MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, March 30, 2012

Chat သင်္ကေတ များအကြောင်းတစေ့တစောင်!

Chat သင်္ကေတ ကို Smiley ဟုလည်း သိကြသည်။ အင်တာနက်အသုံးပြုဖူးသူတိုင်း Messengerများ Chat ခန်းများဖိုရမ်နှင့် Message-Boardများပေါ်တွင် :-) သဏ္ဍာန်အားမြင်တွေ့အသုံးပြုသူတွေချည်းဖြစ်သည်။ ထိုသဏ္ဍာန်သည် အသုံးပြုသူ၏ စိတ်ခံစားမှုအား ရိုးရိုးရှင်းရှင်းနှင့် ထိထိမိမိဖေါ်ပြနိုင်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် စကားလုံးပေါင်းများ စွာထက် ခရီးရောက်လှပေသည်။ သို့သော် ထိုသဏ္ဍာန်လေးများ၏ သမိုင်းအား သိရှိသူမှာ လွန်စွာနည်းပါးလှသေးသည်။ တကယ်တော့ Smiley လေးများသည် လွန်ခဲ့သော ၂၅ နှစ်က တက္ကသိုလ်ပါမောက္ခတစ်ဦး ၏ အိုင်ဒီယာမှစတင်ခဲ့ခြင်းဖြစ် သည်။



တီထွင်ရခြင်း အကြောင်းရင်း

လွန်ခဲသော ၂၅ နှစ်အချိန်က ကွန်ပျုတာနှင့် အင်တာနက်များမှာ တက္ကသိုလ်ကြီးများ၊ သုတေသနဌာနများတွင်သာ တွင်တွင်ကျယ် အသုံးပြုနိုင်သေးသည်။ ထိုကွန်ရက်များအတွင်းတွင် Message-Board များရှိပြီး သုတေသနအချက်အလက် များ လဲလှယ်ကြရုံသာမက အခြားအရေးမကြီးသော ကျောင်းတွင်း ကျောင်းပြင်သတင်းများ၊ အစည်းအဝေးအချိန်ဇယား၊ အပျော်နောက်ပြောင်ငြင်းခုန်ကြခြင်းများပါ ရှိလေ့ရှိသည်။ သို့သော် မကြာခဏဆိုသလို နောက်ပြောင်ပြောဆိုခြင်းများအား နားလည်မှု လွဲမှားခြင်းများလည်း ဖြစ်လေ့ရှိသောကြောင့် ထိုအခက်အခဲကို ဖြေရှင်းရန် Board ကော်မတီမှ အကြံဉာဏ် များတောင်းခံတော့သည်။ အမျိုးမျိုးသောပုဂ္ဂိုလ်များမှ Emotion များ အသုံးပြုသင့်သည်ဟု ထောက်ခံကြသော်လည်း မည့်သည့်ပုံသဏ္ဍာန်သုံးရန် စဉ်းစားမရဖြစ်နေကြသည်။ နောက်ဆုံးတွင် ပါမောက္ခScott-Fahlman မှ :-) အား Message တွင်ထည့်သွင်းခြင်းဖြင့် အပျော်နောက်ပြောင်ခြင်းဟု သတ်မှတ်ပြီး :-( အားအမှန်တကယ်အတည်ယူရန် အကြံပေးခဲ့သည်။ ထိုအစနစ်အား အသုံးပြုပြီးများမကြာမီပင်ဒုတိယပုံအားဝမ်းနည်းခြင်း၊ စိတ်ရှုတ်ထွေးခြင်း၊ သဘောမကျခြင်းအဖြစ် မှတ်ယူလာကြသည်။

အသုံးပြုမှု ကျယ်ပြန့်သွားခြင်း

ထိုစနစ်သည် အခြားသော တက္ကသိုလ်ပေါင်းများစွာအထိ ပြန့်နှံ့သွားပြီး Yahoo နှင့် MSN တို့ ပေါ်လာချိန်တွင် Messenger များမှ တစ်ကမ္ဘာလုံးအတိုင်းတာထိ ပြန့်နှံ့သွားတော့သည်။ ယနေ့ခေတ်အရောက်တွင် Emoticon ပေါင်း ၁၀ဝ ကျော်အထိ ရှိနေပြီဖြစ်သည်။ ပရော်ဖက်ဆာ Fahlman မှ ထိုစနစ်အား သူဦးစွာတီထွင်ခဲ့ကြောင်း စတင်ကြေငြာစဉ်က မည်သူမျှ မယုံ ကြည်ကြ။ အေပီကဲ့သို့သော သတင်းဌာနကြီး ကိုယ်တိုင်မှလည်း ခေတ်ဦးကွန်ပျုတာဘိုးအေကြီးများအား ဆက်သွယ် စုံစမ်း စဉ်က မည်သူမျှမသိကြောင်းဝန်ခံကြသည်။ ထို့ကြောင့်ပါမောက္ခ Fahman သည် သက်သေပြရန် ဝန်ထမ်းများအကူ အညီဖြင့် သူ၏အကြံပြုချက်အားပြန်လည်ရှာဖွေတော့သည်။

ထိုစဉ်က မှတ်တမ်းများအား ယနေ့ကဲ့သို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် သိုလှောင်ခြင်းမဟုတ်သေးဘဲ၊ ဗီဒီယိုတိပ်ခွေများဖြင့် ကူးယူ မှတ်တမ်းတင်ထား သောကြောင့် ရှာဖွေရာတွင် များစွာခက်ခဲ ခဲ့လေသည်။ သို့သော် နောက်ဆုံးတွင်တော့ သက်သေ Message အားရှာဖွေတွေ့ရှိကာ သက်သေထူနိုင်ခဲ့လေတော့သည်။

စက်တင်ဘာ ၁၉ရက် ၁၉၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ခြင်းကြောင့် ယနေ့တွင် Smiley လေးများ ၂၅ပြည့်သွားပြီဖြစ်သည်။ အကယ်၍သာ ထိုပုံသဏ္ဍာန်လေးများမရှိပါက အင်တာနက်လောကတွင် ဆက်သွယ်ပြောကြားရာ၌ များစွာခြောက်သွေ့နေ မည်မှာ သေချာလှသည်။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။