MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, February 15, 2012

ရာသီဥတုကြောင့် လေဖြန်းသူများလာ


ရန်ကုန်၊ ဇန်န၀ါရီ-၂၅

အအေးဒဏ်ကြောင့် အချို့သူများတွင် လေဖြန်းခြင်းများ ဖြစ်ပွားနေကြကြောင်း သတင်းရရှိသည်။ ရောဂါတစ်ခုခုကြောင့် လေဖြတ်ခြင်းမျိုးမဟုတ်ဘဲ အအေးလွန်သည့်အတွက် မျက်နှာရှိအာရုံကြောများ ထုံသွားကာ ပါးတစ်ခြမ်းရွှဲ့သွားကြခြင်းဖြစ်ပြီး အသက်ကြီးသူများတွင် ပို၍ပြင်းထန်စွာဝေဒနာခံစားရကြောင်း အထွေထွေရောဂါကု ဆရာဝန်များကပြောသည်။

“ကျွန်မတို့ လွန်ခဲ့တဲ့တစ်ပတ်လောက်က ကျိုက်ထီးရိုးသွားကြတုန်းတည်းဖို့နေရာလည်းခက်တော့ပါလာတဲ့တစ်ယောက်က ကားပေါ်မှာအိပ်တယ်။ အဲဒီအချိန်က အပြင်မှာ လည်း အရမ်းအေးနေတဲ့အပြင် ကားပေါ်မှာလည်း အဲကွန်းနဲ့ အရမ်းအေးနေတာ။ မနက်ရောက်တော့ သူကသူအရမ်း အေးပြီးတစ်ကိုယ်လုံးထုံနေတယ်လို့ပြောလို့ မျက်နှာကြီး ရွဲ့သွားတာ မနည်းကိုပြန်လုပ်လိုက်ရတယ်”ဟု ကျိုက်ထီးရိုးဘုရားသို့သွားခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

အအေးလွန်သည့်အခါတွင် သွေးကြောများထုံသွားသည့်အတွက် ထိုသို့ဖြစ်ဖြစ်ရခြင်းဖြစ်ပြီးခရီးသွားသည့်အခါ ပြတင်းပေါက်များဖွင့်ပြီး အိပ်မိသည့်အခါမျိုး၊ ရေချိုး၊ ခေါင်း
လျှော်နေရင်းနှင့် အအေးလွန်သည့်အခါမျိုးများတွင် ပါးတစ်ခြမ်းရွဲ့သွားလေ့ရှိကြသည်။ အချို့အေးသည့်အချိန်အလွန်အမင်းရယ်မောခြင်းကြောင့်လည်းပါးတစ်ခြမ်းရွဲ့ သွားသည့် လူများလည်းရှိကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာထွန်းသိန်းကပြောသည်။

“အိမ်နားက အသက်၆၀ကျော်အဘွားတစ်ယောက်ဆိုလည်း မနက်ပိုင်းလေဖြတ်သလို ပါးကြီးရွဲ့သွားတာ။ ဆရာဝန်ကတော့ လေဖြတ်တာမဟုတ်ဘူး။ အေးလို့ လေဖြန်းသွားတာလို့ပြောတယ်။ အခုထိတော့ သိပ်မသက်သာသေးဘူး”ဟု တောင်ဒဂုံမြို့နယ်မှ မခင်ညိုက ပြောသည်။ထိုသို့ဖြစ်လာလျှင် အာရုံကြောပြန် အားကောင်းစေသည့် ဆေးဝါးကုသမှုများ၊ လေ့ကျင့်ခန်းများဖြင့် ပြန်လည်ကုသနိုင်ပြီး တစ်ပတ်မှ တစ်လခန့်အထိ ကုသချိန်ကြာမြင့်နိုင်ကြောင်း သိရသည်။

http://www.7daynewsjournal.com

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။