MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 30, 2012

ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်သို့တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားနေစဉ်
မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လာမည့် မေလ ၂ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း လည်း သိရသည်။ အဆိုအပါ ကျမ်းသစ္စာကျိန်ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား ၄ ၏ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သည့် စာသားများအတိုင်းသာ ကျိန်ဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် တက်ရေး မတက်ရေးနှင့် ပတ်သက်၍  ''အဖြေရပြီဆိုတော့ ဒါကို မြန်မြန်ပဲ ပြောလိုက်ပါမယ်။ မနေ့က ဒေါက်တာအေးမောင် လာတွေ့ပါတယ်။ တိုတိုပြောရရင် ကျွန်မတို့ကို လွှတ်တော်အတွင်းက တိုင်းရင်းသားပါတီတွေနဲ့၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ပါတီတွေတင်မကဘူး။ တစညလည်း ပါတယ်။ နောက်ပြီးတော့ တခြား ပါတီတွေလည်း ပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါတယ်။ အားလုံးကနေ စုပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲမှာမှ ပြောင်းလဲစေသင့် တာတွေ ပြောင်းလဲစေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ အင်မတန်မှ မဟာမိတ် သဘောတရားဆောင်တယ်ပေါ့နော်။ အားလုံးက ပူးပေါင်းဆောင်ရွက်ချင်တဲ့ အခြေအ နေကို တင်ပြထားတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပေးတဲ့စာကလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြားတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အားလုံးပေါင်း လက်မှတ်ထိုးထားတာက လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပြောင်းလဲချင်တဲ့ ကိစ္စတွေပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့လိုချင်နေတဲ့ ကျမ်းကျိန်တဲ့စာရဲ့ စာသားတွေကို ပြောင်းဖို့ကို ၀ိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံတာကိုလည်း ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီဟာတွေ အားလုံးကို သဘောထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ လွှတ်တော်အတွင်းကနေပြီးတော့  တခြားအဖွဲ့အစည်းတွေ၊  အထူးသဖြင့် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တဲ့ဆန္ဒ အများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ လိုက်လျောမယ်။ ဒီလွှတ်တော်တက် တဲ့ကိစ္စကို အမြန်ဆုံး လုပ်လိုက်မယ်။ တချို့က မေးမှာပေါ့။ အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စကားလုံးကို လက်မခံဘူး။ အခုကျတော့ ဘာလို့ လက်ခံလဲဆို ပြီးတော့၊ ဒါလက်ခံရတဲ့ အကြောင်းက ကျွန်မက အကြမ်းဖျဉ်းအားဖြင့်ပြောရင် နံပါတ်တစ်ကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရပါ။ ကျွန်မတို့ကို မဲဆန္ဒရှင်များက၊ ကျွန်မတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျွန်မတို့ကို လွှတ်တော်ထဲကို ရောက်သွားတာ အင်မတန်မှ မြင်ချင်ကြတယ်။ ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူလူထုအသံကို နားထောင်နေပါတယ်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲကို ၀င်စေချင်ကြတယ်။ နောက်ပြီးတော့ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း အင်မတန်မှ လိုလိုလားလားနဲ့ လွှတ်တော်ထဲကနေပြီးတော့ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင်ချင်ပါတယ်လို့ ပြောထားတဲ့ မေတ္တာ ရပ်ခံချက်ကို ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ အလေးထားပါတယ်။ အဲဒါကြောင့်မို့ပါ''ဟု ပြောကြားခဲ့သည်။
ထို့အပြင် ပါတီမှတ်ပုံတင် ဥပဒေနှင့် ရွေးကောက်ပွဲဥပဒေပါ စာသားများကို ပြင်ဆင်ရန် ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမည့် စာသားများကိစ္စကို တစ်ချိန်တည်း မဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ သူမ၏ လစ်ဟင်းမှုသာဖြစ်ကြောင်းနှင့် တာဝန်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။
သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တစ်ခုနှင့်တစ်ခု မဆီလျော်သည့် စကားလုံးများနှင့်ပတ်သက်၍လည်း ထောက်ပြခဲ့ပြီး စကားလုံး အငြင်းပွားမှုပြဿနာသည် နိုင်ငံရေး ပြဿနာဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ ဥပဒေကိစ္စရပ် တစ်ခုအနေနှင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေများကို ပြင်ဆင်ပေးမှုအတွက် သမ္မတကြီး၏ လိုက်လျောမှုကို မမေ့ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

''အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ၊ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ် တော် ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင်ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။