MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, April 25, 2012

မြန်မာကျောင်းသားများ၏ ဆရာဝန်ဖြစ်ချင်စိတ်ကို အကြောင်းပြု၍ ဒေသတွင်း ဆေးတက္ကသိုလ်အချို့ လာရောက်ဈေးကွက်ချဲ့လာ၊ အောင်မြင်ပြီးပါက မြန်မာနိုင်ငံတွင် ဆမ လျှောက်ထား၍ မရသောကြောင့် အခက်အခဲများ တွေ့လာနိုင်



မြန်မာနိုင်ငံသားများ၏ ဆရာဝန်ဖြစ်ချင်စိတ်ကို အကြောင်းပြု၍ ဒေသတွင်းနိုင်ငံအချို့မှ ဆေးတက္က သိုလ်အချို့က ပြည်တွင်းသို့လာရောက်ပြီး ဈေးကွက်ချဲ့ထွင်မှုများရှိ နေရာ ၎င်းတက္ကသိုလ်များ၏အဆင့် ရပ်တည်မှုနှင့် အောင်မြင်ပြီးပါက မြန်မာနိုင်ငံတွင် ဆမလျှောက်ထား၍ မရသောကြောင့် အခက်အခဲများ တွေ့လာနိုင်ကြောင်း  ဂရုပြုကြည့်ရှုပြီးမှ တက်ရောက်သင့်သည်ဟု ပညာရေး အတိုင်ပင်ခံအချို့က သုံးသပ် ပြောကြားသည်။
“တရုတ်က တက္ကသိုလ်အချို့ မြန်မာနိုင်ငံမှာ ဆေးပညာသင်ရိုး (Medical Courses) တွေလာပြီး Promotion လုပ်နေတာရှိတယ်။ မြန်မာကျောင်းသားတွေကလည်း ဒီမှာ အမှတ်မမီတော့ သွားတက်ကြတယ်။ အဲဒီတက္ကသိုလ်က ဘွဲ့ရပြီး ပြန်လာတော့ ဒီနိုင်ငံမှာ ဆမ လျှောက်လို့မရဘူး။ သာမန်ဘွဲ့လေးတစ်ခု လောက်ပဲ လိုချင်တာဆိုရင်တော့ အဆင်ပြေတယ်။ ဒီမှာပြန်လာပြီး
ဆရာဝန်လုပ်ချင်တာဆိုရင်တော့ အဆင်မပြေဘူး”ဟု Crown Education ပညာရေးဝန်ဆောင်မှု အေဂျင်စီမှ ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးပညာ သင်ရိုးများ လာရောက်မိတ်ဆက်နေသော နိုင်ငံများတွင် တရုတ်၊ ရုရှားနှင့် ဒေသတွင်း နိုင်ငံအချို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် ဆမ လက်မှတ် ရရှိနိုင်မှုနှင့်ပတ်သက်ပြီး အာမခံချက် မပေးနိုင်ကြောင်း သိရသည်။

နိုင်ငံခြားဆေးတက္ကသိုလ် သွားတက်တာက တက်လို့ရတယ်။ အဲဒီကရတဲ့ဘွဲ့ကို ဒီမှာအခုထိ အသိအမှတ်မပြုဘူး။ ဒီနိုင်ငံမှာ MBBS ဘွဲ့ရပြီးသား၊ ကိုယ်ပိုင် ပိုက်ဆံနဲ့ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်တာတောင် ဒီက ဆမ လက်မှတ်ထဲမှာ အဲဒီဘွဲ့လွန်ကို ထည့်သွင်း အသိအမှတ်မပြုဘူး
“နိုင်ငံခြားမှာ ဆေးပညာသင်ယူတာမှာ မြန်မာနိုင်ငံမှာ ဆေးမှတ်မမီတဲ့သူတွေလည်း တက်လို့ရပါတယ်။ GCE O level နဲ့သွားလည်းရတယ်။ နိုင်ငံခြားတက္ကသိုလ်မှာ သွားတက်တဲ့သူတွေကတော့ ဒီကိုပြန်လာပြီး အလုပ်လုပ်တာ ရှားပါတယ်”ဟု Smart Resources ပညာရေးဝန်ဆောင်မှု အတိုင်ပင်ခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံခြားတက္ကသိုလ်မှ ရရှိသောဘွဲ့များနှင့် မြန်မာနိုင်ငံတွင် ပြန်လည် အလုပ်လုပ်ကိုင်ရန်မှာ မိမိနိုင်ငံ ၏ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရန်လိုပြီး တရားဝင် အသိအမှတ်ပြုမှုရှိရန် လိုအပ်သည်ဟု ပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်သည်။
“နိုင်ငံခြားဆေးတက္ကသိုလ် သွားတက်တာက တက်လို့ရတယ်။ အဲဒီကရတဲ့ဘွဲ့ကို ဒီမှာအခုထိ အသိအမှတ်မပြုဘူး။ ဒီနိုင်ငံမှာ MBBS ဘွဲ့ရပြီးသား၊ ကိုယ်ပိုင် ပိုက်ဆံနဲ့ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်တာတောင် ဒီက ဆမ လက်မှတ်ထဲမှာ အဲဒီဘွဲ့လွန်ကို ထည့်သွင်း အသိအမှတ်မပြုဘူး ။ နောင်မှာ အသိအမှတ် ပြုမပြုကတော့ ဆေးကောင်စီနဲ့ဆိုင်တယ်”ဟု Myanmar Medical Association မှ ပူးတွဲ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမြင့်ဇော်က ပြောသည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။