MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 1, 2012

အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ်



၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ချထားပေးခဲ့တဲ့ ကျပ်သိန်းနှစ်သိန်းတန် GSM ဖုန်းများဟာ ဝယ်ယူပြီး မကြာမီမှာပဲ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဝယ်လိုအားများနေတဲ့ ကျပ်(၂)သိန်းဖုန်းတွေဟာ ပြင်ပဆိုင်တွေမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပါတယ်။ ဒါပေမယ့် ကျပ်(၂)သိန်း ဖုန်းကဒ်အချို့ဟာ ဝယ်ယူပြီး မကြာမီပါပဲ ပျက်စီးမှုတွေရှိနေပြီး သက်ဆိုင်ရာကို
ဆက်သွယ်ဆောင်ရွက်ရာမှာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

၂၀၁၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့ မနက်ပိုင်းက ၄၂၁၀နဲ့စတဲ့ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်နှစ်သိန်းခွဲ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက်ကျတော့ ဖုန်းက လုံးဝ ဆက်လို့မရဘူး ဖြစ်သွားတယ်။ ဖုန်းဆက်လိုက်ရင် your sim card is reject ဆိုတဲ့စာတန်းပဲ ပေါ်ပေါ်လာပါတယ် ဟု ကျပ်နှစ်သိန်းတန်ဖုန်း ဝယ်ယူပြီးနောက် ကဒ်ပျက်စီးမှု ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားပါတယ်။

ထို့အပြင် ၎င်းကပင် ဆက်လက်ပြီး ဒါနဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျီအက်စ်အမ်ရုံးချုပ်ကို သွားပြီး တင်ပြခဲ့ပါတယ်။ လောလောဆယ်မှာ ဖုန်းကဒ် အရောင်းအဝယ် ကိစ္စတွေသာ ဆောင်ရွက်နေလို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗဟန်းဆက်သွယ်ရေးရုံးကို သွားဖို့ ထပ်ဆင့်ညွှန်ပါတယ်။ ဗဟန်းရုံးကို ရောက်တော့လည်း လောလောဆယ်တော့ ကဒ်ကိုသာ ကိုင်ထားပါဦးလို့ပြောပြီး တစ်စုံတရာ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ကျနော့လိုပဲ ဆင်းကဒ်ပျက်လို့ လာတဲ့သူတွေ ရွှေဂုံတိုင်ရုံးမှာရော ၊ ဗဟန်းရုံးမှာပါ အများကြီးတွေ့ခဲ့ရပါတယ် လို့ပြောကြားခဲ့ပါတယ်။

တန်ဖိုးနည်းဖုန်းအဖြစ် ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေဟာ မူလတန်ဖိုးထက် ပိုမိုစွာပေးဝယ်နေရတဲ့အပြင် ဝယ်ယူပြီး နောက်မကြာခင်မှာ ကဒ်ပျက်စီးမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအတွက် နစ်နာမှုတွေဖြစ်ရကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

BurmaVJ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။