MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 1, 2012

အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပမယ့် အလုပ်သမားနေ့ အခမ်းအနား



By ဇာဏီ၊ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့။
“မေဒေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ပထမဆုံး လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရမည်ဟု ယုံကြည်ပါတယ်။”လို့ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ထွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမား သမဂ္ဂ (MITU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့တို့
ပူးပေါင်းပြီး ပြုလုပ်ကျင်းပရန်အတွက် အစည်းအဝေးတခုကို ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိ ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည်။
“ကျနော်တို့ လက်ရှိ အလုပ်သမားတွေနဲ့ လယ်သမားတွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဒီအခမ်းအနား အစီအစဉ်အတွင်းမှာ ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကလေးစစ်သား ကိစ္စ အပါအဝင် အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားကိစ္စတွေကိုပါ ထည့်သွင်း ဆောင်ရွက်သွားမှာပါ။ အလုပ်သမားနှင့်ပတ်သတ်သည့် သမိုင်းကြောင်းတွေကိုလဲ ကျနော်တို့ ပြောဖို့ရှိတယ်။ အခမ်းအနားပွဲကို ပေးပို့သည့် သဝဏ်လွှာတွေကိုလဲ ဖတ်ကြားဖို့ ရှိတယ်။ အလုပ်သမား၊ လယ်သမားတွေအတွက် စီစဉ်ဆောင်ရွက်မည့် ကိစ္စတွေ၊ ဆုံးဖြတ်ချက်တွေလဲ ပါဝင်မှာဖြစ်ပါတယ်၊ နောက် ကျနော်တို့ ကြေငြာချက်လဲ ထုတ်ပြန်သွားမှာပါ။ မနက်ကျင်းပမယ့် အခမ်းအနားမှာ ဆောင်ရွက်မယ့်ကိစ္စတွေကို ဒီနေ့ အသေးစိတ်တိုင်ပင်ကြတာပါ။”လို့ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ထွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို အစီအစဉ် (၁၁) ရပ်ဖြင့် ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တနေရာ၊ ရန်ကုန်တိုင်း သုံးခွမြို့နှင့်
ရခိုင်ပြည်နယ် ဂွမြို့ အပါအဝင် နေရာ ၃ နေရာ ခွဲပြီး တပြိုင်နက်တည်း ကျင်းပဆောင်ရွက်သွားမည်ဟု သိရပါသည်။
” ကျနော်တို့ အခမ်းအနားကို ကျင်းပရတာ ရည်ရွယ်ချက် ၃ ခုနှင့် ဆောင်ရွက်တာ ဖြစ်ပါတယ်။ နံပါတ် (၁) အချက်ကတော့ တောင်သူ လယ်သမား၊ အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ ဥပဒေတွေ ရေးဆွဲတဲ့အခါမှာ တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင် ပါဝင်ရေးဆွဲနိုင်ရေး၊ နံပါတ် (၂) အချက်ကတော့ ILO (နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်း) နဲ့ အစိုးရတို့ အတင်းအဓမ္မ လုပ်အားပေးနှင့် ပတ်သတ်ပြီး ၃ နှစ် သက်တမ်းတိုးထားတဲ့ ကိစ္စလဲ ပါပါတယ်၊ နောက်ဆုံးတချက်က မြန်မာနိုင်ငံ အလုပ်သမားများ အဖွဲ့ချုပ် အဖွဲ့အသစ် ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။” မေဒေးနေ့ အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကိုလဲ သူကပဲ ဆက်လက်ပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် မေလ ၁ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေး နေ့) အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် နံနက် ၉း၀၀ မှ ၁၁း၀၀ နာရီအချိန်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။


Burma VJ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။