MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, March 18, 2012

ငါးပိ အင်္ဂလိပ်ပြောတာ ဘာဖြစ်လည်???

ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားလူငယ်များရဲ့ မှတ်ဉာဏ် ဉာဏ်ရည်ဉာဏ်သွေးဟာမနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သပ်သပ်ပြောပြောမယ်ဆိုရင် အာရှတိုတ်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှကြောက်စရာမလိုပါ ဘူး၊ လူမျိုးတစ်မျိုးလုံးကို ခြုံပြောတာပါ။တစ်ဦးချင်ယှဉ်လို့ သူ့တို့ကသာတာမျိုးတွေတော့ရှိတာပေါ့၊မြန်မာလူငယ်တွေ အသံထွက် မှန်အောင် သင်လို့ မရဘူး ဆိုတာမရှိပါဘူး၊မြန်မာစကားမပီတဲ့ ရှမ်းပအို့ဦးပဉ္ဇင်လေးတွေတောင် အင်္ဂလိပ်စကားပြော ကျတော့
ပီပီသသပြောနိုင် ရွတ်နိုင်ကြတာပါ။ အင်္ဂလိပ်စာသိပ်ကောင်းတဲ့ အိန္ဒိယသားတွေက လည်း“၀ဲရီဂွတ်” ကိုပျောက်ေ အာင် မဖျောက်နိုင်ကြပါဖူး။

အင်္ဂလိပ်စာနဲ့ဘွဲ့ယူထားတဲ့ ဂျပန်တစ်ယောက်ကို Thank youကိုThirtyလို့ အသံမျိုးပီသအောင် ရွတ်ဆိုခိုင်းဖို့ အတော် ခက် ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ့် ကွယ်ရာရောက်သွားတာနဲ့”ဆိုင်းကျူး”“ဆာတီး”လို့ အသံထွက်လာတာပါပဲ။ အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက် မာတတ်တဲ့ စင်ကာပူ၊တရုတ်တွေရဲ့“စင်ဂလိတ်”စကားကို အင်္ဂလိပ်တွေ၊ အမေရိကန်တွေ နားမလည်လို့အင်္ဂလိပ်စကား စစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့တောင် သတိပေးခဲ့သေတာလေ၊
မြန်မာတွေမညံ့ပါဘူး၊အင်္ဂလိပ်စကားပြောတဲ့အလေ့ကျင့်မရှိလို့သာ နှုတ်ဆွံ့နေတာပါ။မပြောမဖြစ်ပြောကိုပြောရမယ့် အခြေအနေးမျိုးကြုံရင်တစ်ဖက်သား ကောင်းကောင်းနားလည်အောင်ပြောနိုင်စွမ်းကြပါတယ်၊နှုတ်ဆွံ့တာပျောက်သွားရင် ပြော တတ်ဆိုတတ်ဖြစ်လာကြတာပါပဲ။ ပြီးတော့နိုင်ငံခြားသားရှေ့ မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရ မယ်၊နိုင်ငံခြားသား တစ်ယောက် မြန်မာစကား မပီကလာ ပီကလာပြောနေတာတွေ့ရင် ပျက်ရယ်ပြုရှုတ်ချပစ်လိုက်ပါ သလာ၊မပြုတဲ့ အပြင် မြန်မာ စကား ကြိုးစားပြောနေတာကို သဘောတောင်ကျမိတယ် မဟုတ်လား။

နိုင်ငံခြားသားတွေလည် အလာတူးပါပဲ၊နိုင်ငံခြားသားတစ်ယောက်က သူတို့ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘောကျကျေနပ်ကြတာပါပဲ၊ကိုယ့်ဘာသာစကားမှ မဟုတ်တာပဲ။မိခင်ဘာသာစကားလို ဘယ်သူပီးပါ့မလဲ။
ကုလသမဂ္ဂအတွင်းရေးမှူချူပ်ကြီးတွေတောင်အင်္ဂလိပ်စကားကိုပီသအောင်မပြောနိုင်တဲ့သူတွေရှိပါတယ်၊ဥပမာကိုဖီအာနန် မိန့်ခွန်းပြောတာကြားဖူးကြမှာပါ၊ စကားလုံးအသုံးအနှုန်းတွေကခံညားလှပပြီး အဆင့်မြင့်ပါပေတယ်။ဒါပေမယ့်လို့ “အဖရို”လေ သံ ပါပဲ။အမေရိကန်လေသံမပေါက်ဖူး“အဖရို”လေသံပေါက်လို့ နာမလည်ဘူးမရှိပါဖူး၊ အမေရိကန်သမ္မတရော အင်္ဂလိပ်ဝန်းကြီးချူပ်ရော ပြင်သစ်သမ္မတနဲ့ ရုရှားခေါင်းဆောင်ကြီး ရောနာလည်းကြပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချူပ်လုပ်ပြီး အင်္ဂလိပ်စကားကို “အဖရို”သံနဲ့ပြော ရကောင်း လားလို့ အပြစ်မတင်ပါဖူး။အာဖရိကသားက“အဖရို”လေသံပဲ ထွက်မှာပေါ့လို့ နာလည်းကြပါတယ်။ ဂျာမနီဝန်ကြီးချူပ်ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန် သံသြသြကြီးထွက်တာပဲ။
အဲဒီတော့ ငါးပိစားတဲ့ မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာဘာရှက်စရာရှိသလဲ။အသံမှန်မှန်ထွက်တယ်လို့ သူတပါး နာလည်းရင်ပြီးရောမဟုတ်လာ။ဘိုသံပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာမှ တကယ်ကိုရှက်စရာကောင်းတာပါ။တုတာက တုတာပါပဲ။ဘယ်တော့မှအစစ်ဖြစ်မလာပါဘူး။
အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန်”လေသံ”နဲ့ပြောမှာပဲ။ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန် “လေသံ”နဲ့ပြောမှာပဲ။အင်္ဂလိပ်ဘုရင်မရဲ့ထီးတော်ရိပ်အောက်မှာနေတဲ့ စကော့လူမျိုးကလည် အင်္ဂလိပ်စကားကို စကော့တို့ ရဲ့တောင်ပေါ်“လေ”နဲ့ပြောမှာပါပဲ။ဒါကဲ့ရဲ့စရာလား။
လန်ဒန်က အင်္ဂလိပ်စကားနဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။ မြန်မာ့ပါးစပ် က မြန်မာလေသံပဲထွက်မှာပေါ့။ဒါကိုဘယ် အင်္ဂလိပ်လူမျိုးမကမှ သရော်လှောင်ပြောင်လုပ်လိမ့်မယ် မဟုတ်ပါဘူး။ရဲရဲသာပြောစမ်းပါ ။လေးငါးဆယ်ရက်အတွင်း နှုတ်သွတ်လျှာသွတ် ဖြစ်လာပါလိမ့်မယ်။အဲဒီအခါကျရင် သ်မ်ငယ်စိတ်တွေ ပျောက်ပြီး နှုတ်ဆွံ့နေတာလည်းလုံးဝ ပျောက်သွားမှာပါ။
မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီပြီးနေခဲ့ကြရတာ ဖြစ်လေတော့၊ဒီနေ့အထိ မျက်နှာဖြူမြင်ရင် ဘယ်လိုမျက်ဖြူပဲဖြစ်ဖြစ်ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲဖြစ်ပါတယ်။ကိုယ်တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လာ အမှိုက်ကျုံးတဲ့ မြူနီစီပယ်အလုပ်သမားလား။နွားသက်တဲ့ အမဲသားသည်လာဆိုတာ ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။ ဒီနေ့လခသိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ကျောင်းကြီးတွေမှာ ကိုယ့်သားသမီးကိုထားပြီး ဂုဏ်ယူ ၀င့်ကြွားနေတဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့အချက်တစ်ချက်ရှိပါတယ်။အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်းဟာ စာသင်တတ်တဲ့ ကျောင်းဆရာ၊ဆရာမများမဟုတ်ကြဘူးဆိုတာပါ။တခြားအကြောင်းကိစ္စမျိုးနဲ့ မြန်မာပြည်မှာကြာကြာလေနေ ချင်တဲ့ အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခုခုဝင်လုပ်နေတဲ့ သဘောမျိုးနဲ့လုပ်နေကြတာပါ။တချို့ဆိုစာလုံးဝ မသင် တတ် ကြ ပါဘူး ၊ကိုယ်တိုင်အင်္ဂလိပ်စကားပြောသင်တန်းဖွင့်ထားတာဖြစ်လေတော့ အဲဒီလိုဝင်လုပ်ချင်လို့ အလုပ်ခန့်ပေး ပါ။ခန့် စာရေးပေးပါဆိုပြီး လာပြောတာတွေ အများကြီး ကြုံဖူးလို့သိနေတာပါ။
အသားဖြူဖြူ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့သိမ်ငယ်စိတ်တွေသာ ဖျောက်ပစ်လိုက်စမ်းပါ။မြန်မာတွေမညံ့ပါဘူး၊ ဆိုက်ကားဆရာတောင်နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လာ၊ ဒါဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆသာတယ်လို့ ဆိုနိုင်တာပေါ့။မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။ သိမ်ငယ်စိတ်ဆိုတာ“အငုံ့စိတ်”ပဲ။အားတော့နာပါတယ်။ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။

ဒါပေမယ့် အဲဒီစကားကိုသုံးပြောမှပိုပြီးထိရောက် ပိုပြီးသဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။စေတနာနဲ့ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ် စိတ်ဆိုတာ “ကျွန်စိတ်”ကိုယဉ်အောင်ပြောတာပါ။ လွတ်လပ်ရေးရခဲ့တာပဲနှစ်ပေါင်း(၆၀)နီးပါပြီး၊ကျွန်စိတ်တွေပျောက်ဖို့ ကောင်းပါပြီ။ကိုဖီအာနန်လို့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ကြီတစ်ယောက်တောင်မှ အင်္ဂလိပ်စကားကို “အဖရို”သံနဲ့ပြောနေသေ တာပဲ။မြန်မာလူမျိုးတစ်ယောက်က “ငါးပိအင်္ဂလိပ်”ပြောတာ ဘာရှက်စရာရှိသလဲ။ အသံထွက်မှန်မှန်နဲ့ တစ်ဖက်သာ နားလည်အောင် ပြောတတ် ဖို့လိုရင်း ပဲ မဟုတ်လာ။မြန်မာတွေပညာရည်မနိမ့်ပါဖူး။လူစွမ်းလူစမနုံနဲ့ပါဘူး။ပင်ကိုယ်ဗီဇမဖျင်းပါဘူး။ကျွန်စိတ်ပျောက်ဖို့ကလေး တစ်ခုသာလိုတာပါ။


လူထုစိန်ဝင်း

အဆိုပါ စာများမှာ နှစ်ပေါင်းအတော်ကြားနေပ်ါပြီး ကောင်းမယ်ထင်လို့ ဗဟူသုတအလိုငှာ ပြန်ဖော်ပြတာပါ...............................

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။