MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, February 14, 2012

လူ ၂၀၀ ကျော်သေဆုံးစေခဲ့သည့် ၂၀၀၂ ခုနှစ် ဘာလီကျွန်းဗုံးခွဲမှု၏ အဓိကတရားခံကို ရုံးတင်စစ်ဆေး


ဘာလီကျွန်းဗုံးခွဲမှုဖြစ်စဉ်ကို ပုံဖော်စစ်ဆေးရန် ၂၀၁၁ ခုနှစ်၊နိုဝင်ဘာလက အူမာပါတက်နှင့် ဇနီးကို အခင်းဖြစ်နေရာ ခေါ်ဆောင်လာစဉ်
လူ ၂၀၀ ကျော် သေဆုံးစေခဲ့သည့် ၂၀၀၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဗုံးခွဲမှုတွင် ဗုံးများကိုတပ်ဆင်ခဲ့သည့် အဓိကတရားခံဟု စွပ်စွဲခံရသူ အူမာပါတက်အား မြို့တော်ဂျကာတာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးနေကြောင်း သိရသည်။

အူမာပါတက်အား လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ကြံစည်မှုစွဲချက်ဖြင့် စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်သည်ဟု သိရသည်။ ကမ္ဘာလှည့်ခရီးသွားများပါ သေဆုံးစေခဲ့သည့် ဗုံးခွဲမှုအပြင် ပါတက်သည် ၂၀၀၀ ပြည့် နှစ်တွင်ဖြစ်ပွားခဲ့သော ခရစ်ယာန် ဘုရားကျောင်းများ ဗုံးဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီးလည်း တရားစွဲဆိုခံရဖွယ် ရှိနေသည်။
အသက် ၄၄ နှစ်ရှိပြီဖြစ်သော ပါတက်သည် အင်ဒိုနီးရှားနိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်သမားတစ်ဦးဖြစ်ကာ အမေရိကန်အစိုးရကလည်း အမေရိကန်ဒေါ်လာတစ်သန်း ဆုငွေထုတ်ထားခံရသူဖြစ်သည်။
ဘင်လာဒင်ပုန်းအောင်းနေခဲ့ရာ ပါကစ္စတန်နိုင်ငံ အဘော့တာဘတ်မြို့၌ ၂၀၁၁ ခုနှစ်ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် ပါတက်ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ပါတက်ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဘာလီကျွန်းဗုံးခွဲမှုတွင် ပါဝင်ပတ်သက်ကြောင်း၊ ဖောက်ခွဲရေးပစ္စည်းများကို တပ်ဆင်ပေးခဲ့ကြောင်း ရဲများသို့ ထွက်ချက်ပေးထားပြီးဖြစ်သည်။ အကြမ်းဖက်သမားများအကြောင်း လေ့လာသူ အင်ဒိုနီးရှာပညာရှင် နိုရာဟူဒါအစ္စမေးလ်ကလည်း ''အူမာပါတက်ဟာ အင်ဒိုနီးရှားအတွက်တင်မကပါဘူး စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့အတွက်ပါ အလွန်အဖိုးတန်တဲ့ အကြမ်းဖက်သမားတွေရဲ့ ဆက်နွှယ်မှုအကြောင်း တွေပြောနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ပါတက်ကို ဘင်လာဒင်နေထိုင်ခဲ့တဲနေရာမှာ ဖမ်းမိတာဟာ ဘယ်လိုမှ ပုံမှန်တိုက်ဆိုင်မှုလို့ ပြောလို့မရပါဘူး'' ဟုပြောကြားခဲ့သည်။ စစ်ဆေးမေးမြန်းမှုများတွင်လည်း ပါတက်သည် ဒေသတွင်း အကြမ်းဖက်အဖွဲ့များ၊ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုကွန်ရက်များအကြောင်း သဲလွန်စပြောပြမှုများ ရှိခဲ့သည်။
ပါတက်သည် ဘာလီကျွန်းဗုံး ဖေါက်ခွဲမှုနှင့်အင်ဒိုနီးရှားနိုင်ငံ အတွင်း ၌ဗုံးဖေါက်ခွဲမှုများ ပြုလုပ်ခဲ့သော Jemaah Islamiyah အဖွဲ့မှ နောက်ဆုံးကျန်ခဲ့သည့် ထင်ရှားသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ယင်းအဖွဲ့သည် ဘင်လာဒင်၏ သင်ကြားမှုများလွှမ်း မိုးခံရသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့သည်။
Ref;CNN
news-eleven မှပြန်လည်ကူးယူတင်ပြသည်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။