MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 23, 2012

မဲခေါင်ဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူမည်

2012-04-21
မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအပါအ၀င် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံကို ဂျပန်နိုင်ငံက ဒေါ်လာ ၇ ဘီလျံကျော်ဖိုး ထောက်ပံ့ ကူညီမယ်လို့ နှစ်ဘက်အစိုးရတွေက ကြေညာလိုက်ပါတယ်။
AFP
မဟာမဲခေါင်ဒေသဆိုင်ရာ ညီလာခံကို တက်ရောက်နေသော ဂျပန် ၀န်ကြီးချုပ် ရိုရှီဟီကို နိုဒါ (၀ဲ) နှင့် မြန်မာသမ္မတ ဦးသိန်းစိန် (ယာ) တို့ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးတွင် တွေ့ရစဉ်။
ဂျပန် ၀န်ကြီးချုပ် ယိုရှိဟိကို နိုဒ က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ အရှေ့အာရှဒေသရဲ့ တည်ငြိမ်မှုနဲ့ ကြွယ်ဝမှုဟာ မဲခေါင်ဒေသအပေါ်
တည်နေကြောင်း၊ ဂျပန်အစိုးရအနေနဲ့ မဲခေါင်ဒေသနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန် ၀န်ကြီးချုပ်က ပြောပါတယ်။
ဂျပန်နိုင်ငံက မဲခေါင်ဒေသ ဖွံ့ ဖြိုးရေးအတွက် ဒေါ်လာ ၇ ဘီလျံကျော်ကို ၂၀၁၅ နှစ်အထိ သုံးနှစ်အတွင်း ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။ အဲဒီလျာထားချက်ထဲမှာ ဒေါ်လာ ဘီလျံ ၃၀ ကို အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း ၅၇ ခုပါဝင်ပါတယ်။ အဲဒီအနက် မြန်မာနဲ့ ထိုင်းနိုင်ငံ အကြား ဆက်သွယ်ဖောက်လုပ်မဲ့ အဝေးပြေး လမ်းမကြီးတစ်ခုလည်း ပါဝင်ပါတယ်။
ပြည်ပပို့ကုန်အပေါ် ဗဟိုပြုနေတဲ့ ဂျပန်စီးပွားရေး တိုးတက်ဖွံ့ ဖြိုးဖို့အတွက် လုပ်ခလစာ သက်သာပြီး ရင်းနှီးမြှုပ်နှံ အခွင့်အလမ်းအတွက် ဂျပန်နိုင်ငံက အရှေ့အာရှဒေသမှာ ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။