MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 16, 2012

ဒေါ်အောင်ဆန်းစုကြည်ဟောပြောချက် ရုပ်မြင်သံကြားမှ မလွှင့်မီ အင်တာနက်ပေါ်တွင် ပျံ့နှံ့


Photo
ရန်ကုန်၊ မတ်-၁၃
ယခုလ ၁၄ ရက်တွင် နိုင်ငံပိုင် မီဒီယာများမှ နိုင်ငံရေးပါတီများ ဟောပြောချက်အဖြစ် ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ရုပ်သံမလွှင့်မီကပင် အင်
တာနက်ပေါ်မှ တစ်ဆင့် နားထောင်ခဲ့ကြသူများ များပြားခဲ့သည်ဟု သိရသည်။
ယခင်က တစ်ကြိမ်မှမပြောဘူးသူ ပြောမည်ဆိုခြင်းကြောင့် စိတ်ဝင်စား၍နားထောင်ခဲ့ခြင်း ဖြစ်သည်ဟု
နားထောင်ပြီးသူ လူငယ်များကပြောသည်။
မိန့်ခွန်းတွင် ပါရှိသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်သောသဘာထားနှင့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများအ
ပေါ်ပြောကြားချက်များသည် လက်တွေ့ကျသည်ဟု အသက်(၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည့်ကိစ္စမှာ ကြီးကျယ်သည်ဟု မြင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေးသမားအားလုံးကို ကစားကွင်းထဲတွင် Line up ၀င်
သည့် ဖော်ဆောင်သူများဟု မြင်ပြီး မိမိတို့ ပြည်သူများသည် အရန်ခုံ၌ ထိုင်နေသော ဒုတိယဖော်ဆောင် သူများအဖြစ်မြင်ကြောင်း အသက် ၂၇ နှစ်အရွယ်
နိုင်ငံရေးစိတ်ဝင်စား သူတစ်ဦးကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုမိန့်ခွန်းကိုယေဘုယျအားဖြင့် ကောင်းသည်ဟု မြင်ပြီးမိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း အချိန်ယူပြီးလုပ်ဆောင်မည်ဆိုပါက လုပ်နိုင်
မည်ဟု မြင်ပါကြောင်းလည်း အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။အသက် ၅၀ အရွယ် အမျိုး သားတစ်ဦးကမိန့်ခွန်းကို ယေဘုယျအားဖြင့် သဘောကျပြီး
တပ်မတော် သားကိုယ်စားလှယ်များအပေါ် သဘောထားနှင့် တပ်မတော်အ ပေါ် သဘောထားများမှာ ပြတ်သားမှုမရှိဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လယ်
ယာပိုင်ဆိုင်ခွင့်၊ ဖွဲ့စည်းပုံအရ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစသည်တို့မှာ လက်ရှိ အခြေအနေနှင့်ကိုက်ညီမှုမရှိဟု ထင်မြင်ပြီး၊ အင်ဒိုနီးရှားကဲ့သို့ နိုင်ငံ
မျိုးတွင် တပ်မတော်သားများအပေါ် နေရာပေးထားခြင်းရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။
နိုင်ငံတကာ သတင်းအယ်ဒီတာတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ပညာရေး၊ ကျန်းမာရေးအကြောင်းများကို ပြောကြားခဲ့သော်လည်း စီးပွားရေး နှင့်
ဆက်စပ်နေသော အခြေခံ အ ဆောက်အဦများကို မည်ကဲ့သို့ ထူထောင်မည်ဆိုသော အချက်များပါ ၀င်သည်ကို မတွေ့ရကြောင်း ပြောကြားခဲ့သည်။
မတ်လ ၇ ရက်မှစ၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် နိုင်ငံရေး ပါတီများ၏ ၁၅ မိနစ်ကြာ မူဝါဒရေးရာ ဟောပြောချက်များကို စတင်ထုတ်လွှင့်နေပြီဖြစ်ပြီး အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်မှာ ယခုလ ၁၄ ရက်တွင် ထုတ်လွှင့်မည်ဖြစ်သည်။
7days News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။