MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, February 4, 2012

အင်တာနက် နှင့် အချစ်ဒုက္ခ ။

ခေတ်မှီတိုးတက်လာသောခေတ်ကြီးမှာ နည်းပညာတွေက မထင်မှတ်ထားတာထက် ပိုပိုပီးတနေ့တခြားတိုးတက်နေတော့ ကျနော်တို့ခေတ်လူငယ်တွေလည်း နောက်ကျမကျန်ခဲ့ရအောင်အမှီလိုက်နေရတယ်။ တချို့ တွေကတော့ ခေတ်မှီမှု နည်းပညာကို အကျိုးရှိတာအသုံးချနေကြသလို့ တချို.ကတော့ ခေတ်မှီတာလွန်သွားတာလား ခေတ်မှီတိုးတက်မှီဒဏ်ကိုမခံနိုင် ဖြစ်နေကြတာလားတော့မသိဘူးဗျို့။ ဖြစ်ရပ်မှန်တွေများထဲက ဖြစ်ရပ်မှန်တခုက ဒီလိုဗျ……စင်ကာပူနိုင်ငံလေးမှာပေါ့ ……နိုင်ငံလေး နိုင်ငံသေးလိုတာခေါ်ရပေမဲ့ နေထိုင်သူလူဦးရေက တနေ့တခြားတိုးပွားနေသလို လူတွေကလည်း ကောက်ကျစ် ၊ ယုတ်မာ ၊ ရက်စက်၊ သ၀န်တို ၊ ပြိုင်ဆိုင်မှု ၊ အုပ်စိုးမှု ၊ဗိုလ်ကြမှု ၊ ချောက်တွန်းမှု ၊ အတ္တကြီးတကိုယ်ကောင်းဆန်မှုများ နှင့်အတော်လေးကို ပြည့်နှက်နေကြတဲ့နိုင်ငံလေးပါပဲ။ နည်းပညာပိုင်းမှာလဲ နိုင်ငံခြားနည်းပညာများ အသုံးချ ၊ အနောက်နိုင်ငံများရဲ့ နည်းပညာများ သွင်းကုန်များ နှင့်ထုတ်ကုန်များ အကြား ငွေရေးကြေးရေး စားသုံကုန်များနှင့် ၊ လူနေမှုအဆင့်တန်းတွေကလည်းမြင့် ၊ GST TAX အခွန်ငွေတွေကလည်းများ ….အဲဒီလိုမျိုးအဖြစ်တွေကလည်း ၂၁ ရာစုမှာ ခေတ်မှီတိုးတက်နေတာနှင့် အပြိုင်အဆိုင် ဖြစ်နေကြတယ်လေ။ ကဲ ..ဆက်ပြောမယ်..အဲဒီစင်ကာပူဆိုတဲ့  ကျွန်းနိုင်ငံလေးမှာ ကျနော့်အသိမိတ်ဆွေတယောက် ကိုမင်းဇော် ဆိုတဲ့ လူပျိုကြီးတယောက်ကတော့ Marine Company Pte Ltd တစ်ခုမှာအလုပ်လုပ်ကိုင်ပီး မြန်မာနိုင်ငံမှာကျန်နေခဲ့တဲ့ အမေအိုနှင့်အဖေအိုကြီးကို ရှာဖွေကျွေးနေတာ နှစ်ပေါင်းအတော်ပင်ကြခဲ့နေပါပီ။ အဲဒီလူပျိုကြီးကလည်း အလုပ်မှာတနေကုန်အချိန်ပေးပီး ညဆိုလျှင်လည်း ညစာစား ၊ ရေမိုးချိုးပီး အင်တာနက်သုံးပီး တစ်ညပီးတစ်ည ၊ တစ်လပြီးတစ်လ ၊ တစ်နှစ်ပီးတစ်နှစ်နဲ့  အလုပ်နဲ့အိမ်အချိန်ကုန်ကို လွယ်ကူစွာဖြတ်နေတုန်း မေစံပါယ် ဆိုတဲ့ကောင်မလေးတယောက်ကို အမှတ်မထင်အင်တာနက် ” Facebook” မှာ သိကျွမ်းပီး မိတ်ဆွေဖြစ်သွားခဲ့ကြတယ်။ အဲဒီလိုနဲ့  တနေ့ပြီးတနေ့ Online မှာ ချက်တင်တက်လိုက် VZO ပြောလိုက်နှင့် လူပျိုကြီးမင်းဇော်တယောက် ကျေနပ် နှစ်သိမ့်နေလိုက်တာ မြန်မာပြည်မှာကျန်နေခဲ့တဲ့  မိအို ဖအိုကြီးတွေကိုမေ့နေရှာတာပေါ့။ အဲဒီလိုနဲ့အဲဒီအွန်လိုင်းက မမေစံပါယ်နှင့် အချိန်တွေကို သာယာကြည်နူး နေကြတာမိဘအို ၂ပါးကို ၁လကျော်အဆက်သွယ်ပြတ်နေပီး အိမ်ကိုလည်းပိုက်ဆံမလွှဲခဲ့ဖြစ်ခဲ့ဘူး။ နောက်တော့ ကြာတော့လည်း Gtalk နှင့် VZO ၊ Pfingo တို့ရဲ့ကျေးဇူးတွေကြောင့် သူတို့နှစ်ဦး သံယောဇဉ်တွေတွယ်ကုန်ကြပီး ချစ်ကြိုးသွယ်ကုန်ကြလေရော။

လူပျိုကြီး နှင့် မမေစံပါယ်ဇတ်လမ်းလေးက ရွှေနှင့်လ ၊ ငွေနဲ့မြ ဆိုသလို့ အွန်လိုင်းမှာပဲကြည်နူးနေကြပီး ၊ တနေ့မှာတော့ ကိုလူပျိုကြီးလည်း အချစ်မီးတောက်မီးလျှံတွေမထိန်းနိုင်ပဲ မမေစံပါယ်ကို တွေ့ ချင်စိတ်ငယ်ထိတ်ရောက် နေတာပေါ့ ။ အဲဒီနော် ကိုလူပျိုမင်းဇော် လည်း ခွင့်ကိုမရမကတင်ပီး မြန်မာပြည်သို့ပြန်မည်ဟု သူ့၏ချစ်သူ မမေစံပါယ်ကို အကြောင်းကြားလိုက်တာပေါ့။ ဟိုအမျိုးသမီးလေးကလည်း နိုင်ဂန်ဂျား ဆိုလား နိုင်ငံခြားဆိုလား အဲဒီကပြန်လာတာဆိုတော့ စပါယ်ရှယ်ဝတ်စားဆင်ယင်မှုတွေလုပ် မျက်နှာမှာမိတ်ကပ် ၇ဘူးလောက်ဖို့ထားပီး တစ်ထွာလောက်ရှိတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိုင်လေးရဲ့  Arrival Hall ဆိုက်ရောက်သူများကိုကြိုဆို၇န် နေရာလေးမှာ ပန်းစီးလေးကိုင်ပီး (ကိုရီးယားရုပ်ရှင် ကြည့်တာများသွားပုံရတယ် …အွန်စော က Rain ဆိုတဲ့မင်းသားလေးကို ပန်းစည်းပေးသလိုမျိုးလုပ်နေချင်ပုံရတယ်လေ) အင်္ကျီ အနီရောင် ၀မ်းဆက်လေးဝတ်ပီး လာကြိုနေခဲ့တယ်လေ။ ကိုလူပျိုကြီးလေဆိပ်ထဲက ထွက်လာတာမြင်တော့ Jennifer လိုလှမ်းလျောက်ပုံလေး နှင့်  မရှိမဲ့ ၊ ရှိမဲ့ ၀ါးခြမ်းပြားကိုယ်လုံး။။ အဲ ..သူ့ရဲ့ကိုယ်လုံးပိန်ပိန်ပါးပါးလေးကို ခါတွန်ပီး ကိုလူပျိုကြီးထံသို့ ဦးတည်သွားပီး ပန်းစည်းလေးလှမ်းပေးလိုက်တဲ့အခါမှ ကိုလူပျိုကြီးလည်း မျက်နှာကြီးက ရုတ်တရက်ကြက်သီးတွေထ မျက်နှာတွေနီတက်သွားတယ် ( အိမ်သာတက်ချင်လို့ ဟုမတွေးနဲ့နော်) ။ကိုလူပျိုကြီးက ပန်းစည်းလက်ခံလိုက်ရတော့ရှက်ပီး ပီတိတွေဖြာအီးအီးတွေပါ… အယ် စကားတွေတောင် စာပေစာသားနောက်လိုက်မိတာမှားကုန်ပီဟ။ပီတီတွေဖြာပီး ရှက်သွားတဲ့မျက်နှာလေးနဲ့ ပန်းစည်းကိုယူလိုက်တယ်။ ဖြစ်ချင်တော့ ကိုလူပျိုကြီးလည်း ပန်းစည်းယူရမှာရှက်ရှက်နဲ့ မျက်နှာလေးကို ဘေးနားကြည့်သလိုလိုနဲ့ ပန်းစည်းလှမ်းယူလိုက်တာ တနေရာရာကိုသွားကိုင်မိပြီးဆွဲလိုက်သလိုဖြစ်သွားတယ်ဗျာ။။ဟိုဝါးခြမ်းပြာမယ် …အဲ…ဟိုပိန်ပိန်ပါးပါး မမေစံပါယ်ကလည်း အသံလေးက ” အား အား အား ” အာမေဠိတ်အသံတွေထွက်လာတယ်။ ကိုလူပျိုလေးလည်း အော်သံကြားလို့ ကြည့်လိုက်တော့  မမေစံပါယ်ရဲ့လက်ကနာရီကို ကိုလူပျိုသိုးကြီး ….အယ်…..ကျနော်လျှာခလုတ်တိုက်သွားလို့…..ကိုလူပျိုကြီးမျက်နှာကလည်း ချီးဘာကာ ( နိုင်ဂန်ဂျားအခေါ်ကတော့ CheeseDobule Buger) နှစ်ထပ်ဖြစ်လိုသွားသလို့ တရှက်မှ နှစ်ရှက်ဖြစ်သွားလေရဲ့။ ဟိုအမျိုးသမီးကလည်း ရှက်ပြာပြာနဲ့ ကိုလူပျိုကြီးမင်းဇော်လက်ထဲကအထုတ်ကို လှမ်းဆွဲဖို့အလုပ် မှာ ကိုလူပျိုကြီးငယ်သံပါရောင်အော်ပါလေရောဗျာ။ အသံကြောင့်အောက်ကိုငုတ်ကြည့်လိုက်တော့ ကိုလူပျိုကြီးရဲ့  “ အဖျား ” တက်နင်းမိနေ တယ်လေ။ (မှတ်ချက်-ခြေဖျား ဟုဖြည့်စွက်တွေးပါရန်) ။ အဲဒီလိုနှင့် လေယာဉ်ကွင်အထွက်မှာ တက္ကဆီလေး တစ်စီးကိုလှမ်းတားလိုက်ပီး ကိုလူပျိုကြီးနေထိုင်ရာ ကမာရွတ်မြို့ နယ် သို့ Taxi ကားစုတ်လေးတရွေ့ ရွေ့ မောင်းနှင်နေလေသည်။(တက္ကစီကားအစုတ်ကလေးဟု ဆိုရသည် မှာ တက္ကစီကားအကောင်းမဟုတ်သောကြောင့်ဖြစ်ပါသည်….. …အဲဒီလိုမတွေးကြပါ၇န်။အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက တက္ကစီကားကောင်းများ ၀က်ရှော့ရောက်နေလို့ဖြစ်ပါလိမ့်မည်။)……………………..

****************************** အင်တာနက် နှင့် ချစ်ဒုက္ခ အပိုင်း ( ၂ ) ကိုစောင့်မျှော်ဖတ်ရှုကြပါရန်******************************

ဆက်လက်ကြိုးစားပါဦးမည်။

ဖိုးလမင်း

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။