MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, February 6, 2012

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုအစည်းအဝေး လူနည်းစေရန် တိုင်းအစိုးရမှ နည်းမျိုးစုံ ကြိုးပမ်း။

ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ မဲအောင်နိုင်ရေး ခရီးစဉ်တွင် လူထုအင်အားလျော့နည်းစေရန် ကျောင်းများတွင် ပွဲတော်နှင့် စာမေးပွဲများ၊ ဘုရားစေတီတို့တွင် စတုဒီသာကျွေးမွေးခြင်း၊ နှစ်ကာလရှည်စွာထုတ်ပေးခြင်းမရှိခဲ့သည့် အိမ်ဂရန်ထုတ်ပေးရန် အိမ်ရှင်များအား အိမ်များတွင်စောင့်ဆိုင်းနေစေဖို့ နှိုးဆော်ခြင်း စသည့်နည်းများဖြင့် ပြုလုပ်နေကြောင်း ပုသိမ်မြို့ခံများက ပြောသည်။

ပုသိမ်မြို့မှ ၇ တန်းကျောင်းသူတဦးက “ လာမယ့်အင်္ဂါနေ့မှာ ပြည်ထောင်စုနေ့ အကြို အခြေခံပညာ ကျောင်းပေါင်းစုံ ပဒေသာကပွဲလုပ်မယ်၊ အားလုံးလာရမယ်၊ တော်ရုံတန်ရုံ နေမကောင်းလည်း ကျောင်းခန်းထဲလာထိုင်နေပါတဲ့၊ အင်မတန်နေမကောင်းမှ ခွင့်ယူလို့ရမယ်၊ နေမကောင်းတဲ့အကြောင်း ပြန်တက်တဲ့အခါ မိဘကိုပါခေါ်လာပြီး ဆေးစာယူလာရမယ် လို့ပြောထားတယ်” ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

တကောင်း မင်္ဂလာစေတီတော် ဘုရားတွင်လည်း စတုဒီသာ ပွဲကျင်းပမည့်အကြောင်း ကြေညာအသိပေးထားသည်။

အခြေခံပညာ ကျောင်းဆရာမ တဦးကလည်း ဆရာဆရာမများအနေဖြင့်လည်း ထိုနေ့တွင် ခွင့်မယူရ၊ ခွင့်ယူခဲ့ပါက မည်သည့်အကြောင်း၊ မည်သည့်နေရာရောက်ရှိနေခဲ့ကြောင်း ထုခြေလွှာတင်ရမည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။ ကျောင်းဆရာမတဦးက ယင်းနေ့တွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အကြိုပွဲကို ဗီဒီယိုမှတ်တမ်းတင်ထားကာ ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။

အလားတူ ဆယ်စုနှစ် ၃ ခုကျော် ဂရန်ထုတ်မပေးခဲ့သည့် ပုသိမ်မြို့ အမှတ် ၇ နှင့် ၁၂ ရပ်ကွက် (ကွက်သစ်) ရှိလူနေအိမ်များကိုလည်း ဂရန်ထုတ်ပေးမည်ဖြစ်၍ ယင်းနေ့နံနက် မိမိတို့၏ နေအိမ်တွင် စောင့်နေကြရန် ရပ်ကွက်တာဝန်ရှိသူတို့က အကြောင်းကြားထားသည်ဟု ရပ်ကွက်သားတဦးက ၀ိုင်ပီအိုင်သို့ ပြောသည်။

တကောင်းမင်္ဂလာစေတီတော်ကြီး ဘုရားတွင်လည်း ယခင်ကျင်းပလေ့မရှိသည့် ထမနဲထိုးပွဲနှင့် စတုဒီသာပွဲ ယင်းနေ့တွင် နံနက် ၈ နာရီမှ စတင်ကာ ကျင်းပမည်ဟု ကြေညာထားသည်ဟု ပုသိမ်မြို့ခံတဦးက ပြောသည်။ ထို့တူ ပုသိမ်ရပ်ကွက် ရုံးများတွင်လည်း ယင်းနေ့ နံနက် ၉နာရီ တွင်ပင် မုန့်ဟင်းခါး ပိသာချိန် ၆၀၀ ကျွေးမည့်ဟု ကြေညာထားကြောင်းလည်း ယင်းမြို့ခံကပြောသည်။

ယခုကဲ့သို့ ကျောင်းများ၊ ရပ်ကွက်များတွင် ကပွဲကျင်းပခြင်း စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များ မပေါ်ထွက်မီ ရက်အနည်းငယ်က ပုသိမ်တက္ကသိုလ်မှ ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်လာမည့်နေ့တွင် စာမေးပွဲစစ်မည်ဟု ရုတ်တရက်ကြေညာခဲ့သည့် အဖြစ်လည်းကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သို့ နေ့ချင်းပြန် သွားရောက်မည့် ခရီးစဉ်အတွင်း မြို့လူထုအား စကားပြောဆိုမည့်နေရာအဖြစ် ၉ သိန်းအားကစားကွင်းအား ငှားရမ်းခွင့်ပြုထားပြီဖြစ်သည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီရုံးမှာ တာဝန်ရှိသူက ပြောဆိုသည်။ ယခင်ရက်ပိုင်းက ကျောက်တိုင်ကွင်းအား ငှားရမ်းခွင့်ပြုထားရာမှ နောက်ပိုင်းတွင် ၉ သိန်းအားကစားကွင်းအား ပြောင်းလဲစီစဉ်ထားသည်ဟု အန်အယ်လ်ဒီမှ ထုတ်ပြန်သည့် လက်ကမ်းကြော်ငြာများတွင် တွေ့ရှိရသည်။

ပုသိမ်မြို့ရှိ အထက်တန်းကျောင်း တကျောင်း

ယခင်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မဲအောင်နိုင်ရေး နယ်ခရီးစဉ်ဖြစ်သည့် ထားဝယ်ခရီးစဉ်အတွင်း မြို့ခံ လူပရိတ်သတ် သောင်းနှင့် သိန်းနှင့်ချီစုဝေး အားပေးခဲ့ကြသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဖြစ်သည် ဦးသိန်းအောင် ( နအဖ အစိုးရလက်ထက် သစ်တောရေးရာ ၀န်ကြီးဟောင်း) သည် လက်ရှိ အစိုးရအဖွဲ့ဝင်များအနက် သဘောထားဟောင်းရှိသူ၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူအဖြစ် နေပြည်တော် အစိုးရအရာရှိ အသိုင်းအ၀ိုင်းတွင် သိရှိယူဆထားကြကြောင်း လယ်ဆည် ၀န်ကြီးဋ္ဌာနမှ အရာရှိကြီးတဦးက ပြောသည်။ ။


Reference from ;http://www.facebook.com/notes/yangon-press-international/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%95%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%B9%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%81%80%E1%80%B8-%E1%80%9C%E1%80%B0%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%B1%E1%80%85%E1%80%9B%E1%80%94%E1%80%B9-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%85%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%99%E1%80%BD-%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AD%E1%80%B4%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%82%80/311615808885048

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။