MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, January 22, 2012

မိမိပို့ လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်။ IP address and Location လည်းသိနိုင်ပါတယ်။

မိမိပို့ လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်။
IP address and Location လည်းသိနိုင်ပါတယ်။
Email တစ်စောင်ကို ပို့လိုက်လျှင် ၊ မိမိပို့လိုက်သော Email ကို အခြားသူမှဖတ်၊မဖတ်ကိုလွယ်ကူစွာမသိနိုင်ပါဘူး။ ယခုမှာကတော့ Email တစ်စောင်ကို အခြားသူတစ်ယောက်ထံ ပို့လိုက်ပြီးရင်၊၎င်း Email ကိုဖတ်၊မဖတ်၊ ဖတ်ရှုသည့်အချိန်၊ နေရာ
(IP Address + Geo Location)၊ ဖတ်ရှုသည့်အကြိမ် အရေအတွက်၊ မည်မျှကြာကြာဖတ်ရှုသည်၊
အသုံးပြုသည့် Browser Details စတဲ့ Statistics ကိုလွယ်ကူစွာ သိရှိနိုင်ပါတယ်။
ကဲစိတ်ဝင်စားရင်ဆက်ဖတ်ရအောင်။ပထမဆုံး အသုံးပြုလိုသည့် (From Email Account) နှင့် Didtheyreadit.com မှာသွားပြီးတော့ Account တစ်ခုကို Register လုပ်ရပါမယ်။ (Name Display in Emailနေရာမှာ အသုံးပြုနေကျ နာမည်ကိုပဲရေးပါ။ နာမည်ပြောင်းရေလျှင် Email လက်ခံမည့်သူက ပို့နေကျလူဆိုရင်နာမည့်ပြောင်းလိုက်တဲ့ အတွက် သံသယဝင်သွားနိုင်ပါတယ်။) Register လုပ်ပြီးလျှင် မိမိအသုံးပြုသည့် Email ကိုဖွင့်ပါ။သင်၏ Gmail Account ကိုဖွင့်ပါ။ ပြီးလျှင် Compose Mail(သို့မဟုတ်)Forward Mail ကို ဖွင့်ပြီးလျှင် ပို့လိုသည့် Email ပိုင်ရှင် Account (To Address) ကို ရေးပါ။(Account လုပ်ထားသော Didtheyreadit.com မှာလည်း သွားရောက်ပြီးတော့ တိုက်ရိုက်ပို့နိုင်ပါတယ်။)အဓိကကျတဲ့ အချက်ကိုပြောပါ့မယ်။ ရေးလိုက်တဲ့ Email Account ရဲ့ နောက်ကကပ်လျှက် .didtheyreadit.com ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။
ဥပမာ ပို့လိုသည့် Email Accountကyourfriend@gmail.com ဖြစ်လျှင် ၎င်း Account ၏ နောက်ကပ်လျှက်မှာ .didtheyreadit.com ကိုပေါင်း၍ yourfriend@gmail.com.didtheyreadit.com ဟူ၍ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ရေးရပါမယ်။ (Account ၏နောက်မှာ ကပ်လျှက်ရေးလိုက်သော .didtheyreadit.com ကို တစ်ဖက်လူအနေနဲ့ မြင်ရမှာ မဟုတ်ပါဘူး။) ပြီးလျှင် သင်ရေးလိုသည့် Text နှင့် Attachments များကို ရေး၍ ပုံမှန်အတိုင်း Send ကို Click နှိပ်၍ ပို့လိုက်ပါ။
တစ်ဖက်လူမှ သင်ပို့လိုက်သော Email ကိုဖတ်သည်နှင့် ဖတ်သည့်အချိန်၊ မည်မျှကြာကြာဖတ်သည်၊ဖတ်သည့်နေရာ၊IP Address, Geo Location (Approximately), အသုံးပြုတဲ့ Browser Details စတဲ့ Statistics ကို Didtheyreadit.com မှသင့်ထံသို့ Reportလုပ်ပါလိမ့်မယ်။ဖတ်သည့်အကြိမ်တိုင်း သင့်ထံသို့ Report လုပ်ပါလိမ့်မယ်။ Didtheyreadit.com မှာ Free Account အနေနဲ့ တစ်လကို 10 စောင် Free ပို့နိုင်ပါတယ်။ Report Statistics ကို Notification Option မှာ သွားရောက် ပြုပြင်နိုင်ပါတယ်။ Desktop Email Client များဖြစ်တဲ့ Microsoft Outlook , Thunder Bird စတဲ့ Client များနဲ့လည်း တွဲဖက်၍ ပို့လိုက်တဲ့ Email တိုင်းကို Report ပြုလုပ်ပေးရန် အသုံးပြုနိုင်ပါတယ်။

မိတ်ဆွေများအတွက် တချိန်ချိန်မှာအသုံးဝင်ပါလိမ့်မယ်ဟု ထင်ပါတယ်။
ပျော်ရွှင်ကြပါစေ။

မေတ္တာရှင်မှ မျှဝေပေးလိုက်ပါတယ်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။