MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, April 11, 2012

ဧပြီလ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ပြန်လည်ခေါ်ယူမည်ဟု သိရ


ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ဧပြီလ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်  ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက”ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌကြီးက လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ရပ်နားတဲ့ မတ်လ ၂၃ ရက်နေ့မှာ ပြောသွားတာရှိပါတယ်။ ပြည်သူ့လွှတ်တော်ကို
အရေးတကြီး ဆုံးဖြတ်ရန်ကိစ္စများ ပေါ်ပေါက်လာနိုင်တဲ့အတွက် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးကို ဧပြီ ၂၃ ရက်နေ့မှာ ပြန်လည်ခေါ်ယူရန်ရှိကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ အခုဧပြီလ ၂၃ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို ပြန်လည်ခေါ်ယူဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ယခုကျင်းပပြုလုပ်ခဲ့တဲ့ တတိယပုံမှန်အစည်းအဝေးကို နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စု လွှတ်တော်၌တင်သွင်း၊ ဆွေးနွေး၊ အတည်ပြုနိုင်ရန် အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအစည်းအဝေးကို အောင်မြင်စွာပြီးစီးကြောင်းနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးကို ခေတ္တရပ်နားမှာ ဖြစ်ပါတယ်။ အရေးတကြီးဆုံး ဖြတ်ရန်ကိစ္စများ ပေါ်ပေါက်လာနိုင်သည့်အတွက် ယခုပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ဧပြီ ၂၃ ရက်နေ့တွင် ပြန်လည်ခေါ်ယူရန်ရှိပါတယ်။ ခေါ်ယူရန် မလိုသည့် အခြေအနေဖြစ်ပါက ကိုယ်စားလှယ်များထံ အချိန်မီ အကြောင်းကြားမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်”ဟု ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အ စည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က”ကျွန်တော်တို့ဆီကို လွှတ်တော် ၂၃ ရက်နေ့ မပြုလုပ်ဖြစ်ရင် အကြောင်းကြားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။ အခုအချိန်အထိ ဘာမှအကြောင်းကြားလာခြင်းမရှိတဲ့အတွက် ၂၃ ရက်နေ့လွှတ်တော်ခေါ် ဖြစ်ဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ကာလ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အမျိုးသားစီမံကိန်းဥပဒေနဲ့ ဘတ်ဂျက်ဥပဒေကြမ်းတွေကို အတည်ပြုခဲ့ကြပါတယ်။ ပြီးရင် သမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ရမှာပါ။ အခု အရေးတကြီးခေါ်တဲ့ လွှတ်တော်မှာ သမ္မတက လက်မှတ်မထိုးတဲ့ ဥပဒေကြမ်းတွေကို အဆုံးအဖြတ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ထူးခြားတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ထပ်ခေါ်ရတယ်လို့ သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာတဲ့အတွက် လွှတ် တော်အတွင်း အရောင်အသွေး ပိုစုံလင်သွားပြီး ပြည်တွင်း၊ ပြည်ပက ပိုစိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်”ဟု ဧပြီလ ၉ ရက်နေ့က ပြောကြားခဲ့သည်။ ဧပြီလ ၂၃ ရက်တွင်ခေါ်ယူမည့် လွှတ်တော် အစည်းအဝေး၌ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရှိ၊ မရှိ ဆိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြု ထုတ်ပြန်မှုများအပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း လွှတ်တော်တာဝန်ရှိသူက ဆိုပါသည်။

News Eleven

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။