MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, February 16, 2012

အချစ်ဆိုတာကိုသေချာနားလည်ကြရဲ့လား (သို့) QQ များအကြောင်း။အွန်ုလိုင်းမှာ မိန်းကလေးဖြစ်ရင်ပြီးရောဆိုသော သိက္ခာမဲ့သားသမီးများအတွက်။

" ဘာလဲဟ....အချစ်စစ်ဆိုတာ " ....???

လူတိုင်းမှာ မချစ်ခဲ့ဘူး၊ အချစ်မခံရခဲ့ဘူးတဲ့လူတွေ၇ယ်ဆိုတာမရှိပါဘူး။ သက်ရှိမျိုးနွယ်တိုင်း နှလုံးသာဆိုတာတော့ရှိကြပါတယ်။

သက်ရှိထဲမှာ လူသားများကို ကျနော်ပြောချင်တာက .... ခင်ဗျားတို့ပြောပြောနေတဲ့ ချစ်တယ် ချစ်တယ် .... အချစ်စစ်ဆိုတာဘာနဲ့တိုင်းတာ

ကြတာလဲဗျာ။ အချစ်ကဗျာများရေးတဲ့ စိတ်ကူးယဉ်ဆန်သူတွေ။ အချစ်အကြောင်းကြားဖူးနားဝ သို့မဟုတ် သူတပါးစာသားတွေကိုဖတ်ပြီးကျင့်သုံးတာတွေ လူတိုင်းလုပ်တတ်ကြပါတယ်။

ထိုသူများကို ကျနော် SMT ကမေးချင်ပါတယ်။

What is the real meaning of pure love ? It doesn't mean love ,Talking about love is so easy, What is the deep answer for that???။

အချစ်စစ်ဆိုတာဘာလဲ? သာမန်လွယ်လွယ်ကူကူပါးစပ်ထဲတွေ့ ကရာ လျှောက်ကျုတဲ့ အချစ်မျိုးကိုမဆိုလိုပါ။လေးနက်မှု နဲ့ အချစ်ရဲ့အဓိပ္ပါယ်ကို သင်တို့ဖြေကြာပေးကြပါ။

အချစ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ ခံစားဖူးမှ အချစ်ရဲ့ အဓိပ္ပါယ် ကို နားလည်သဘောပေါက်ကြမှာပါ။

ယခုခေတ်လူငယ်တွေက တိုင်းတာကြတဲ့ အချစ်က ပိုက်ဆံလား ၊ ဂုဏ်လား ၊ အရာရှိလား ၊ သူဌေးသားသမီးလား ၊စည်းစိမ်လား ၊ အထင်ကြီးမှုလား။ တကယ်လက်တွေ့ မှာဖြစ်နေကြတာက အဲဒါအားလုံးပါပဲ။ အားလုံးကို လူတိုင်းမက်မောတက်ကြပါတယ်။ဥပမာ...သင်မှာချစ်တဲ့သူရှိတယ်ဆိုပါစို့ဗျာ ...သင်ရဲ့ချစ်တဲ့သူက သင်ကို အထင်မကြီး ၊မလေးစား ၊သင်က ပိုက်ဆံမရှိ ၊ ဘာမှမဟုတ်တဲ့လူတယောက်ဆို ထိုသင်ချစ်သောသူက ပြန်ချစ်နိုင်ဖို့ဆိုတာ ဒဏရီပုံပြင်ထဲမှာပဲရှိဖို့ကများပါတယ်။ " မယုံဘူးဆိုတာ မကြုံဘူးသေးလို့ပါ "။(ဟေ့ကောင်မင်းကြုံခဲ့ဘူးလို့လားလို လာမမေးခင်ကျနော်ကြိုပြောပါ့မယ် ။ကျနော် SMTလည်းကြုံခဲ့ဖူးပြီမှပြောတာပါ)။

ဆိုကြပါစို့ သင်မှာ ချစ်သူရှိတယ် သူက အထက်ပါ အတိုင်း ဂုဏ်မက် ရာထူးမက် စည်းစိမ်မက် နိုင်ငံခြားတိုင်းပြည်တခုခုကို ရောက်နေ့တဲ့လူကို မက်မော အဲဒီလိုတွေရှိနေမယ် ဆိုရင် သင့်ကိုချစ်တယ်လို့ သူတို့ ပါးစပ်ကပြောတဲ့ အချစ် က အချစ်စစ်ဖြစ်နိုင်ပါ့မလား?။ထိုကဲ့ သို့ ချစ်သူမျိုး သင့်မှာရှိနေလျှင် အမှန်ဆုံးနောက်ဆုံးပေးလိုက်သင့်ပါတယ်။ ဟန်ဆောင်မှု တွေဖုံးလွမ်းနေတဲ့ အချစ်တွေကြားမှာ သင့်ဘ၀ကြီးကိုမ နှစ် မြုပ်သင့်ကြပါဘူး။အချိန်တွေမနှောင်းခင်မှာ အမြန်ဆုံးရုံးထွက်လိုက်ကြပါ။ သင့်ကိုမချစ်သောသူကို အရူးမူးဆက်ချစ်နေသော်ငြားလည်း သင့်အတွက် အချိန်ကုန် စိတ်ပင်ပန်း မှုများဖြစ်နေပါလိမ့်မယ်။သင့်ချစ်သူသွားချင်သော သူများဆီသွားပြီး နောက်ဆုံးတနေ့နေ့မှာ သင့်အချစ်ကို တခြားသူနဲ့ မယှဉ်နိုင်ဘူးဆိုသိတဲ့တနေ့ပြန်လာရင် သင် လုံးဝစိတ်မပျော့ပါနဲ့ ။လုံးဝလက်မခံပါနဲ့တော့။ လောကမှာ အဖို/အမ တွေ ရှိနေသရွေ့ တနေ့နေ့တော့ အချစ်စစ် အချစ်မှန်ကို ရှာတွေ့ နိုင်ကြမှာပါသူငယ်ချင်း / မိတ်ဆွေတို့။

***ယနေ့ခေတ်ကြီးမှာ အွန်လိုင်းမှ သူငယ်ချင်းများဖြစ်ကြ နောက်ပိုင်းတစ်ဦးနဲ့တစ်ဥိးချစ်ကြ။ အဲဒီလိုလူမျိုးများက ကျနော် အထက်မှာဖော်ပြခဲ့သလို့ လောကကြီးမှာ အချစ်ဆိုတာကို အမှန်တကယ်လေးလေးနက်နက်သဘောမထားကြပဲ မိမိစိတ် မိမိဝါသနာအတိုင်း ခင်မင်သောမိန်းကလေးများကို လိုက်ကြူ(Q ) ချစ်စကားဆိုကြ။ကျနော် သိရှိရတဲ့ အွန်လိုင်းသူငယ်ချင်းတွေကလည်း အဲဒီလိုကြူနေကြတဲ့လူတွေ အချို့ပါဝင်နေပါတယ်။(ff မှ မည်သူမည်ဝါကိုမှမရည်ရွယ်ပါ) အဲဒီလူတွေက အချစ်ကို ဘယ်လိုနားလည်ထားကြလဲဆိုတာ SMT ကို အီးမေး( smt.neverprouded@gmail.com) ပို့ ပြီး သူငယ်ချင်းတို့နားလည်ယူဆထားသော အချစ်စစ် နဲ့ အချစ် ကို ကျေးဇူးပြုပြီး ရှင်းပြပေးကြပါ။ကျနော်ကတော့ အချစ်စကားတွေကို လှပအောင်မပြောတတ်၊ အချစ်စာအုပ်တွေမဖတ်ဘူးတော့ ကျနော်နားလည်တဲ့အချစ်က စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတာက အစပျိုးခြင်းနဲ့ ချစ်သူများဖြစ်လာသောအခါတွင် ရှိသင့်ဖြစ်သင့်အချက်များကို next blog post တွင် ကျနော်ဖော်ပြပေးသွားပါမယ်။ဝေဖန်ပြီး အီးမေးများပေးပို့ကြပါ။(ဆဲဆိုမှုများတော့ ရှောင်ကြည်စေချင်ပါတယ်လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်)တိုက်ဆိုင်မှုများတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြပါ။

တဆက်တည်းမှာပဲ အခြား Topic လေးကတော့ အီစကလီ နှင့် QQ များအကြောင်းပါ။

* ဆန့်ကျင်ဘက်လိင်တွေ ရဲ့ သဘောတရာဟာ အီစီကလိရိုက်ပြီး အွန်လိုင်းမှ QQ သို့မဟုတ် Facebook / Email/Skype /Vzo / Gtalk /Yahoo messenger စသဖြင့် အဲဒီလိုနေရာတွေမှာ သူတို့ဘ၀တွေအတွက် သာယာမှုရှာတတ်ကြတာ သဘာဝပါ။ သင်ဟာလည်း တဦးအပါဝင်ပါပဲ ။ကျနော်ပြောတာဟုတ်မဟုတ်ဆိုတာ သေချာတစ်ဦးထဲတွေးတော ကြည့်ပါ။ အနည်းနဲ့အများတော့ % သာကွာခြားတာကိုတွေ့ ရမှာပါ။ ကျနော် ကိုယ်တိုင်လည်းဝန်ခံပါတယ် ကျနော် အရမ်းစိတ်ညစ်နေတဲ့အချိန် မိန်းကလေး သူငယ်ချင်းတယောက်က မိမိကို အားပေးစကားလာပြောခဲ့တာရှိ ခဲ့ဖူးပါတယ်။သို့ပေမဲ့ QQ (အီစီကလီ)လိုစိတ်မရှိပဲ မိမိကို စိတ်သန့်စွာနဲ့  အားပေးစကားကိုကျေးဇူးတင်မိတာပါ။အဲဒီလိုပေါ့ဗျာ လူတစ်ဦးနဲ့ တစ်ဦး အယူဝါဒ အတွင်းစိတ်တွေတော့ကွာခြားမှာပါ။

QQ များရဲ့  နောက်ဆုံးရလာဒ်က နာမည်ပျက်ရခြင်း။ မိဘ မျက်နှာပျက်ရခြင်း။ မိမိဂုဏ်သိက္ခာကို တဖက်သူ၏အတွင့်စိတ်မှ အထင်သေးခံရခြင်း(ဥပမာ- ဒီတယောက်ကတော့ ငါပိုင်ပါတယ် အေးဆေးပဲ ထုံးလိုမွှေရေလိုနှောက်၊ငါပြောသမျှ ပြီးတယ်) အဲဒီလိုမျိုးတွေ အပြင် ထိုသူတို့ ၇ဲ့ နီးစပ်ရာခင်မင်သောသူငယ်ချင်းများကိုလည်း အဲဒီ မိန်းကလေးက ၊(သို့ ) အဲဒီယောကျားလေးက ငါကိုလာကြောင်နေတာ ငါပြောသမျှ ခေါင်းညိတ်လက်ခံတယ် စသဖြင့် မိမိနောက်ကွယ်တွင် အတင်းအဖျင်းတွေပါ ဖြစ်လာရပါမည်။

အချို့ ကလည်း အိမ်ထောင်ရှိလျှက်နှင့် အပျင်းပြေ သဘောမျိုး သူများသားသမီးများကို စိတ်ဒဏ်ရာ ရအောင် အမျိုးမျိုးပြုလုပ်ပြီးနောက်ဆုံးမှာ တယောက်နဲ့တယောက် မသိခဲ့သလို လုပ်ကြခြင်းများလည်း ရှောင်ကြဉ်သင့်ပါတယ်။ လျှာရိုးရှိတိုင်း ကျူရမယ်ဆို မိမိဟာလူ့ ပတ်ဝန်းကျင်မှာ အရှက်မရှိတဲ့လူတယောက်ဖြစ်ပြီး မိမိရဲ့ မိဘတွေလည်းမျက်နှာပျက်ရပါတယ်။

ထို့အတွက်ကြောင့် ​ဆန္ဒများကို သိက္ခာဖြင့်ထိန်း ဆိုတဲ့ စကားအတိုင်း မိမိတို့ ဖြစ်ချင်လုပ်ချင်ရာများကို သေချာစွာ စဉ်းစားပြီးမှ လုပ်ဆောင်ကြပါ.။

လောက မှာ စစ်မှန်မှု ပျော်ရွှင်မှု အစစ်အမှန်ကို ရှာဖွေတွေ့ ရှိနိုင်ကြပါစေ။

ရေးသားသူ စိုးမင်းထွန်း (SMT)

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။