MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, February 29, 2012

ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် အမိန့်ထုတ်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ပါတီစည်းရုံးရေးခရီးစဉ်က အပြန်မှာ နေပြည်တော် တပ်ကုန်းမြို့ ရှိ မြန်မာ့အသံ ရေဒီယို အသံလွှင့်ရုံမှာ တနိုင်ငံလုံးကို မဲဆွယ် ပြောကြားမယ့် မိန့် ခွန်းကို အသံသွင်းယူဖို့ ရှိကြောင်းသိရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့ မှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့မှာ နေပြည်တော်တပ်ကုန်းအသံလွှင့်ရုံကို ဒေါ်အောင်ဆန်းစုကြည် လာရောက် တဲ့အခါမှာ မြန်မာ့အသံဝန်ထမ်းအားလုံး ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ မကြည့်ရ၊ မကြိုရ လို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင်က ၀န်ထမ်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများကို သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ အဆိုပါ အမိန့် ကို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောပါတယ်။

ဝန်ထမ်းတွေကို ခေါ်ပြီး အမိန့်ထုတ်တဲ့ အဲဒီအစည်းအဝေးမှာ သူက ၀န်ထမ်းတွေကို တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီးတော့ (၅) ကြိမ်တိတိ မေးတယ်လို့ မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ၀န်းထမ်းတွေက မတွေ့ပါဘူးလို့ ဖြေရပါတယ်။

ပြီးတော့ ဦးသိန်းအောင်က အင်တာနက်မကလို့ ကြိုက်တာတင်လို့လည်း ကြိမ်းဝါးလိုက်ကြောင်း မြန်မာ့အသံဝန်ထမ်းများက Myanmar News Now ကိုပြောပြပါတယ်။

သစ်ထူးလွင်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။