MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, April 10, 2012

Mozilla Firefox နှင့် Chrome တို့တွင် အသံမလာပါက ။


မင်္ဂလာပါမိတ်ဆွေများ။

       ယနေ့ခေတ်မှာလူတိုင်းနီးပါးအင်တာနက်မှ အင်တာနက် ဟုသော ခေတ်သို့ရောက်ရှိလာပါပြီ။
ထို့အတူနည်းပညာများလည်း နေ့စဉ်နှင့်အမျှတိုးတက်ဖွင့်ဖြိုးနေပါသော်လည်း အချို့ သော အင်တာနက်
ကိုစတင်သုံးဆွဲသူများနှင့် နည်းပညာပိုင်းဆိုင်ရာမသိနားမလည်သေးသူများအတွက် တခါတ၇ံအခက်ခဲများ
ရှိတက်ပါသည်။ဥပမာ..အထက်ပါခေါင်းစဉ်ကဲ့သို့ မိမိတို့ အင်တာနက်စာမျက်နှာများဖွင့်လိုက်သည်အခါ

 သီချင်းများပါဝင်သော ဆိုက်ဒ်များ အသုံးပြုလိုသည့်အခါ  မိမိကွန်ပြူတာတွင်အသံမထွက်သော်လည်း
အခြားသော သူငယ်ချင်းများထံတွင် အသံထွက် အသံလာနေပါသဖြင့် စိတ်ညစ်ရသည့်အခါများရှိပါလိမ့်မည်။
ထို့သို့ဖြစ်သောအခါ မိမိသည် Internet Browser တွင် Window Media PlayerPlug In လိုအပ်နေပြီဟုသိရှိသင့်ပါသည်။အချို့စက်များမှာတော့Window Media Player Plug In ရှိသော်လည်းအသံမလာသော သူများကတော့ မိမိစက်မှ Version အဟောင်းကိုဖြုတ်လိုက်ပြီး နောက်ဆုံးထွက်ရှိသည့် Window Media Player Latest Versionကိုမိမိစက်ထဲသို့ ဒေါင်းလုပ် ယူခြင်းဖြင့် အသံမထွက်သည့်ကိစ္စကိုဖြေရှင်းနိုင်ပါသည်။နောက်တနည်းကတော့ Sound card သီးသန့်ပါဝင်သောစက်များအတွက် Sound Driver ကိုပြန်သွင်းပေးလျှင်ရရှိသလို window 7 အသုံးပြုသူများအနေဖြင့် Start Menu >> All Programs>>Window Update လုပ်ပေးဖို့ လိုအပ်ပါသလားစစ်ဆေးပြီး လိုအပ်ပါက Update Install လုပ်ပေးခြင်းဖြင့် မိမိကွန်ပြူတာအတွက်အသံပြန်ထွက်လာနိုင်ပါသည်။အခြားသောနည်းလမ်းများလည်းရှိပါသေသည်
နောက်ပိုင်းတွင်ဆက်လက်ရေးသားဖော်ပြပေးပါမည်။
          ကျနော်အပေါ်ကခေါင်းစဉ်မှာပြောတဲ့ စကားပြန်ဆက်ပါဦမယ်..... အင်တာနက်အသုံးပြုသူအများစုသည် Mozilla Firefox နှင့် Chrome ကိုသာအသုံးပြုလေ့ရှိကြသည်။ထို့  web browsers များသည်  အမြဲလိုလို Plug In များ Update လိုလား မလိုအပ်လားစစ်ဆေးပေးနေဖို့လိုအပ်ပါသည်။ မိမိသည် Mozilla or Chrome ကိုအသုံးပြုပြီး အွန်လိုင်းရေဒီယိုကို နားဆင်လိုသည်ဟု ဆိုကြပါစို့  ထိုအခါ သူတပါးတွေကဲ့သို့ အသံမလာ မကြားရသည်အခါ မိတ်ဆွေ စိတ်ညစ်ရပါလိမ့်မည်။ ထို့အခါ ..... ဤSoftware လေးကိုနှိပ်ပြီးဒေါင်းလိုက်ပါ။

                   >>>Window Media Player Plug In(  Mozilla Firefox or Chrome )<<<

Window Media Player Plug In မလိုအပ်သောသူများကလည်း မိမိ စက်မှာဘာတွေ Plug In Update လုပ်ပေးဖို့လိုအပ်ပါသလဲဆိုတာကို စစ်ဆေးကြည့်ရန်    "ဒီမှာနှိပ်"



မသိရှိသေးသောမိတ်ဆွေများအတွက် ထပ်မံမျှဝေပေးခြင်းဖြစ်ပါသည်။သိရှိပြီးသားသူများအတွက်စိတ်အနှောင်ယှက်ဖြစ်စေခဲ့ရင် နားလည်ပေးပါ။


Dj-Fighter lay ( MTS Online Radio Creator)
www.myittarshin.com
http://209.212.144.155/MTS

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။