MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, April 15, 2012

ဥုံ မဏိ ပဒ္မေ ဟုံ နှင့် ပစ္စယော




ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီအကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။

နံပေမယ့် သူ့မန္တာန်ရချင်တာနဲ့ အနားကပ်ပြီးတော့ နားစွင့်လိုက်တော့မှ မန္တာန်ရဲ့အသံကို ဘုန်းကြီး ရလိုက်ပါတယ်။

''ဥုံ မဏိ ပဒ္မေ ဟုံ''တဲ့။

အဲဒါ တိဘက်ဘုန်းကြီး ရွတ်တဲ့မန္တာန်။ ထပ်ခါ ထပ်ခါ ရွတ်ပြီးတော့ လက်ထဲက သတ္ထုဗူးကလေးကို ယမ်းပြီးတော့ သူက လှုပ်နေတာ။ ဒါပဲ ထပ်ခါ ထပ်ခါ ရွတ်နေတယ်။

''မန္တာန်တော့ရပြီ''ဆိုပြီးတော့ ဒိုင်ယာယီထဲ ရေးမှတ်ထားလိုက်တယ်။
မှတ်ထားပြီးတော့ ဘုန်းကြီးလဲ ဒီရတနာဃရ ရွှေအိမ်ထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို ပဋ္ဌာန်းဒေသနာတော်နဲ့

ပူဇော်ချင်တာ။ ဒီကိုယ်တော်ကြီးကလဲ ပြီးပဲ မပြီးနိုင်ဘူး။ သူဘယ်တော့ ပြီးမလဲလို့ စောင့်နေတာ မပြီးဘူး။

''မပြီးလဲနေတော့ကွာ၊ ငါလဲ တစ်ထောင့်ကထိုင်၊ မင်းလဲ တစ်ထောင့်က ထိုင်'' ဆိုပြီး ၁၂-တောင်လောက်ရှိတဲ့ တိုက်ကလေးထဲ သူက တစ်ထောင့်က ထိုင်၊ ဘုန်းကြီးလဲ ထောင့်တစ်နေရာ ဝင်ထိုင်ပြီးတော့ ဘုရားကိုယ်တော်မြတ် ကို အားပါးတရ ရှိခိုးပူဇော်ကန်တော့ပြီး ဗောဓိပင်ဘက် လှည့်ပြီးတော့ ဘုန်းကြီးက ပဋ္ဌာန်းဒေသနာကို ရွတ်ပါ တယ်။
''ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော''လို့ ရွတ် လိုက်တာ။

လွန်လေပြီးတဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တုန်းက ဘုရားရှင်ကိုယ်တော်မြတ် ဤနေရာမှာ ထိုင်နေ တော်မူပြီးတော့ ပဋ္ဌာန်းဒေသနာတော်ကို ဒီလို ဆင်ခြင် သုံးသပ်တော်မူခဲ့လို့ ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးတော်မူခဲ့ ပါတယ်။ အာရုံယူပြီးတော့ ဘုန်းကြီးက ပဋ္ဌာန်းကို ခပ်တိုးတိုး ရွတ်နေတာ။

ဟိုဘက်က ကိုယ်တော်ကြီး ရွတ်နေတဲ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''က နားထဲဝင်ဝင်လာတယ်။ ကိုယ်ရွတ်နေတဲ့ ပဋ္ဌာန်း ပျောက်ပျောက်သွားတယ်။ ခက်တော့တာပဲ။ ''ဥုံ မဏိ ပဒ္ဒမေ ဟုံ'' အသံက ကျယ်ကျယ်လာ၊ ကိုယ့်ပဋ္ဌာန်းက ပျောက်သွား။
''ငါတော့ သူ့ကိုနိုင်အောင်ချမှ ဖြစ်မယ်'' ဆိုပြီးတော့ ယခုပလ္လင်ပေါ်က ရွတ်သလိုပေါ့။ အသံကို ခပ်ကျယ်ကျယ် ထုတ်ပြီးတော့ ဘုန်းကြီးက တအား အော်တော့တာကိုး။

ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာ နံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စ ယော။
တိုက်ကလေးထဲမှာ သူက ''ဥုံ မဏိ ပဒ္မေ ဟုံ''၊ ဒီဘက်က ''ပစ္စယော'' ''ပစ္စယော'' နဲ့ တအားကြီး ချနေတော့ သူ စိတ်ပျက်သွားတယ် ထင်တယ်။ လက်ထဲက ခုနက အုန်းမှုတ်ခွက်လိုဟာလေး အသာချ၊ တင်ပျဉ်ခွေ ထိုင်ပြီး တော့ ဘုန်းကြီးကို ကြည့်နေတယ်။

''ဥုံ မဏိ ပဒ္မေ ဟုံ''ရဲ့ အဓိပ္ပာယ်

သူ့ ''ဥုံ မဏိ ပဒ္မေ ဟုံ''ကို မရွတ်တော့ဘူး။ ထိုင်ကြည့်နေတယ်။ အဲဒီတော့မှ ဘုန်းကြီးက မြတ်စွာဘုရားအား အားပါးတရ ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ပြီး ထပြီးတော့ သူ့ကို နှုတ်ဆက်တယ်။
''ကိုယ်တော် ဘယ်တိုင်းပြည်က လာသလဲ'' လို့ အင်္ဂလိပ်လို မေးကြည့်တော့ သူ ပြန်မပြောဘူး။ သူလဲ မတတ်ဘူး။ ဘုန်းကြီးကလဲ တိဘက်စကား မတတ်ဘူး၊ ပါဠိလို မေးကြည့်တော့လဲ မရဘူး။

ရတနာဃရ ရွှေအိမ်က ထွက်လာခဲ့ပြီးတော့ တည်းခိုတဲ့ကျောင်း ရောက်တဲ့အခါ နီပေါက ဘုန်းကြီးတို့နဲ့ အတူတူ လိုက်လာတဲ့ နီပေါဘုန်းကြီးတစ်ပါးကို ဘုန်းကြီးက မေးကြည့်တယ်။
''အရှင်ဘုရား တပည့်တော် တိဘက်ကိုယ်တော်ကြီးဆီက မန္တာန်တစ်ခုရခဲ့တယ်။ အဲဒီမန္တာန်ရဲ့အဓိပ္ပာယ်ကို ပြောပြစမ်းပါ'' ဆိုတော့ သူက ပြောပြတယ်။
''ဥုံမဏိ ပဒ္မေ ဟုံ ဆိုတာ အခြားမဟုတ်ပါဘူး၊ မဏိဆိုတာ အရှင်ဘုရားတို့ သိပါတယ်။ ပတ္တမြား။ မြေကြီး ကထွက်တဲ့ ကျောက်မျက်ရတနာအားလုံးတို့တွင် ပတ္တမြားဆိုတဲ့ ကျောက်မျက်ရတနာဟာ သူတို့ တိဘက်တိုင်းပြည် မှာတော့ ''အမြတ်ဆုံးရတနာပဲ''တဲ့။

''မြေကြီးထဲကထွက်တဲ့ ကျောက်အားလုံးတို့တွင် ပတ္တမြားဆိုသောကျောက်သည် အမြတ်ဆုံး ဖြစ်သလိုပဲ လူသားထဲက ပေါက်ဖွားလာတဲ့ ဗုဒ္ဓဟာလဲပဲ လူသားတကာ လူသားတို့တွင် အမြတ်ဆုံးလူသားတစ်ယောက်ပဲ၊ အဲဒါကြောင့် ''မဏိ''ဆိုတာ မြတ်ဗုဒ္ဓကို တင်စားပြောတာ''တဲ့။အလွန်လျှို့ဝှက်တဲ့ဂါထာ။
ပဒ္မေဆိုတာက ပဒုမ္မာကြာ၊ ''ပဒုမ''ကို သူတို့က ပီပီ မရွတ်ဘူးတဲ့။ ပဒ္မေလို့ ရွတ်တယ်တဲ့။ ''ဟုံ''ဆိုတာက ''ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်''တဲ့။ ပဒ္မေ-ပဒုမ္မာကြာထဲ ကနေ။ ဟုံ-ဖြစ်လာတယ်။

ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ပေါ်ပေါက်လာပါတယ်။ မယ်တော် မာယာက ဖွားတာမဟုတ်ပါဘူး။ သူတို့က ပဒုမ္မာကြာထဲက ပေါ်ပေါက်လာပါတယ်တဲ့။
''ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓကိုယ်တော်သည် ပဒုမ္မာကြာပွင့်ကြီးထဲက ဖြစ်ထွန်းပေါ်ပေါက်လာသလိုပဲ အကျွန်ုပ်ရဲ့ နှလုံးအိမ်မှာလဲပဲ ဗောဓိဥာဏ်သည် ဖြစ်ထွန်းပါစေ''။ ''အဲဒီ အဓိပ္ပာယ်ကိုဆောင်တဲ့ မန္တာန်ပါပဲ''တဲ့။

''အဲဒီမန္တာန်ရွတ်ပြီးတော့ ဗောဓိဓာတ် ယူတာ။ သူတို့က ဗောဓိ ဥာဏ်ရဖို့ရန် သူတို့က မန္တာန်ရွတ်တာ''တဲ့။
''မန္တာန်ရွတ်လို့ ဗောဓိဥာဏ် ရမယ်တဲ့လား''။ စဉ်း စားကြည့်။ သဘာဝ မကျဘူး။
ဗောဓိဥာဏ်ရအောင် ဘာလုပ်ရမလဲ။ ဗုဒ္ဓရဲ့ အကျင့် ကိုကျင့်ပေါ့။ မဂ္ဂင်ရှစ်ပါး၊ သိက္ခာသုံးပါး ကျင့်ပေါ့။
သိက္ခာသုံးပါးကို အကျင့်တရား ဘေးဖယ်ထားပြီး တော့ အဲဒီတိဘက်ကိုယ်တော်ကြီးက ဗောဓိÓဏ်ကို မန္တာန် နဲ့ ယူတယ်တဲ့။ ဘာမှ အဓိပ္ပါယ်မရှိဘူး။
သူတို့ ပုတီးစိပ်လဲ အဲဒါပဲ။ တိဘက်ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားအားလုံး ပုတီးနဲ့ချည်းပဲ။ ဗောဓိ ပင်တပတ်လည် ပုတီးစိပ်လဲ တခြားဘာမှ မစိပ်ဘူး။

''ဥုံ မဏိ ပဒ္မေ ဟုံ''ဆိုပြီး ပုတီး လုံးရေတွေကို ချနေတာပဲ။ ဘုန်းကြီးတို့ကတော့ ''အရဟံ...အရဟံ''နဲ့ ဒီလိုသွားတာ။
ဒီတော့ ပုတီးစိပ်တာလဲ မန္တာန်ပဲ။ ဗောဓိဥာဏ် ရအောင် အားထုတ်တာလဲ မန္တာန်ပဲ။ ဘယ်မှာလဲ၊ သိက္ခာ သုံးပါးဆိုတာ။
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဆိုတာ ဟန်ပဲရှိတယ်၊ တကယ်အမှန် မရှိဘူး။
ဒါကြောင့် ဘုန်းကြီးတို့ ပရိသတ်များရဲ့ နှလုံးသား ထဲမှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးစုံ ရှိပါတယ်။
ဟိုမှာကတော့ သိက္ခာသုံးပါးရှိတယ်ဆိုပေမဲ့ တချို့ ရှိတယ်။ တချို့မရှိဘူး။ အပြည့်အစုံ မရှိရှာကြဘူး။

ချီးကျူးစရာ အချက်တော့ရှိတယ်

ဘာကိုတော့ ကျေးဇူးတင်ရမလဲဆိုလို့ရှိရင် ဘုရား ကိုယ်တော်မြတ်ကို ကြည်ညိုတယ်ဆိုတဲ့ နေရာမှာတော့ သူတို့ကို ချီးကျူးရမယ်။
အဲဒီလို ဘုရားကို ကြည်ညိုတဲ့စိတ်ကလေး ရှိနေတာသည်ပင်လျှင် သူတို့အတွက် အဖိုးတန်လှပြီလို့ ချီးကျူးရမယ်။
အဲဒီစိတ်ကလေး ပျောက်ရင်တော့ ကုန်ရော။ ဗုဒ္ဓ ဘာသာဟာ မကျန်တော့ဘူး။ အဲဒီစိတ်ဓာတ်ကတော့ သူတို့ မှာ သိပ်ခိုင်မာကြတယ်။
ဘာကြောင့် ဘုရားကို ကြည်ညိုတဲ့စိတ် ပြင်းပြ သလဲ ဆိုလို့ရှိရင် ဘုရားကိုယ်တော်မြတ်ကို ရှိခိုးတဲ့နေရာမှာ ခုနက ပြောပြထားတယ်။
မတ်တပ်ရပ်ကနေပြီးတော့ ခေါင်းပေါ် မြှောက်၍ လက်အုပ်ချီ နဖူးသို့ တစ်ဆင့်ချ၊ မေးစေ့သို့ တစ်ဆင့်ချ၊ ရင်ဘတ်သို့ တစ်ဆင့် လျှော့ပြီးတော့ လက်နှစ်ဘက်ကို ဆန့် ပြီးတော့ ရှေ့ပစ်ပြီး၊ ဝမ်းလျားမှောက်ချလိုက်တာ။

နောက်တစ်ခါ ပြန်ထ၊ ဒီအတိုင်း ရှိခိုး။ နောက် တကြိမ် ပြန်ထ ဒီအတိုင်းရှိခိုး၊ အဲဒါမြေကြီးပေါ်က သမံ တလင်းပေါ်မှာ။
မြက်ပေါ်မှာဆိုရင် ရှေ့ပိုင်းတစ်ကိုယ်လုံးဟာ ပေ ကျံနေတာပဲ။ ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးနဲ့ အဲဒီလိုရှိခိုး နေတဲ့ လူတွေ ဗောဓိပင်နားမှာ အများကြီးပဲ။
မတ်တတ်ထလိုက်၊ ဖုံးကနဲ ဝမ်းလျားမှောက်လိုက် မတ်တတ်ထလိုက် ဖုံးကနဲ ဝမ်းလျားမှောက်လိုက် ဒီလို လုပ် နေကြတဲ့လူတွေဟာ နည်းတာ မဟုတ်ဘူး။ အင်္ဂလိပ်တွေ လဲ အဲဒီအထဲဝင် လုပ်ကြတာပဲ။ အမေရိကန်တွေလဲ ဒီဂိုဏ်း ထဲဝင် ဒီလိုလုပ်ကြတာပဲ။
အဲဒီလို ရှိခိုးနေကြတဲ့ လူထုကြီးတွေကိုကြည့် ပြီး တော့ ဘုန်းကြီး စဉ်းစားမိတယ်။ ''သြော် သဒ္ဓါတရားများ ကောင်းလိုက်တာ၊ ဘုရား ကြည်ညိုလို့ ရှိခိုးတယ်ဆိုတဲ့နေရာ မှာ ဒီလောက်ကို သူတို့က အားပါးတရကြီး ရှိခိုးကြတာပဲ'' လို့ တွေးမိတယ်။

ဘုန်းကြီးတို့ မြန်မာများ ရှိခိုးတာကတော့ တံ တောင်ဆစ်ဟာ မြေကြီးကိုထိချင်မှထိ၊ ဒူးကလဲ ထိချင်မှထိ၊ အဆင်မပြေဘူး။
တစ်ချို့ရှိခိုးကြတာဆိုရင် နွေရာသီ ပူပူလောင် လောင် လမ်းပေါ်က ရေညှောင့်ကောင်နဲ့ တယ်ပြီးတော့ တူတာပဲ။ ကြည့်လို့ မကောင်းဘူး။
ထိခြင်း ၅-ပါးဆိုတဲ့ ရှိခိုးနည်း ပေးထားတယ် မဟုတ်လား။ သူတို့ ရှိခိုးတာက ဝမ်းလျားမှောက်ထားတာ။ ငါးပါး မကဘူး၊ အကုန်လုံးထိနေတယ်။
ဘုန်းကြီးတို့ ပရိသတ်များလဲ ထိခြင်း ၅-ပါး ထိ အောင် ကြိုးစားကြစမ်းပါ။
''လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချ လေ''။
ဒကာကြီးများဆိုလို့ရှိရင် ဆောင့်ကြောင့်ထိုင်ပြီး တော့ လက်အုပ်ချီလိုက်၊ ပြီးတော့မှ လက်ချ၊ လက်ဖဝါး နှစ်ဘက်ထောက်ပြီးတော့ ဒူးနှစ်ဘက်ချ။ ပြီးတော့မှ တံ တောင် နှစ်ဘက် ကျပါစေ။
အဲဒီတံတောင်နှစ်ဘက်သာမကျရင် ခုနက ရေ ညှောင့်ကောင်အတိုင်းပဲ။
ဘုန်းကြီးတို့ မြန်မာတွေ သဒ္ဓါတရား ဘယ်လောက် ပဲ ကောင်းတယ်ပြောပြော၊ တိဘက်က ဒကာတွေ ဒကာမ တွေ ဦးချတာမျိုးကိုတော့ မလုပ်နိုင်ကြဘူး။

ရှစ်သောင်းလေးထောင် ဦးချနိုင်ယင် အပယ်တံခါး ပိတ်တယ် တဲ့

ဦးချတဲ့နေရာမှာ အဲဒီလို သဒ္ဓါတရား သိပ်ကောင်း တော့ တစ်ချို့လူများကိုတော့ ဘုန်းကြီးက သနားမိတယ်။
ဗိုက်စူစူကြီးတွေနဲ့ ဝပြီးနေတဲ့ တိဘက်အဘိုးကြီး တွေ အဘွားကြီးတွေ အဲဒီဘုရားအနားမှာ ရှိခိုးတာကြည့် ပြီးတော့ ဘုန်းကြီးသနားတယ်။
မတ်တတ်ရပ်ပြီးတော့ ခုနက ပြောသလို လက် နှစ်ဘက်မြောက်၊ လက်အုပ်ချီ၊ နဖူးပေါ် တင်ပြီးတော့မှ မေးစေ့ချ။
ပြီးတော့ ရင်ဘတ်ထိအောင်ချ၊ ရှေ့လက်ပစ်ပြီး တော့ ဝမ်းလျားလဲ မှောက်လိုက်ရော။ အဲဒီ ဗိုက်ကြီး စူပြီး ဝနေတဲ့ အဘိုးကြီးနဲ့အဘွားကြီးဟာ တကတဲ တစ်မျိုးကြီးကို ဖြစ်နေတာပဲ။ ဘောလုံးပေါ်မှာ တက်ပြီးတော့ မှောက်ထား သလို ဖြစ်နေတယ်။ လိမ့်တိမ့် လိမ့်တိမ့်နဲ့ ဖြစ်နေတယ်။

သူတို့က ဂါဝန်အရှည်ကြီးတွေဝတ်ကြတာဆိုတော့ တစ်မျိုးကြီးပဲ။ သူတို့ရှိခိုးနေတာ နောက်ကနေ သွားပြီးတော့ မကြည်ညိုလိုက်ကြပါနဲ့။
ရှေ့ကနေကြည့်ပြီး ကြည်ညိုမယ်ဆိုရင် တော် တော် ကြည်ညိုစရာကောင်းတယ်။ ရှေ့နားမှာ ပုတီးလေးက ချထားတယ်။ လက်ဖျားနဲ့ ထိပ်နားမှာ ပုတီးလုံးလေးက ချထားတယ်။ တစ်ကြိမ်ဦးချပြီးရင် သူတို့က ပုတီးတစ်လုံးဆွဲ လိုက်တယ်။ တစ်ကြိမ်ပြီးတိုင်း ပုတီးတစ်လုံး ဆွဲလိုက်တယ်။
တော်တော်လေး အချိန်ကြာတော့ အဘိုးကြီး တစ် ယောက် နဖူးက ချွေးတွေ ကျလာတယ်။ နဖူးက ချွေးတွေ သုတ်ပြီးတော့ ဦးချ။ ဒီတိဘက်အဘိုးကြီးတွေ အဘွားကြီး တွေကို ငါမေးလို့ ရမှာမဟုတ်ဘူး။ သူတို့က တိဘက်လိုပြော ရင် ငါက တိဘက်လိုနားမလည်တော့ မဖြစ်သေးဘူး။
မေးလို့ရတဲ့ အီတလီက လူကို သွားမေးမှပဲဆိုပြီး တော့ မေးလိုက်တယ်။
''ဒါလောက်တောင် မင်းတို့က ကြိမ်ဖန်များစွာ တစ်မနက်လုံး တစ်နေ့လုံး တစ်ညလုံး ရှိခိုးနေကြတာဟာ့ ဘာကြောင့်လဲ။ အကြိမ်တွေ များလိုက်တာ'' လို့။
အဲဒီလူက ''တပည့်တော်တို့ ဆရာက သင်ပေး ထားတယ်၊ အကြိမ်ပေါင်း ရှစ်သောင်းလေးထောင် ရှိခိုးနိုင် ရင် အပါယ်လေးပါး တံခါးပိတ်တယ်''လို့ ပြောတယ်။
သူတို့ သဒ္ဓါတရားက ဒီလိုလာတာ။ အချို့များ ရှစ်သောင်းလေးထောင်ကျော်လို့ တစ်သိန်းတောင်ရောက် နေပြီ။
သူတို့ရဲ့ သဒ္ဓါတရား ဘယ်လောက် ကောင်းသလဲ။ ''အသက်ခန္ဓာ စွန့်ချင်စွန့်ရပါစေ''ဆိုတဲ့ စိတ်ဓာတ်နှင့် ရှိခိုး နေကြတာ။ သို့သော် ဥာဏ်မပါဘူး။

အသိဥာဏ်မပါသော ယုံကြည်မှု

ဗလဝသဒ္ဓေါ၊ သဒ္ဓါတရားအားကောင်းပြီးတော့။ မန္ဒပညော၊ ပညာနည်းကြပြီဆိုရင်။ မုဓပ္ပသန္နော၊ အချည်း နှီး အကျိုးမရှိတဲ့နေရာမှာ ယုံကြည်တတ်သည်။ ဟောတိ၊ ဖြစ်ပါပေ၏။
သဒ္ဓါတရားက အလွန်အားကောင်းပြီးတော့ အသိ ဥာဏ်နည်းရင် အကျိုးမရှိ အချည်းနှီးကိစ္စတွေမှာ ယုံကြည် တတ်ကြတယ်။
ရှစ်သောင်းလေးထောင် ဝမ်းလျားမှောက်၍ ရှိခိုး ခြင်းဖြင့် အပါယ်လေးပါးမှ သူတို့ လွတ်တယ်လို့ ယုံကြည် ထားကြတယ်။ သူတို့ရဲ့ စရဏ (အကျင့်)ဆိုတာဟာ အဲဒီ လောက်ပဲ ရှိပါတယ်။

ကံကောင်းကြတဲ့ မြန်မာ
မြန်မာပြည်က ပုဂ္ဂိုလ်တွေရဲ့ စရဏပိုင်းကျတော့ ရုပ်နာမ်ရဲ့လက္ခဏာဖောက်ထွင်းသိမြင်နိုင်တဲ့အထိ ဆင်ခြင် သုံးသပ်နိုင်ကြတယ်။ အဲဒီလို အသိဥာဏ်ကောင်းစွာရတဲ့ လူ့အဖြစ်ကို ဘုန်းကြီးတို ရရှိနေကြတယ်။
အသိဥာဏ်မပါသော ယုံကြည်မှုကို အကန်းယုံ ကြည်မှုလို့ ခေါ်တယ်။ ယုံကြည်မှုမပါပဲနဲ့ အသိဥာဏ်သက် သက်ပဲဆိုလို့ရှိရင် ပန်းတိုင်မရောက်နိုင်ဘူး။
အသိဥာဏ်ဘက်ကို သိပ်ဦးတည် သွားတယ်၊ သဒ္ဓါ တရားမပါဘူးဆိုရင်လဲပဲ အဲဒါ အကျင့်ထဲ မရောက်တော့ ဘူး။ ဝေဖန်နေတာနဲ့ သူအချိန်ကုန်တယ်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။