MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, March 30, 2012

Chat သင်္ကေတ များအကြောင်းတစေ့တစောင်!

Chat သင်္ကေတ ကို Smiley ဟုလည်း သိကြသည်။ အင်တာနက်အသုံးပြုဖူးသူတိုင်း Messengerများ Chat ခန်းများဖိုရမ်နှင့် Message-Boardများပေါ်တွင် :-) သဏ္ဍာန်အားမြင်တွေ့အသုံးပြုသူတွေချည်းဖြစ်သည်။ ထိုသဏ္ဍာန်သည် အသုံးပြုသူ၏ စိတ်ခံစားမှုအား ရိုးရိုးရှင်းရှင်းနှင့် ထိထိမိမိဖေါ်ပြနိုင်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် စကားလုံးပေါင်းများ စွာထက် ခရီးရောက်လှပေသည်။ သို့သော် ထိုသဏ္ဍာန်လေးများ၏ သမိုင်းအား သိရှိသူမှာ လွန်စွာနည်းပါးလှသေးသည်။ တကယ်တော့ Smiley လေးများသည် လွန်ခဲ့သော ၂၅ နှစ်က တက္ကသိုလ်ပါမောက္ခတစ်ဦး ၏ အိုင်ဒီယာမှစတင်ခဲ့ခြင်းဖြစ် သည်။

စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲလုပ်။

အထူး စုံစမ်းစစ်ရေး ဦးစီးဌာန(စသုံးလုံး)က စစ်ဆေးရင်း သေဆုံးသွားခဲ့ရသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်အမှုနှင့်ပတ်သက်ပြီး ယမန်နေ့က ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါ ၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်သည်။

ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဂျပန် စကားပြန် ကိုမျိုးလွင်(၀ဲစွန်)၊ မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား

Thursday, March 29, 2012

Message အလန်းလေးများ...........

1. You mAke me ရြစိရြစိ........ My heArt is ယားက်ိယားက်ိ ..... I do you ကြစိကြစိ........ you sAy me ပြစိပြစိ At the end we Are........ကြိကြိကြီကြိ............
2. Sorryပဲ...gtalkဖွင်.တိုင်း ...chatနေတာ..Q နေတာ...မဟုတ်ဖူး မာန်တက်နေတယ်ထင်ရင်..blockနိုင်တယ်... i don't care ပဲ...သဘောပေါက်လား......... (မပေါက်ရင် ၂ခါပြန်ဖတ် ...........၂ခါပြန်ဖတ်လို.မှနားမလည်ရင်..... ငါတော်တော် IQ နိမ့်တာပဲလို.တွေးပြီး...............လဲသေလိုက်
3.တရားစွဲလို့မရလို့ပေါ့....ရလို့ကတော့.....အိမ်မက်ထဲမှာ.........ပိုက်နက်ကျူးလွန်မှု..........စိတ်တွေကိုလွှမ်းမိုးထားမှု............ရင်ခုန်နှုန်းမြန် အောင်လှုပ်မှုနဲ့

Wednesday, March 28, 2012

Conversation Joke ( ဟာသများ)

နားနှစ်ဖက်လုံးအညိုအမဲစွဲနေတဲ့အာဘန်းက ဆရာဝန်နဲ့တွေဖို့ သွားတယ်
ဆရာဝန်း နားမှာဘာဖြစ်လာတာလဲ
အဘန်းး တယ်လီဖုန်းမြည်တော့ ကျွန်တော်ကမီးပူတိုက်နေရင်း ကောက်ကိုင်လိုက်တာ တယ်လီဖုန်းကိုကိုင်ရမဲ့အစား
မီးပူကိုယောင်ကိုင်လိုက်ပြီး နားနဲ့ကပ်မိလို့ အခုလိုဖြစ်သွားရတာပါ
ဆရာဝန်း ဖြစ်မှဖြစ်ရလေ.. ဒါဆိုနောက်နားတဖက်ကရော

Tuesday, March 27, 2012

တော်လှန်ရေးနေ. ဒို.မမေ့(မတ်လ ၂၇ ရက်နေ့)၆၇နှစ်မြောက်တော်လှန်ရေးနေ့ 

တော်လှန်ရေးနေ. ဒို.မမေ့
(မတ်လ ၂၇ ရက်နေ့)၆၇နှစ်မြောက်တော်လှန်ရေးနေ့ကို
ဂုဏ်ပြုသောအားဖြင့်ကြိုဆိုလိုက်၇အောင်



တော်လှန်ရေးနေ.ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ မြန်မာ့တပ်မတော် သားများက
ဖက်ဆစ်ဂျပန်ကို စတင် တော်လှန်တိုက်ထုတ် တဲ့နေ.၊ကျမတို့အတွက်နေ့ထူးနေမြတ်တစ်ရက်ပါ။

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ။

2012-03-25
ကချင်ဒေသက စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဟာ အခုအခါ ကချင်ဒေသကို ရောက်ရှိ ကူညီနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

Photo courtesy of WPN
တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်
ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ရဲ့ခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တာ ဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည် တစ်ထောင်အတွက် တစ်လစာ စားသုံးနိုင်မယ့် အစားအသောက်နဲ့ အရေးပေါ်သုံး ပစ္စည်းတွေကို မြစ်ကြီးနားမြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့

ကလေးစစ်သားကိစ္စ အိုင်အယ်လ်အို တိုင်ကြား

2012-03-26
စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု မပြည့်မီတဲ့ လူငယ်တစ်ဦး အပါအ၀င် ကလေးစစ်သား ၃ ဦးကို မိဘတွေက စစ်တပ်တွင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတာကို ကူညီဆောင်ရွက်ပေးဖို့ ဒီကနေ့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို သွားရောက် အကူအညီ တောင်းခံခဲ့တယ်လို့ ကလေးတွေရဲ့ မိဘဆွေမျိုးတွေက ပြောကြပါတယ်။

(Photo: AFP)
ကလေးစစ်သားအဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် အသက် ၁၆ နှစ် မပြည့်သေးသော မောင်ဆန်းဦးအား ၂၀ဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းလျက် ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ ၎င်း၏ အမှုကိုလည်း ILO သို့ တိုင်ကြားထားသည်။
မြင်းခြံမြို့၊ ၁၄ ရပ်ကွက်နေ မောင်အောင်အောင်(အဘ) ဦးမောင်သန်းဟာ မွေးရာပါ စိတ်ပိုင်း၊ ရုပ်ပိုင်း စွမ်းဆောင်မှု မပြည့်မီတဲ့ ကလေးတစ်ဦး ဖြစ်ပါတယ်။ သူ့ကို လူတစ်ဦးက ဖြားယောင်းပြီး စစ်တပ်ထဲကို ပို့ဆောင်ခဲ့ပါတယ်။ ရမည်းသင်း လေ့ကျင့်ရေးတပ်မှာ အခုရှိနေပါတယ်လို့ အုပ်ထိန်းသူဖြစ်တဲ့ ဦးပါစိန်က ပြောပြပါတယ်။

မြန်မာ့တရားရေး ပိုပြီးပျက်စီးလာနေ

2012-03-26
မြန်မာပြည်ရဲ့အပြောင်းအလဲကာလ တရားစီရင်မှု တစ်ချို့မှာ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လှည့်ဖျားခဲ့တာတွေ ရှိနေတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

(Photo: AFP)
ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့အမှုမှာ တရားရုံးနဲ့ သမ္မတရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေကြောင်းအရ မှားယွင်းတာ ရှိနေတယ်လို့ AHRC ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
အလားတူပဲ ရန်ကုန်မှာ နာမည်ကြီး လူသတ်မှုတစ်ခု ဖြစ်တဲ့ ဆေးရုံကားမောင်းသူ ကိုတင်မောင်ဆွေကို

မြန်မာဒုက္ခသည် ဂျပန် တိုးမြှင့်ခေါ်ယူမည်။

2012-03-26

ဂျပန်နိုင်ငံရဲ့ လက်ရှိ မြန်မာဒုက္ခသည် ခေါ်ယူနေရာ ချထားရေး အစီအစဉ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဒုက္ခသည်တွေ ဆက်လက် လက်ခံသွားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

(Photo: Courtesy of Free Burma Rangers)

စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည်တွေကို ဂျပန်နိုင်ငံက လက်ခံခေါ်ယူခဲ့ရာမှာ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီခဲ့တာကြောင့် နောက်ထပ် ဒုက္ခသည် စခန်းနှစ်ခုကပါ တိုးချဲ့ခေါ်ယူမှာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က စတင်ခဲ့တဲ့ ဂျပန်အစိုးရရဲ့ မြန်မာဒုက္ခသည် လက်ခံ နေရာချထားရေး အစီအစဉ်ဟာ နောက်နှစ် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ အဲဒီအချိန် ၃ နှစ်အတွင်း တစ်နှစ်ကို လူ ၃၀ နှုန်းနဲ့ မြန်မာဒုက္ခသည် ဦးရေ ၉၀ လက်ခံဖို့ သတ်မှတ်ထားတာပါ။

အခုထိ မယ်လစခန်းက ဒုက္ခသည် မိသားစု ၉ စု၊ လူဦးရေ စုစုပေါင်း ၄၅ ယောက်ကို ဂျပန်နိုင်ငံမှာ နေရာချထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်အတွက် လျှောက်ထားသူက မိသားစု နှစ်စုသာ ရှိနေသေးပြီး၊ စုစုပေါင်း လူ ၁၀ယောက် ဖြစ်ပါတယ်။

အဲဒါကြောင့် အုန်းဖျန်နဲ့ နို့ဘိုး ဒုက္ခသည် စခန်းတွေကပါ ခေါ်ယူဖို့ ဂျပန်အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

RFA


တာဝန်မဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်ရဲများ၏စိတ်ဓာတ် နှင့် တာဝန်သိပြည်သူများ(ဖတ်ဖြစ်အောင်ဖတ်ပါ)

ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေစဉ်
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ့ က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ

Wednesday, March 21, 2012

Bat Files သင်ခန်းစာ (၁)



Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

အများတောင်းဆိုလို့ ကျနော်ရေးပေးလိုက်ပါတယ်ခင်ဗျာ…
ကျနော်ကိုယ်တိုင်လည်း တအားနဲ့ မကျွမ်းကျင်သလို ၊ ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။
ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။
bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ

Tuesday, March 20, 2012

ဗမာလူမျိုးသမိုင်း


ဗမာလူမျိုးသည် မြန်မာပြည်၏ အများဆုံးလူမျိုးဖြစ်သည်။ လူဦးရေ ၆၈% သို့မဟုတ် ၃၀,ဝ၀ဝ,ဝ၀ဝ ဦး မျှရှိသည်။တိဘက်-ဗမာ လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မနုဿသမိုင်းအရ ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့နာဂ၊ သက်၊ ကမ်းယံ၊ ပျုတို့နောက်မှ ဝင်ရောက်လာခြင်းဖြစ် သော် လည်း ပျုတို့ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက် တို့က ဖျက်စီးပြီး ချိန် မတိုင်မှီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြပါသည်။ အေဒီ ၁၀ ရာစုမတိုင် မှီ အ ချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီတွင် မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။

သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်း တစ်လျောက် တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင် ရန် အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်း တွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်

Monday, March 19, 2012

သေမင်းတမန် ရထားလမ်းအကြောင်း!

ချွေးတပ်သားများ မှာ ပင်ပန်း ကြီးစွာ လုပ်ကိုင် ကြရသည်။

သေမင်းတမန် ရထားလမ်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ်

ထားဝယ်ဖက်မှာ ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေ

2012-03-18

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့  ပူးပေါင်းပြီး ဒေသခံတွေနဲ့  ၀န်ထမ်းတွေဆီက ကြိုတင်မဲတွေ အဓမ္မကောက်ယူနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

DaweiMyoDaw Facebook Page

ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း

ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။


ပြီးခဲ့ တဲ့  ၁၇ ရက်နေ့က လောင်းလုံပညာရေးရေးမှုးရုံးကို ထားဝယ်မှာ သင်တန်းတက်ရမယ့် ဆရာဆရာမ ၇၀ ခန့်ကို သင်တန်းတက်ရမယ့် ရက်ရွှေ့ဆိုင်းပြီး ကြိုတင်မဲထည့်ခိုင်းတယ်လို့  လောင်လုံမြို့  နယ် NLD အောင်နိုင်ရေးအဖွဲ့ ဝင် ကိုဇော်ကြီးက ပြောပါတယ်။


အလားတူပဲ ဒီလ ၁၅ ရက်နေ့ ကလဲ ထားဝယ်ပညာရေး ကောလိပ် ပထမ နဲ့ ဒုတိယနှစ် ကျောင်းသူ ကျောင်းသား တွေ ကို လောင်းလုံ ဒေသခံရော ဒေသခံမဟုတ်သူတွေရော အားလုံးကို ကြိုတင်မဲ အဓမ္မ ထည့်ခိုင်းတာ ၊ ကဒက်ကြီး ရွာလဲ မဲရုံမှုးလုပ်မဲ့  ကျောင်း အုပ်ဆရာမကြီး ဒေါ်ကေသီက ကြံ့ခိုင်ရေးပါတီကို မဲ ထဲ့ရမယ်လို့  ခြိမ်းချောက် ပြောဆို တာတွေရှိတယ်လို့  ဒေသခံ တဦး က ပြောပါတယ် ။


အခုလို လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ပြီး လောင်း လုံ NLD အဖွဲ့  က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ထံကို အကြောင်းကြားထား တယ်လို့  သိရပါတယ်။

RFA

Sunday, March 18, 2012

ငါးပိ အင်္ဂလိပ်ပြောတာ ဘာဖြစ်လည်???

ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားလူငယ်များရဲ့ မှတ်ဉာဏ် ဉာဏ်ရည်ဉာဏ်သွေးဟာမနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သပ်သပ်ပြောပြောမယ်ဆိုရင် အာရှတိုတ်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှကြောက်စရာမလိုပါ ဘူး၊ လူမျိုးတစ်မျိုးလုံးကို ခြုံပြောတာပါ။တစ်ဦးချင်ယှဉ်လို့ သူ့တို့ကသာတာမျိုးတွေတော့ရှိတာပေါ့၊မြန်မာလူငယ်တွေ အသံထွက် မှန်အောင် သင်လို့ မရဘူး ဆိုတာမရှိပါဘူး၊မြန်မာစကားမပီတဲ့ ရှမ်းပအို့ဦးပဉ္ဇင်လေးတွေတောင် အင်္ဂလိပ်စကားပြော ကျတော့

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာဘာလဲ??


အိမ်တွင်အကြမ်းဖက်မှုဆိုသည့်စကားလုံးသည်အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော“Domestic Violence” ကိုတိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။အိမ်တွင်အကြမ်းဖက်မှုသည်မိသားစုတခုတွင်အတူနေထိုင် ကြသောမိသားစုအဖွဲ့ဝင်တယောက်မှအခြားတယောက်အားစိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာအရနိုင်ထက် စီးနင်းကျင့်ကြံပြုမူခြင်းကိုအိမ်တွင်းအကြမ်းဖက်မူဟုခေါ်ဆိုင်နိုင်သည်။အိမ်တွင်းအကြမ်းဖက်မှုသည်လူတို့ လက်ခံယုံကြည်ကျင့်သုံးနေသောအခြေနေများအရလည်းကွဲးပြားမှုရှိသည့်အတွက်အခြားသောအဓိပ္ပါယ်ဖွင့် ဆိုမှုများကိုလည်း ဖော်ပြလိုပါသည်။

(
၁) အိမ်တွင်အကြမ်းဖက်မှုဆိုသည်မှာ
မိမိ၏ဇနီးမယာအားပြင်းထန်စွာကိုယ်ထိလက်ရောက်စော်ကားဖြင်း၊ကျူးလွန်ခြင်း၊ရိုက်နှက်ခြင်း၊အဆက်မပြက် ရိုက်နှက်ခြင်း၊ဆိုးဆိုးဝါးဝါးနှောက်ယှက်ခြင်း၊ဆိုးဝါးစွာထုနှက်ခြင်း၊လိင်ပိုင်အရခြိမ်းခြောက်အကြပ်ကိုင်ခြင်း ၊ကြောက်မက်ဖွယ်ရန်ပြုခြင်း၊ဆိုးဝါစွာကြောက်မက်ဖွယ်ရန်ပြုခြင်း၊ချူပ်နှောင်းထာခြင်း၊ပြန်ပေးဆွဲခြင်း(သို့မဟုတ်)

Friday, March 16, 2012

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊

















သြကာသဘုရားရှိခိုး
သြကာသ၊သြကာသ၊သြကာသ၊ကာယကံ၊၀စီကံ၊မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက် အုပ်မိုး ၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။
ကန်တော့ရသော အကျိုးအား ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏အရှင် ဘုရား။
အပါယ်လေးပါး- (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေ ကြေ ပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသောသိဉ္စိုးငရဲ၊
(ခ) ငရဲသားတို့ကို ငရဲထိန်း တို့က သားကောင်ကို ခွေးတွေလိုက်သလိုအတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက် တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်ကာဠသုတ်ငရဲ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသောသံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာထန်းပင် ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါး မည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်း မြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီးတောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွား ပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီး ကလည်းအရှေ့ အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှ သံတောင် တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာ တငရဲ ၊
(ဃ)မီးတောက်တို့သည်တ၀ုန်းဝုန့်း လျက်ငရဲသို့ကျရောက်သူတို့၏ ဒွါရ(၉)ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာတစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့်မီးတောက်မီးလျှံ အလောင်ခံနေ ကြရသောရောရုာဝငရဲ ၊
(င)မီးခိုးတို့တစ်ငရဲလုံးဖုံးလွှမ်းနေပြီးငရဲသို့ကျရောက်သူတို့ကိုမီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောမဟာရောရုဝငရဲ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထနေသည့်သံတံကျင်၌ မလှုပ်နိုင်အောင် စိုက် ထား ပြီးလျှင်ထိ သံတံမှထွက်သောမီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ၊
(ဆ)မီးလျှံထနေသောသံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင် တွေစိုက်ထူထားပြီးငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင် ပေါ်သို့ မတက်တက်အောင်ရိုက်နှက်၍ တင်ကြပြီးသံတောင်ပေါ်သို့ ရောက်သော အခါ ကံကြမ္မာအလျောက်လေမုန်တိုင်းပေါ်ပေါက်၍ထိုလေမုန်တိုင်းကတောင်ခြေ၌ရှိသောတံကျင်ပေါ်ရောက်အောင် တိုက်လွှင့် ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောမဟာတာပနငရဲ၊
(ဇ) မီးတောက်မီးလျှံများအကြား မရှိပဲ တစ်ငရဲလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်း မုန်ညှင်းစေ့ကလေးတွေပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ် နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ ၊ လက်ပံတော ငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ သံရည်မြစ်ငရဲတို့က တံတိုင်းခတ် သကဲ့သို့ ရံပတ်၍နေသောငရဲ အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
(၂) ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ကြက်၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေး ချောင်း၊ အခြေနှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေ စသောအခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့်တိရစ္ဆာန် အဖြစ်ရောက်ရခြင်း လည်းကောင်း ၊
(၃) တစ္ဆေ ၊ မှင်စာ၊ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊
(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ်အရပ်၌ ကျရောက်ရခြင်းလည်းကောင်းကပ်သုံးပါး-
(၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း(သတ္တန္တရကပ် )
၊(၂) ပလိပ်ရောဂါ ၊ကာလရောဂါ၊ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)
၊(၃)မြို့နယ်အနှံ့အပြားတို့၌အစားအသောက်ပြတ်ငတ်၍သေကြေပျက်စီးရခြင်း(ဒုဗ္ဘိက္ကန္တရကပ်)တို့နှင့်ကြံကြိုက် ရခြင်းလည်းကောင်း၊
ရပ်ပြစ်ရှစ်ပါး-
မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသ များဖြစ်ကြသည့်
(၁၊၂၊၃)ဘုရား ပွင့်နေဆဲအခါငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစသော အပါယ်အရပ်(အသူတကယ်ကို ပြိတ္တာ မျိုး၌ယူ)၊
(၄) ဘုရားရှင်ပွင့်ဆဲဘုရားရှင်ကို မဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာ သောခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့်စိတ် ၀ိ ညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ် တို့အရပ်၊ (၅)အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ် အရပ် ၊
(၆) ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း
၊(၇)ဘုရားပွင့်ဆဲအခါတရားနားလည်လောက်သောဥာဏ်မရှိသူ
၊(၈) တတ်သိ နားလည်လောက် သောဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း၊
ရန်သူမျိုးငါးပါး-
(၁) ရေ၊(၂) မီး၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း၊
ဝိပတ္တတရား လေးပါး- ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟုဆိုအပ်သော
(၁)မင်းဆိုးမင်း ယုတ် အုပ်စိုးသောအခါ ဖြစ်သည့်ကာလ၀ိပတ္တိ ၊
(၂)အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ဂတိဝိပတ္တိ၊
(၃) ရုပ်အဆင်းအင်္ဂါချို့တဲ့ ခြင်း စတဲ့ ဥပဓိဝိပတ္တိ၊
(၄)အသိအလိမ္မာဥာဏ်ပညာသတိဝီရိယမရှိပဲပြုမူ၊ပြောဆို၊ကြံစည် မူပယောဂ၀ိပတ္တိစသည့်မကောင်းသောအဖြစ်ဆိုးတို့နှင့်လည်းကောင်း၊
ဗျဿန တရားငါးပါးတို့မှ-
(၁) ဆွေမျိုးပျက်စီးခြင်းဥာတိဗျဿန၊
(၂)စည်းစိမ်ဥစ္စာပျက်စီး ခြင်းဘောဂဗျဿန
(၃)အနာရောဂါဖြစ်ခြင်းရောဂဗျဿန၊
(၄)မှားယွင်းသောမိစ္ဆာအယူကိုယူခြင်းဒိဋ္ဌိဗျဿန၊
(၅)သီလပျက်ခြင်းသီလဗျဿန စသောပျက်စီးခြင်းတို့ နှင့်ကြုံတွေ့ရခြင်းစူသော၊
ဘုရားဂုဏ်တော် (၉) ပါး
၁။ အရဟံ=လူ နတ် ဗြဟ္မာ၊ သတ္တဝါတို့၏၊ ပူဇော်အထူးကို၊ ခံယူတော်မူထိုက်သော၊ မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ=ခပ်သိမ်းသောတရားတို့ကို၊ ကိုယ်တော်တိုင်သိတော်မူသော၊ မြတ်စွာဘုရား။
၃။ ဝဇ္ဖာစရဏသမ္ပန္နော=သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့်၊ ပြည့်စုံတော်မူသော၊ မြတ်စွာ ဘုရား။
၎။ သုဂတော=ကောင်းသောစကားကို၊ ဆိုတော်မူသော၊ မြတ်စွာဘုရား။
၅။ လောကဝိဒူ=လောကသုံးပါးကို၊ သိတော်မူသော၊ မြတ်စွာဘုရား။
၆။အနုတ္တရော၊ပုရိသ၊ဒမ္မသာရထိ=လူကြမ်း နတ်ကြမ်း ဗြဟ္မာကြမ်းတို့၏၊ ယဉ်ကျေးအောင်ဆုံးမ တော်မူသော၊ မြတ်စွာဘုရား။
၇။ သတ္ထာဒေဝမနုဿာနံ=လူ နတ် ဗြဟ္မာ၊ သတ္တဝါတို့၏၊ ဆရာဖြစ်တော်မူသော၊ မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ=သစ္စာလေးပါး၊ မြတ်တရားကို၊ ပိုင်းခြားထင်ထင်၊သိမြင်တော်မူသော၊ မြတ်စွာဘုရား ။
၉။ ဘဂဝါ=ဘုန်းတော် ( ၆ ) ပါးနှင့်၊ ပြည့်တော်မူသော၊ မြတ်စွာဘုရား။ ။
တရားဂုဏ်တော် (၆)ပါး
၁။ သွက္ခာတော=ကောင်းစွာဟောတော်အပ်သော၊ တရားတော်။
၂။ သန္ဒိဋ္ဌိကော=မိမိကိုယ်တိုင်၊ သိမြင်နိုင်သော၊ တရားတော်။
၃။ အကာလိကော=ကျင့်ကြံပါက၊ အချိန်ကာလာမရွေး၊ အကျိုးပေးသော၊ တရားတော်။
၎။ ဧဟိပဿိကာ=လာပါ ရှုပါ ကျင့်ကြံပါဟု၊ ဖိတ်ခေါ်ထိုက်သော၊ တရားတော်။
၅။ သြပနေယျိကော=မိမိတို့၏၊ ကာယ အဇ္ဈတ္တသို့ကပ်၍၊ သိဆောင်ထိုက်သော၊ တရားတော်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ=ကိုယ်စီကိုယ်ငှ၊ ကောင်းမွန်သည်ဟု၊ သိအပ်ခံစားအပ်သော၊ တရာတော်။ ။
သံဃာဂုဏ်တော် (၉)ပါး
၁။ သုပ္ပဋိပန္နော၊ ကောင်းစွာကျင့်တော်မူသော၊ သံဃာတော်။
၂။ ဥဇုပ္ပဋိပန္နော၊ ဖြောင့်မှန်စွာကျင့်မူတော်သော၊ သံဃာတော်။
၃။ ဥာယပဋိပန္နော နိဗ္ဗာန်အလို့ငှါ၊ ကျင့်တော်မူသော၊ သံဃာတော်။
၎။ သာမိစိပ္ပဋိပန္နော၊ ရိုသေသမှုနှင့်၊ လျှော်အောင်၊ ကျင့်တော်မူသော၊ သံဃာတော်။
၅။ အာဟုနေယျော၊ အဝေးမှ ယူဆောင်လာ၍၊ ပူဇော်အပ်သော၊ ပစ္စည်းကို၊ ခံယူထိုက်သော သံဃာတော်။
၆။ ပါဟုနေယျာ၊ ဧည့်သည်အတွက်၊ စီမံထားသော၊ ပစ္စည်းကို၊ ခံယူထိုက်သော၊ သံဃာတော်။
၇။ ဒက္ခိဏေယျော၊ နောင်ဘဝ၌၊ ကြီးပွားချမ်းသာရန်၊ အလို့ငှါ၊ ရည်မှန်း၍၊ ပေးလှူသောအလှူကို၊ ခံယူထိုက်သော၊ သံဃာတော်။
၈။ အဉ္ဖလီကရဏီယျော။ လက်အုပ်ချီမိုး၊ ရှိခိုးမှုကို၊ ခံယူထိုက်သော၊ သံဃာတော်။
၉။အနုတ္တရံပုဥခေတ္တံလောကဿ၊လူနတ်ဗြဟ္မာ၊သတ္တဝါတို့၏၊ ကောင်းမှုမျိုးစေ့ကို၊ ကျဲချစိုက်ပျိုးရန်အတွက်၊ ကောင်းမွန်သော၊ လယ်ယာမြေနှင့်၊ တူတော်မူသော၊ သံဃာတော်။ ။
သင်္ခါရသဘောတို့သည်ပျက်စီးခြင်းသဘောရှိကြသည်၊
သင်ချစ်သားတို့မမေ့မလျှော့သော သတိတရားတို့ဖြင့်
အားထုတ်ကြကုန်လော့….မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကား

Thursday, March 15, 2012

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

2012-03-13
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေအတွက် နောက်ထပ်ငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။

Photo-AFP
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကချင်လူထုက ကြိုဆိုနေစဉ်။
အဲဒီ အလှူငွေတွေကို ကချင်ဒုက္ခသည်တွေထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ မန္တလေးတိုင်း

မြန်မာစစ်သားလက်ချက်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးမှု မြန်မာအစိုးရထံ တိုင်ကြား

2012-03-14

မြန်မာစစ်သားနှစ်ဦး လက်ချက်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရထံ တရားဝင် တိုင်ကြားထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီယူ ဝေမင်းက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

အမှုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က မြန်မာစစ်သားနှစ်ဦး နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး အသက် ၅၃ နှစ်အရွယ်ရှိ လဖိုင် ဇော်လွန်း အမည်ရှိ တရုတ်နိုင်ငံဘက်မှာ နေထိုင်သူ ကချင်တိုင်းရင်းသား တစ်ဦးကို ပစ်သတ်ခဲ့တာပါ။

လဖိုင် ဇော်လွန်းဟာ တရုတ်နိုင်ငံသားဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမှုများတာကြောင့် ဒီကိစ္စမှာ တရုတ်အစိုးရက အရေးမယူချင်လှပေမယ့် ပြည်သူအများက မကျေမနပ်ဖြစ်ပြီး ဖိအားပေးလာတာကြောင့် အခုလို တိုင်ကြားတာဖြစ်မယ်လို့ ထင်မြင်ကြောင်း ပထမဆုံး သတင်းထုတ်ဖော်ပေးခဲ့သူ ကချင်သတင်းစဉ်မှ ကိုနော်ဒင်က အာအက်ဖ်အေကို ပြောပြပါတယ်။

တရုတ်အစိုးရက တိုင်ကြားရာမှာ အမှန်တရားကို ထုတ်ဖေါ်ပေးဖို့၊ အပြစ်ရှိသူကို အရေးယူပေးဖို့နဲ့ ကျန်ရစ်သူ မိသားစုကို နစ်နာကြေးပေးဖို့ တောင်းဆိုချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် တိုင်ကြားတဲ့အထိ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် သတင်းမီဒီယာတွေကတော့ တစ်လုံးတစ်ပါဒမှ ရေးသားဖော်ပြခြင်း မရှိဘူးလို့ သိရပါတယ်။

ခုလို တရုတ်နိုင်ငံသား ကချင်တိုင်းရင်းသားကို သတ်ဖြတ်တာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ် နိုင်ငံထဲကို ရိက္ခာရှာဖွေဖို့ နယ်ကျွံလာတဲ့ မြန်မာအစိုးရ စစ်သားနှစ်ဦးကို ဒေသခံ ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးပြီး တရုတ်အာဏာပိုင်တွေလက်ထဲ အပ်နှံခဲ့တဲ့အတွက် လက်စားချေတာ ဖြစ်နိုင်ကြောင်း ကချင်သတင်းစဉ်က ဆိုပါတယ်။

RFA

Tuesday, March 13, 2012

ပြည်ပရောက်တေးဆိုရှင်မှ သီဆိုထားသော သီချင်း (တရုတ်ကြောင့်တိုင်းပြည်အပျက်မခံဘူး)



RFA

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော။

မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။

RFA

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။

စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ... စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

တရုတ်ရောက်တိုင်းပြည်ပျက်မခံဘူးသီချင်းကိုနားဆင်လိုလျှင် ကျူ်နေရာတွင်နှိပ်ပါ။


RFA

Monday, March 12, 2012

စင်င်္ကာပူမှ နိုင်ငံခြားသားစုံတွဲများ အများပြည်သူရှေ့တို့ တွင် သရုပ်ပျက်စွာနေထိုင်ကြခြင်း။(မြန်မာလူမျိုးများလည်းပါဝင်နေ)

Your public transport, their love nest: Couples get touchy-feely on bus and train





These couples were seen behaving inappropriately on the train and bus, in front of other commuters.

STOMPer Ninja Turtle, who saw a couple doing the 'octopus' on the train, said:

"This couple sat on the reserved seats and slept like they were in their bedroom.

"They didn't even care that there other people around."

STOMPer Leyori, who saw another couple behaving intimately on the bus, said:

"This happened on Bus 65 from Lucky Plaza, and they stopped at Hotel 81 Selegie.

"I had been tolerating them, but they continued to groping each other."

စင်ကာပူမှ ကျောင်းသားကျောင်းသူအများစုသည် ဆရာ၊ဆရာမ များကိုအရိုသေပေးခြင်းမရှိ။

STOMPer Nicholas felt that this university student was being disrespectful towards her lecturer by sleeping on her laptop during lecture in the lecture hall.

The STOMPer wrote:

"This girl was not showing respect to her lecturer. She was clearly asleep when the lecture was going on.

"The lecturer noticed her and told her to wake up.
  • "She woke up for awhile before going back to sleep again!"?

Myanmar maid abused by employers, with scratches and blisters all over body

Myanmar maid abused by employers, with scratches and blisters all over body

STOMPer K was moved by the horrific injuries on the body of this Myanmar maid, which included scratches, hot water scalds and even human bite marks. She had also apparently been hit on the head with a coffee mug.

The STOMPer wrote:

"On Feb 25, this maid from Myanmar named Khing (not her real name), aged 24 years according to

Saturday, March 10, 2012

ဒီကနေ့ မြင်ရတဲ့ ကသာဈေးရဲ့  အနိဌာရုံ ။


မီးဘေးဒုက္ခကို ကယ်တင်ကြသူများ...
ကျွန်တော် မီးဘေးဒုက္ခသည်တွေအတွက် အခုအချိန်ဟာ မျှော်လင့်ချက်တွေမဲ့သလို ဖြစ်နေကြရတဲ့အချိန်ပါ..နှစ်
ပေါင်းများစွာ တည်ထောင်ခဲ့ရတဲ့ဘ၀ရပ်တည်ရေးဟာ ရှေ့မှာဘယ်လိုဆက်ပြီးစခန်းသွားရမယ်ဆိုတာ မသိတဲ့အချိန်....
မီးလောင်တဲ့ ကသာမြို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ
်ဦးသာအေးနဲ့ (ကသာသားဖြစ်တဲ့)စည်ပင်သာယာတိုင်းဒေသကြီးဝန်ကြီးတို့ရောက်လာပါတယ်၊ဦးသာအေးဆိုတာ အရင် ကျွန်တော်တို့စစ်ကိုင်းတိုင်းရဲ့တိုင်းမှူး၊တယကဥက္ကဌကနေ ဒီတိုင်းဒေသကြီးမှာပဲ ၀န်ကြီးချုပ်ဖြစ်လာတဲ့ပုဂ္ဂိုလ်၊
သူက မီးဘေးဒုက္ခသည်တွေကိုလေးထပ်ကျောင်းဝန်းက မီးဘေး ဒုက္ခသည်စခန်းမှာ ခေါ်ပြီးတွေ့ဆုံပါတယ်၊
အဲဒီမှာ သူပြောတာတွေက စိတ်ဝင်စားစရာပါ၊ ကသာမြို့ဟာ ခရိုင်မြို့ဖြစ်ပေမယ့် မီးသတ်ကားတွေဟာ အဆင့်မမှီတဲ့အကြောင်းပြောပါတယ်၊ဘာကြောင့်မှန်း မသိပါဘူး၊ဒုက္ခသည်တွေက လက်ခုတ်ဝိုင်းတီးကြပါတယ်၊ ခုမှ သိသွားတော့တယ်ဆိုတဲ့ အနေနဲ့လား၊နောက်ကို ကသာခရိုင်မီးသတ်တပ်ဖွဲ့ကြီးကို တိုးတက်အောင်လုပ်ပေးတော့မှာပဲဆိုတဲ့ အတွေးနဲ့ တီးတာလားတော့ မသိဘူးပေါ့ဗျာ၊အဲဒီမှာ သူဆက်ပြောတာက ဈေးကို ကံထရိုက်နဲ့ဆောက်ရင် ဘယ်လို.မြို့ကနေ ငွေကောက်ပြီးဆောက်ရင် ဘယ်လို ဆိုတာတွေပါ၊ ပြီးတော့ ဈေးသည်တွေကို ဘာလိုလဲပြောပါဆိုတော့ ဈေးသည်တစ်ဦးက ထပြီးပြောရှာပါတယ်..
“သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ဈေးဆိုင်မှာသာပုံထားတာဖြစ်လို့ ဘသပျက်သွားပြီး ရှုင်းနှီးငွေမရှိတော့လို့ ငွေတိုးနည်းနည်း(ဘဏ်တိုးလောက်ပေါ့)ချေးပေးပါ”တဲ့၊
အဲဒီမှာ ဦးသာအေးပြောသွားတာက အားရစရာပါ၊ရပါတယ် ၊စီစဉ်ပေးမယ်၊
ဒါပေမယ့် အလကားတော့ချေးလို့ မရဘူး၊၁၀၀ကို ၂ကျပ်ခွဲ တော့ အတိုးပေးရမယ်တဲ့ ခင်ဗျား.၊

ဝဋ်ကြွေးရယ် ရီတာပေါ့...(၁)......(ဟာဂျူလီ.ကသာ)
ကျွန်တော်လေ သိတတ်စအရွယ်ကတည်း မတရားတဲ့ကိစ္စမှန်သမျှ ရှောင်ကြဉ်ခဲ့ပါတယ်၊ကိုယ်တိုင်ရှောင်ကြဉ်ရုံမကပါဘူ၊လေ
သူများတွေ မတရားလုပ်နေတာမြင်ရင်လည်း လက်ပိုက်ကြည့်မနေခဲ့ပါဘူး၊ဒါကြောင့်လည်း အာဏာရှင်ကြီးကြီးငယ်ငယ်တွေနဲ့
အမြဲလိုလို ထိပ်တိုက်ပါပဲ၊တစ်ခါ(လွန်ခဲ့တဲ့ ၁၅နှစ်ခန့်)က သက်ပန်းကျောင်းအလှူတစ်ခုမှာ (အဲဒီခေတ်အခေါ်)ခယကဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ရယ် ၊
ဦးမြင့်ဆွေ(ကသာစည်ပင် ကွယ်လွန်)ရယ်၊စစ်ကိုင်းတိုင်းသမအသင်းဥက္ကဌဦးမောင်မောင်လေး (ကွယ်လွန်)ရယ်၊နဲ့ ထမင်းတစ်ဝိုင်းတည်းမှာဆုံမိကြပါတယ်၊ ထမင်း
စားကြရင်းနဲ့ဒုတိယ ဗိုလ်မှူးကြီးမောင်မောင်က “ဟာဂျူလီ.မင်းရေးလိုက်လို့ ဌာနဆိုင်ရာ တာဝန်ခံတစ်ယောက်ကို အရေးယူလိုက်တာ သိလား”လို့မေးပါတယ်၊
ကျွန်တော်ကလည်း သိတဲ့အကြောင်းနဲ့ အရေးယူခံရသူရဲ့ နာမည်နဲ့ ရာထူးတွေကိုပြောပြလိုက်ဖြစ်တယ်၊
“အဲဒီအမျိုးသမီးက ကိုယ်တို့ အုပ်ချုပ်ရေးပိုင်းကို အထူးကူညီနေတဲ့သူကွ..”
“ဟုတ်ကဲ့.ဒါလည်းသိပါတယ်ခင်ဗျာ”
“သိရင် ဘာဖြစ်လို့ သူ့အမှားကို တိုင်းသိပြည်သိ မဂ္ဂဇင်း(ဂျာနယ်မပေါ်သေးပါ)ထဲ ထည့်ရေးရတာလဲ၊မင်းရေးလိုက်တော့ သူ့ရဲ့ အထက်က လူကြီးတွေသိပြီး
အရေးယူခံလိုက်ရတော့ မကောင်းဘူးပေါ့”
“ဟုတ်ကဲ့၊ဗိုလ်မှူးကြီးကို တစ်ခုတော့ ပြန်မေးပါရစေခင်ဗျာ၊ဗိုလ်မှူးကြီးကရော အဲဒီအရာရှိရဲ့ လူထုအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးကိုသိပါသလား”
“ပြောပါဦး”
“ဟုတ်ကဲ့ ..သူနဲ့ပါတ်သက်ပြီး မြို့က လူဆင်းရဲတွေ ပြောနေဆိုနေကြတာကြာပါပြီ၊ရာထူးနဲ့ငွေပေးတဲ့သူတွေကိုသာ ၀န်ဆောင်မှုပေးပြီး မပေးနိုင်တဲ့သူဆိုရင်
လှစ်လျူရှု့တတ်တယ်တဲ့၊ဒါနဲ့ ကျွန်တော်သူ့ကို တစ်ရက်က သူလုပ်ဆောင်ပေးရမယ့်ကိစ္စအတွက် ၀န်ဆောင်မှုတောင်းပါတယ်၊မိနစ်ပိုင်းအတွင်းလုပ်
ဆောင်ပေးရမယ့်အစား(၄)ရက်ကြာပါတယ်၊အဲဒီကြားထဲ အာဏာပိုင်တွေ ရွှေဆိုင်ပိုရှင်တွေကိုတော့ ကျွန်တော်ရှေ့မှာတင်ကူညီပေးနေပါတယ်၊နောက်ဆုံး
ကျွန်တော်က ကျွန်တော့်ကို ဘာကြောင့်မလုပ်ပေးတာလဲမေးတော့ ဒီမယ်ကိုဟာဂျူလီ ငွေရှိတဲ့သူတွေ ကငွေပေးတယ်၊အာဏာရှိတဲ့သူတွေက လုပ်ပိုင်ခွင့်
ပေးတယ်၊ကိုဟာဂျူလီက ကျွန်မကို ဘာပေးနိုင်လဲတဲ့၊ကျွန်တော်ကပြောလိုက်ပါတယ် ဗိုလ်မှူးကြီးခင်ဗျား၊ကျွန်တော့်မှာတော့ ကလောင်ပဲရှိတာဆိုတော့ ကလောင်ပဲ
ပေးပါ့မယ်လို့၊အဲဒီအကြောင်းလေး အမှန်အတိုင်းပဲ ရေလျှာ့းလိုက်တာပါ”
“ထားပါတော့ဗျာ၊အခု ရုံးချုပ်ကစစ်ဆေးရေးတွေရောက်နေတယ်၊သူတို့တတွေစစ်ရင် ခင်ဗျား နည်းနည်းပါးပါးတော့ လျှော့ထွက်ဆိုပေးလိုက်ပါဗျာ
“ဟုတ်ကဲ့၊ကျွန်တော် ဗိုလ်မှူးကြီး မပြောခင်ကတည်းက လျှော့ထွက်ဆိုဖို့ စဉ်းစားထားပြီးသားပါ၊ကျွန်တော်လည်း သူ့ရဲ့ထမင်းအိုးကို ရိုက်ခွဲဖို့အထိ မရည်ရွယ်
ပါဘူး၊ပြည်သူလူထုကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိအောင်သာလုပ်တဲ့သဘောပါ”
“အေး.ဘာဖြစ်ဖြစ်ပေါ့ကွာ၊အကောင်းဆုံးဖြစ်အောင် ထွက်ဆိုပါ”
“ဟုတ်ကဲ့ ဗိုလ်မှူးကြီးက အခုလိုပြောတဲ့အတွက် ကျွန်တော်အစစ်မခံတော့ပါဘူး၊သူ့ကြောင့်ခံစားရတဲ့သူတွေကိုပဲ တိုက်ရိုက်အစစ်ခံခိုင်းပါမယ်”
ဗိုလ်မှူးကြီး ကျွဲမြှီးတိုသွားပါတယ်၊
“အေး.မင်းကိုငါ ပြတ်ပြတ်ပဲပြောထားမယ်၊ နောက်ကို ဌာနဆိုင်ရာအကြောင်းဘာမှမရေးပါနဲ့”
“ဘာဖြစ်လို့များလဲခင်ဗျာ”
“ဘာဘာညာညာမမေးနဲ့ကွာ၊နောက်ကို မင်းဌာနဆိုင်ရာအကြောင်းတွေရေးရင် ငါဖမ်းချုပ်မှာ”
ကျွန်တော်က အားရပါးရပြုံးပြီး
“ဟုတ်ကဲ့ ဗိုလ်မှူးကြီးခင်ဗျား၊ကျွန်တော်ဆက်ပြီးရေးရမှာပါ၊ဖမ်းတာ မဖမ်းတာက ဗိုလ်မှူးကြီးအလုပ်ပါ၊ကျွန်တော်ကလည်း ကျွန်တော်အလုပ်ကျွန်တော်လုပ်ရမှာပါ၊
တစ်ခုတော့ ပြောထားပါရစေ၊ကျွန်တော် သတင်းထောက်အလုပ် လုပ်မယ်ဆိုကတည်း မဖမ်းခံ အရိုက်နှက်ခံရမယ်ဆိုတာသိပါတယ်၊ဒါပေမယ့်ကျွန်တော် ဥပဒေ
အတွင်းက လုပ်မှာပါ၊ကျွန်တော်တို့မှာ တာဝန်အရေးသုံးပါးကလွဲရင် ရေးခွင့်ရှိပါတယ်၊(အမှန်ကတော့ အဲဒီအချိန်က ဘာမှရေးခွင့်မရှိပါ)နောက်တစ်ခုက ကျွန်တော်
တို့ မဂ္ဂဇင်းထဲမှာရေးတယ်ဆိုတာလည်း ဤရမ်းရေးနေတာမဟုတ်ပါဘူး၊စာပေစိစစ်ရေးက စစ်ဆေးပြီးခွင့်ပြုမှ ဖေါ်ပြရတာပါ၊စာပေစိစစ်ရေးက စစ်ဆေးတဲ့ပုဂ္ဂိုလ်တွေ
ဟာလည်း ခပ်ညံ့ညံ့တွေ မဟုတ်ကြပါဘူး”
ကျွန်တော်တို့အခြေအတင်ဖြစ်နေတာကို ကယ်တင်လိုက်သူက နိုင်ငံကျော်ဆရာတော်ကြီးဖြစ်တဲ့ ထီးချိုင့်နတ်ဆိုး(တည်တော်ဆရာတော်ကြီး)။
“အေး မင်းတို့ပြောနေတာ ငါကြားတယ်၊မင်းတို့ ဟာဂျူလီကိုတော့ ခပ်ပေါ့ပေါ့မထင်နဲ့၊သူ့စာတွေကို မင်းတို့လူကြီးတွေတောင် ဖတ်ကြတယ်”
(အမှန်ကတော့ ဟုတ်မှာမဟုတ်ပါဘူး၊(အဲဒီအချိန်ကာလ က)ဘယ်လူကြီးကများ အပြင်စာတွေဖတ်မှာတဲ့လဲ၊ဆရာတော်ကြီးက ကျွန်တော်လုံခြုံရေးအတွက်
ဟန့်လိုက်တာပဲ ဖြစ်မှာပါ) အဲဒီစကားကြောင့် သူတို့လည်းဘာမှ ထပ်မပြောကြတော့ပါဘူး၊ကျွန်တော်ကလည်း ရေးစရာရှိတာရေးမြဲပါ၊


ဝဋ်ကြွေးရယ် ရီတာပေါ့...(၂)......(ဟာဂျူလီ.ကသာ)
ထားပါတော့ အဲဒီလိုမတရားတဲ့ ကိစ္စတွေနဲ့ လုံးခြာရိုက်ပြီး စာရေးသားခြင်းတစ်ခုပဲလုပ်တဲ့သူဆိုတော့ စာတွေ ကာတွန်းတွေ မကြာခဏပိတ်ခံနေရ စိစစ်ရေးက အလွှတ်မပေးနဲ့
ဆိုတော့ ဘာဝင်ငွေမှမရှိ၊ဒီနေရာမှာကျွန်တော့် ဘ၀အတွက် ကံကောင်းခဲ့တာက ငွေကြေးပြည့်စုံတဲ့ အမေရှိနေခြင်းနဲ့ အမွေရတဲ့ဆိုင်ခန်းလေးနှစ်ခန်းမှာ ဈေးရောင်းကျွေးဖေါ်ရတဲ့
ဇနီး ရှိနေခြင်းပါပဲ၊ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်၊တစ်ခါက ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဖေ(တပ်မှ အသွင်ပြောင်းလာသူ)က ဒုရဲမှူး(၂)ယောက် ခြံရံပြီး သူ့အိမ်မှာ
ကျွန်တော်ကို ခေါ်ယူဆွေးနွေးပါတယ်၊နိုင်ငံတော်ကို ထိပါးတဲ့အရေးအသားမျိုးနဲ့ ဆောင်းပါးတွေ သတင်းတွေမရေးဖို့ပေါ့၊ထုံးစံအတိုင်းနိုင်ငံတော်က ဘာတွေလုပ်နေပါတယ်ပေါ့၊
မှတ်မိသေးတယ်၊သူပြောခဲ့တာကို၊
“ကိုဟာဂျူလီ၊ခင်ဗျားရေးတဲ့ စာတွေ ကာတွန်းတွေကို ကျွန်တော်ဖတ်ရတာတော့ အဖျက်ကို ဦးတည်တယ်ဗျ၊ခင်ဗျားသိအောင် ပြောရရင် လမ်းတွေဖေါက်နေတယ်၊တံတားတွေ
ဆောက်နေတယ်၊ခင်ဗျားလည်း မြင်နေတာပဲ၊ဒါကိုတော့ ခင်ဗျားရေးတာ တစ်ခါမှ မတွေ့ဖူးပါလား”
“ဟုတ်ကဲ့ ရဲမှူးကြီးခင်ဗျား၊ကျွန်တော်စာရေးတယ်ဆိုတာ သူများရဲ့အတွင်းသဏ္ဍန်ကိုဖေါက်မြင်ပြီးရေးတာပါ၊ကျွန်တော်ပြောပါရစေ၊လမ်းတံတားတွေအိုမင်းပျက်စီးရင် ဘယ်အချိန်
မဆို ပြန်ပြင်လို့ရပါတယ်၊ဟုတ်ကဲ့၊စာရိတ္တပိုင်းပျက်စီးရင်တော့ ဘာမှလုပ်မရတော့ပါဘူး”
“ဘယ်သူတွေက ပျက်စီးနေလို့လဲ”
“ဟုတ်ကဲ့ ပျက်စီးနေတာတွေကတော့ အားလုံးပါပဲ၊ဥပမာဆိုရရင် ကျွန်တော်သားသမီးတွေကအစ ရဲမှူးကြီးအထိ (သူ့အထက်ကိုထည့် မပြောရဲလို့)ပါပဲ”
ဒုရဲမှူးကြီး မျက်နှာ ကွက်ကနဲဖြစ်သွားပါတယ်၊ပြီးတော့ ပြန် အိနြေ္ဒဆယ်ပါတယ်၊
“ကဲပါဗျာ၊ဒါတွေ ပြောမနေပါနဲ့တော့၊ခုခင်ဗျားကိုပြောချင်တာက ဘာတွေညာတွေ လျှောက်ရေးမနေနဲ့၊ခင်ဗျားဘာစီးပွားရေးလုပ်ချင်လဲ၊ကျွန်တော်တို့ အကုန်ကူညီပေးမယ်၊”
ကျွန်တော် ပြုံးပြီးပြောလိုက်တာက “ကျွန်တော်အတွက် ဘာမှမလိုပါဘူး၊ကျွန်တော် မိန်းမလုပ်စာနဲ့ ကျွန်တော် စားလောက်ပါတယ်”လို့..၊နဂိုရ်ကအသားညိုတဲ့ပုဂ္ဂိုလ်ကြီးမျက်နှာဟာ
မဲသည်းသွားပါတော့တယ်၊နောက်တော့ ပြန်လို့ရပါပြီဆိုတော့ ကျွန်တော်ပြန်လာတယ်၊အဲဒီခေတ်က ခုခေတ်လိုဆိုင်ကယ်တွေဘာတွေမရှိသေးတော့ စက်ဘီးလေးစီးပြီးပြန်လာတာပေါ့၊
အဲဒီအချိန်မှာ ခဏနေက ရဲမှူးကြီးစကားပြောနေတုန်း နဘေးမှာရှိနေတဲ့ ဒုရဲမှူး(၂)ယောက်ထဲတစ်ယောက်က သူ့ရဲ့စက်ဘီးလေး အပြင်းစီးပြီးလိုက်မှီလာပါတယ်၊ပြီးတော့
ကျွန်တော့် စက်ဘီးကို ခဏရပ်ပါဦးလို့ ပြောပါတယ်၊ကျွန်တော်ရပ်လိုက်တော့ ကျွန်တော့်ကို ဇွတ်လက်ဆွဲနှုတ်ဆက်ပြီး
“ကောင်းလိုက်တာ ကိုဟာဂျူလီရာ၊ကျွန်တော်နာမည် ဒုရဲမှူးလှရွှေပါ၊ကျွန်တော်တို့ သိပ်ပြောချင်တဲ့ စကားကို ပြောလိုက်တာ သိပ်ကောင်းတာပဲ၊ကျေးဇူးတင်တယ်ဗျာ”..တဲ့၊နောက်
ပိုင်းတော့ အဲဒီဦးလှရွှေဟာ ပင်လည်ဘူးမြို့နယ်ပြောင်းသွားပါတယ်၊သူနဲ့တွေခဲ့တဲ့ ကျွန်တော့်မိတ်ဆေါတွေနဲ့ တွေ့တိုင်းလည်း ကျွန်တော့်ရဲ့ သတ္တိအကြောင်းပြောပြတတ်တယ်တဲ့၊
သူ့နာမည်ကို ခုထည့်ပြောရတာကလည်း သူကဆုံးသွားပြီဖြစ်လို့ပါ၊ထားပါတော့ဗျာ.ကျွန်တော်ပြောချင်တာက ကျွန်တော်မိန်းမက ကျွန်တော်လုပ်ချင်တာတွေလုပ်နိုင်ဖို့ တစ်လျှောက်
လုံး ဈေးရောင်းကျွေးခဲ့တယ်၊ပါရမီဖြည့်ခဲ့တယ်၊
အဲ..အဲ မနှစ်ကတော့ အမျိုးသမီးမှာ အသည်းရောဂါ ဖြစ်လာပါတယ်၊စစ်လိုက်တော့ စီပိုးတဲ့၊ကုရမှာကလည်း တစ်နှစ်၊ကုန်မယ့်ငွေကလည်း သိန်းရာချီ..၊ကဲ အသက်ကပိုအရေးကြီး
ပါတယ်ဆိုပြီး ကုလာလိုက်တာ (၆)လကျော်လာပါပြီ၊မိန်းမက အလုပ်လည်းကောင်းကောင်း မလုပ်နိုင်တော့ ငွေရေးကြေးရေး ကကြပ်တည်းလာပါတယ်၊သူ့မိဘ ကိုယ်မိဘတွေကလည်း
ဝိုင်းကူလို့တော်သေးတာပေါ့၊ဆိုင်ကိုလည်း ဟန်မပျက် အပေါင်းအသင်းတွေရဲ့ အဟောင်းပေး အသစ်ယူတွေ ရနေတော့ ရုပ်ပျက်ဆင်းပျက် မရှိလှပါဘူး၊နောက်ကုရမယ့် ငွေကြေး
အတွက်တိုင်ပင်ပြီး ရှိတဲ့ဆိုင်ခန်းလေး(၂)ခန်းအနက် တစ်ခန်းကိုရောင်းပြီး ဆေးဖိုးလုပ်ကြမယ်လို့ရယ်ပေါ့၊ဖြစ်ချင်တော့ ကသာမြို့ဈေးလေးမီးလောင်လိုက်တာ ကုန်ပါလေရောဗျာ၊
ဝင်ငွေကလည်း မရှိတော့၊ ဆိုင်နေရာပြန်ပေးရင်တောင် ဆောက်ဖို့ငွေမရှိ၊ ကိုယ့်ရဲ့ အရေးရှိရင် ကယ်တင်ပေးလေ့ရှိတဲ့ မခင်ဆိုင်ကလည်း ကသာဈေးမီးလောင်တဲ့အထဲပါသွားလိုက်တာ.
ဘာပစ္စည်းမှပင် ပြန်မရလိုက်၊တောင်မင်းကို မြောက်မင်းက မကယ်နိုင်တဲ့အဖြစ်မျိုး၊မီးလောင်ရာပါသွားတဲ့ ကုန်ကြွေးအတွက်ကလည်း တမောက်၊ဆွဲထားတဲ့ ဆုကြေးတွေကိုရော ဘယ်လို
များ ပြန်ဆပ်နိုင်မှာတဲ့တုန်း၊အပေါင်းအသင်းတွေကို ပေးစရာတွေက တောင်းပန်ထားလို့ ဆိုင်းထားနိုင်သေးတယ်၊ဆေးကုဖို့က ပြသနာ၊ဆေးပါတ်ကလည်း ပြတ်လို့ မရ၊တွေးလိုက်ရင်
ရူးလောက်စရာ၊ဒီအချိန်ဟာ ဘ၀အတွက် အဆိုးဆုံးသော စိတ်ညစ်စရာ အချိန်တွေပါ၊ဒီလို ဒုက္ခတွေ သုက္ခတွေ ကြုံနေရတဲ့အချိန်မှာ “မင်း က ဟာသ ကာတွန်းတွေသရော်တဲ့စာတွေ
ရေးပြီး ငါတို့ကို လှောင်ပြောင်ခဲ့တာ ခုရော ဘာတတ်နိုင်သေးလဲ၊နောက်ကို ရေးရဲသေးတဲ့လား၊ရေးလို့ရော ရွှင်တဲ့စာတွေ ကာတွန်းတွေထွက်လာဦးမှာလားလို့ ဆိုခဲ့ကြရင်တော့..
ဟုတ်ကဲ့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါလို့ပဲ ပြောလိုက်ရုံပါပဲခင်ဗျား...(ဒါတွေဟာ ဖြစ်ရပ် အမှန်တွေဖြစ်ပါတယ်ခင်ဗျား..ဟာဂျူလီ.ကသာ)
ခုလိုအခက်အခဲတွေနဲ့ တွေ့နေတဲ့အချိန်မှာ ကိုဟာဂျူလီရယ် စီးပွားရေးလုပ်စမ်းပါ၊ကျွန်တော်တို့လည်းကူညီပါ့မယ်ဆိုပြီးများ ထပ်ပြီးပြောလာခဲ့ရင်လည်း ဟုတ်ကဲ့ ထမင်းအငတ်ခံနိုင်ပါတယ်ဗျာလို့ပဲပြောမိလိုက်မှာပါ..
ခုလိုအခက်အခဲတွေနဲ့ တွေ့နေတဲ့အချိန်မှာ ကိုဟာဂျူလီရယ် စီးပွားရေးလုပ်စမ်းပါ၊ကျွန်တော်တို့လည်းကူညီပါ့မယ်ဆိုပြီးများ ထပ်ပြီးပြောလာခဲ့ရင်လည်း ဟုတ်ကဲ့ ထမင်းအငတ်ခံနိုင်ပါတယ်ဗျာလို့ပဲပြောမိလိုက်မှာပါ.

ကျွန်တော်တို့ တစ်မိသားစုလုံးကို ရှာကျွေးနေတဲ့ ဆိုင်ကလေး မီးလောင်သွားပြီဆိုတော့ ကျွန်တော်မျက်စိထဲ ပထမဆုံးပြေးမြင်မိတာက ကျွန်တော်ဆွဲခဲ့တဲ့ကာတွန်းကလေး..၊ပြပွဲတွေမှာတောင် ပိတ်ခံရလေ့ရှိတဲ့ကာတွန်း..တကယ်လို့သာ ကာတွန်းဆိုတာ ပြုပြင်စရာလို့ ယူဆပြီး ခေတ်မှီမီးသတ်တပ်ဖွဲ့သာဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ကသာဈေးမီးထဲပါမှာမဟုတ်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဈေးလေးဟာ မီးသတ်တပ်ဖွဲ့ရဲ့ အရှေ့မှာတင်ရှိနေလို့ပါ၊ဘာဖြစ်ဖြစ်ကံကောင်းပါတယ်ဗျာ.မီးသတ်ကားတွေသာ မီးထဲပါသွားခဲ့ရင် ကျွန်တော်တို့ မီးဘေးဒုက္ခသည်တွေ မီးသတ်ကားဖိုးထည့်ဝင်နေရဦးမှာ(ဟာဂျူလီ.ကသာ)
ဟာဂျူလီ-ကသာ

MNN

"လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်


2010-11-26

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။

အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။

အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၂၃ ရက်)

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၁၆ ရက်)

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၉ ရက်)

နားဆင်ရန်>>> လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာလ ၂ ရက်)


RFA (လွတ်လပ်တဲ့အာရှအသံ)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် အရှင်ဆန္ဒာဓိကနှင့် ဆက်သွယ်မေးမြန်းချက်။



အရှင်ဆန္ဒာဓိကနှင့် ဆက်သွယ်မေးမြန်းချက် အသံဖိုင်နားဆင်ရန် ကျုနေရာတွင်နှိပ်ပါ။


ရွှေပါရမီတောရ ဆရာတော်လို့ လူသိများတဲ့ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျပ်ငွေ ၁၂၈ သိန်း လှူဒါန်းကြောင်း သိရပါတယ်။



ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်အရွယ်မှာ လုပ်ကြံခံလိုက်ရတာ၊ ဗိုလ်ချုပ် ကြိုးပမ်းဆောင်ရွက်ခဲ့လို့ ဇန်နဝါရီလ ၄ ရက်မှာ လွတ်လပ်ရေး ရခဲ့တာတွေကို အစွဲပြုပြီး ကျပ်ငွေ ၃၂ သိန်း ၄ ဆဖြစ်တဲ့ ၁၂၈ သိန်း လှူဒါန်းရတာလို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ပါတယ်။ ရေနံချောင်းမြို့ဇာတိ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က တက်ရောက် ပညာသင်ကြားဖူးတဲ့ ရေနံချောင်း အမျိုးသားကျောင်းမှာ တက်ရောက်ခဲ့တာကြောင့် ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အများအတွက် အနစ်နာခံတဲ့ စိတ်ဓာတ်ကို အားကျ အတုယူခဲ့ကြောင်း ဆရာတော်က မိန့်ပါတယ်။ လောလောဆယ် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်မှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ အရှင်ဆန္ဒာဓိကကို အာအက်ဖ်အေက ကိုဉာဏ်ဝင်းအောင် ဆက်သွယ် လျှောက်ထား မေးမြန်းခဲ့ပါတယ်။

RFA

ကြံ့ဖွံ့ကို မဲပေးဖို့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင် ခြိမ်းခြောက်


ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီိ (SNDP) ၏ ရှမ်းပြည်နယ်

မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land)


2012-03-07

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမယ်ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်တဲ့တွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဖြေရှင်းပေးဖို့ ကျားဖြူပါတီက တောင်းဆိုချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အရေးယူဖြေရှင်းပေးမယ်လို့ ကတိပြု ပြောကြားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာ ၁၆ ရက်က ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်တွေမှာ ရွာလုံးကျွတ် အစည်းအဝေးတွေ ခေါ်ယူပြီး တခြားပါတီတွေကို မဲထည့်ရင် နေအိမ်မီးရှို့ခံရမယ်၊ ရွာကနေ နှင်ထုတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ်လပ်နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ကျားဖြူပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်ကြပါမယ်။

Copy Right From RFA

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ။


နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က
အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော်
အစည်းအဝေး တက်ရောက်နေကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။

အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။


ဒုတိယတုန်းကျောင်းသူကို ဒဏ်ရာအနာတရဖြစ်အောင်ရိုက်တဲ့အတန်းပိုင်ဆရာမ ။





ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အ.ထ.က(၂) စမ်းချောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဒုတိယတန်း ကျောင်းသူ မမိုးမြတ်သူဟာ နေမကောင်းတဲ့ ရက်အတွင်း လွတ်သွားတဲ့ စာတွေ လိုက်ကူးနေတဲ့အချိန်မှာ အတန်းပိုင်ဆရာမ ဒေါ်မိမိခင်က စာမလုပ်ဘူးဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် ဘယ်ဘက်လက်မောင်းနဲ့ လက်ခလယ်မှာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။အခုလိုမျိုး ဒဏ်ရာ အနာတရ ရခဲ့တဲ့အပေါ် ဆရာမ ဒေါ်မိမိခင်က လာေ၇ာက်တောင်းပန်တာမျိုး မရှိတဲ့အပြင် တစုံတရာ ကူညီဆောင်ရွက်ပေးမှုမျိုးလဲ မရှိတဲ့အတွက် ကလေးငယ်ရဲ့ မိခင်က သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဒီကိစ္စကို စုံစမ်း အရေးယူပေးဖို့အတွက် တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘားမားဗီဂျေ

Wednesday, March 7, 2012

ညပိုင်းဖုန်းခေါ်ဆိုမှု ထက်ဝက်လျှော့ချမည်ဟုသိရ

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဒါကိုဖတ်ပြီးမှ စစ်အသုံးစရိတ်လျှော့ချဖိုတောင်းဆိုပါ

လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။မြင်သာအောင်ပြောရရင် ဘီလီယံပေါင်း ၁၄၀၀၀ အကြွေးတင်နေတယ် ၊အိုဘားမားရဲ့ ၂ဝ၁၂ ဘတ်ဂျက်မှာ အတိုးပေးဖို့

ကြိုးဖုန်းများမှပြည်ပ ဖုန်းခေါ်ဆိုမှု စတင်လျှော့ချ

ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့ ခေါ်ဆိုသည့် တယ်လီဖုန်း ခေါ်ဆိုခနှုန်းထားများအား မတ်လ ၁ရက် နေ့မှစတင်၍ လျော့ချပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
''မတ်လ ၁ရက်နေ့ကစပြီး ကြိုးဖုန်းကနေ ပြည်ပခေါ်ဆိုခနှုန်းထားတွေ စလျော့ပေးခဲ့တာပါ။ ခေါ်ဆိုခတွေက သူ့နိုင်ငံအလိုက်သတ်မှတ်နှုန်း ထားတွေအတိုင်း လျော့ပေးထားပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ဆောင်မှုများအား တရားဝင် ဖြေဆိုခွင့် ရရှိထားသည့် Call Center မှ ပြောကြားသည်။
ယခုလက်ရှိပြောင်းလဲ ကောက်ခံမည့် နှုန်းထားများတွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၁.၂ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင် ၀.၁၂ဒေါ်လာ၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိနိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ တစ်မိနစ် ၁.၄ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၄ဒေါ်လာ၊ အာရှတိုက် အလယ်ပိုင်းရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ၁.၈ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၈ ဒေါ်လာ၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ သြစတြေးလျတိုက်၊ အမေရိကတိုက် နိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၂.၄၀ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင် ၀.၂၄ဒေါ်လာ စသဖြင့် သတ်မှတ်ထားပြီး ဂြိုဟ်တုဆက်ကြောင်းမှတဆင့် ဖုန်းခေါ်ဆိုရသည့် နိုင်ငံအချို့သို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ်လျှင် ၃.၅ ဒေါ်လာ မှ ၆.၉၅ ဒေါ်လာအတွင်း ကျသင့်မည်ဖြစ်သည်။
အဆိုပါ ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခနှုန်းထားများမှာ မိုဘိုင်းဖုန်းများမှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုသည့်နှုန်းထားများထက် ဈေးပိုများကြောင်း သိရသည်။
(ELEVEN MEDIA GROUP)

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။