MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, February 18, 2012

Air KBZ သံတွဲ၌ ဘီးချော်



Air KBZ မှ ATR 72 အမျိုးအစား လေယာဉ်တစီး(ဓာတ်ပုံ-airmyanmar.com)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘောဇ လေကြောင်းပိုင် (Air KBZ)မှ ATR 72 အမျိုးအစား ခရီးသည်တင် လေယာဉ် တစီးသည် သောကြာနေ့ နံနက်

ဒေသစံတော်ချိန် ၁၁:၃ဝ ခန့်တွင် သံတွဲမြို့ မဇင် လေဆိပ်သို့ ဆင်းသက်ရာ လေယာဉ်ဘီး ချမရသဖြင့် ပြေးလမ်း
ဘေးသို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး တောင်ပံတဖက် ကျိုးပဲ့သွားရသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။

“လေယာဉ်ဘီး ချလို့မရလို့ မြက်တောထဲကို ဆင်းလိုက်ရတယ်။ မြက်တောထဲဆင်းပြီး သဲပုံနဲ့ တိုက်မိပြီးတော့ ရပ်သွားတယ်” ဟု သံတွဲမြို့ခံ ကိုအောင်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၅ဝ ကျော်ခန့် လိုက်ပါလာပြီး ခရီးသည်များ အထိအခိုက်မရှိဟုလည်း “ကြီးကြီး ကျယ်ကျယ်တော့ ဘာမှ မဖြစ်ပါဘူး။ ခရီးသည်တွေလည်း အထိအခိုက် မရှိပါဘူး။ မီးလောင်တာလည်း မဖြစ်ပါဘူး” ဟု အထက်ပါ သံတွဲမြို့ခံက မဇ္ဈိမကို ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းအသေးစိတ်နှင့် အတည်ပြုချက် ရယူရန် မဇ္ဈိမက သံတွဲလေဆိပ်သို့ ဆက်သွယ် စုံစမ်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

ကမ္ဘောဇ လေကြောင်းကို ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ပြီး လေကြောင်းကို ၂ဝ၁၁ ခုနှစ် ဧပြီလ အတွင်း ၁ ရက်နေ့မှစ၍ ပြည်တွင်းမြို့များသို့ ပျံသန်းပေးနေခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် Air Kanbawza(Air KBZ) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ၊ ဦးတေဇပိုင် Air Bagan ၊ Asian Wings ၊ Air Mandalay ၊ ဦးဇော်ဇော် ၏ Yangon Airways စသည့်လေကြောင်းလိုင်းများ ပြေးဆွဲနေသည်။
ဧရာဝတီ

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။