MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 1, 2012

ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ

ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ မနေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ရာမှာ အဲဒီလို ပြောကြားလိုက်တာပါ။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက သဘောတူခဲ့တဲ့ အချက်သုံးချက်ကို ဒေါက်တာအေးမောင်က-
" တစ်အချက်က လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ နိုင်ငံကောင်းကျိုးကို ကြည့်ပြီး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တိုင်းရင်းသားပါတီများ စတဲ့ မိတ်ဖက်ပါတီများနှင့်
တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်များက လိုလိုလားလားနှင့် လွှတ်တော်သို့ ပါဝင်လာစေခြင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက် သုံးအချက်က အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်ရန် နှစ်ဘက်လုံးမှ သဘောတူကြပါတယ် " လို့ပြောပြပါတယ်။
NLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်နိုင်ဖို့ လွှတ်တော်တွင်း ၀ိုင်းဝန်းကြိုးပမ်းနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ (၁၃) ပါတီ အပါအ၀င် တသီးပုဂ္ဂလအမတ်တွေ ကိုယ်စားပြုပြီး ဒေါက်တာ အေးမောင်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တာပါ။
ဒါ့အပြင် ဧပြီလ (၂၅) ရက်နေ့ကလည်း အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးဟာ ဒီကနေ့မှာ တရားဝင် ပြီးဆုံးမှာဖြစ်ပေမယ့် အမျိုးသား ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲတွေကို မေလ (၁) ရက်နဲ့ (၂) ရက်နေ့တွေအထိ ဆက်လက်ကျင်းပဖို့ ရှိပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။