MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 2, 2012

ပခုက္ကူကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ။

ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်မှာ 19.3.2012 က ကျောင်းသူ/သား အားလုံး ကျောင်းအုပ်ကြီး ရုံးခန်းမှာ ဆန္ဒပြ တောင်းဆိုမှု တွေ ရှိခဲ့ပါတယ်။ ၀န်ကြီးဌာနက တရားဝန်ပြဌာန်းထားတဲ့ PRETEST စာမေးပွဲ နှစ်ကြိမ်ကို ဖြေဆိုခဲ့ကြတဲ့ အပြီးမှာ 75% ပြည့်တဲ့ ကျောင်းသူ/သားတွေဟာ သင်္ကြန်တွင်း ကျောင်းပိတ်ကို အစောကြီး ပြန်ဖို့ ပြင်ခဲ့ကြပါတယ်။
April ၁ ရက်ကနေ ၆ ရက်နေ့ထိ ကျောင်းတက်ရင် သင်္ကြတွင်း ပြန်ဖို့ ကားအခက်အခဲ ဖြစ်လို့ ဆေးခွင့်တင်ပြီး ပြန်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒါကို တစ်ကျောင်းလုံး လူမရှိမှာ
စိုးလို့ ကျေင်းအုပ်ကြီးက ကျောင်းတွင်းစာမေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့ တစ်ဘာသာဆိုပြီး April ၆ ရက်နေ့ထိ လုပ်တဲ့ အခါမှာ ကျောင်းသူ/သားတွေဟာ မဖြေချင်ခဲ့ကြပါဘူး။ စာမေးပွဲ ဖြေခဲ့ရင် အိမ်ပြန်မရတော့လို့ တစ်လလုံး အလကားနေရင်း အဆောင်ခနဲ့ စားစရိတ်ဖိုး ကုန်မယ်ဆိုပြီး စိတ်ညစ်ခဲ့ကြပါတယ်။
ပြီးတော့ ပခုက္ကူ ကွန်ပျူတာတက္ကသိုလ် မှာ ကျောင်းအုပ်ကြီးက ကျောင်းသူ/သားတွေအတွက် ကဲန်တင်းလည်း ဖွင့်မပေးခဲ့ ပါဘူး။ နေ့ခင်း ထမင်းစား ဆင်းချိန်မှာ ဒုက္ခ ရောက်ရပါတယ်။ ပြီတော့ စာသင်ခန်းထဲ မှာ ဆိုရင်လည်း အမိုးပေါ်မှာ ခိုတွေနဲ့ နံဆော်နေပြီး ခုံအောက်တွေမှာလည်း ကြွက်တွေရှိပါတယ်။ ကျောင်းသူ/သားတွေ အတွက်လည်း Toilet ခန်းက ခိုချီးတွေနဲ့ သန့်ရှင်းသပ်ရပ်မှု မရှိပါဘူး။
ဒီကိစ္စတွေကို ကျောင်းတက်တဲ့လ အစောပိုင်းမှာ ကျောင်းသူ/သားတွေ တင်ပြခဲ့ပေမယ့် ပြုလုပ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ဂုဏ်ထူးတန်းမှ ကျောင်းသူ/သား တွေနဲ့ နောက်ဆုံးနှစ်ကျောင်းသူ/သားတွေ ဦးဆောင်းပြီး တစ်ကျောင်းလုံးက ကျောင်းသူ/သားတွေဟာ ကျောင်းအုပ်ကြီး ရုံးခန်းမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ ရဲ့ တင်ပြချက်တွေက
၁ ။ ကျောင်းတွင်းစာမေးပွဲ ကို ပယ်ဖျက်ပေးရန်။
၂ ။ ကဲန်တင်း ဆောက်လုပ်ပေးရန်။
၃ ။ ကျောင်းကား စီစဉ်ပေးရန်။ တင်ပြခဲ့ကြပါတယ် ။

၃ နာရီကြာခန့် ကျောင်းအုပ်ကြီးနဲ့ ကျောင်းသူ/သားတွေ ဆွေးနွေးခဲ့ကြပါတယ် ။ ဒါပေမယ့် ကျောင်းအုပ်ကြီးက အခုထိ ဘာမှ ပြင်ဆင်မပေးသေးပါဘူး။ ဒါကြောင့် ဂုဏ်ထူးတန်း ကျောင်းသူ/သားတွေဟာ တစ်တန်းလုံး ကျောင်းမတက်ဘဲ ဆက်လက် အသံတိတ် ဆန္ဒပြခဲ့ကြပါတယ် ။ ကျောင်းပျက်ကွက် ရက်တွေကို 75% ပြည့်ဖို့ ဆေးခွင့်နဲ့ ပြန်ဖြည့်ဖို့ လုပ်ခဲ့ ကြပေမယ့် 26.3.2012 မှာ သင်တန်းမှူးက 15.3.2012 မှ စတင်ပျက်ကွက်ရက်များကို ဆေးခွင့်အဖြစ်လက်မခံ နိုင်ကြောင်း ပြောပြခဲ့ပါတယ် ။ အစောပိုင်းရက်တွေကတော့ ဆေးခွင့် အဖြစ်လက်ခံလာခဲ့ကြပေမယ့် အခုကြမှ ( 10 ရက်ကြာပြီးမှ ) ပြောခဲ့ခြင်း ဖြစ်ပါတယ်။
အောက်က ပုံကတော့ 19.3.2012 ရက်က ရုံးခန်းထဲမှာ ကျောင်းသူ/သားတွေ စုနေကြတဲ့ပုံပါ ။ ဖုန်းနဲ့ ခိုးရိုက်ထားတာမို့လို့ ၀ါးနေပါတယ် ။ ဘာဆက်လုပ်သင့်တယ် ဆိုတဲ့ ဝေဖန်သံတွေကိုလည်း ကျွန်တော်တို့ မျှော်လင့်နေပါတယ်..........

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။