MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, April 25, 2012

ထိုင်းနိုင်ငံစက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို အစိုးရချင်း ချိတ်ဆက် စေလွှတ်ဖွယ်ရှိနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို ငှားရမ်းသွားရန်ရှိပြီး နှစ်နိုင်ငံအစိုးရချင်းချိတ် ဆက်စေလွှတ်သွားဖွယ်ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အကြံပေးဖြစ်သူမှ ပြောကြားခဲ့ကြောင်း The Nation သတင်းစာက ဖော်ပြခဲ့သည်။
ခေါ်ယူမည့် မြန်မာအလုပ်သမားအရေအတွက် အတိအကျကို လာမည့်လအတွင်း မြန်မာနိုင်ငံ
တွင်ပြုလုပ်မည့် နှစ်နိုင်ငံအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါ အစီအစဉ် အတည်ပြုပြီးပါက မြန်မာအလုပ်သမားများမှာ ဘန်ကောက်သို့ တိုက်ရိုက်သွားရောက်
အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော နိုင်ငံသားများကို ယာယီနိုင်ငံကူးလတ်မှတ် ထုတ်ပေးရန် သတ်မှတ်နေ့ကို ဇွန်လ ၁၄ ရက်နေ့အထိ သတ်မှတ်ထားရာမှ ထပ်မံ သက်တမ်းတိုးပေးရန် တောင်းဆိုထားသည်။ အကြောင်းမှာ ယာယီနိုင်ငံကူး လတ်မှတ်ထုတ်ပေးရေးရုံးများကို ဘန်ကောက်၊ စမွတ်ပရာခန်၊ စမွတ်စခွန်၊ ချင်းမိုင်နှင့် ဆူရတ်သာနီတို့တွင် ဖွင့်လှစ်ရန် သတ်မှတ်ရက် နောက်ကျခဲ့သဖြင့် ယင်းကဲ့သို့ တောင်းဆိုထားခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားနှင့် ထိုင်းလုပ်ငန်းရှင်တို့အကြား ချုပ်ဆိုမည့် လုပ်ငန်းစာချုပ်တွင် မြန်မာအလုပ် သမားများကို ထိုင်းလုပ်ငန်းရှင်က ကိုယ်ထိလက်ရောက်နှိပ်စက် ညှဉ်း ပန်းခြင်း၊ ထိုင်းအလုပ်ရှင်သေဆုံး သွားခြင်း(သို့မဟုတ်) လုပ်ငန်း ဖျက်သိမ်းသွားခြင်း၊ ထိုင်းလုပ်ငန်းရှင်က ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေကို ချိုးဖောက်ခြင်းတို့ ပြုလုပ်ပါက စာချုပ်သက်တမ်း မပြည့်သော်လည်း ခြောက်လအကြာတွင် အလိုအလျောက် စာချုပ်ပျက်ပြယ်ပြီး ဖြစ်ရမည်ဆို သောအချက်ကို ထည့်သွင်းပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ မြန်မာအလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ထည့်သွင်းတောင်းဆိုထားသည်ဟု သိရသည်။ မြန်မာအလုပ်သမားများ၏ အခြားပြဿနာတစ်ခုမှာ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ကို မလိုလားသဖြင့် လေးနှစ်စာချုပ်မပြည့်မီတွင် ထွက်ပြေးတတ်ကြောင်းကို The Nation သတင်းစာက ထောက်ပြထားသည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။