MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 2, 2012

၂၀၁၂ စင်ကာပူသင်္ကြန်(မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုမှ စတုဒီသာအလှူဖိတ်ကြားခြင်း)


မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ။
မိတ်ဆွေများအတွက်သတင်းလေးတခုမျှဝေလိုသောကြောင့်က်ျ်ုပို့ စ်လေးကိုအများသိစေရန်ရေးသား လိုက်ရခြင်းဖြစ်ပါသည်။ စင်ကာပူသင်္ကြန် နှင့် စတုဒီသာအလှူကြီးဖိတ်ကြားခြင်းဖြစ်ပါသည်။ မြန်မာတို့သည် နှစ်စဉ်နှစ်တိုင်း ဧပြီလတွင်ကျင်းပပြုလုပ်လေ့ ရှိကြသည့်ပွဲတော်မှာမြန်မာ့ရိုးရာ
အတာသင်္ကြန်ပွဲတော်ပင်ဖြစ်သည်။နှစ်ဟောင်းကုန် ပြီး နှစ်သစ်သောရောက်ရှိခြင်းအထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ကြသလို မြန်မာလူမျိုးများမှလည်း တစ်ဦးနှင့်တစ်ဦးရေပက်ဖြန်းကစားကြသည့် ပွဲတော်လည်းဖြစ်ပါသည်။ နှစ်ဟောင်းကုန်လွန်ပြီးနှစ်သစ်ကူးပြောင်းသော
သင်္ကြန်အကြို၊အကျ၊အကြတ်၊ အတက် ဟုရျူ် နှစ်သစ်သို့ကူးပြောင်းခြင်း နေ့ရက် ၄ ရက်ဖြစ်ပါသည်။သင်္ကြန်နှင့်ပတ်သတ်သောအဓိပ္ပါယ်များ လူတိုင်းအသေးစိတ်သိရှိစေရန် အောက်တွင်လည်း အဆင်ပြေသလိုတွဲဖက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ မြန်မာလူမျိုးများသည် ပြည်ပနိုင်ငံများသို့ရောက်ရှိနေကြသောအခါ မိမိတို့အဆင်ပြေသလို မြန်မာ့ရိုးရာသင်္ကြန်ကို ကျင်းပပြုလုပ်လေ့ရှိပါသည်။ထိုပြည်ပနိုင်ငံများထဲမှ စင်ကာပူနိုင်ငံဆိုသော နိုင်ငံလေးသည် မြန်မာအများစု ရောက်ရှိနေသောနိုင်ငံဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်းဧပြီလ၏ ပထမအပတ်(တနင်္ဂနွေ) သို့ မဟုတ် ဒုတိယအပတ် (တနင်္ဂနွေနေ့) ရုံးပတ်ရက်တို့တွင် ၂ နေရာကျင်းပလေ့ရှိသည်။မြန်မာဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ Sembawang နှင့် Toapayoh တို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျှက်ရှိပါသည်။ ထို့နေများတွင် စတုဒီယစသာအလှူများပြုလုပ်သောကြောင့် မည်သူမဆိုအခဲမဲ့ လာရောက်သုံးဆောင်နိုင် ကြပြီး အတာရေဖြင့်ယဉ်ကျေးစွာပက်ဖြန်းနိုင်ကြပါသည်။ယခုနှစ်တွင်လည်း စင်ကာပူအင်္ကြန်ပွဲတော်ကို Toapayoh ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ ၁၅ ရက်(တနင်္ဂနွေနေ့) နှင့် Sembawang ဘုန်းတော်ကြီးကျောင်းတော်တွင့် ဧပြီလ ၈ ရက်(တနင်္ဂနွေ)နေ့တို့တွင်ပြုလုပ်ကျင်းပမည်ဟုသိရှိရပါသည်။ ဧပြီလ ၁၅ ရက်နေ့တွင် Toapayoh Buddhist Temple မြန်မာဘုန်းတော်ကြီးကျောင်းတွင် မေတ္တာရှင် ပရဟိတဖောင်ဒေးရှင်းနှင့် အွန်လိုင်းရေဒီယို (MTS Online Radio) မှဦးစီးပြီး ကြက်သားကြာဇံကြော်နှင့်အအေး ဖြင့် စင်ကာပူနိုင်ငံမှ ရွှေမြန်မာများအားလုံးနှင့် အခြားသောလူမျိုးဘာသာဝင်များအားလုံးကို စတုဒီသာမြတ်ဒါနအလှူပြုလုပ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ ထိုအလှူတွင်မိတ်ဆွေတို့သည်လည်း ကုသိုလ်များပါဝင်လိုပါလျှင် မိမိကိုယ်တိုင် ကုသိုလ်လုပ်အားပေးပါဝင်လိုပါကလည်း ပါဝင်နိုင်ပါကြောင်းအသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျာ။ စတုဒီသာအလှူအတွက် ကုသိုလ်ယူကူညီပေးနိုင်မည့်သူများ ၁၄-၀၄-၂၀၁၂ ည ၉ နာရီတွင် တိုပါးရိုးဘုန်းတော်ကြီးကျောင်းတွင်လာရောက်ကူညီလုပ်အားပေးနိုင်ပါသည်။စတုဒီသာကျွေးမွေးလှူဒါန်းချိန်မှာ ၁၅-၀၄-၂၀၁၂ (တနင်္ဂနွေ)မနက်အာရုံတက်ဆွမ်းတော်ကပ်ပြီးချိန်မှ စတင်ပြီး နေ့လည်မွန်းတည့်အထိဖြစ်ပါသည်။

"ဆုတောင်းမေတ္တာ"
သူတော်စိတ်မြတ်၊ အငြိမ်းဓာတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ။
မေတ္တာစိတ်မြတ် ၊ အအေးဓာတ် ၊ လွှမ်းပတ်ကမ္ဘာခြုံပါစေ။
သတ္တ၀ါမှန်သမျှ ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ။
သတ္တ၀ါမှန်သရွေ့ ၊ တရားတွေ့  ၊ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓသာသနာ ၊ ရှည်မြင့်ကြာ ၊ ကမ္ဘာအနှံ့ ပျံ့ ပါစေ။
သတ္တ၀ါမှန်သမျှ ၊ကိုးကွယ်ကြ ၊ ဒုက္ခခပ်သိမ်း ၊ ငြိမ်းပါစေ။
ကျော်မြတ်သူ(ခ) Dj Fighter Lay (မေတ္တာရှင် အွန်လိုင်းပရဟိတ နှင့် ၂၄ နာရီအွန်လိုင်းရေဒီယို)
Email ; mts@myittarshin.com
Web site ; www.myittarshin.com
Radio ; http://209.212.144.155/MTS ( ၂၄နာရီအွန်လိုင်းရေဒီယို)သီချင်းနှင့် တရားတော်များ

သီချင်းများတောင်းဆိုရန် ; mts4u@myittarshin.com ( Gtalk မှ ဖိတ်ပြီး သီချင်းတောင်းဆိုနိုင်ပါတယ်)

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။