MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 16, 2012

ဣဿာအကြောင်း

ဣဿာအကြောင်း


ငြူစူခြင်း၊ မနာလိုခြင်း သဘောတို့သည် `ဣဿာ´ ပင်တည်း။ ထို့ကြောင့် `ဣဿာလျှံမှု၊ လွန်ငြူစူ၏´ ဟု ဆိုခဲ့သည်။ သူတစ်ပါး လှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများ ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုယုံသာမကတော့ဘဲ ``ဇီးကွက် လောက်တော့ ငှက်တိုင်းလှရဲ၊ သည်လိုယုန်တော့ ချုံတိုင်းရှီရဲ့´´ စသည်ဖြင့် နှုတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်းထိုးကာနှင့် ပြောဆိုကဲ့ရဲ့တတ်ခြင်းသည် ဣဿာသဘောချည်းတည်း။ (ကျေးရွာ သားတို့ ကဲ့ရဲ့ရာ၌ကား ဒီထန်းသီးမှုတ်မျိုးတော့ ဘယ်ထန်းပင်အောက်မဆို ကောက်လို ရနိုင်တယ်´´ ဟုဆိုလေ့ရှိ၏´´

``ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ´´ ဟုဆိုရိုးရှိသည့်အတိုင်း ဤဣဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာ နေသူ၏ အပေါ်မှာ ဖြစ်တတ်သည်။ ငါးပိသည်က ရွှေသည်အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းသော်လည်း ရွှေသည်အချင်းချင်း၊ ငါးပိသည်အချင်းချင်း ရဟန်းသံဃာအချင်းချင်း၊ ဓမ္မကထိက အချင်းချင်း စာချဘုန်းကြီးအချင်းချင်း၊ ဆရာတော် အချင်းချင်း အတင်းပြော ကာ ဣဿာဖြစ်တတ်ကြသည်။ သူ၏ ကံစွမ်း၊ ဥာဏ်စွမ်း၊ ၀ီရိယစွမ်းကြောင့် မိမိထက်သာလွန်၍ တိုးတက်နေသူကို အတင်းအဖျင်းပြောကာ ဣဿာဖြစ်မှုကြောင့် ထိုသူမှာ အကျိုးမယုတ်ဘဲ မိမိမှာသာ ပညာရှိတို့ အထင်သေးခံရမည့်အပြင် ဘ၀သံသရာ၌လည်း ယခုထက် အောက်ကျဖို့ အကြောင်းမကောင်းသော တရားတစ်မျိုးဖြစ်၍ စင်စစ် ပယ်ရှားထိုက်လှပါသည်။

မြဂူကို မနာလိုသောဝက်များ

ဟိမ၀န္တာတောင် မြဂူအတွင်း၌ ခြင်္သေ့တစ်စီး အောင်းနေ၏။ ထိုဂူ၏ မနီးမဝေးမှာလည်း ၀က်အများနေကြသည် ထိုဝက်တို့သည်မြဂူအတွင်းက ခြင်္သေ့ကို မြင်နေရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏ အရောင်ကိုပင် အပြစ်မြင်နေကြ၏။ အခါတစ်ပါး၌ ထိုဝက်အများတိုင်ပင်ကာ ရွှံညွန်ထဲ၌ လူးပြီးလျှင် ထိုညွန်ဖြင့် မြဂူကို (အရောင် မှိန်သွားအောင်) ပွတ်တိုက်ကြလေရာ မြဂူမှာ အရောင်မညှိုးဘဲ တိုး၍ပြောင်လာလေသည်။ ထို့အတူ မိမိထက်သာသူကိုမနာလို၍ အပြေစ်ပြောလျှင် မိမိမှာသာ အနေခက်၍ အထက်တန်း ရောက်ပြီးသူမှာ တိုး၍သာ ပြောင်ဖွယ်ရှိလေသည်။

အတ္တုက္ကံသန ပရ၀မ္ဘန

စကားပြောသောအခါဖြစ်စေ၊ စာရေးသောအခါဖြစ်စေ၊ မိမိကိုယ်ကို မြောက်၍ မြှောက်၍ (ဂုဏ်ဖော်၍) ပြောဆိုရေးသားခြင်းကို ``အတ္တုက္ကံသန´´ဟုခေါ်၏။ (အတ္တ = မိမိကိုယ်ကို + ဥက္ကံသန ၏ ချီးမြှောက်ခြင်း) သူတစ်ပါးကို ရှုတ်ချ၍ (အပြစ်တင်၍) ပြောဆို ရေးသားမှုကို ` ပရ၀မ္တန´´ ဟုခေါ်၏။ (ပရ = သူတစ်ပါးကို + ၀မ္ဘန ရှုတ်ချခြင်း) ထိုတွင် အတ္တုက္ကံသနအမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများဖြစ်တတ်၏။ ပရ၀မ္ဘန အမှု၌ကား ယခုပြနေသော ဣဿာနှင့် မလိုမုန်းထားသော ဒေါသသဘော ဖြစ်တတ်လေသည်။

ဂုဏ်ဖော်ပုံ

စကားပြောဆိုရာ၊ စာရေးသားရာတို့၌ မိမိတတ်သိနားလည်းကြောင်း၊ မိမိဥစ္စပေါများကြောင်း၊ အမျိုးအဆွေကြီးကြောင်း၊ ဘီအေအမ်အေအောင်ကြောင်း၊ သူများနှင့် ပြိုင်ဆိုင်စဉ်တုန်းက မိမိအနိုင်ရခဲ့ကြောင်း၊ ယခုအခါ အောက်ကျ၍နေရစေကာမူ ရှေးအခါ တုန်းကရွှေထီးဆောင်းခဲ့ရဖူးကြောင်း၊ (ဘုန်းကြီးဖြစ်လျှင်) ဘုန်းကံကြီးကြောင်း၊မိမိ၏ ဒကာ၊ ဒကာမတို့ ပစ္စည်းဥစ္စာပေါများကြောင်း၊ ရာထူးကြီးကြောင်း၊ မိမိစာမေးပွဲအောင်ကြောင်း၊ ရွှေငွေဖြစ်ကြောင်း စသည်ဖြင့် (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ဂုဏ်ဖော်တတ် ကြလေသည်။ဤသို့ ဂုဏ်ဖော်ကြရာဝယ် အဆင်အခြင်နည်းပါးသူတို့မှာ အထိုက်အလျောက် အကျိုးရှိမည် ဖြစ်သော်လည်း စဉ်းစားသူတို့ကမူ ``ဤသူဟာ အူကြောင်ကြောင်ကြိးပဲ´´ ဟု အထင်သေးတတ်ကြသည်။ သို့ဖြစ်၌ စကားပြောရာ၊ စာရေးရာတို့၌ ဂုဏ်ဖော်ခြင်း ဟူသော အတ္တုက္ကံသန အမှုကို သတိပြု၌ ရှောင်သင့်ပေသည်။

ဂုဏ်ဖော်သင့်သောအခါ

တစ်ခါတစ်ရံ ဂုဏ်ဖော်သင့်သော အချက်များလည်း ရှိတတ်သေး၏။ ထိုအချက်များကား မိမိဂုဏ်ကို ဖော်မပြောလျှင် မိမိအလုပ်ကိုဖြစ်စေ၊ မိမိစကား မိမိတရားကိုဖြစ်စေ၊ သူတစ်ပါးတို့က အထင်သေးဖွယ်ရှီသော အချက်တည်း၊ ထိုကဲ့သို့ အချက်များ၌ ကား မိမိဂုဏ်ကို ထိုက်သလို ထုတ်ဖော်ရပေမည်။ ထိုကဲ့သို့ မိမိအလုပ် မိမိစကားကို လေးစားစေလို၍ ဂုဏ်ဖော်ခြင်းကား မာနမဟုတ်ပါ။ မိမိအလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှမ်းတင်တတ်၊ စီစဉ်တတ်သော အသိလိမ္မာပင် ဖြစ်ပါသည်။

ရှုတ်ချမှု

သူတစ်ပါးကို ရှုတ်ချတတ်သော ပရ၀မ္တနအမှုလည်း သတိမထားတတ်သူ၏ စာအရေးအသား၊ စကားအပြောများ၌ တွေ့ရတတ်သည်။ ကြားရသူတိုင်းက အထင်အမြင်သေးအောင်၊ နိမ့်ကျသွားအောင် သူတစ်ပါးကို ရှုတ်ချခြင်းသည် ယုတ်မာဆိုးရွားလှ၏။ သို့သော် တကယ် ယုတ်မာသူကို အများလူလို့က ဖြစ်စေ၊ မိမိနှင့် ရင်းနှိးသူတို့ကဖြစ်စေ အထင်ကြီးနေရာ၌ကား တိုင်းသူပြည်သားတို့ (မိမိနှင့်စပ်သူတို့) အထင်းမှားရလေအောင် အခါအခွင့်အလိုက် ရှုတ်ချထိုက်ပေသည်။ သိုသော် ထိုသို့ အများက အထင်ကြီးးနသူကို အပြစ်ပြု၍ ရှုတ်ချရာဝယ် သက်သေခံမရလျှင် မိမိကိုပင် ရင်းနှီးသူတို့ကပါ အထင်မှားတတ်သောကြောင့် သတိထား၍ ရှုတ်ချသင့်မှ ရှုတ်ချပါလေး။

ကြားဖူးသည်မှာ- ကျောင်းဒကာနှင့် ကျောင်းအမတို့သည် မိမိတို့ ဘုန်းကြီးကို ရဟန္တာလောက်ပင် ကြည်ညိုနေကြ၏။ အခါတစ်ပါးသော် အလှူတစ်လှူ၌ သံဃာစဉ်ရာတွင် မိမိတို့ ဘုန်းကြီးကို မမြင်ရသော ကျောင်းဒကာသည် `` ဘုန်းကြီးနေမကောင်းဘူး´´ထင်၍ ကျောင်းသို့ သွားလေသည်။ ထိုအခါ မီးတင်းကုပ်မှ မီးခိုးထွက်နေသည်ကို မြင်၍ ချောင်းကြည့်မိရာ ဘုန်းတော်ကြီးကိုယ်တိုင် ကြက်ဥကြော်နေသည်ကို မြင်ရသဖြင့် ကြက်သီးထကာ စိတ်မချမ်းမသာနှင့် ကျောင်းအမကို ပြန်ပြောလေရာ ကျောင်းအမက ``ငါ့ကျောင်းဒကာ စိတ်ဖောက်ပြန်လာပေါ့´´ ဟုစိုးရိမ်၍ ``အရပ်ကတို့ လာကြပါဦး၊ ကျုပ်တို့ကျောင်းဒကာ ဘာဖြစ်လာမှန်းမသိပါဘူ´´ဟု အော်လေရာ ကျောင်းဒကာသည် လွန်စွာရှက်၍ သက်သက် အရူးပျောက်သလိုလုပ်၍ ရောက်လာသူတို့အား ဘာမှမဖြစ်ကြောင်းပြောပြရလေသည်။ ထို့နောက် အိပ်ရာဝင်မှ တစ်ပါ ပြောပြန်လေရာ ရှေးနည်းအတိုင်း ကျောင်းအမက အေိာမည် လုပ်ပြန်သောကြောင့် ကျောင်းအမကို တောင်းပန်ကာ နောက်နောင်အခါ ဘုန်းကြီး ကြက်ဥ ကြော်စားသောအမှုကို ဘယ်သူ့ကိုမျှ မပြောဝံ့တော့ချေ။

ဤသို့ဆိုလျှင်အချို့အပြစ်များကို ပြောပြရာ၍ ပြောဆိုသူကိုပင် အရူးအထင်ခံရတတ်သောကြောင့် အခါအခွင့်ကိုကြည့်ကာ ပြောသင့်မှ ပြောဆိုရပေမည်။

သို့ရာတွင် မိမိအိမ်သား အိမ်သူစသော အလွန်ရင်းနှီးနေသူတို့ကိုကား (မယုံချင်နေပေစေ) ယုတ်မာသူကို အထင်ကြီးနေလျှင် ကြိုတင်၍ သတိပေးထားခြင်းသာ အမြော်အမြင်ကြီးရာရောက်သဖြင့် ထိုယုတ်မာသူ၏ အပြစ်ကို ပြောထားသင့်ပေသည်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။