MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, February 12, 2012

ပြည်ပရောက် မြန်မာလူမျိုးအများစု လူသားချင်းစာနာစိတ်နှင့် ယဉ်ကျေးမှုနှင့် ကြီးသူကိုရိုသေလေးစားမှု လုံးဝမရှိတော့ပဲ စိတ်ရိုင်းများဝင်နေကြ။

မင်္ဂလာပါ မိတ်ဆွေတို့။

ကျနော် ယခုပို့ စ်လေးကို ရေးလိုက်ရတာကတော့ ပြည်ပရောက်မြန်မာလူမျိုးများအကြောင်းများစွာ
ရှိသည့်အနက်မှ အရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အကြောင်းကအရာကတော့ ဖတ်ရှုသူမိတ်ဆွေများထဲမှ မိမိနှင့်တိုက်ဆိုင်သူမိတ်ဆွေများအတွက်တော့ ရေးသားသူကို လူမုန်းများစေ
မည့် ဘလော့ ပို့ စ်လေးပါ။အဲဒါက ဘာအကြောင်းလဲဆိုတော့.............

ပြည်ပကိုရောက်ရှိနေကြသော မြန်မာလူမျိုးများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာချို့ 
ယွင်းပျက်စီးနေမှူအကြောင်းပါပဲ။ဦးစွာပထမပြောမှာကတော့...လူတိုင်းမသုံးဖူးတဲ့သူမရှိလောက်အောင် သုံးဖူး၊မြင်ဖူးနေတဲ့  အင်တာနက်လောက နယ်ပယ်လို့ခေါ်တဲ့ အွန်လိုင်းအကြောင်းကစတင်ပြီးပြောပါမယ်။
ကျနော်သည် ပြည်ပရောက်ရှိနေသူတစ်ဦးအပါဝင်ဖြစ်ပါသည်။ပြည်ပနိုင်ငံဆိုတာ မိတ်ဆွေများသိရှိရသည့်အတိုင်း အမိမြန်မာမြေ သဘာဝတောတောင်ရေမြေရှုခင်းတွေနဲ့  အလှအပတွေနဲ့ ဝေးကွာပြီး တိုင်းတပါးနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းတက်နေသူများ နှင့် မြန်မာနိုင်ငံသား စွန့်လွတ်ပြီး တိုင်းတပါးသားအဖြစ် ခံယူထားသူများဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ထိုကဲ့ သို့
ပြည်ပရောက်သူများထဲမှ မြန်မာလူမျိုးအများစုသည် အလုပ်များအားသည့်အခါနှင့် အလုပ်ပိတ်ရက် (သို့မဟုတ်)ကျောင်းပိတ်ရက်များတွင် အွန်လိုင်းဆိုသည့်မြန်မာဘလော့များနှင့် မြန်မာ Ning.com ဆိုက်ဒ်များ
တွင် ဗဟုသုတရဖွယ်ရာစာပေများ ပြည်တွင်းပြည်ပသတင်းများကိုလိုက်လံရှာဖွေဖတ်ကြသူများနှင့် Ning ဆိုက်ဒ်များမှ Chatting Room များတွင် အပျင်းပြေ နှင့်အပျော်သက်သက် ချက်သူများရှိကြပါတယ်။ကျနော်သည်လည်း အလုပ်ပိတ်ရက်များတွင် ပျင်းနေသည့်အခါများတွင်လည်း
ကျနော်၏အွန်လိုင်းသူငယ်ချင်းများ(တခါမှမမြင်ဖူးမတွေ့ ဖူးသူများ)အပျင်းပြေ ချက်တင်လည်းတက်သလို တခါတရံ လူအများအပြိုင်အဆိုင် ချက်ရွမ်းထဲတွင် ပြောဆိုနေသည်များကို အပျင်းပြေဖတ်ရှုနေတတ်ပါတယ်။
အဲဒီချက်ရွမ်းထဲမှာလည်း လူပေါင်းစုံ စရိုက်ပေါင်းစုံ နှင့် နိုင်ငံပေါင်းစုံက မြန်မာလူမျိုး လူကြီး။လူငယ်များနှင့် ပြောဆိုရသဖြင့် ထိုသူတို့၏ စရိုက်နှင့်ပြောဆို ဆက်ဆံပုံများကိုဘေးလူ ပရိတ်သတ်အနေဖြင့်ကြည့်ရှုခြင်းဖြင့်ထိုသူတို့၏ ကိုယ်ကျင့်တရားနှင့်အကျင့်စရိုက်သိက္ခာများကိုသိရှိရပါတယ်။
လူများစုက အများနှင့်ဆက်ဆံသည်အခါတွင် ဆဲဆို ရိုင်းစိုင်းကြမ်းတမ်းစွာပြောဆိုနေကြသလို။အချို့ ကလည်း မိမိဝါသနာပါသည့် တဏှာပိုင်းဆိုင်ရာ ဖွန်ကြောင်ခြင်းများ ပြုလုပ်ကြသည်။တချို့ သူတပါးထိခိုက်နစ်နာစေမည့်စကားများနှင့် အထက်စီးမှ ပြောသည့်သူများ။ အချို့ က သူငယ်ချင်းမောင်နှမစိတ်နှင့် ခင်မင်ရင်းနှီးစွာပြောဆိုကြခြင်း။တချို့ က အင်္ဂလိပ်လိုပဲရိုက်ပြီးအင်္ဂလိပ်စာမတတ်သူများကို နှိမ့်ချပြီး မိမိတတ်ကြောင်းတော်ကြောင်းကို အများသိအောင်
အမျိုးမျိုးထုတ်ဖော်ပြောပြခြင်းနှင့် အချို့ က ချစ်သူရည်းစားများရရှိရန်အတွက် အွန်လိုင်းချက်တင်တက်ခြင်းများဟုရ်ျအမျိုးမျိုးအဖုံဖုံ စရိုက်များကိုတွေ့ ရပါတယ်။အဲဒီအထဲမှာမှ နှမသားချင်းမစာနာပဲ မိန်းကလေးများအား ကုနြေ္ဒပျက်စေမည့်အပြောများပြောဆိုကြခြင်းနှင့် ပါးစပ်အရသာခံသလိုမျိုး မိမိပြောချင်ရာကိုအဆင့်အတန်းမရှိစွာပြောဆိုနေကြခြင်း နှင့် နှမသားချင်းမစာနာခြင်းများသည် လွန်စွာအောက်တန်းကျသော ကိစ္စတရပ်ဖြစ်သည်။ထို့အပြင် မိမိထက် အသက်အရွယ်အားဖြင့်ကြီးသူများကို
လည်း ရိုင်းဆိုင်းစွာ နောက်ပြောင်ပြောနေကြခြင်းအပြင် ကြီးသူကိုရိုသေရမှန်းလည်းမသိ လူမှုရေးလည်းနားမလည် မိမိမြန်မာလူမျိုးတို့၏ယဉ်ကျေးမှူကိုလည်းနားမလည် သူများကိုအမြောက်အများတွေ့ ရှိရပါတယ်။ပြည်ပေ၇ာက်နေသူအများစုသည်( လူတိုင်းတော့မဆိုလိုပါ) မိမိမှန်တယ်တို့ သူတို့ထင် ပြောချင်ရာပြောပြီး ငါကဘယ်နိုင်ငံမှာရောက်နေတာဆိုတဲ့ အစွဲလေးတွေ သူတို့စိတ်ထဲမှာ ရှိနေကြတယ်။ဘယ်နေရာဖြစ်ဖြစ် ငါတို့ မြန်မာလူမျိုးအချင်းချင်း သွေးချင်းမောင်နှမတွေကဲ့သိုပြောဆိုဆက်ဆံမယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝမထားကြဘူး။
ကိုယ့်ထက်သာသူ ကိုအမြဲမှန်းပြီး မိမိထက်နိမ့်တဲ့သူတွေ ဆို အမြဲပဲအထင်သေးစွာဆက်ဆံပြောဆိုတတ်ကြပါတယ်။အဲဒီအချက်က မိမိတို့ရဲ့ ပင်ကိုယ်မသိစိတ်မှာ ကိုယ်တိုင်မသိရှိနိုင်ပဲ ကိန်းအောင်းနေတဲ့ ဘ၀င်တက်မောက်မာတဲ့စိတ်ကလေးပါ။ပြည်ပ ရောက်နေသူ မြန်မာအချင်းချင်းဟာ အမိမြန်မာနိုင်ငံကဝေးကွာပြီဆိုတာနဲ့ မျိုးချစ်စိတ်ပျောက်၊မြန်မာလူမျိုးယဉ်ကျေးမှု နှင့် ၀တ်စားဆင်ယင်မှုတွေပျောက်ကွယ်။ စိတ်ထားပင်ကိုယ်စရိုက်တွေပျောက်ပြီး ဆိုးသွမ်းလှတဲ့ အတွေးစိတ်တွေ ၀င်ကြပါတယ်။မိဘအထိန်းအကွတ်သွန်သင်မှုအပြည့်အ၀မရရှိခဲ့တဲ့သားသမီးများမှာ အများဆုံးတွေ့ ရှိရပါတယ်အဲဒီလိုစိတ်ဓာတ်တွေ။ပြည်ပနိုင်ငံရောက်ပြီဆိုတာနဲ့  လူမှူပတ်ဝန်းကျင်မှာလည်း မြန်မာလူမျိုးအချင်းချင်းဆက်ဆံသည့်အခါမောက်မာရိုင်းစိုင်းစွာ နှင့်အထက်စီးမှပြောဆိုခြင်း၊အလုပ်ခွင်တို့ တွင် မြန်မာအချင်းချင်းရှိသော အလုပ်သည် အန္တရယ်ပိုများသည်ဟု လူတိုင်းသိနေသည့်ခေတ်ကြီး။မြန်မာအချင်းချင်း ယုတ်မာဗိုလ်ကျအနိုင်ယူခြင်း။ စီနီယာမြန်မာရှိပါက ဂျုနီယာ မြန်မာအား မလိုမုန်းတီးစိတ်နှင့် ဂျောက်တွန်းလိုစိတ် ၊နှိမ့်ချလိုစိတ်များရှိနေကြသည့်အပြင် ထို သူတို့စိတ်ထဲတွင် " ဂျူနီယာမြန်မာရှိနေသည့်အတွက် ငါ့အလုပ်တွေများသူလုပ်နိုင်သွားပြီးငါ့ထက်ကျော်သွားမလား၊သူဌေးနှင့်အခြားလုပ်ဖော်ကိုင်ဖက်များကဂျူနီယာမြန်မာအား
ငါစီနီယာတစ်ယောက်ထက် အခွင့်ရေးတွေသာသွားမလားဆိုတဲ့ အတွေးတွေရှိသည့်အပြင် အခွင်ရေးရရှိရင်ထိုးချတွန်းချရန်ပင်စောင့်နေခဲ့ သူများသည်။ အချို့ သော မြန်မာဂျူနီယာများကလည်း မိမိပတ်ဝန်းကျင်သစ်တွင် မသိမတတ်ပဲ ဆရာလုပ်ချင်စိတ်များက ပင်ကိုယ်ကတည်းကရှိနေသောကြောင့် စီနီယာနှင့် အခြားသောလုပ်ဖော်ကိုင်ဖက်များကအမုန်းခံရခြင်းများရှိသည်။စီနီယာမြန်မာများကလည်း ဂျူနီယာများအပေါ်ဗိုလ်ကျခြင်း အာဏပြခြင်း လမ်းပြကူညီမှုများမပေးခြင်း နှင့် မိမိကစီနီယာပဲဆိုပြီး ရှိသမျှအလုပ်များကို ဂျူနီယာအား လွှဲပေးခြင်း နှင့်နိုင့်ထက်စီးနင်း အပြုအမူများအပြင် အခိုင်းစေတစ်ယောက်လို တောက်တိုမယ်ရ အခိုင်းလိုမျိုးလုပ်ရပ်များပြုလုပ်နေကြခြင်းသည် ပြည်ပရောက်မြန်မာများဖြစ်သည်။ပြည်ပရောက်မြန်မာများသည်အဝေးရောက် မြန်မာလူမျိုးအချင်းချင်း ရိုင်ပင်းချစ်ခင်ကူညီခြင်းနှင့် လူသားချင်းစာနာစွာဆက်ဆံပြောဆိုခြင်းများသည် မြန်မာပြည်မှ ထွက်လာကတည်းက မြန်မာပြည်တွင်ထားခဲ့ ကြပြီး ပြည်ပနိုင်ငံ၏လွတ်လပ်မှုနှင့်အကျင့်ဆိုးစရိုက်ဆိုနှင့် ယဉ်ကျေးမှုမတူညီသည့်အရာများကို လွယ်ကူစွာအတုယူ လိုက်နာ လွယ်ကြသည်။ ၀တ်စားဆင်ယင်မှုဆိုလျှင်လည်း လုံလုံလဲလဲမ၀တ်စားတော့ပဲ တကိုယ်လုံးဘာမှ မ၀တ်ထားသောကလေးများကဲ့သို ဟိုပေါ်ဒီပေါ်များဖြင့် လူတကာကို မြင်စေချင်သောဆန္ဒဖြင့် အရှက်ကင်းမဲ့
စွာဖြင့် ၀တ်စားဆင်ယင်လေ့ရှိပါသည်။ပြည်ပနိုင်ငံများတွင်လည်း မြန်မာလူမျိုးများအတွက်ကိုက်ညီသည့် ၀တ်စားဆင်ယင်မှုများရှိပါလျှက်နှင့် မ၀တ်ချင်ကြပဲ အများပတ်ဝန်းကျင်က သိမြင် လွယ်သည့် အ၀တ်စားများဖြင့် ဟန်ရေးပြလျှက်ရှိသောကြောင့် မြန်မာလူမျိုးများ(အထူးသဖြင့် မြန်မာမိန်းကလေးများ)ဘ၀ပျက်လွယ်ကြ၊ မိမိ၏အ၀တ်စားမဲ့ ပုံများနှင့် လိင်ဆက်ဆံနေသည့်ပုံများ အွန်လိုင်းနှင့် အင်တာနက်များတွင် Myanmar Girl ဆိုပြီးသတင်းတွေပြန်နေ့ကြပါတယ်။ ချစ်သူကိုလည်း အပြည့်ဝမယုံကြည့်ပါနဲ့ ။ ချစ်လို့ မိမိက သူတောင်းသမျှလိုက်လျောခဲ့ ပေမယ့် နောက်ဆက်တွဲက မိမိနဲ့ အတူနေစဉ် ရိုက်ကူးထားတာတွေကို အွန်လိုငိးစာမျက်နှာနှင့်ယောကျားလေးအချင်းချင်းမျှဝေကြ၊တချို့ က ပြည်ပနိုင်ငံကို တင်ပို့ရောင်စားကြနဲ့ လုပ်နေကြတာတွေရှိပါတယ်။အဲဒီတော့ မြန်မာမိန်းကလေးများကလည်း မိမိဝတ်စားဆင်ယင်မှုသည်ဆန့်ကျင်ဖက်လိင်ကိုဆွဲဆောင်နိုင်သည်မှန်သော်လည်း နောက်ဆက်တွဲ့ အကျိုးဆက်
တွေမျှော်တွေပြီး မြန်မာမှု မြန်မာ့ဟန် နှင့်မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာလူမျိုး အမျိုးဂုဏ် ဇာတိဂုဏ်ကိုမိမိတတ်စွမ်းနိုင်တလောက်ထိန်းသိမ်းကြပါ။
ပြည်ပရောက်တိုင်းအောက်ခြေလွတ်နေသူများအတိုင်း မသိစိတ်က တစ်နေ့တခြား ဆိုးသွမ်းသွားလျှင် သင်သည်လည်း လူသားချင်း မေတ္တာ စေတနာ နှင့် စာနာစိတ်များရှိတော့မည်မဟုတ်ပေ။ထိုအခါတွင် အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများသည် တခုပြီးတခုဆက်တိုက်ဆိုသလို သင့်ထံတွင်ဖြစ်ပေါ်လာပါ
လိမ့်မည်။မြန်မာလူမျိုးများသည်ဘွဲ့ ရသူတိုင်း အတွေးခေါ်မြင့်မားသူများမဟုတ်ကြသလို ဘွဲ့ မရ စာမတတ်ပဲနှင့်လည်း လူနေမှုပတ်ဝန်းကျင်တွင် သူတကာထက် သာလွန်စွာတွေးခေါ်ဆင်ခြင်ထိန်းသိမ်းနိုင်သည့် စိတ်နှင့်ဆန္ဒတွေရှိတတ်ကြပါတယ်။ထို့ ကြောင့် မိမိသည် ဘယ်နိုင်ငံရောက်ရောက် အဝေးရောက်မြန်မာအချင်းချင်းရိုင်းပင်းပါ ၊ကူညီပါ။ မောင်နှမဆွေမျိုးသားချင်းကဲ့ သို့ စောင့်ရှောက်ပါ။ပြောဆိုဆက်ဆံပါ၊စိတ်ဓာတ်ကျနေသူများကို မြှင့်တင်ပေးပြီး မလိုစိတ်၊သ၀န်တိုစိတ်နှင့်ပြိုင်ဆိုင်မှုစိတ်များမမွေးမြူ မထားရှိပဲ စိတ်ထားကြည်လင်စွာဖြင့် မေတ္တာစိတ်ရှေးရှူကနေထိုင်သွားကြလျှင် မိမိအတွက်နှင့်မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်များစွာအကျိုရှိသလို တပါးသူများကလည်းမိမိအား ယုံကြည်လေးစားချင်ခင် စိတ်များပိုမိုပွားများလည်မည်မှာမုချဧကန်ဖြစ်ပါသည်။ မိမိသည် မည်မျှနာမည်ကျော်ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဖြစ်နေပါစေ မိမိထက်အသက်ကြီးသောသူများနှင့် ဆက်ဆံသည်အခါတွင်လည်း ရိုသေစွာ အကို၊အမ။ဦးလေး၊အဒေါ်၊အဖိုးအဖွားကဲ့သို့ ဆက်ဆံပြီး ၊မိမိထက်အသက်ငယ်သော သူများနှင့်ဆက်ဆံသည်အခါတွင်လည်း ယဉ်ကျေးပြုဌာစွာဖြင့် လေးစားစွာပြောဆိုဆက်ဆံခြင်းသည် ကောင်းခြင်း မင်္ဂလာတစ်ပါးဖြစ်သည်။မိမိထက်သာလွန်သူများကိုသာ ရိုသေစွာအောက်ကျို့ စွာဆက်ဆံပြီး မိမိထက်နိမ့်ပါးနိမ့်ကျသူများအပေါ်ဗိုလ်ကျအနိုင်ယူလိုစိတ်နှင့် မနာလိုဝန်တို ပြိုင်ဆိုင်လိုစိတ်များရှိသည် အတ္တအစွဲများကို ကြိုးစားမေ့ဖျောက်ခြင်းသည် လည်းမင်္ဂလာတစ်ပါးဖြစ်ပြီး ကံ-ကံ၏အကျိုးကျေးဇူးကို ကောင်းမွန်စွာခံစားရပေလိမ့်မည်။မိမိသည် မြန်မာနိုင်ငံဖွားအမျိုးသားအမျိုးသမီးဖြစ်သည့်အတွက်မည်သည့်နိုင်ငံတွင်ရောက်ရှိနေပါစေ (သို့ )မည့်သည့်ရာထူးဖြင့်ကမ္ဘာကျော်နေပါစေ၊ မည်သည့်နိုင်ငံသားအဖြစ်ခံယူထားပါစေ မြန်မာနိုင်ငံတွင်ပေါက်ဖွားကြီးပြင်းလာသူများ၏သွေးသားများသင်၏ကိုယ်အတွင်း စီးဆင်းနေသေးသရွေ့ အမျိုးကိုချစ်သောစိတ်ကို အစဉ်မွေးမြူထိန်းသိမ်းသင့်ပါသည်။

လေးစားစွာဖြင့်......
MTS (or) Dj-Fighter Lay
www.myittarshin.com
http://209.212.144.155/MTS ( MTS Online Radio 24hrs)


No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။