MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, April 25, 2012

မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံမှုများ၌ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည်နေ

ကုလသမဂ္ဂလူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ် ဒေသဆိုင်ရာရုံး (UNIAP) မှ တရားဝင် ထုတ်ပြန် ချက်များအရ ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၂ ဒသမ ၅ သန်းလူကုန် ကူးခံနေရကာ မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုများ၌ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည်နေကြောင်း သိရသည်။
အဆိုပါ နှစ်စဉ်လူဦးရေ ၂ ဒသမ ၅ သန်း လူကုန်ကူးခံရမှုများတွင် ဒေသတွင်း ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စပြုခြင်း၊ အဓမ္မအလုပ် ခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင်မှုပေးခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ စေခိုင်းခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ စေခိုင်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ သူတစ်ပါးခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှား ခြင်း၊ ရောင်းချခြင်းတို့အပြင် အချို့ ဒေသများတွင် တီဗွီဂိမ်းကစားရာ၌ လိင်မှုဆိုင်ရာ ကိစ္စရပ်များတွင် ကလေးသူငယ်များအား အလွဲသုံးချ ခြင်း၊ ကလေးများအား မွေးစားရန် ရောင်းဝယ်ခြင်း၊ ကုလားအုတ်ပြိုင်ပွဲ၊ ဘောလုံးပွဲများ၌
ကလေးများအား အလွဲအသုံးချမှုပါ ရှိကြကြောင်း သိရသည်။ ယင်းတို့တွင် နေ့စဉ် လူ ဦးရေ ၆၈၀၀ ဦးတို့လူကုန်ကူးခံနေရကာ အာရှတိုက်တစ်ခုတည်းတွင်ပင် လူဦးရေ ၉ သန်းမျှ လူကုန်ကူး ခံနေရကြောင်းသိရသည်။  ထို့ကြောင့် လူကုန်ကူးမှုပြဿနာသည် သာမန်မှုခင်းများနှင့် မတူဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝ ဘေးအန္တရာယ်နှင့် နယ်စပ်ကျော်ဖြတ်မှုစသည်တို့နှင့် ချိတ်ဆက်ကာ ဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက တားဆီးကာကွယ်သော်လည်း ပျံ့နှံ့နေဆဲဖြစ်သည်ဟု နိုင်ငံတကာက အသိအမှတ်ပြုကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်၏ ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ၆ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့ လည်းကောင်းနှင့် ပြည်တွင်းလူ ကုန်ကူးမှု ၄ ရာခိုင်နှုန်း
ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့်လည်း လူကုန်ကူးမှုပုံစံ အမျိုးမျိုးကို ပြစ်မှုအဖြစ် ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ် မှစ၍ တားဆီးကာကွယ်ခဲ့ခြင်းဖြစ် ပြီး နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှု ဖြစ်စဉ်၏ ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၁၀ ရာခိုင် နှုန်းသည် ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၆ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့ လည်းကောင်းနှင့် ပြည်တွင်း လူကုန်ကူးမှု ၄ ရာခိုင်နှုန်းခန့်ပါရှိသည်။
“အရင်ကတော့ လူကုန်ကူးမှု တွေကို အရေးယူတဲ့အခါ လိင်မှုဆိုင် ရာခေါင်းပုံဖြတ်မှုကိုသာ ဦးတည်ဆောင်ရွက်ခဲ့ပြီး အခုတော့လုပ်အား ခေါင်းပုံဖြတ်မှုအပါအ၀င် ပုံစံမျိုးစုံနဲ့ ခေါင်းပုံဖြတ်မှုတွေကိုပါ အလေးထား တားဆီးကာကွယ်သွားဖို့စီစဉ် ထားပါတယ်။ ကိန်းဂဏန်းစာရင်း ဇယားတွေကလည်း အခိုင်အမာရှိ လာပြီဖြစ်တဲ့အတွက် ပစ်မှတ်ရွေး ချယ်ပြီး တားဆီးကာကွယ်ဖို့နဲ့ လူကုန်ကူးသူတွေကိုပဲ ပစ်မှတ်မထားတော့ဘဲ အမြတ်ထုတ်တဲ့သူတွေကို လည်း အရေးယူသွားမှာပါ။ အဲဒီ အပြင် ဒီပြဿနာရှင်းတဲ့အခါမှာ မူရင်းနိုင်ငံ(Source Country)ကိုပဲ အပြစ်တင်ခဲ့ကြပေမယ့် ဆိုက်ရောက် နိုင်ငံ (Destination Country) က ပါတာဝန်ရှိတယ်လို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာတဲ့အတွက် နှစ်ဖက်လုံး ဟန်ချက်ညီညီ ဆောင်ရွက်သွားဖို့ လိုပါတယ်”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ပြီးခဲ့သည့်၂၀၁၁ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှုပေါင်း ၁၃၆ မှုရှိခဲ့ပြီး အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေ ခိုင်းမှု ၁၄ မှု၊ အဓမ္မ၀န်ဆောင်စေမှု တစ်မှု၊ ကလေးသူငယ် လူကုန်ကူးမှုတစ်မှု၊ အဓမ္မတောင်းရမ်းစေခိုင်းမှု တစ်မှုနှင့် ကြွေးမြီဖြင့်နှောင်ဖွဲ့စေခိုင်းမှု တစ်မှုတို့ရှိခဲ့ကာ တိုင်းဒေသကြီးများတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီနှင့် ပြည်နယ်များ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ (အရှေ့ပိုင်း) ကချင်နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အိမ်နီးချင်းနှင့် ဒေသတွင်းရှိ ဆိုက်ရောက်သည့်နိုင်ငံများ(Destination Country)များ တွင် အလုပ်အကိုင် အခွင့်အလမ်း၊ ၀င်ငွေတိုးမြှင့်ရရှိပြီး မိသားစုများအား ကူညီထောက်ပံ့ရန်ရည်ရွယ်၍ သွားရောက်ခဲ့သော်လည်း အချို့သည် လူကုန်ကူးသူ(လူပွဲစား)များ၏ လိမ်လည်မှု၊ သွေးဆောင်ဖြားယောင်းမှု၊ ကတိဖောက်ဖျက်မှု၊ အနိုင်ကျင့် အမြတ်ထုတ်မှုများ ခံနေရသောကြောင့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြည်ပသို့ တရားဝင် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးရန်နှင့် ပြည်တွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့် ၀င်ငွေတိုးမြှင့်ရရှိနိုင်ရေး ဖန်တီးရန် လိုအပ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောပါသည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။