဘုရားမကိုးကွယ်တဲ့ခရစ်ယာန်တွေဘာလို့လာဘ်ရွှင်နေလဲ။အဓိက
စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။
အိမ်ခြံဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှရက်ရာဇာပြဿဒါးရွေးနေတာတွေ။ဘုရား

ကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော်၊မနှဲလေးအစရှိတဲ့နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့
ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယဗုဒ္ဓဘာသာဆိုတာဘေးကိုကြောက်လို့ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ဘေးရှင်းဖို့၊အသက

်ရှည်ဖို့၊ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင်ဘုရားမကိုးကွယ်တဲ့ခရစ်ယာန်အစလာမ်တွေအသက်ရာကျော်ရှည်နေကြ
တာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။
ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေလုပ်နေရတာလည်းဘာအတွက်သာသနာကိုချီးမြှောက်နေတာလည်းဘာအတွက်ကျောင်းဆောက်နေ

တာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိကဗုဒ္ဓဘာသာဆိုတာသဒ္ဒါတရားကိုအရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ဘုရား၊တရား၊

သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကိုခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့မေတ္တာဂရုဏာတော်အပြည့်နဲ့သစ္စာလေးချက်အနက်ကိုဟောကြားတော်မူခဲ့ပါ

တယ်။ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာအို၊သေ၊နာလွတ်ရာပါ။အသေလွတ်ရာပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ဆိုတဲ့ယုံကြည်ချက်ဟာမှန်ကန်သောယုံကြည်ချက်တရားတော်ကိုဘာကြောင့်ကိုးကွယ်ရသလဲ

။မြတ်စွာဘုရားဟောတော်မူခဲ့သောတရားတော်ကိုကြိုစားအားထုတ်လိုက်လို့တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထိုအသေလွတ်ရာပို့ဆောင်တာတရားကပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေမကွယ်မပျောက်သေးတာဘယ်သူ့ကျေးဇူးပါလဲဆိုရင်သံဃာတွေရဲ့ကျေဇူးပါ။ဘုရားရှင်ဟော

တော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံကိုသံဃာတော်တွေကရှောက်ထားတာပါ။သံဃာတော်ကိုယုံကြည်မှု။ဒါတွေက
ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီးကိုးကွယ်ယုံကြည်နေတာမိစ္ဆာသဒ္ဒါ။

လာဘ်လာဘပေါတယ်ဆိုတဲ့လာဘဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီးဘယဗုဒ္ဓဘာသာ
တွေရဲ့ ယုံကြည်ချက်၊ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကိုပြတတ်လို့၊အသေလွတ်ရာပို့ဆောင်နိုင်လို့၊အသေလွတ်ရာတရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့
အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကိုပညာဓိကဟုခေါ်သည်။ပညာဓိကဗုဒ္ဓဘာသာဟာတရားတော်ကို ယုံကြည်တယ်။
တရားတော်ကိုဘယ်လိုယုံကြည်တာလည်းဆိုတော့ရမ်းယုံကြည်တာမဟုတ်ဘဲခန္တာအသိနဲ့အသေအချာသိပြီး ယုံတယ်။ထိုသိုသိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ဘုရားကမင်းတို့ခန္တာထဲမှာဖြစ်တာနဲ့ပျက်တာပဲရှိတာလို့ဟောခဲ့

ပါတယ်။ဒါကိုကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဒါ၊ဖြစ်ပျက်မြင်တာကပညာ။ထိုကြောင့်သဒ္ဒါနဲ့ပညာသွားပြီးတွဲနေပါတယ်။
သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရားမှန်မှန်ကန်ကန်နဲ့သာကြိုးစားမယ်ဆိုရင်အပါယ်လေးပါးမှလွတ်မြောက်နိုင်၏။တို့မှာအပါယ်မျိုးစေ

့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကိုဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက
နှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်(နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified,
prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကိုအသုံးချနေကြပါတယ်။သဒ္ဓါနဲပြီးပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။

အရှင် ဝရသာမိ

"တရားဆိုတာဘယ်မှာရှာ"

တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲမှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။

ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရတာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီးကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့ ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာတဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။ မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။ ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာလား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထားကြည့် ၀ီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။ ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ ပညာနဲ့ ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိတော့ဘူးဆိုတာ ချက်ချင်း သိလိုက်ပါ။ မြင်စိတ်ပေါ်ရင် အဲဒီမြင်စိတ်ကလေးကို သတိ ပညာနဲ့ ချက်ချင်းလိုက်ပေးလိုက်။ လိုက်လိုက်တဲ့အခါမှာ မြင်စိတ်ကလေးက မရှိတော့ဘူး။ ပေါ်လာတာကိုလဲ တွေ့၊ မရှိတော့တာကိုလဲ တွေ့လိုက်တယ်ဆိုရင် မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်ရတဲ့တရားလေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင်တာလားဆိုရင် ငါမြင်တာမဟုတ်ဘူး၊ မြင်စိတ်ကလေးကမြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာပါပဲ။ ဒီတော့ မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်လို့ မှတ်လိုက်တာပေါ့။ ရှုတာက ၀ိပဿနာမဂ်ဖြစ်သွားတယ်။ ဒါဟာ တရားပါပဲ။ ပေါ်လာတဲ့တရား မြင်စိတ်ကလေးကို စောင့်မကြည့်ဘူးဆိုရင်ဖြင့် မြင်တာနဲ့ လိုချင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံတွေ လိုက်လာမယ်။ ဒီတရားသုံးခုဟာ ပစ္စုပ္ပန်အကျိုးတရားတွေပါပဲ။ ပစ္စုပ္ပန်ခန္ဓာကို ပေါ်ဆဲမရှုမိလိုက်လို့ ဆက်လာတဲ့ အကျိုးဆက်တွေပေါ့။ တစ်နည်းအားဖြင့် အနာဂတ်ခန္ဓာဖြစ်ခြင်းရဲ့ အကြောင်းတွေလဲ ဖြစ်လို့ အနာဂတ်အကြောင်းတရားသုံးပါးလို့လဲ ခေါ်ပါတယ်။ အနာဂတ်အကြောင်းပေါ်ရင် အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ တရားသုံးခုကလဲ မလာပါနဲ့လို့ တားလို့မရပါဘူး။ မြင်စိတ်ပေါ်ရင် ပေါ်ဆဲအခိုက်လေး စောင့်ကြည့်လိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မလာတော့ဘဲ ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတဲ့အတွက် သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏဆိုတဲ့ အနာဂတ်အကျိုးသုံးခု မလာတော့ဘဲချုပ်သွားတယ်။ ဒါဟာ စောင့်ပြီး ရှုလိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဇာတိ ဇရာမရဏဆိုတာ ဒုက္ခသစ္စာသာဖြစ်တယ်။ ဒီဒုက္ခသစ္စာလာမှာစိုးလို့ မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပေးရပါတယ်။ အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့ မြင်စိတ်ကလေးဟာ အခုပေါ် အခုပျက်။ ငါမြင်တာလဲ မဟုတ် သူမြင်တာလဲ မဟုတ်၊ မြင်စိတ်ကလေးက မြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာ တွေ့လိုက်ပါလိမ့်မယ်။ ဒီတော့ ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလဲ မထင်နဲ့၊ သူလဲ မထင်နဲ့၊ အနိစ္စသာထင်အောင်လုပ်လိုက်ပါ။ အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ပေးလိုက်တာပါပဲ။ ဒါဖြင့် မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ မရှုရင် တဏှာဥပါဒါန် ကံတွေလာမယ်။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏတွေ ရမယ်။

အသံတစ်ခုခု ကြားလိုက်တော့ ကြားစိတ်ကလေးပေါ်မယ်။ ပေါ်တဲ့ ကြားစိတ်ကလေးကိုလဲ စောင့်ကြည့်လိုက်ပါ၊ အခုပေါ် အခုပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ မရှုလို့ရှိရင် ငါကြားတယ်၊ ငါမြင်တယ်ဆိုပြီး စိတ်မှာ ဒိဋ္ဌိကပ်လာတယ်။ ရှုလိုက်တာနဲ့ ငါကြားတာမဟုတ်၊ ကြားစိတ်က ကြားပြီး ကြားစိတ်ကလေး ပျက်သွားတာပဲဆိုတာ သိလိုက်တော့ ကြားစိတ်အပေါ်မှာ ငါစွဲဒိဋ္ဌိပြုတ်သွားတယ်။ ဒါကြောင့် ပေါ်သမျှစိတ်ကို လိုက်ပြီး စောင့်ကြည့်နေတာသည် ဒိဋ္ဌိသတ်နေတာပဲလို့လဲ နားလည်ထားလိုက်ပါ။ ဒါကြောင့် နှာခေါင်းထဲ နံစိတ်ကလေးပေါ်လာရင်လဲ ပေါ်ဆဲနံစိတ်ကလေးကို စောင့်ကြည့်လိုက်ပါ။ ငါနံတာမဟုတ်၊ နံစိတ်က နံတာ၊ နံစိတ်ကလေးပဲ ပျက်သွားတာလို့ ရှုနေတော့ သိလာတယ်။ စားစိတ်လေးပေါ်လာတော့လဲ အရင်ကပေါ်တာမဟုတ် အခုမှပေါ်လာတာပဲလို့ သိလိုက်ပါ။ သိတဲ့အတိုင်း ဉာဏ်လိုက်လိုက်တဲ့အခါ စားစိတ်ကလေးကလဲ ဖြစ်ပြီး ပျက်ပြသွားပါလိမ့်မယ်။ အနိစ္စသဘောကို သူပြောသွားပါလိမ့်မယ်။ စားစိတ်ကလေးက စားပြီး စားစိတ်ကလေးပဲ ပျက်သွားတာကို ရှင်းရှင်းမြင်အောင် ကြည့်လိုက်ပါ။ ငါစားတယ်လို့ ထင်နေရင်တော့ ဒိဋ္ဌိကပ်နေမှာပါပဲ။ ရှုနေတဲ့အခါ ငါစားတာမဟုတ်ပါလားဆိုတာ သိနေတော့ ဒိဋ္ဌိအလိုလို သေနေတယ်။ ယားတဲ့ နာတဲ့စိတ်လေးတွေ ပေါ်လာရင်လဲ အရင်ကပေါ်နေတဲ့စိတ်မဟုတ်၊ အခုမှ ပေါ်လာတဲ့စိတ်ကလေးဖြစ်တယ်၊ ငါယားနေတာမဟုတ် ယားစိတ်ကလေးက ယားနေတာ၊ ယားစိတ်ကလေးပဲ ပျက်သွားတာဆိုတာ စောင့်ကြည့်နေရင် သိတယ်၊ သိနေရင် ဒိဋ္ဌိပြုတ်နေတယ်။ အခု ပေါ်သမျှစိတ်တွေလိုက်ကြည့်လိုက်တော့ မြဲတဲ့စိတ် တစ်လုံးမှ မတွေ့ရပါဘူး။ ဖြစ်ပြီးပျက်၊ ပေါ်ပြီး ပျောက်သွားကြတဲ့စိတ်တွေချည်းပဲ တွေ့ရတယ်။ ဒီတော့ ပေါ်သမျှစိတ်တွေဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာသာဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ ချမ်းသာတဲ့စိတ်ကလေးပေါ်လဲ စောင့်သာကြည့်လိုက်၊ ဒီစိတ်ကလေးဟာ အခုမှပေါ်လာပြီး အခုပဲ ပျက်သွားတာတွေ့ရမယ်။ ဥပမာ- လေလေးတိုက်လာလို့ အေးချမ်းတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒီစိတ်ကလေးဟာ အရင်က ရှိနှင့်နေတဲ့စိတ်မဟုတ်ပါဘူး။ အခုမှ လေနဲ့ ကိုယ်နဲ့တွေ့ထိလို့ ပေါ်လာတဲ့စိတ်ကလေး။ ဒီစိတ်ကလေးကလဲ ကြည့်လိုက်တော့ မရှိတော့ဘဲ ပျက်သွားတာပဲ။ မြဲတည်နေတာမဟုတ်ပါဘူး။ ငါအေးနေတာလဲ မဟုတ်၊ သူအေးနေတာလဲ မဟုတ်၊ အေးစိတ်ကလေး ချမ်းသာစိတ်ကလေး ကောင်းစိတ်ကလေးက အေးနေတာပဲဆိုတာ သိလာမယ်။ ဒီစိတ်ကလေးပဲ ပျက်သွားတယ်ဆိုတာ မြင်လာမယ်။ ဒီလိုမြင်နေတဲ့အခိုက် ဒိဋ္ဌိမကပ်နိုင်တော့ဘူး။ ဒီစိတ်အပေါ်မှာ သာယာတဲ့ တဏှာ ဥပါဒါန် ကံတွေလဲ မလိုက်တော့ဘူး။ အနာဂတ်အကြောင်း သုံးပါး ပြတ်တယ်။ အကြောင်းပြတ်ရင် အကျိုးတရားတွေဖြစ်တဲ့ ဇာတိ ဇရာမရဏဆိုတဲ့ နောင်ခန္ဓာလဲ ပြတ်တယ်။

လောဘစိတ်ကလေးပေါ်လာရင်လဲ သတိထားပြီး စိုက်ကြည့်လိုက်တော့ လောဘဟာ လောဘအတိုင်း ဖြစ်ပြီး ပျက်သွားတယ်။ ဥပါဒါန် ကံဘက် မကူးနိုင်တော့ဘူး။ ဒါကြောင့် လောဘစိတ်လာလဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဒေါသစိတ်လေး ပေါ်လာလဲ ဖြစ်ပျက် ရှုပေးလိုက်တော့ ဒေါသက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ စိတ်ထဲမှာ သံသယစိတ် ၀ိစိကိစ္ဆာလာရင်လဲ ဖြစ်ပျက်ရှု။ ပျံ့လွင့်တဲ့စိတ်လာရင်လဲ အနိစ္စပဲလို့ မြင်အောင် စောင့်ကြည့်။ မလိုချင်တဲ့ အလောဘစိတ်ကလေး လာရင်လဲ ဖြစ်ပျက်ရှုပေးပါ။ မေတ္တာပို့လိုတဲ့ အဒေါသစိတ်ကလေးပေါ်လာရင်လဲ ဖြစ်ပျက်သာ ရှုပေးပါ။ ခြုံပြောလိုက်မယ်။ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဘယ်စိတ်မှ ရှုစရာမထင်ရှားဘူးဆိုရင် သက်စောင့်စိတ်ကလေးကိုပဲ ဖြစ်ပျက်ရှုပေးပါ။ သက်စောင့်စိတ်ဆိုတာ အိမ်သည်စိတ်လို့လဲ ခေါ်တယ်။ လေကို အပြင်ထုတ်တဲ့စိတ် လေကို အတွင်း ရှူသွင်းတဲ့စိတ်ပါပဲ။ ထွက်စိတ် ၀င်စိတ်လို့ အလွယ်မှတ်လိုက်ပေါ့။ လေကိုထွက်အောင်လုပ်တဲ့စိတ်ကလေးနဲ့ လေကို အတွင်းဝင်အောင်လုပ်တဲ့စိတ်ကလေးကို မှန်းပြီး ဖြစ်ပျက်ရှုပေးနေလိုက်ပါ။ ပေါ်ရာစိတ်ကို အကုန်သာ လိုက်ရှုနေလိုက်ရင် စိတ်ကို ရှုနည်း ပိုင်သွားတာပါပဲ။ ဒီလို ပေါ်သမျှ စိတ်ကို ရှုနေတာကို စိတ္တာနုပဿနာလို့ခေါ်ပါတယ်။ ဒီလို စိတ်ကို ရှုတော့ ပေါ်သမျှစိတ်က မတည်မြဲဘဲ ပျက်ပျက်ပြသွားတာ တွေ့နေရလို့ စိတ်ဟာ အနိစ္စပဲဆိုတာ ဆုံးဖြတ်ချက် ချလာနိုင်မယ်။ ငါ့စိတ်လို့ အထင်လဲ ပျောက်တော့ အတ္တဒိဋ္ဌိတွေ၊ နိစ္စဒိဋ္ဌိတွေ ကွာသွားလို့ ဒိဋ္ဌိအမြန်ကွာချင်တယ်ဆိုရင် ပေါ်သမျှစိတ်ကိုသာ လိုက်ပြီး ကြည့်ပေးနေပါ။ ကိုယ့်ခန္ဓာမှာ ပေါ်တဲ့စိတ်တိုင်းဟာ ပေါ်ပြီး ပျက်ပျက်ပြသွားပါလိမ့်မယ်။ ပေါ်ပြီးပျက်ရတယ်ဆိုတာ မမြဲလို့ ပျက်ရတာပဲဆိုတဲ့အသိဉာဏ် လိုက်လာပါလိမ့်မယ်။ မမြဲတဲ့စိတ်ပေါ်ပြီး မမြဲတဲ့စိတ်ကလေးပဲ ပျက်သွားတာကို သိလိုက်ပါလိမ့်မယ်။ မမြဲတဲ့အနိစ္စသဘောမှန်ကို သိနေခိုက်မှာ မြဲတယ်ထင်နေတဲ့ နိစ္စဒိဋ္ဌိ၊ ငါ့စိတ်လို့ထင်နေတဲ့ အတ္တဒိဋ္ဌိတွေ ကွာကွာသွားပါလိမ့်မယ်။ ဒါဟာ ခန္ဓာကိုယ်ကို စောင့်ကြည့်လို့ ပေါ်လာတဲ့တရားပါပဲ။ ခန္ဓာထဲမှာ ရှိနေတဲ့တရားကို ဉာဏ်နဲ့ကြည့်လို့ တွေ့လိုက်ရတဲ့ တရားပါပဲ။ မရှုရင် ပေါ်တဲ့စိတ်နောက်က တဏှာ ဥပါဒါန်ကံတွေလိုက်မယ်။ အနာဂတ်အကြောင်း နောင်ခန္ဓာရကြောင်းတရားတွေ လာမယ်။ ဒါဆို နောင်ခန္ဓာဒုက္ခသစ္စာအကျိုးတရားကိုလဲ မလိုချင်လို့ မရတော့ပါဘူး။ ပေါ်သမျှစိတ်ကို ပေါ်ဆဲအခိုက်မှာ မလွတ်တမ်းရှုပေးနိုင်မယ်ဆိုရင်တော့ အနာဂတ်အကြောင်းတွေလဲ ပြတ်၊ အနာဂတ်ခန္ဓာတွေလဲ မလာနိုင်တော့အောင် နောင်ခန္ဓာတွေကို ရှုတဲ့ဉာဏ်က ဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ၀ိပဿနာရှုနေတာသည် နောင်ခန္ဓာအစဉ်ကို ဖြတ်နေတာပါပဲ။ နောင်ခန္ဓာသည် ဒုက္ခသစ္စာမို့ အကျိုးဒုက္ခသစ္စာကို ဖြတ်ပေးနေတာဟာ ၀ိပဿနာပါပဲ။

ဒေါက်တာအရှင်ပါရမီ


Thursday, January 26, 2012

ညီညွတ်ခြင်းနှင်းဆီ အငြိမ့် စင်ကာပူတွင် ကျင်းပမည်။

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)စီစဉ်သည့် 'ညီညွတ်ခြင်း နှင်းဆီ'ဖျော်ဖြေပွဲအား စင်ကာပူနိုင်ငံ တွင် ဧပြီလ ၁ ရက်နေ့၌ Kallang Theater (Stadium MRT)၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်များကို ပင်နစူလာပလာဇာတွင် စတင်ရောင်း ချလျက်ရှိသည်ဟု သတင်းရရှိသည်။

''ဦးမျိုးတို့နိုင်ငံရဲ့ ကောင်းသောပြောင်းလဲခြင်းတွေက စပြီးမြင်တွေ့နေရပါပြီ။ ကောင်းသောပြောင်းလဲခြင်းတွေကို အားလုံးဝိုင်းဝန်းဖော်ဆောင်ဖို့ လိုပါတယ်။ အားလုံးညီညွတ်ဖို့ လိုပါတယ်။ ဒါကြောင့် နှင်းဆီအဖွဲ့ အနေနဲ့ ညီညွတ်ခြင်းနှင်းဆီအဖြစ် ပြန်လည်ကပြပါမယ်။ ဒီပွဲက ၂၀၁၂ ခုနှစ်အတွက် ပထမဆုံး ပြည်ပဖျော်ဖြေပွဲလည်း ဖြစ်ပါလိမ့်မယ်။ ဦးမျိုးတို့ တခြားနိုင်ငံတွေကလည်း ကပြပေးဖို့ ကမ်းလှမ်းထားတာတွေ ရှိပါတယ်''ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။ 'ညီညွတ်ခြင်းနှင်းဆီ' ဖျော်ဖြေပွဲတွင် လူရွှင်တော်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ထွန်းထွန်း၊ ရဲလေး၊ မင်းသမီး ဖူးစုံ၊ မေကဗျာ၊ မိုးယုစံ၊ မင်းသား တင်မောင်ဆန်းမင်းဝင်းတို့က ပါဝင်ကပြသွားမည်ဖြစ်ပြီး ဧည့်သည်အဆိုတော်အဖြစ် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ ခင်ညွန့်ရည်တို့ ပါဝင်ဖျော်ဖြေမည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲအား ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် စတင်ပြုလုပ်သွားမည်ဟု သိရှိရသည်။

Posted by, Eleven News

ကချင်ပြည်နယ်အတွင်းနေရပ်မှ တိမ်းရှောင်စွန့် ခွာရသူများထဲတွင် အမျိုးသမီးများနှင့်ကလေးငယ်များ ၆၀%နှုန်းရှိနေ။

4438
ကချင်ပြည်နယ်အတွင်း နေရပ်မှ စွန့်ခွာသူ အမျိုးသမီးများအား ကယ်ဆယ်ရေးစခန်း တစ်ခုတွင် ၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းက တွေ့ရစဉ်

ကချင်ပြည်နယ် အတွင်း နေရပ် မှ တိမ်းရှောင်စွန့်ခွာရသူ အရေအတွက်သည် ယခုအခါတွင် လူဦးရေ ၇၀၀၀၀ ကျော်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များသည် လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းစီ ရှိနေကြောင်း လူမှုရေး လုပ်ကိုင်သူများထံမှ သတင်း ရရှိပါသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ခဲ့ပြီး ဒေသခံ တိုင်းရင်းသားများသည် ဇွန်၊ ဇူလိုင်လများ အတွင်းမှ စတင်စွန့်ခွာမှုများ ရှိလာကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်မူ ပြောင်းရွှေ့သူ အရေအတွက် တိုးတက်လာခဲ့သည် ဟု သိရှိရပါသည်။

နေရပ်မှ တိမ်းရှောင်ရသူများ တွင် အမျိုးသမီးများသည် လူဦးရေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး ကလေး၊ လူကြီးအရေအတွက်တွင် ကလေးမှာ ၆၀ ရာခိုင်နှုန်း ဖြစ်သည် ဟု သိရှိရသည်။

“ပြောင်းရွှေ့ကြတော့ စပါးတွေလည်း မရိတ်နိုင်ဘူးပေါ့။ ကလေးတွေလည်း ကျောင်းမတက်နိုင်တော့ဘူး။ အိမ်ရှိလူကုန်တောင် ပါအောင် ခေါ်နိုင်ဖို့ခက်တယ်။ ရရာယာဉ်လေး တွေနဲ့ ပြေးကြတယ်။ ကလေးတွေလည်း မိဘမပါဘဲ အိမ်နီးနားချင်း ကခေါ်လို့ ရောက်လာတာတွေလည်း ရှိတယ်။ စခန်းတွေမှာ လူက တဖြည်းဖြည်း တိုးလာတယ်။ စခန်းအသစ်တွေ လည်း ပေါ်လာတယ်”ဟု တောတွင်းစခန်းများတွင် လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ကချင်တိုင်းရင်းသား တစ်ဦးက ဆိုသည်။

မိုးမောက်၊ ဗန်းမော်၊ မန်စီမြို့ နယ်များတွင် သက်ရောက်မှုများရှိ ခဲ့ကာ ဒေသခံများပြောင်းရွှေ့စွန့်ခွာမှုကြောင့် မြို့ပေါ်ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိက အဆောက်အအုံများတွင် ဖွင့်လှစ် သော ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်းကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိ ခိုလှုံသူများလည်း ရှိလာခဲ့သည်။

စခန်းအလိုက်ရရှိသော အချက်အလက်များအရ လူဦးရေသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၅၀၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်လက်ရှိ ကာလတွင်မူ ဦးရေ ၇၀၀၀၀ကျော်သို့ ရောက်ရှိလာသည်ဟု သိရှိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်တွင်း ဒုက္ခသည်များကို လူသား ချင်းစာနာသော ထောက်ပံ့မှုများ ရနိုင်ရန်၊ စိတ်ဓာတ်ရှင်သန်လာရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရန်၊ အခြေခံ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရန်၊ ကလေးငယ်များ၏ ပညာရေးအတွက် စီစဉ်ပေးရန် လိုအပ်နေသည် ဟုသိရသည်။

Eleven ဂျာနယ်သတင်း

Wednesday, January 25, 2012

ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့် ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရား အလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။

ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့် ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရား အလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။


(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ဆရာတော်အရှင်အရိယဓမ္မ။ ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့ အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းက အမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။
(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)

ဆရာတော်။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး ပျောက်ကွယ်သွားပါ သလဲ ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ (၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်။
ဆရာတော်။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။
ဝစ်လဆင်။ ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။
ဝစ်လဆင်။ ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူတကွ နေထိုင်လျက် ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။
ဝစ်လဆင်။ သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာ ဝင်ရောက်ကူညီဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။
ဝစ်လဆင်။ ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်းတံခါး မပွင့် သေးလို့ပါ ဆရာတော်
ဆရာတော်။ ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။
ဝစ်လဆင်။ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။
ဆရာတော်။ ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်ပါ့ မလား။
ဝစ်လဆင်။ ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။
ဝစ်လဆင်။ နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။
ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။
ဆရာတော်။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။
ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" (The untold teachings of the Christ by Prof. Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။
"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -
"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။
တဖန် ကျွန်ုပ်က -
"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။
ထိုအခါ ရေဟူဒီဆရာတော်များက -
"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။
ထိုနောက်တဖန် -
"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -
"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။
ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။
ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။
ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -
"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ် ယေဟိုးဝါ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏"
ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွန်ုပ်သည် အလွန်ဝမ်းသာအားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။
ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင်လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွန်ုပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန်လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည်သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။
ဤတွင် ကျွန်ုပ်က -
"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရားကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"
ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွန်ုပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။
ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ထားကြသော ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာထေရ် ထံသို့ရောက်ခဲ့၏။ ကျွန်ုပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီးသွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။
ဆရာတော်မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်သည် တိဘက်ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွန်ုပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"
"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။
သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။
ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည်ကိုးစားတော်မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။
ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -
"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ ဆရာတော်လိုလားတဲ့အချက်တွေကတော့
(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။
(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။
(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကိုလည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် သူတို့၏မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ အခွင့် လွှတ်ရမည် ဖြစ်၏။
(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။
(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။
(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓါတ်နှင့်ဈာန်အဘိညာဉ်တရားတို့ကိုပွားများပါလေ။ မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။
(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။
ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီးနောက် သင်ဟောပြောသည့်တရားတို့ထဲမှ (၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာပွားများခြင်း၊ (၃) လေးစားခြင်း၊ (၄) ဥပေက္ခာ ပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှခွင့်လွှတ်ခြင်း (၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။
အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေမှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ ရှုံ့ချပုတ်ခတ်ကြ သတဲ့။
ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။
ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။
အဲဒီ ပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ် ဘူး ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီးလက်ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက - "ကျွန်ုပ်ကား ထာဝရဘုရား သခင် ယေဟိုးဝါ၏သားတော်ဖြစ်သည်" ဟူသော စကားကိုပြောကာ ရေဟူဒီလူမျိုးတွေနဲ့ ဣသရေလလူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်သို့လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ် ဖတ် လိုက်တဲ့အတိုင်းပဲ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ်။
"ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကိုတီထွင်သည်။ ကျွန်ုပ်သည် ဘုရား တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။ ကျွန်ုပ်သည် အရေတော်ကို ဖြတ်လှီး၍ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်" ဟူသော ခရစ်တော်ရဲ့ သုံး ခွန်းသော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့် ကောက်ယူခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး။ သဘော မပေါက် ကြသေးဘူး။ ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားမလည်ကြသေးဘူး။
အထက်က ဦးပဉ္ဇင်းဟောပြောခဲ့တဲ့ တကယ့်တိကျဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေသာဓက ပြပါဦးမယ်။ ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနားချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့ သိမြင်နိုင်ပါတယ်။
ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား -
"အကယ်၍ သင်၏မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏အသက် ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံ အပ်သည့် ထာဝရဘုရားသခင်တည်း။ ငါသည်သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏" ဟု အလေးအနက် ဟောပြောတော်မူခဲ့တယ်။
ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ -
"အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏လက်ျာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူ အား သင်၏လက်ဝဲဘက်ပါးကိုပါ ရိုက်ပါစေ။ အစစကိုသည်းခံပါ။ သည်းခံခြင်းသည်သာလျှင်ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏အိမ်နီးချင်းများကို သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အန္တရာယ် မပြုပါနှင့်" လို့ သူ့ရဲ့နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။
ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ဒီတရားနှစ်ခုဟာ တခုနဲ့တခုစပ်လို့ဟပ်လို့မရအောင် ကွာခြားနေတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရဘုရားယေဟိုးဝါရဲ့ ရန်သူဖြစ် ကြောင်းကို အသိဉာဏ်ရှိတဲ့သူတိုင်းအထင်အရှားနားလည်သဘောပေါက်နိုင်ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရ ဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက်ဖျက်ဆီးနိုင်ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့တယ်။ အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ်။
ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်း အကျဉ်းချုပ်သဘော နည်းနည်း ဟောချင်ပါသေးတယ်။ ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာတယ်ဆိုတဲ့ အဖြစ် အပျက် ကလေးကတော့ တော်တော်ကလေး ဦးနှောက်ကောင်းကောင်းနဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ် ဖြစ်တယ်။ ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူကတော့ ပြည့်တန်ဆာလုပ်စားတဲ့ ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီမက်(ဂ)ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသမီး တယောက်ဖြစ်တယ်။
ယေဟိုးဝါ သက္ကရာဇ် (၃၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ ပွန်တီယပ်(စ)ပစ်လေးက "ခရစ်တော်ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံထားသော ပြန်လည်ရှင်လာခြင်း" ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်း ကတော့ -
"ဘက်သလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင် သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမလူမျိုးတို့၏ဥပဒေအရ ၄င်း အား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန်ဘာသာဝင်တို့အား ခရစ်တော်၏အလောင်းကို မည်သူမျှ တူး ဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့်ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့က တူးဖော်ရွှေ့ပြောင်းပစ်ကြ လိမ့်မည်ဟူသော ကောလဟလသတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီး မားသော ကျောက်တုံးကြီးများကို တင်ထားလေ၏။ ၄င်းပြင် ရောမစစ်သည်တော်(၅၀)ကို အစောင့်ချထားလေ၏။ ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ကို ပြနိုင်သူဖြစ်ရကား ရောမလူမျိုးဘုရင်သည် သူတန်ပြန်၍ ရှင်လာမည်ကို စိုးရိမ် လှသဖြင့် အစောင့်စစ်သားများအား အထူးဂရုတစိုက် စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။ ခရစ်တော် အသတ်ခံရပြီး ဒုတိယည၌ မေရီမက်(ဂ်)ဒါလီနာသည် ကချသည်အဝတ်တို့ကို ဝတ်ဆင်ပြီး ဆေးစပ်ထားသည့်အရက်နီကို ဖန်တကောင်း တခုတွင်ထည့်ကာ ခရစ်တော်မြှုပ်ရာ ကျောက်ဂူအနီးသို့ ချဉ်းကပ်လေ၏။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာ သည် ခရစ်တော်အား တကယ်တမ်းကြည်ညိုသူတယောက် ဖြစ်သည့်အကြောင်းကိုလည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့် သူ၏အကြောင်းကိုလည်းကောင်း မသိကြသောကြောင့် သူ့ အား သူတို့ရှေ့တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏။ သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍ သောက်ဟန်ပြုလေ၏။ သဘာဝအလျောက် အရက်ကို တပ်မက်ကြသည့် စစ်သည်တော်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကိုပေးလျှင်အားပါးတရ သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန် ပြင်းထန်သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီသောက်ကြ၏။ မိနစ် အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့်အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ၏။ ရောမစစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏အလောင်း မြှုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ မသိသည့်နေရာသို့ တိတ်တဆိတ်ပြောင်းရွှေ့မြှုပ်နှံလိုက်၏။ နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာသည် နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေးခွ၌ ခရစ်ယာန်ဘာသာဝင်များစွာတို့ကို စုရုံးပြီး "အို ကျွန်ုပ်တို့၏ ယေရှုသခင်အား သက်ဝင် ယုံကြည် ကြသူ အချင်းတို့၊ ကြည့်ကြကုန်လော။ ယေရှုကိုယ်တော်မြတ်၏ ကျက်သရေရှိလှစွာသော ရုပ်သဏ္ဌာန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့" ဟု ဟစ်အော် ကြွေးကြော်ကြလေသည်။
ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်ကြသူတို့က -
"သင်၏ ခရစ်တော်ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား။ သင်တို့သည် လိမ်လည်နေခြင်းသာဖြစ်၏" ဟု ပြန်၍ ပြောကြ၏။
ထိုအခါ မေရီမက်(ဂ်)ဒါလီနာက -
"ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်ယေရှုကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ်လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများကား ခရစ်တော်ကို မြင်ကြရမည်မဟုတ်ချေ။ သင်တို့ အကယ်၍ မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်းများစွာသော လူများအားနှင့်မှ ရွှေ့နိုင်သော ကျောက်တုံးကြီးကို ရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၄င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က မူးမေ့နေ အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း ကြည့်ကြဦးလော့" ဟု ဆိုပြန်၏။
ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွ မြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့အာဏာပိုင်များ၊ ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုးတို့သည် ဆီနိုင်တောင်ထိပ် ပေါ်သို့ တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့် ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၄င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။
ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က ထောင်ထဲသို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်)ဒါလီနာက သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်သွားကြကြောင်း ပြန်ဖြေကြလေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူဒီများနှင့် ဣသရေလလူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက် ကြ၏။
ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်က အသက်သေသွားပြီးဖြစ်တော့ ဒီ တန်ခိုးပြာဋိဟာတွေကလည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့ နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ဘူးပေါ့။
ဝစ်လဆင်။ တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲ့မှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့်သာဝက ဖြစ်တဲ့ အတွက် သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါတယ်။ နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော်မဟုတ်ဘဲ ဆရာတော်တို့လို ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ကြောင်း၊ ဈာန် အဘိညာဉ်ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦဖြစ်တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော် ယုံကြည်ပါပြီ ဆရာတော်။
ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက်အလက်တို့ကိုလည်း တပည့်တော် ယုံကြည်ပါ တယ် ဆရာတော်။

ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။


Posted By ; Pyae Phyo Aung

ကွမ်းစားရာ၌ ထည့်စားသော ဆေးအချို့ကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှု များပြားလာ။

ကွမ်းစားရာတွင် နိုင်တီတူး၊ ဖိုးတီဖိုက် စသည့်ဆေးပြင်းများ ထည့်သွင်းစားသုံးမှု များပြား လာသောကြောင့် ကွမ်းစားခြင်း၏နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုလည်း ပိုမိုများပြားလာကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ ပါသည်။ အလားတူ ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်တို့ဖြင့် မိရိုးဖလာ စားသုံးနေကြရာမှ နိုင်တီတူး၊ ဖိုးတီဖိုက်စသည့် ဆေးပြင်းများထည့်သွင်း စားသုံးလာမှုကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုများသည်လည်း ယခင်ကထက် သက်တမ်း ထက်ဝက်ခန့်စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိလာရကြောင်း သိရသည်။ လူထု လူတန်းစားမရွေး ဈေးနှုန်း သင့်တင့်စွာဖြင့် နေရာအနှံ့ ကန့်သတ်ချက်မရှိ အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်ခြင်းတို့ကြောင့် ကွမ်းစားသုံး မှုနှုန်းမှာလည်း နိုင်ငံ၌ မြင့်မားလျက် ရှိနေပြီး ဆယ်ကျော်သက် အရွယ်မှ စတင်၍ ကွမ်းစားသည့် အလေ့အကျင့် ရှိလာရာ ကွမ်းစားခြင်းနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှု အခြေအနေမှာလည်း ယခင်က အသက် ၄၀ ၀န်းကျင် နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှုများ တွေ့ရှိရသော်လည်း ယခုအခါအသက် ၂၅ နှစ်ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားနေမှုများ ရှိလာကြောင်း သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ပါသည်။ “မြန်မာ့ရိုးရာထုံး၊ ကွမ်းသီး၊ ဗမာဆေးတွေနဲ့ စားနေတာ မဟုတ်ဘဲ ပြုပြင်ထားတဲ့ ဆေးတွေနဲ့ စားသုံးနေတာ ဖြစ်တဲ့အတွက် ကန့်သတ်ချက် တွေမရှိဘဲ လွယ်လွယ်ဝယ်လို့ရနေသမျှ ကာလပတ်လုံး ကွမ်းနဲ့ပတ်သက် တဲ့ ပြဿနာတွေ နောက်ပိုင်းပိုများလာမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးအသင်း ဥက္ကဋ္ဌဦးစံရှိန် က ဆိုပါသည်။ “ကွမ်းသီးခြမ်းတွေကို ကန့်နဲ့ စိမ်လိုက်တဲ့အခါ ကွမ်းသီးကပွလာတယ်။ ပွလာတဲ့ကွမ်းသီးကို အရောင် ဖွေးပြီးလှနေအောင် ဓာတုချွတ်ဆေးတစ်မျိုးနဲ့ အရောင်ချွတ်တယ်။ ပြီးတော့ရေဆေးပြီး နေလှန်း အခြောက်ခံတယ်။ ဆေးရွက်ကြီးကိုလည်း အရက်၊ ပျားရည်တွေနဲ့ ရောစိမ်ထားပြီးတော့ နှပ်ဆေးသဘောမျိုး အသွင်ပြောင်းထားတယ်။ ထုံးကိုလည်းရေနဲ့ဖျော်၊ အပေါ်ယံရေကြည်တွေကို သွန်ပစ်ပြီး အနည်ထိုင်ကျန်ခဲ့တဲ့ ထုံးအနှစ်သားကိုမှ ပျစ်ပျစ်ဖျော်ထားတဲ့ နို့မှုန့်တွေနဲ့ ရောလိုက်တယ်။ ထုံးကို စားတဲ့အခါမှာ နို့မှုန့်တွေပါတဲ့အတွက် ထုံးသားက ဆိမ့်ဆိမ့်လေးဖြစ်နေတယ်။ ထုံးကလည်း ပြုပြင်ထားတဲ့အတွက် သဘာဝ ထုံးမဟုတ်တော့ဘူး။ ဒါ တွေတင်မကပါဘူး။ အိမ်နီးချင်း နိုင်ငံတွေကနေ တရားမ၀င်လမ်းကြောင်း တွေကတစ်ဆင့် တင်သွင်းလာကြတဲ့ နိုင်တီတူး၊ ဖိုးတီဖိုက်၊ စတားဗမာ ဆေး၊ ဆစ်ဂနယ်စတဲ့ ဆေးပြင်းတွေ ကိုလည်း ထည့်စားကြပါသေးတယ်။ ဒီဆေးတွေရဲ့သဘာဝက အလွန်ပြင်းထန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ၀င်တဲ့ပြုပြင်ထားတဲ့ ကွမ်းသီးအထုတ်လေးတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာတွေလည်း ရှိပါတယ်။ အဲဒါတွေအားလုံးဟာ သဘာဝကို ဆန့်ကျင်ပြီး ပြုပြင်ထားတဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။

စားကျင့်ပါသွားရင်လည်း စွဲလမ်းစေတတ်တဲ့ အာနိသင် တွေရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောပြခဲ့ပါသည်။

ELEVEN ဂျာနယ် မှဖော်ပြပေးထားပါသည်။

Posted By ;Forward Mail

“မယားကောင်းမယားမြတ်၏ အင်္ဂါအရည်အချင်းများ”

“မယားကောင်းမယားမြတ်၏ အင်္ဂါအရည်အချင်းများ”

လောကတွင် မယားကောင်း မယားမြတ် အမည်ခံသော မိန်းမတို့သည် အောက်ပါအင်္ဂါအရည်အချင်းတို့နှင့်ပြည့်စုံရသည်။
၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။
၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။
၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။
၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။
၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။
၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။
၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။
(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”
၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ်ခြင်း..။
၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။
၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။
၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။
၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။
၆။ အရောင်အဆင်းပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။
၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။
ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

Posted by ; Phoe La Min Kyi

ချစ်သူကိုတရားဟောပါ။



မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။
တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုကြတာ”
သားအမိ နှစ်ယောက် သန်းရှာရင်း စကားပြော နေတုန်းမှာပဲ သောတာပန် ဒကာ တစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက် ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။
အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန်ဒကာကို “ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေ တွေစွန့်ပြီး မြတ်စွာဘုရား ထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ”လို့ ထပ်ဆင့်မေးကြည့် ပါတယ်။
သောတာပန် ဒကာကလည်း “ ကာမဂုဏ်ရဲ့ အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ”လို့ ပြောပြ ပါတယ်။ သောတာပန် ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလအကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့် အကျိုးရလဒ် တွေကိုပါ ပြောပြပါတယ်။
သောတာပန် ဒကာရဲ့စကားကြးရတော့ ကေသကာရီက စိတ်ဝင်စားသွားပြီး “သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့ မိန်းမသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား”လို့ မေးလိုက်ပါတယ်။ သောတာပန် ဒကာကလည်း “သမီးရယ် ဒီတရား တွေဟာ လူသား အားလုံးနဲ့ ဆိုင်ပါတယ်။ လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ”လို့ ပြန်ပြော ပြပါတယ်။
နောက် သောတာပန် ဒကာက ကေသကာရီကို သရဏဂုံနဲ့ ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေး ပါတယ်။
ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ “ဥပသကာကြီးရယ် သရဏဂုံ ငါးပါးသီလ ထက်မြင့်တဲ့ တရားရှိသေးလား”လို့ ဆက်မေးလာပြန်ပါတယ်။
ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော် စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီ ရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။
“ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန် အလှန်လှန်စီးဖြန်းပါ။ ဒီကနေတစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက် ဖြစ်ပျက် အဲဒီလို နှလုံးသွင်းပါ”လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။
ကေသကာရီလည်း သောတာပန် ဒကာဟောပြ ပေးခဲ့တဲ့ ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများ အားထုတ် လိုက်တာ မကြာမီ ကာလမှာပဲ သောတာပန် တည်သွားပါတယ်။
လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။

(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)

တရားဟောတယ်လို့ ပြောလိုက်ရင် ရဟန်းကလူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါ တယ်။ ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ် မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီ ဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။
တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသ လောက်လေး ပြောပြပေးလိုက် ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါပဲ။
တရားဟောပြီးတဲ့အခါ “ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နာကြားပြီး တရားအသိလေး တွေရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ”လို့ မေတ္တာပို့ ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထား ရမှာပါ။ ဒါဆိုကိုယ်ဟောတဲ့ တရားကို ပိုပြီး တန်ဖိုးထားသွားမှာပါ။ “ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ ဦးတည်နေတယ်”ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။
ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီး ကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ကိုယ်သိသလောက် ဟောပြပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ်အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေ အကြောင်း စသည်ဖြင့် ပြောပြရမှာပါပဲ။ ဒီသံယောဇဉ် အကြောင်းတွေအပြင် တစ်ခါတလေ ကိုယ်သိ သလောက် ကိုယ်လေ့လာ ထားသလောက် တရားစကားလေး တွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်း တွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံ အကြောင်း လေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။
မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို “ဘာလိုချင်သလဲ”လို့ မေးလာရင် “သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက် တရားစခန်း ဝင်ပေးပါ”လို့ တောင်းလိုက်ရုံပါ။ ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါ။
သုံးရက်ဆိုတော့ တရားစခန်း ဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက် မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာ ညနေရုံးကအပြန် တရားစခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား၊ ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။
ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့ တရားသဘော လေးတွေ ပြန်ပြောပြပေပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများ အားထုတ်ခဲ့ရတဲ့ ဝိပဿနာ ဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ် ဆိုရင်လည်း ချစ်သူရဲ့ သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေတော့မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ “ပါရမီသံစဉ်” တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့် နေတော့မှာပါ။
ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက် ဆက်ဆုံတွေ့ တဲ့အခါ ကိုယ်လည်း တရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ- ကိုယ့်ချစ်သူက “ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်”ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန် နေမယ်။ နောက်- “ညှဉ်းဆဲသူ ကား၊ အနာများ၊ သနားကျန်းမာသည်”ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ် ဆိုရင် ကိုယ်ပဲ ဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်က မခံရပေမယ့် ကိုယ့်ချစ်သူကို ကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ ကိုယ်လည်းတရားရှိဘို့ လိုသလို သူလည်းတရားရှိဘို့ လိုပြန်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဘို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟော ပေးရမှာပါ။ တော်ကြာနောက်ဘဝမှာ လေဖြတ်တဲ့ချစ်သူနဲ့ ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကို တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံ လေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာ ကြားနေမှ နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ ချစ်သူနဲ့ ပြန်ဆုံနေမှာကို။
ဒီနေရာမှာ အမျှဝေတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။
အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာ ရယ်၊ ၃။ သမထဝိပဿနာ ပွါးများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။
၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ရာ ထပ်မံရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ ၊လူတစ်ထောင် တွေလည်းဒါနကုသိုလ် ကို ရကြပါတယ်။
၂။ သီလ ဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ ပါဘူး။ ဒါနကုသိုလ် ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲရကြပါတယ်။
၃။ သမထဝိပဿနာ ပွါးမျာပြီး အမျှဝေရင် သမထဝိပဿနာ ကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့ သူတွေလည်း သမထဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။

အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီး က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု (၁၀) ပါးကို အာရုံ ပြုကြည့် လိုက်ပါ။
ပုညကြိယာ ဝတ္ထု(၁၀)ပါး
၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊ ၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလ ဆောက်တည်မှု၊ ၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန= အသက်သိက္ခာကြီး သူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ် ကိစ္စ၌ ကူညီဆောင်ရွက်မှု၊ ၆။ပတ္တိဒါန= မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန= မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်မှု၊ ၈။ ဓမ္မဿဝန=တရားနာမှု၊ ၉။ ဓမ္မဒေသနာ= လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကို ဖြောင့်မတ်စွာပြုမှု။
ဒီ(၁၀)ပါးကို ဒါန- သီလ - ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထား လိုက်ရ အောင်ပါ။
ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။
စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။
ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု (၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ။
ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်း ထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။
အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။
နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။
ဒီခွဲပြပုံလေးကို အာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။
အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။
တရားနာတာ ၊တရားဟောတာ ကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။
ဒါကိုထောကပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့ တရားကိုနာတာ တွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။
အရိုအသေပေးတာ၊ ဝေယျာဝစ္စလုပ်တာ တွေကတော့ သီလထဲမှာ ပါပါတယ်။
လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံး အလှူကြီးကို ပေးလှူလိုက် တာပါပဲ။
အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊ သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊ မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။
မြတ်စွာဘုရား လက်ထက်တော်က ဝဍ္ဎမာတာထေရီ ဆိုတာရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဍ္ဎပါ။ ဝဍ္ဎဆိုတာ တိုးပွါးခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သားနာမည်ကို အစွဲပြုပြီး “ဝဍ္ဎမာတာ=တိုးပွါးအမေ”လို့ခေါ်ကြတာပါ။
ယောင်္ကျားဆုံးပြီး ကာလတစ်ခု ကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမ ဝတ်တော့လည်း ဝဍ္ဎမာတာ ထေရီရယ်လို့ ခေါ်ဝေါ် ထင်ရှား သွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတယ်။
နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား “မောင်တိုးပွါး”ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ် ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း ဝဍ္ဎထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင် တတ်မြောက် သွားပါတယ်။ သားရဟန်းက တရားဟောပြန် တော့လည်း နာမည်ကျော် ဓမ္မကထိက တစ်ပါးဖြစ်သွား ပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိက ဖြစ်လာတော့ ကြည်ညိုသူတွေ ပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်းပေါနေ ပါတော့တယ်။ တရား ဟောတာနဲ့ပဲ အချိန်ကုန် နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ် သက်ပါဘူး။
တစ်နေ့မှာတော့ ဓမ္မကထိက သားရဟန်းဟာ မိခင် ဘိက္ခုနီမ ကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက တုတ်ကိုကိုင်ပြီး “အို.. သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမ ကျောင်းကိုလာရတာလဲ သင့်အမူအယာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း တက်ကြွ နေသေးတယ်၊
ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာ အလုပ်ကို သာလုပ်ပါ။ ကိုယ်ဟန် ကြော့ကြော့မော့မော့နဲ့ အမူအယာ ကိုပြင်ပါ” လို့ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက် ပါတော့တယ်။
သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး “မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလို အမူအယာတွေနဲ့ မနေတော့ပါဘူး”လို့ ဝန်ခံကတိ ပေးလိုက်ပါတယ်။
သားရဟန်း သတိဝင်သွားတော့ မိခင်ထေရီမကြီးက သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံ ဟောပြ ပေးပြန်ပါတယ်။
သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာ ဘာဝနာ ပွါးများမှုကိုပဲ ကြိုးစားအားထုတ် ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီကာလမှာပဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ် ကိုယ်စီရပြီး ပရိနိဗ္ဗာန် စံသွားကြပါတယ်။
ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံး တော့ အားလုံးအားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။
ဒီဝတ္ထုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။ တရားဟောတဲ့ နေရာမှာလည်း ရိုးရိုးဣနြေ္ဒ ရရထိုင်ပြီး ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကိုကိုင်ပြီး ခပ်တင်းတင်း လေးဟော လိုက်တာပါ။
ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။
ဒီလိုပါပဲ။ ရဟန်းအချင်းချင်း လည်းဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကို ဟောရမှာပါပဲ။ စာတွေအခြေခံရှပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်း အချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။
လိုရင်းကတော့ တရားဟောပြီးတိုင်း “ဘုရားတပည့်တော် တရားဟောပြောရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရား အသိလေးတွေ ရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျှော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေ ရသွားပါစေ”လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့ တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့ တရားဟောပြော မှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ ကောင်းတွေ ဆိုတာကိုလည်း အထူးအာရုံ ပြုထားရမှာပါ။
ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့ သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေး တွေကို သိသလောက် ဟောလိုက်ဖို့ပါပဲ။
ဘဝမှာ ဘယ်သူကိုပဲ ချစ်ချစ်၊ ချစ်တဲ့သူကို တရားဟော လိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံးကုသိုလ်တွေ ဖြစ်သွားတာပါပဲလေ။


ရဝေနွယ်(အင်းမ)


ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ဗုဒ္ဓဘာသာ ရရှိခဲ့ ။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွှက် ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွှေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော် ကရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီး ပိုပြီး အံ့သြဖို့ ကောင်းသည်မှာ ပါဝင် ရွှေးချယ်ခဲ့သည့် ဘာသာရေး ခေါင်းဆောင် အများစုသည် ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ သုတေသနညွန် ကြားရေးမှူး Jonna Hult ကပြောကြားရာတွင် “ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာတရား ဗုဒ္ဓဘာသာက ရရှိခဲ့တာ အံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့ မတူတာက အဲဒါပါပဲ။”
တခြားဘာသာတွေက လက်နက်တွေကို အဆင်သင့် ကိုင်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေး အတွတ်နဲ့ စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့ မတူဘဲ ဗုဒ္ဓ ဘာသာဟာ ကိုယ်ကိုယ်တိုင် ကျင့်ကြံတဲ့ တရားကိုသာ သူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။ အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ ကျွန်တော်လည်း ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။“ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကို ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်က တည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်း ၄င်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။”
ဂျနီဗာမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကြီး၏ ပါကစ္စတန် နိုင်ငံ မူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd က ကျွန်တော်ဟာ အစ္စလန်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
တောင်အာဖရိက ဗုဒ္ဓဘာသာဝင်များ (ဓါတ်ပုံ - အင်တာနက်)
“ပြောရရင် ကျွန်တော်ရဲ့ အရင်းအနှီးဆုံး မိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။ Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O'Shaungh-nessy ကတော့ ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့် လူသားတွေကို မေတ္တာဂရုဏာ ထားရန်ဟောကြားပြီး လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒ နားလည်ပါ တယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ ဒါ့ကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။”
ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွက် ဆုလက်ခံရန် ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက
“ပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေ ပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။

မြန်မာ့လူ့ အခွင့်အရေးဆုံးဖြတ်ချက် ကုလမ္မဂ အတည်ပြု ။


ဓာတ်ပုံ ASSOCIATED PRESS
နိုင်ငံပေါင်း ၄၈ နိုင်ငံက ဦးဆောင်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက် မူကြမ်းကို (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပြီးတော့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၈ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆက်ပြီးတော့ ချိုးဖောက်မှုတွေ လုပ်နေတာကို အထူး စိတ်ပူသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လုပ်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်တဲ့ တတိယကော်မတီမှာ နိုင်ငံပေါင်း ၄၈ နိုင်ငံကနေ ဦးဆောင်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက်မူကြမ်းကို တနင်္လာနေ့မှာ ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲအပြီး မဲခွဲ ဆုံးဖြတ်ရာမှာ နိုင်ငံပေါင်း ၉၈ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၂၅ နိုင်ငံက ကန့်ကွက်မဲ၊ ၆၃ နိုင်ငံက မဲမပေးဘဲနေခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်ကို ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။
အခုတကြိမ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် ပြင်းပြင်းထန်ထန် သတိပေးထားပြီး လက်တွေ့နဲ့ ထင်ဟပ်မှုရှိတာဟာ ထူးခြားတယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Burma Fund အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။
“ဆုံးဖြတ်ချက်က ဒီနှစ်ထူးခြားတာကတော့ ကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကြိုဆိုတာတွေ၊ မှတ်ချက်ပြုတာတွေ ရှိသလို ဆက်ပြီးတော့ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲဖို့၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို တနိုင်ငံလုံး အတိုင်းအတာအသွင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား အင်အားစုတွေကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်ဖို့ ဆွေးနွေးတာတွေ တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေထဲက ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ စင်ကာပူတို့ကတော့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ တော်တော်လေး အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးသွားတယ်။
“ထူးခြားတာကတော့ အရင်တုန်းက ဆွေးနွေးနေကျ အနောက်နိုင်ငံတွေအပြင်ကို အာဖရိက က ဘော့စ်ဝါးနား ဆိုလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ပြဿနာတွေ ရပ်တန့်အောင် ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ တကယ့် အင်အားစုအားလုံး ပါဝင်တဲ့ ဒီမိုကရေစီရေးအသွင်ကူးပြောင်းမှုကို ပြောသွားတာ တွေ့ရပါတယ်။ ဘရာဇီးလ်က အလားတူပဲ တဘက်မှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်သလို တိုင်းရင်းသားဒေသ တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရပ်စဲဖို့ တောင်းဆိုသွားတာ တွေ့ရတယ်။”
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ တို့လို မြန်မာ့အရေးကို အရင်ကတည်းက တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ နိုင်ငံတွေကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစိုးရသစ်က ကတိပေးထားတဲ့ အတိုင်း မလုပ်ဘဲ ဆက်လက် ချိုးဖောက်နေတာတွေအတွက် အထူး စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်ဆောင်မှုအတွက် ကန့်သတ်မှုတွေ မလုပ်ဖို့ တောင်းဆိုတာ ပါဝင်တယ်လို့ ပြောပါတယ်။
“နိုင်ငံတကာရဲ့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်ဆိုတဲ့ အမြင်ရှိပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဆောင်ရွက်မှုတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးဖို့ ဆိုပြီးတော့ ထပ်မံတိုက်တွန်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် တာဝန်ယူဖို့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံရေးလုပ်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ဒီအထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်စေဖို့ လိုအပ်သလို ကျန်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသား ၂၂၀ လောက် လွှတ်ပေမဲ့လို့ နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့၊ ထောင်ထဲမှာရှိတဲ့ ဆိုးရွားတဲ့အခြေအနေတွေကိုလည်း ထောက်ပြထားတာ ရှိပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ တိုင်းသိပြည်သိ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ၊ ခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ ကိုမြင့်အေးတို့လို ပုဂ္ဂိုလ်တွေ၊ ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဂမ္ဘီရတို့လို ပုဂ္ဂိုလ်မျိုးတွေကို ပိုပြီးတော့ ခပ်မြန်မြန် လွှတ်ဖို့ဆိုတဲ့ သဘောမျိုး တိုက်တွန်းတာ တွေ့ရတယ်။”
ဒါ့အပြင် အခုထိ နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေကို ဖမ်းဆီးအကျဉ်းချမှုတွေ ရှိနေတာနဲ့ မြန်မာ့အကျဉ်းထောင် တွေရဲ့ အခြေအနေဆိုးရွားမှုတွေကို ပြုပြင်ဖို့အပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ဆက်လက် သွားရောက်ခွင့်တွေ ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်က ဆက်လက်ပြီး ကူညီပံ့ပိုး ပေးသွားဖို့ ရှိတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရင်ဟိုက်က အခုလို ပြောပါတယ်။
“အတွင်းရေးမှူးချုပ်ဟာ မကြာသေးခင်က မြန်မာခေါင်းဆောင် ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုကို ရရှိမယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီးပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်သလို အတွင်းရေးမှူးချုပ် အနေနဲ့လည်း အဆင်ပြေရင် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။”
တနင်္လာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေး ဆုံးဖြတ်မှုတွေဟာ တန်ဖိုးရှိတဲ့ လုပ်ဆောင်မှုတွေဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် ကလည်း ပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကနေ မြန်မာနိုင်ငံရဲ့ တိုးတက်မှုလက္ခဏာတွေအတွက် အားပေးခဲ့သလို အထူးသဖြင့် တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆက်မပြတ် ဖြစ်နေတာတွေဟာ စိုးရိမ်စရာဆိုတာကို ထောက်ပြပြီး မြန်မာသမ္မတ ကတိပေးထားတဲ့ တကယ့်ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းထားတာဟာ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ မေ့မထားဘူးဆိုတာ ပြသနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။