MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, February 2, 2012

လောကရဲ့ ဆန်ကုန်မြေလေးများ။ သင်ဒီအထဲမှာပါလားဆိုတာ စဉ်းစားပါ။

လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် လူ့လောကအကြောင်းဘ၀ အကြောင်း နားလည်တတ်ရတယ်လို့ လူကြီးမိဘတွေသွန်သင်ထားခံရဘူးကြမှာပါ။ အလားတူစွာပဲ လူမှုဆက်ဆံရေး ၊ ပညာရေး ၊စီးပွားရေး ၊ အချစ်ရေး စတဲ့ အရေးကြီး အချက်များကို လူသားများက လွဲမှားစွာ ထင်မြင၊်ယူဆကြ၊ အသုံးပြုကြ ၊ နားလည်မှုတွေလွဲကြ ၊မလိုမုန်းတီးမှုတွေထားကြ၊ခိုက်ရန်ဒေါသဖြစ်အောင်လုပ်ကြ။ ဆဲဆိုကြ စသဖြင့်ပေါ့ဗျာ လူအမျိုးမျိုးမှာ ပင်ကိုယ်စရိုက်အမျိုးမျိုးတွေရှိကြပါတတ်စမြဲပါ။လူမှုဆက်ဆံရေးအရကြည့်မယ်ဆိုရင် .. ပထမဦးစွာ အနေဖြင့် လူလူချင်း လူ့အဆင့်တန်းခွဲခြားခြင်းနဲ့ ဘာသာတရာတိုက်ခိုက်မှုများပေါ့ဗျာ... အဲဒီ အချက်၂ချက် က ကျုပ်တို့ ရဲ့ ကမ္ဘာကြီးပေါ်ကလူသားတိုင်းမှာ အနဲနှင့်အများတော့ လူတိုင်းကိုယ်စီစိတ်ထဲမှာရှိကြပါတယ်။မရှိဘူးလို့ ပြော၇င် သင်ဟာသင့်ကို သင်ညာနေတာပါ။ ဥပမာအနေနဲ့စဉ်းစားကြပါစို့ဗျာ ....သင် လူတန်းစားတခုထဲကပဲဆိုကြပါဆို့ သင့်ထက် နိမ့်တဲ့သူ သို့မဟုတ် လမ်းဘေးက တောင်းစားနေတဲလူတဦးက သင်တို့ကိုလူကြားထဲမှာ မိတ်လာဖွဲ့ လျှင်သင်တို့လက်ခံနိုင်မလား?။နောက်တချက်က တော့ ဘာသာတရားနဲ့လူမျိုးခွဲခြားခြင်းပါပဲ...လူတွေ့ရဲ့ စိတ်သဘာဝအတိုင်း ငြင်းခုန်မှုလေးတွေတော့ အမြဲရှိနေကြစမြဲပါ....ဥပမာ ဆိုရလျှင်ဗျာ foreverfriends ထဲမှာတောင်မှု လူမျိုးခွဲခြားမှုတွေကြောင့်စကားများမှုတွေဖြစ်နေကြသလို့ ကျယ်ပြန့်သော ပြင်ပလောကမှာလည်း ဘာသာတရားစစ်ပွဲတွေရှိနေပါသေးတယ်။ ဗမာ ၊တရုတ်၊ ကုလား နှင့် မြန်မာတိုင်းရင်သားလူမျိုးအချင်းချင်းတွေကလည်း မိမိတို့ ဘာသာကို ပိုပြီးစိတ်အားထက်သန်ကြသလို့ တခြားလူမျိုးတွေက လည်းသူတို့ရဲဘာသာတရားကို လက်ခံယုံကြည်နေကြမှာ ဧကန်မုချမလွဲပါ။ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူ ။ မွတ်စလင် စသည့် မိမိတို့ကိုးကိုယ်ရာ ဘာတရားတွေကို ဆက်လက်ယုံကြည်စွားကိုးကွယ်သွားပြီးသူတပါးရဲ့ ဘာသာတရား နှင့်လူမျိုးတွေကို အကြောင်းအမျိုးမျိုးနှင့် မထိပါး မထိခိုက် မစော်ကားကြပဲနေကြရင် လူလူချင်း အမုန်းပွား ခိုက်ရန်ဖြစ် အယူအဆလွဲမှားစရာတွေပပျောက်သွားပါလိမ့်မယ်။ အဲဒီလိုအေးချမ်းစွာ ဖြစ်ပေါ်လာဖို့အတွက် လူတဦးချင်းစီရဲ့ မွေးရာပါ ပင်ကိုယ်စိတ်ထား နဲ့ ပဲ ပြုပြင် ထိန်းသိမ်းလို့ ရနိုင်ပါတယ်။ မိမိမှ တပါး အခြားမရှိပါ။ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်ဆိုရင် တော့ မလိုလားအပ်တဲ့ ပြသာနာတွေကြီးထွားလာပါလိမ့်မယ်။

ဒုတိယ အချက်အနေနဲ့ လူလူချင်း အထင်မြင်သေးစွာဆက်ဆံပေါင်းသင်းမိတ်ဖွဲ့ ခြင်းပါ။ နေရာတိုင်း နိုင်ငံတိုင်းမှာ ကျုပ်တို့ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားများ က အကြောင်းအမျိုးမျိုးနဲ့ သွားရောက်နေထိုင်နေကြတာ အမြောက်များရှိကြတယ်ဆိုတာ လူတိုင်း အသိပါပဲ။ ဘာလို့သူတို့ တွေမြန်မာနိုင်ငံမှာလုပ်ကိုင်မစားသောက် စီးပွားမရှာပဲ ပြည်ပနိုင်ငံတွေမှာ သွားကြနေကြ ပညာရှာကြ အလုပ်လုပ်ကိုင်ကြတယ် ဆိုတာကတော့ သူတို့ ခံယူချက်တွေ နဲ့ သူတို့ ရှိလို့ အဲဒီကိစ္စကို မိမိဘာသာစဉ်းစားလို့ရမှာပါ။။ အဲဒီလို အကြောင်းအမျိုးကြောင့် ဘ၀ပေးအခြေနေကြောင့် မိမိက နေရာကောင်းတခုခု (သို့) နိုင်ငံကြီးတစ်ခုခုမှာ ရောက်နေကြ ( သို့ ) မိဘဘိုးဘွားချမ်းသာမှုကြောင့် စသည့်ဖြင့် ထို လူမျိုးများက မိမိထက် နိမ့်သော သူများကို မတူမတန် သလိုပြုမူဆက်ဆံခြင်းများ။ အထင်သေးခြင်းများ။ ခင်မင်မှုမေတ္တာ ရောင်ပြန်မှုမရှိပဲ သွေးကြီးချင်းများ ကြောင့် သူတို့ရဲ့ စိတ်ဓာတ်တွေဟာ လူသားဆန်မှုနဲလာပြီးကိုယ်ထင်ရာကိုယ်လုပ် ကိုယ်မှန်တယ်ထင်ရာဆိုင်းကြတဲ့လူတွေ ဖြစ်ပြီးနောက်ဆုံးမှာ လမ်းဆုံးကို ရောက်သွားတတ်ကြပါတယ်။ အဲဒီလို မိမိက ဘာမှားနေတယ်ဆိုတာ မိမိကိုယ်တိုင်မသိနိုင်တဲ့ အခြေနေမျိုးမှာ မိမိရဲ့ ဘေးမှာ သူငယ်ချင်းမိတ်ဆွေများကို အကဲခတ်ပြီးဝေဖန်ခိုင်းသင့်ပါတယ်။ထိုနည်းတူစွာပဲ တချို့သောသူများကလည်း မိမိရဲ့ ပါးစပ်က သူတပါးအထင်ကြီးအောင် စိတ်ထဲအိမ်မက်မက်နေသမျှ ဖြစ်ချင်တာတွေကို လိုက်လံဖော်ထုတ်ကြွားဝါနေတတ်ပြီး ဘ၀င်မြင့်သူများလည်း ရှိကြတာ မိမိတို့ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့ကြရမှာပါ။နောက်လူတမျိုးက တော့ အချောင်သမားစိတ်ဓာတ်နဲ့ ဘ၀င်မြင့်ခြင်းပါပဲ။ဥပမာ ..မိန်းကလေး (သို့) ယောကျာင်္းလေး တွေမှာ လည်း မိမိ ရဲ့အိမ်ထောင်ဖက် ကို မိမိထက်သာပြီး ချမ်းသာမှု ကို မက်မောတတ်ကြပါတယ်။အဲဒီလိုမက်မောကြတဲ့ စိတ်ကြောင့် ချမ်းသာ / ရာထူးကြီး / ဂုဏ်ကြီး / နိုင်ငံကြီးတွေမှာရောက်နေတဲ့ ဆန့်ကျင်ဘက် လိင် ကိုမိတ်ဖွဲ့ ။ရင်းနှီးမှုတွေယူပြီး သိစိတ် / မသိစိတ်က ချဉ်းကပ်တတ်ကြပါတယ်။ထိုသူများက တော့ ဆန်ကုန်မြေလေး အချောင်သမားလို့ လူတွေကခေါ်ကြပါတယ်။ အဲဒီလိုစိတ်ဓာတ်တွေကြောင့် မိမိရဲ့ လက်ရှိချစ်သူအပေါ် ချစ်စိတ်တွေလျော့ပါး။ချစ်သူအပေါ်ဘယ်အရာမှအကောင်းမမြင်။ ၇န်လုပ် ၊ စကားများ ပြီးနောက်ဆုံးလမ်းကွဲကြခဲ့ရတာတွေ လူတိုင်းကြားဖူးမြင်ဖူးကြမှာပါ။အဲဒီလိုလူမျိုတွေဟာလည်း သူတို့ရဲ့ ဘာမှ မပိုင်ဆိုင်သေးတဲ့ မိမိ ရဲ့စိတ်ကူးအိမ်မက်ထဲကလူ ( သို့) စိတ်ကူယဉ်ထားတဲလူ တွေ ကြောင့် တဘက်သက် ဘ၀င်မြောက်နေကြတဲ့လူများလည်းရှိကြပါတယ်။အကောင်းဆုံးကတော့... တိုတောင်းတဲ့လူ့ဘ၀မှာ အဲဒီိလိုမသေချာမရေရ နောက်ဆုံးဘ၀ပါပေးဆပ်လိုက်ရမဲ့ ဘ၀င်ကြီးမှုမျိုးများ မောက်မာမှု များ ငွေကြေးဥစ္စာ ဂုဏ်ဒြပ်မက်မောကြတဲ့ လူတွေက အချိန်မှီအမြင်မှန်ရပြီး မသေခင်ကာလလေးမှာ လူ လောက နဲ့ လူမှုပတ်ဝန်းကျင်မှာ အချောင်ခို သူတပါးအားကိုးမှီခိုချင်တဲ့ စိတ်တွေဖျောက်ပြီး မိမိဘာသာ ကိုယ့်အားကိုယ်ကိုးပြီးလူလောကရဲ့ ဘ၀ အောက်ခြေသိမ်းကစပြီး "ဘ၀ "အကြောင်းနားလည်ကာ မိမိရဲ့အနာဂတ်အောင်မြင်မှုပန်းတိုင်းစီကိုအရောက်လှမ်းသင့်ပါတယ်။အင်္ဂလိပ်စကားပုံအရဆို " NO PAIN , NO GAIN " ကိုယ်လုပ်မှကိုယ်ရမယ် လို့ နားလည်ထားရင် အကောင်းဆုံးပေါ့ဗျာ။

နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက အွန်လိုင်းကို အသုံးပြုနေကြတဲ့မိတ်ဆွေများ နှင့် သူငယ်ချင်းများ ကျွန်ုပ်ရဲ့ blog ကိုဖတ်ပြီး သေချာစဉ်းစားပါ။အဲဒီလိုလူမျိုးများထဲမှာ သင်မပါအောင်တတ်နိုင်သမျှကြိုးစားပါ။ ပြုပြင်သင့်သည်များကို အချိန်မနှောင်းခင်ပြုပြင်ကြပါ။ မောက်မာမှု ၊ မာနကြီးလွန်းမှု။ အချောင်ခိုစိတ်ဓာတ်ရှိမှု။ ဘာသာရေးခွဲခြားမှု။ လူမျိုးအချင်းချင်း နည်းအမျိုးမျိုးဖြင့်တိုက်ခိုက်မှုများပပျောက်အောင်ကြိုးစားကြပါလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

SMT ၏ blog ကြောင့် ( သို့) အကြောင်းအမျိုးကြောင့် စိတ်မကျေနပ်မှုများရှိပါက တိုက်ရိုက်ဆက်သွယ်ကြပါ။ ကျနော့်ရဲ့အီးမေးကတော့ smt.neverprouded@gmail.com. လူကြီးလူကောင်းပီသစွာ ဆက်ဆံမှုများနိုင်လိမ့်မည်ဟုယူဆပါသဖြင့် ဆဲဆိုမှုများ ကိုရှောင်ကြဉ်ကြလိမ့်မည်ဟုယုံကြည်ပါတယ်ခင်ဗျာ.....

နှစ်သစ်မှာ ...အသစ်သစ်သောအရာများနှင့်

စိတ်ကောင်း .... ပျော်ရွှင်

ချစ်သက်ဝင်.... ပေါင်းသင်းဆက်ဆံ,

စိတ်ထားမှန်... ရောက်မည်မလွဲ,

အိမ်မက်ခရီလမ်း ။

ထာဝရပျော်ရွှင် ဘ၀တွင် , သည်းခံချက်ရန်

မဆဲဆိုရန်နှင့် ဆဲဆိုလင့်ကား

ထိုသူများ ....သူတပါးအမြင်

မုန်းစိတ်ဝင်။

အားလုံးသော မိတ်ဆွေများ နှင် SMT ကို ခင်မင်ကြသောသူငယ်ချင်းများကို 2011 နှစ်သစ်မှာပျော်ရွှင်မှုများ နေ့စဉ်ဆိုသလို့ ရရှိပြီး

ဘ၀သစ်မှာ အောင်မြင်သောနေ့ရက်များကို တောက်ပသော နေရောင်ခြည်များနှင့် အတူ စိတ်ဓာတ်များလည်းတက်ကြွကာ ပျော်ရွှင်သော ဘ၀များပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ................။

***(အချို့သော အထက်ပါစကားများသည် ဗုဒ္ဓ၏တရားတော်များ /စာအုပ်များတွင်လည်းဖတ်ရှုလေ့လာနိုင်ပါသည်) မည်သည့်တရား မည်သည့်ဘာသာမဆို မိမိတို့နှင့်သက်ဆိုင်သောဘာသာအလိုက်လေ့လာနိုင်ပါသည်။ကောင်းနိုးရာရာ စာအုပ်များ မည့်သည့် ဘာသာတရားတွင် မဆို မုချဧကန်ရှိပါလိမ့်မည်။

ှPosted by ; SMT

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။