MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, March 7, 2012

ဒါကိုဖတ်ပြီးမှ စစ်အသုံးစရိတ်လျှော့ချဖိုတောင်းဆိုပါ

လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။မြင်သာအောင်ပြောရရင် ဘီလီယံပေါင်း ၁၄၀၀၀ အကြွေးတင်နေတယ် ၊အိုဘားမားရဲ့ ၂ဝ၁၂ ဘတ်ဂျက်မှာ အတိုးပေးဖို့ လျာထားငွေ တောင် အမေရိကန်ဒေါ်လာ ၂၆ဝ ဘီလီယံရှိတယ်။နှစ် စဉ်နှစ်တိုင်း ဘတ်ဂျက် လိုငွေပြနေတယ် ကြွေးမြီကအကျမရှိဘူး။ အတက်ပဲရှိတယ်။ အခု အမျိုးသား ကြွေးမြီက ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့်သွားခဲ့ တာဖြစ်တယ်။ ဒီအထဲမှာတရုတ်ကို ဘီလီယံ ၇၀၀၀ ကျော် ၊ ဂျပန်ကို ၈၈၆ ဘီလီယံ ဆပ်စရာရှိနေတယ် ။
ဒါပေမယ့် ပညာတတ်တဲ့အမေရိကန်နိုင်ငံသားတွေ ကဒီစစ်အသုံးစရိတ်ကိုလျှော့ချဘို့ မတောင်းဆိုကြဘူး ဘာလို့လဲဆိုတော့ ဒီနေ့ကမ္ဘာမှာ အမေရိကန် ဆိုတာဖြစ်အောင်ဒီစစ်အသုံးစရိတ်ဟာအဓိကကျတယ် ၊ စစ်အင်အားနောက်ခံတောင့်တင်းမှ ကျန်တဲ့စီးပွားရေး လူမျိုးအရေး နိုင်ငံရဲ့ပုံရိပ်တွေ အစစ တောင့်ထားနိုင်မယ်ဆိုတာသူတို့သိကြတယ် ၊ ဒါကြောင့်ကြွေးတင်ခံပြီးတော့ကို စစ်အသုံးစရိတ်ကိုသုံးတယ် တစ်နှစ်ကို ဘီလီယံ ၇၀၀ ကျော်သုံးတယ်.... ဘာလို့လဲဆိုတော့ပညာတတ်တာကိုး....။

ဒီပုံကိုကြည့်ရင်အမေရိကန်ပြည်ထောင်စုဟာ တရုပ် ၊ ရုရှား အစရှိတဲ့ ကျန်ထိပ်တန်းနိုင်ငံကြီးတွေ ၁၄ နိုင်ငံပေါင်းထက်စစ်အသုံးစရိတ် ပိုသုံးနေတယ် တကမ္ဘာလုံးစစ်အသုံးစရိတ်ရဲ့ ထက်ဝက်နီးပါးလောက် သုံးနေတာကိုတွေ့ရမှာဖြစ်တယ် ၊ ဒါကြောင့်လဲကမ္ဘာမှာ အမေရိကန်ဟေ့လို့ ကြွေးကြော်နိုင်တာဖြစ်တယ် ။





ဒီပုံကိုကြည့်ပါ မြန်မာပြည်ကို မြေမြှုတ်ဗုံးထုတ်တာအကြောင်းပြပြီး အပြစ်တင်နေကြတဲ့ နိုင်ငံတွေက ကမ္ဘာပျက်အောင် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေကိုအရောင်းအ၀ယ်လုပ်နေကြတာကိုဖေါ်ပြထားတာပါ ၊မြန်မာပြည်သူတွေ ပညာနဲ့ယှဉ်တဲ့အသိ ၊ ဥာဏ်နဲ့ယှဉ်တဲ့ အတွေးတွေတွေးတတ်ခေါ်တတ်ဘို့လိုနေပါပြီ အလကားနေရင်း ကာကွယ်ရေးဘတ်ဂျက်လျှော့ဘို့ပြောနေတဲ့ လက်ပါးစေတွေရဲ့စကားကို သတိထားတတ် ဘို့ လိုနေပါပြီ ။

တစ်ချို့က ပညာရေး၊ ကျန်းမာရေး တွေဟာအရေးကြီးတယ်လို့ဆိုကြတယ် ၊ မှန်ပါတယ် ၊ အစိုးရသစ်မှာ ၀န်ကြီးဌာန ၃၄ ခုရှိတယ် ဘယ်ဟာမှ အရေးမကြီးတာမပါပါဘူး အားလုံးဟာသူ့နေရာနဲ့သူ အရေးကြီးနေကြတာပါပဲ ကျန်းမာရေး ပညာရေးမှ မဟုတ်ပါဘူး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လက် ၊ ခြေထောက် မျက်လုံး နား အစရှိသဖြင့် သူ့နေရာနဲ့ သူ မရှိမဖြစ် အရေးကြီးတာတွေကြီးပါပဲ ဒါပေမယ့် ဦးခေါင်းက ပိုအရေးကြီးတယ်ဆိုရင် ပိုမှန်မယ် ကာကွယ်ရေးဆိုတာဒီသဘောပါပဲ နိုင်ငံတစ်ခုရဲ့ အသက်လို့ဆိုနိုင်တဲ့ အချုပ်အခြာအာဏာ တည်တံ့ ဘို့အတွက် သူက ပိုပြီးအရေးကြီးတယ်လို့ တွေးလိုက်ရင် အဖြေမှန်နဲ့ ပိုနီးစပ်မယ်။

နောက်တခု ကျွန်တော်ပြောချင်တာက ကာကွယ်ရေးအသုံးစရိတ်ဆိုတာ တပ်မတော်အတွက် သုံးနေတယ်ဆိုတာထက် ပြည်သူတွေအတွက် သုံးနေတာလို့လဲ ပြောလို့ရပါတယ် အိမ်တစ်အိမ်မှာ ခြံစည်းရိုး တစ်ခုကာတယ်ဆိုတာဟာ ခြံစောင့်အတွက်ကာတာမဟုတ်ပါဘူး အိမ်ထဲကလူတွေကို အကျဉ်းအ ကျပ်ဖြစ်အောင်လုပ်ဖို့ အတားအဆီးဖြစ်အောင် လုပ်ဖို့မဟုတ်ပါဘူး ဒီအိမ်ကိုအန္တရာယ်အမျိုးမျိုးကနေအကာ အကွယ် ရအောင်လုပ်နေကြတာပါ ကာကွယ်ရေး အသုံးစရိတ်ဆိုတာ ဒီသဘောဖြစ်တယ် ။
ဒါကြောင့်တိုင်းချစ်ပြည်ချစ်စိတ် ရှိသူအကုန်လုံး ၊ အမျိုးဘာသာကိုစောင့်ရှောက်ချင်သူအားလုံးက ဒီနိုင်ငံကာကွယ်ဘို့ အသုံးစရိတ်ကို ဘယ်လိုတိုးရှာမလဲ ၊ ဘယ်လိုတိုးသုံးမလည်း ဘယ်လိုဝိုင်းကူရမလည်း ဆိုတာကိုပဲ နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှဆိုသလို စဉ်းစားနေရမယ် ၊ ဘာအကြောင်းနဲ့မှ လျှော့သုံး ဘို့မတောင်းဆိုသင့်ဘူး။

ဒေါက်တာဆိတ်ဖွား
(Voice Of Myanmar)

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။