MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 1, 2012

ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ဘန်ကီမွန်းတောင်းဆို

2012-04-30
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို အခုထက်ပိုပြီး ဖယ်ရှား လျှော့ချပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နိုင်ငံတကာကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောနေစဉ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့၊
ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ကုန်သွယ်ရေး ပိတ်ပင်မှုတွေအပေါ် လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဘန်ကီမွန်းက အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒ်ါနန်းဝါနုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကျမ်းကျိန်စာသား ပြင်ဆင်ပေးရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ မပြေမလည် ဖြစ်နေတာတွေကို အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တိုင်းပြည် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်နေတာကို တွေ့မြင်ရတဲ့အတွက် ဂုဏ်ယူကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံဖို့ရှိပြီး နိုင်ငံရေးပါတီတွေနဲ့လည်း ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
လွှတ်တော်မှာ မစ္စတာဘန်ကီမွန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။