MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, March 27, 2012

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ။

2012-03-25
ကချင်ဒေသက စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဟာ အခုအခါ ကချင်ဒေသကို ရောက်ရှိ ကူညီနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

Photo courtesy of WPN
တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်
ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ရဲ့ခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တာ ဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည် တစ်ထောင်အတွက် တစ်လစာ စားသုံးနိုင်မယ့် အစားအသောက်နဲ့ အရေးပေါ်သုံး ပစ္စည်းတွေကို မြစ်ကြီးနားမြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့
ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်။ ကုလသမဂ္ဂအဖွဲ့ရဲ့ ကချင်ပြည်နယ် ဒီခရီးစဉ်ဟာ ဒုတိယအကြိမ် ဖြစ်ပြီး နောက်ကိုလည်း အခုလို အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပထမ အကြိမ်ကတော့ ၂၀၁၁ ဒီဇင်ဘာလထဲမှာ ဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။ ဒီအဖွဲ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ UNOCHA ၊ ကုလသမဂ္ဂ ပညာရေးနဲ့ ကလေးသူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Program နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။ ကချင်ဒေသတွင်း ပဋိပက္ခကြောင့် ဖြစ်လာရတဲ့ ပြည်တွင်း အိုးအိမ်စွန့် ဒုက္ခသည်တွေကို အသိအမှတ်ပြုပြီး လူသားချင်း စာနာတဲ့ အခြေခံစည်းမျဉ်းတွေအရ ဒုက္ခသည်တွေ လက်ထဲ အကူအညီတွေ တိုက်ရိုက် ရောက်သွားအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။

RFA

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။