MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, March 18, 2012

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာဘာလဲ??


အိမ်တွင်အကြမ်းဖက်မှုဆိုသည့်စကားလုံးသည်အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော“Domestic Violence” ကိုတိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။အိမ်တွင်အကြမ်းဖက်မှုသည်မိသားစုတခုတွင်အတူနေထိုင် ကြသောမိသားစုအဖွဲ့ဝင်တယောက်မှအခြားတယောက်အားစိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာအရနိုင်ထက် စီးနင်းကျင့်ကြံပြုမူခြင်းကိုအိမ်တွင်းအကြမ်းဖက်မူဟုခေါ်ဆိုင်နိုင်သည်။အိမ်တွင်းအကြမ်းဖက်မှုသည်လူတို့ လက်ခံယုံကြည်ကျင့်သုံးနေသောအခြေနေများအရလည်းကွဲးပြားမှုရှိသည့်အတွက်အခြားသောအဓိပ္ပါယ်ဖွင့် ဆိုမှုများကိုလည်း ဖော်ပြလိုပါသည်။

(
၁) အိမ်တွင်အကြမ်းဖက်မှုဆိုသည်မှာ
မိမိ၏ဇနီးမယာအားပြင်းထန်စွာကိုယ်ထိလက်ရောက်စော်ကားဖြင်း၊ကျူးလွန်ခြင်း၊ရိုက်နှက်ခြင်း၊အဆက်မပြက် ရိုက်နှက်ခြင်း၊ဆိုးဆိုးဝါးဝါးနှောက်ယှက်ခြင်း၊ဆိုးဝါးစွာထုနှက်ခြင်း၊လိင်ပိုင်အရခြိမ်းခြောက်အကြပ်ကိုင်ခြင်း ၊ကြောက်မက်ဖွယ်ရန်ပြုခြင်း၊ဆိုးဝါစွာကြောက်မက်ဖွယ်ရန်ပြုခြင်း၊ချူပ်နှောင်းထာခြင်း၊ပြန်ပေးဆွဲခြင်း(သို့မဟုတ်)
တမိုးအောက်တွင် နေထိုင်သူထဲမှမိသားစုတဦးဦးကိုရုပ်ပိုင်းဆိုင်ရာအရ ဒုကရောက်အောင် ပြစ်မှုမြောက်သည် အထိ ကျူးလွန်မှုကိုခေါ်ဆိုသည်။
မှတ်ချက် ဆိုးဝါးစွာနှောက်ယှက်ခြင်း၊ကျူးလွန်ခြင်း၊ရိုက်နှက်ခြင်း၊ဆိုးဆိုးဝါးဝါးကြောက်မက်ဖွယ်ရန်ပြုမှု ပြုလုပ်ခြင်းများသည် ကြီးလေးသောပြစ်မှုများဖြစ်သည်။ကိုယ်ဝန်ဆောင်သောအမျိုးသမီးတဦးကိုကိုယ်ဝန်ရှိမှန်းသိရက်နှင့်ကိုယ်ထိ လက်ရောက် အနိုင်ကျင့်မှုသည်ကြီးလေးသောပြစ်မှုဖြစ်သည်။ ခြိမ်းခြောက်မှု၊ကိယ်ထိလက်ရောက်ကျူးလွန်မှု တို့သည်အသက်၆၅နှစ်နှင့်ယင်းအထက်ရှိသူများကိုကြီးလေးသောပြစ်မှုမျိုးဖြစ်သည်။ထို့အပြင် ပဋိပက်ခဖြစ်စဉ် အတွင်း လက်နက်သုံးစွဲခြင်းသည် လည်း ကြီးလေးသော ပြစ်မှုအဖြစ် စွဲချက်တင် နိုင်သည်။*¹

(
၂)အိမ်ထောင်စုတခုအတွင်းရှိသူ တယောက်ယောက်အား ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနာကျငမှုဖြစ်အောင် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်သည်အပြုအမှုကို အိမ်တွင်းအကြမ်းဖက်မှုဟု အဓိပ္ပါယ် ဖွင့် ဆိုသည်။ဤနေရာတွင် အိမ်ထောင်စုဝင်တယောက်ယောက်အားအန္တရာယ်ဖြစ်စေနိုင်သည့်မည်သို့သောအပြုအမှုမျိုးဖြစ်စေ၊အိမ်ထောင် စုဝင်တယောက်ယောက်အား၎င်း၏အလိုဆန္ဒမပါပဲနှင့်တစုံတခုပြုလုပ်ရန်မတရားခိုင်စေသည့် အပြုမှုမျိုးဖြစ်စေ အကြုံးဝင်သည်။(မိဘများကသားသမီးဖြစ်သူကိုကျောင်းသွားရန်ဖြစ်စေ၊ကျန်းမားရေးအတွက်ဆေးဝါးကုသရန် ၎င်းတို့၏အလို့ကိုဆန့်ကျင်ကာအတင်အကြပ်ခိုင်းစေရသည့်အခြေအနေမျိုးကိုမူအိမ်တွင်း အကြမ်းဖက်မှုဟု အဓိပ္ပါယ်မဖွင့်နိုင်ပါ)*²

(
၃) အိမ်တွင်အကြမ်းဖက်မှုသည် ဇနီးအပေါ်အကြမ်းဖက်ခြင်း(သို့မဟုတ်)ဇနီးသည်အားရိုက်နှက်ခြင်း ဟု အများအားဖြင့် သိကြပြီး ၎င်းအပြင်လင်ယောင်္ကျား(သို့မဟုတ်)အတူတူနေထိုင်သူက ရုပ်ပိုင် ဆိုင်း ရာအရဖြစ်စေ၊စိတ်ပိုင်းဆိုင်ရာအရ (သို့တည်းမဟုတ်) ခံစားမှုဖြစ်ပေါ်သည်အထိ ပြုမူခြင်းကို အကြမ်း ဖကခြင်းဟုခေါ်သည်။၎င်းအပြင် အိမ်တွင်းအကြမ်းဖက်မှုသည် မိသားစုအတွင်း ဖြစ်ပျက်နေသော အ ကြမ်းဖက်မှု ပုံစံအားလုံး ခေါ်ဆိုနိုင်ပါသည်။*³
အိမ်တွင်အကြမ်းဖက်မှုဆိုသည်မှာ မိသားစုတခုအတွင်း ဖြစ်ပွားရသည့်အကြမ်ဖက်မှု များကို ဆိုလိုသည်။တနည်းဆိုရသော သွေးသားတော်စပ်မှုအရဖြစ်စေ၊ဥပဒေအရဖြစ်စေ၊ သွေးသား ရင်းနှီးမှုအရဖြစ်စေ တည်ရှိနေသူများတယောက်နှင့်တယောက်အကြားတွင်ဖြစ်ပွားသောအကြမ်းဖက်မှုကို အိမ်တွင်းအကြမ်းဖက်မှု ဟုခေါ်သည်။အိမ်တွင်းအကြမ်းဖက်မှုဆိုသော အသုံးနှုန်းမှာ ဘက် လိုက်မှုမရှိသော အမျိုးသမီးများအပေါ် အမျိုးသားများမှ ကျူးလွန်သော ရာဇ၀တ်မှုလည်းဖြစ် သည် ။အမျိုးသမီးများက အမျိုးသားများအပေါ် အကြမ်းဖက်ပါကလည်းအမျိုးသားများကျူးလွန်းသောအချိုးနှင့်နှိုင်းယှဉ်ပါကရှိသည်ဆိုရုံမျှလောက်သာ ဖြစ်ပွားသည်။ ၎င်းမှာလည်းအမျိုးသမီးများကိုကိုယ်ထိလက်ရောက်ကျူးလွန်လာမှုကြောင့်မိမိကိုယ်မိမိခုခံကာကွယ်ရင်း ဖြစ်ပေါ်ခြင်း သာဖြစ်သည်။အမေရိကန်တရားရေးဌာန၏အဆိုရအမျိုးသမီးများသည်အမျိုးသားများထက်(၁၁)၁ပိုမိုခံစား ရဖွယ် ရှိသည်ဟု ဆိုပါသည်။

۞အိမ်တွင်းအကြမ်းဖက်မှုပုံစံများအိမ်တွင်းအကြမ်းဖက်မှုပုံစံများကိုအပိုင်း(၃)ပိုင်းခွဲ၍ တင်ပြသွားမည်ဖြစ်သည်။
(၁) စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊
(၂) ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုကျူးလွန်ခြင်း၊
(၃) လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်းတို့ဖြစ်သည်။

(၁)စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း
သံသယဖြင့်စွတ်စွဲခြင်း၊အငယ်အနှောင်းထားပြခြင်း၊လုပ်ချင်သောလုပ်ငန်းများကိုလုပ်ခွင့်မပြုခြင်း၊ မိသားစု၊သူငယ်ချင်းဆွေမျိုးများနှင့် ဆက်သွယ်ခွင့်မပြုခြင်း၊မောက်မာစွာပြောဆိုခြင်း၊ဟန့်တားခြိမ်း ခြောက်ခြင်း ၊ပြစ်တင်ရှုတ်ချခြင်း၊မထေ့မဲ့မြင်ပြုခြင်း၊အပျေ်သဘောအရစနောက်၍သော်လည်းကောင်း တဖက်သားအာခံစားချက်ဖြစ်ပေါ်စေသည်အထိ ပြုမှုခြင်းကို စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခြင်း ဟု ခေါ်သည်။တခါတရံ ထိုမှတဆင့် အချေအတင်စကားများခြင်း၊အော်ဟစ်ခြင်း၊ငယ်ကျိုးငယ်နာ အပြစ် ဖော်ထုတ်၍ နားကြည်းစွာ ပြောဆိုကြခြင်း၊ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတို့သည်လည်း စိတ်ပိုင်း ဆိုင် ရာ ထိခိုက်စေခြင်းတွင်အကျုံးဝင်ပေသည်။(အထက်တွင်တင်ပြခဲ့သော အပြုအမှုများသည် ပြသနာ ဖြစ်သည်ဟု လက်ဆုပ်လက်ကိုင်ပြရန် ခဲယဉ်းသည်။)

(
၂) ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုကျူးလွန်ခြင်း၊
အိမ်ထောင်ဖက်အားပါးရိုက်ခြင်း၊ဆံပင်ဆောင့်ဆွဲခြင်း၊ကန်းကြောက်ထိုးကြိတ်ခြင်း၊တွန်းလှဲခြင်း၊ရေနွေးပူဖြင့် လောင်းခြင်း၊ထုနှက်ခြင်း၊ လည်ပင်းညစ်ခြင်း၊ရိုက်နှက်ခြင်း၊အမျိုးမျိုးတို့အပြင် တခါတရံ ရန်ဖြစ် စဉ်အ တွင်း သေနတ်၊ဒုတ်၊ဓါး၊ကက်ကြေး၊ကြိမ်းလုံး၊တံမြိတ်စည်း၊ ဖန်ခွက်၊ပန်ကန်လုံးစသည့် နီးစပ် ရာ တို့ကို အသုံးပြုကာ ကိုယ်ထိလက်ရောက်(တနည်းအားဖြင့် ခွန်အားကို အသုံးပြု၍) နှိပ်စက်ခြင် ဖြစ် သည်။ထို့ပြင် အခြားနီးစပ်ရာ အရာဝတ္ထုများကို အသုံးပြုခြင်းဖြင့် ပြင်းထန်သော ရန်ပွဲဖြစ်သည့် အ ဆင့်ထိ အခြေးအနေ ဆိုးများဖြစ် ပေါ်စေပြီး အိမ်ထောင်ဖက်အား ပြင်းထန်သောဒဏ်ရာ များရရှိစေနိုင် သလို၊တခါတရံတွင် အကြမ်း ဖက်ခံရသူမှာ ပွဲချင်းပြီး သေးဆုံးရသည် အထိဖြစ်ပေါ်စေခြင်းကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း ဟုခေါ်သည်။(ဤပြသနာဖြစ်ပုံသည် မြင်သာထင်သာ ရှိ၍ ပြသနာ ဖြစ်ကြ သည်ဟုပြောရန် လွယ်ကူသည်။)


(
၃) လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်း၊
အိမ်ထောင်ဖက်၏ သဘောတူညီမှုမရရှိဘဲ တနည်းအားဖြင့် ဆန္ဒပါ၊မပါ မမေးကြည့်ဘဲ တဖက်အလိုဆန္ဒဖြင့် အတင်အဓမ္မ လိင်ဆက်ဆံ ခြင်းကို လိင်ပိုင်းဆိုင်ရာအရ၊ အကြမ်းဖက်မှုဟုခေါ်သည်။ တနည်းအားဖြင့် လင်မယားအကြား မုဒိမ်းကျင့်မှုဖြစ်သည်ဟုလည်း ခေါ်ဆိုနိုင်သည်။ (လင်နှင့်မယားအကြား မုဒိမ်းမှုဆိုသည့် စကားလုံးသည် ဥပဒေအရပြဌာန်းထားပြီး ဖြစ်သော်လည်း မြန်မာအသိုင်းအ၀ိုင်းတွင် ပြောဆိုမှုမရှိသေးပေး။)
ကိုးကားချက်များ
1-Domestic Violence by Vantage Pro Professional Education, Florida, USA
2-ထိုင်းနိုင်ငံ၏ အိမ်တွင်းအကြမ်းဖက်မှု ဆိုင်ရာဥပဒေကြမ်း
3-Violence Against Women Prevention Handbook-Breaking Free
4-Violence Against Women Special
အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာများစာအုပ်မှ ကူးယူဖော်ပြပေးသည်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။