MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 23, 2012

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား

7299
အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်
ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး  အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊  ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ
(ငြိမ်း)ဆိုသူ ရောက်ရှိလာပြီး ပြည်သူများနှင့် အနည်းငယ်အချင်းများပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးမိနစ် ၂၀ ခန့်အကြာ တွင် အဓိပတိယာဉ်လိုင်းမှ ကားနှစ်စီး ဖြင့်လူ ၃၀ ကျော်ခန့် ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်အတွင်း၌ အုပ်စုလိုက်ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့က ယာဉ်တိုက်မှု ဖြစ်လို့ဒဏ်ရာရတဲ့ သူကိုကူညီ ပေးတာပါ။ ဒါကို ‘မဆိုင်သူတွေ အနားမကပ်နဲ့ မင်းတို့ဘာကောင်တွေလဲ’လို့ ပြောတယ်။ ကျွန်တော် သေချာရှင်းပြတော့ သူမှားသွားကြောင်း တောင်းပန်ပြီး ပြန်ထွက်သွားတယ်။ ပြီးတော့ သိပ်မကြာလိုက်ဘူး အဓိပတိ(အဖြူ) ကားနှစ်စီးရောက် လာပြီး ‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်း ကိုဒီလိုလုပ်လို့ မရဘူး’ ဆိုပြီး အော်ပြီးလိုက်ရိုက်တာ အဲဒီမှာ ကောင်လေးတစ်ယောက် အရိုက်ခံလိုက်ရတယ်”ဟု ယင်းဖြစ်စဉ်အား တရားလိုပြု တိုင်ကြားသူ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောပါသည်။
လေးထောင့်ကန် ရပ်ကွက်နှင့် ဆ/ခရပ်ကွက်မှ ပြည်သူတစ်ရာကျော်ခန့်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ တိုင်ကြားသဖြင့် ဦးသိန်းညွန့်မှ နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံသို့ အရေးယူပေးပါရန် တင်ပြထားကြောင်း သိရသည်။
ဆ/ခရပ်ကွက် ရွှေကိန္ဒရီ အိမ်ရာတွင် နေထိုင်သူတစ်ဦး ကလည်း “ကားတိုက်လို့ ထွက်ကြည့်တာ တာဝန်ခံဆိုတဲ့သူ ရောက်လာပြီး အနီးမှာရှိတဲ့သူတွေနဲ့ စကား အခြေအတင် ပြောနေတာ တွေ့တယ်။ ပြီးတော့ အဲဒီလူ ထွက်သွားပြီး သိပ်မကြာဘူး အဓိပတိ(အဖြူ)ကားနှစ်စီး လူ ၄၀၊၅၀လောက် ရှိမယ်လို့ ထင်တယ် ရောက်လာပြီး လိုက်ရိုက်တော့တာပဲ။ ကျွန်တော်တို့ ကြည့်တဲ့ဘက်က ယာဉ်တိုက်မှုဖြစ်တဲ့ဘက် မဟုတ်တော့ သူတို့က ပထမ ကျွန်တော်တို့ကိုမတွေ့ဘူး။ နောက်ပြီးမှ တွေ့တော့ အိမ်ရာထဲထိ လိုက်ရိုက်တာ။” ဟု ပြောပါသည်။
“ယာဉ်တိုက်မှုဖြစ်တာကို ကြည့်ပြီးတော့ ကျွန်တော်က စံပြဈေးဘက်မှာ ထမင်းကြော်သွားစားတာ။ အဲဒီအချိန်မှာပဲ စံပြဈေးဘက်ကနေ အဓိပတိနှစ်စီးက လူတွေ အများကြီးတင်လာပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ဘက်ကိုသွားတာတွေ့လို့ ပြန်သွားကြည့်တော့ အဲဒီမှာသူတို့က လိုက်ရိုက်နေပြီ။ ကျွန်တော်က သူတို့ရဲ့ အလယ်ကိုရောက်သွားတော့ ကျွန်တော်ကိုလည်းတွေ့ရော လိုက်ရိုက်ကြတယ်။ ကျွန်တော်လည်း ရှောင်ရင်း လက်နဲ့ကာလိုက်တာ အဲဒီမှာ လက်ထိသွားတာ။ ပြီးတော့ ကျွန်တော်လမ်းထဲကို ၀င်ပြေးတော့မှ လွတ်သွားတာ”ဟု ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူ ကိုမော်ခန်း(ခ)စိုးမင်းထွန်း ကပြောပါသည်။
ယင်းဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား သင်္ဃန်းကျွန်းရဲစခန်း က(ပ)၂၂၀/၁၂၊ ပုဒ်မ-၂၉၄/၃၂၃/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

 News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။