MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, April 23, 2012

စင်ကာပူနိုင်ငံမှ Sentosa ကမ်းခြေရှိပါတီများတွင်လည်းမြန်မာအမျိုးသမီးငယ်များပါဝင်နေ။(စင်္ကာပူအကြောင်း)

စင်ကာပူုနိုင်ငံတွင် ပါတီများနှင့်နိုက်ကလပ်များစွာရှိသည့်အနက် အချို့ သောကလပ်များနှင့်ဘီယာဘားများတွင် မလုံမလဲဝတ်စုံများဝတ်ပြီး ပျော်ပွဲရွှင်ပွဲများကျင်းပလေ့ရှိသည်။
ထိုပွဲများတွင်ယခင်က မြန်မာကျောင်းသူကျောင်းသားများအနည်းငယ်သာတွေ့ ရှိရသော်လည်း  ၂၀၁၁ နှစ်လယ်ပိုင်းမှာ ၂၀၁၂ အတွင်းတွင် သိသိသာသာ များပြားလာလျှက်ရှိသည်။
စင်ကာပူရောက် မြန်မာမိန်းကလေးသမီးပျိုများသည် နိုင်ငံခြားယဉ်ကျေးမှူကို၈၀%အတုယူခိုးချကျင့်ကြံလေ့ရှိကြသည်။ယခုနောက်ပိုင်းတွင် ပတ်ဝန်းကျင်အသိုင်းဝိုင်းကြောင့် ထိုညကလပ်များ။ပါတီနှင့် ဘီယာဘားများတွင် မြန်မာမိန်းကလေးအများစုလည်း  ၀င်ရောက်လာကြပါသည်။အချို့ သော ကလပ်များတွင် ၀တ်စားဆင်ယင်မှုသည်မြန်မာယဉ်ကျေးမှူနှင့်ယှဉ်လျှင် အတော်လေးပင် သရုပ်ပျက်လှပြီး အ၀တ်တန်ဆာမဲ့ လုနီးနီး ဖြင့် ပျော်ပါးနေလျှက်ရှိကြသည်။အချို့သော မြန်မာမိန်းကလေးငယ်များဆိုလျှင် ဥရောပနိုင်ငံသားများ ဖြင့်တွဲလျှက် အမျိုးဖျက်လျှက်ရှိကြသည်။တချို့ မှာလည်း Sponsor ကောင်းသမျှ ၀တ်ကောင်းစားကောင်းများကြောင့် ဘ၀များပါတိမ်ပါးသွားနေကြရသည်။အောက်ပါ ပုံများကိုဥပမာအနေဖြင့် ကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ပါသည်။
ထိုကဲ့ သို့ အရှေ့တောင်အာရှရှိ ပါတီများတွင်လည်း အနောက်နိုင်ငံယဉ်ကျေးမှုများလွှမ်းမိုလာ
သည့်အလျှောက်အရှေ့တောင်အာရှမှလူငယ်များလည်လည်း ခေတ်ရေစီးကြောင်းကို
 လွန်ကျွန်စွာလိုက်မိသဖြင့် စင်ကာပူနိုင်ငံတွင် မလိုလားအပ်သော ပြသနာများကို ဆေးရုံဆေးခန်းများတွင်
 တွေ့ ရလျှက်ရှိသည်။ထိုအများစုတွင် နိုင်ငံခြားမှစင်ကာပူသို့ လာရောက်ပညာသင်ကြသူမျာနှင့် အလုပ်လုပ်ကိုင်သူများဖြစ်ကြသည်။

ထို့ ကြောင့် မိဘများအနေနဲ့ မိမိသားသမီးများအား ပြည်ပနိုင်ငံများသို့ လွှတ်သည့်အခါ အထူးသတိရှိစေရန် နှင့် မိဘအုပ်ထိန်းမှုနှင့် မိမိကိုယ်ကို မှန်ကန်နည်းလမ်းကျစွာတွေးခေါ်မှူသည် မြန်မာ 
ိမိန်းကလေးများအတွက်အထူးပင်အရေးကြီးသည်။ ပြည်ပတွင် ပညာသင်နေသောသားသမီးများစကားကိုလည်း တဖက်နားဝင်သကဲ့သို့ အပြည့်အ၀မယုံကြည်ကြပဲ တတ်နိုင်သောနည်းလမ်းဖြင့် ထိန်းကျောင်းခြင်းဖြင့် ပြည်ပနိုင်ငံများတွင် မလိုလားအပ်သော  မိမိမြန်မာလူမျိုးသိက္ခာကျမည့် ကိစ္စရပ်များမဖြစ်ပေါ်လာစေရန် သတိပေးနှိုဆော်လိုက်ရပါတယ်။

သာဓက အားဖြင့်   (ဧပြီလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့ )၂၀၁၂ သင်္ကြန် စင်ကာပူနိုင်ငံ တိုပါးရိုးဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်သော စတုဒီသာအလှူနှင့်သင်္ကြန်ပွဲတွင်  အနောက်နိုင်ငံသားတဦးအား မြန်မာလုံချဉ် အင်္ကျီလက်ရှည်အဖြူဖြင့်ပေးဝတ်ပြီး မိမိချစ်သူဟု မောက်မာဝင့်ကြွားစွာမြန်မာ့ရိုးရာသက်ြင်္န်  မြန်မာဓလေ့ပွဲသို့လာရောက်ခဲ့သည်။ ထို မိန်းကလေးနှင့် ထိုနိုင်ငံခြားသားဥရောပ လူအား အများစုက ရိုးရာဖျက်အမျိုးဖျက်သည်ဟုနှာခေါင်းရှုံ့ ပြောဆိုကြသည်များရှိသလို တချို့ သော မြန်မာမိန်းမပျိုငယ်လေးများမှာလည်း ပျော်ရွှင်မြူးတူးစွာ ထို နိုင်ငံခြားသား အတွဲအားဝမ်သားစွာအားပေးခြင်း ရေပက်လောင်းခြင်းများပြုလုပ်ခဲ့သည်။ 
 
အခြားသော သာဓကတခုမှာ၏ မြန်မာမိန်းကလေးတဦးသည် ကျွန်ုပ်၏မိတ်ဆွေအိမ်တွင်တည်းခိုနေထိုင်လျှက်ရှိသည်။ထိုအမျိုးသမီးသည် အသက်သားဖြင့် ၃၀ကျော်ဖြစ်သော်လည် သူ၏ချစ်သူ(သို့မဟုတ်)အပျော်တွဲ သည့်လူမှာ သူမ၏အလုပ်မှ မန်နေဂျာဖြစ်သည်။
ထိုမန်နေဂျာ၏ထောက်ပံ့မှုဖြင့် စင်ကာပူနိုင်ငံတွင် တင့်တောင့်တင့်တယ် စွာ သွားရေးနေရေးထိုင်ရေးနှင့် စားသောက်မှုတို့ တွင် အစဉ်ပြေနေပုံရသည်။ထိုအမျိုးသားသည် အသက်အားဖြင့် ၅၀ ကျော်ခန့်ရှိပြီဖြစ်သည်။ထိုမိန်းကလေး သည် အိမ်ခန်းတခန်းတစ်ဦးတည်းဌားနေနိုင်သော်လည်း အိမ်ရှင်များ၏ခွင့်ပြုချက်မရသဖြင့် ထိုအိမ်ခန်းတွင် ပျော်ပါးခွင့်မရပေ။ပြင်ပတွင်သာအပျော်ကြူးလေ့ရှိသည်။ သူမလုပ်ကိုင်သောအလုပ်မှာ Administrative  အလုပ်ဖြစ်သည် .ထိုအလုပ်မျိုးသည် လစာအားဖြင့် စင်ကာပူဒေါ်လာ ၁၄၀၀ ကျော်သာဖြစ်သည်။ အိမ်ခန်းတစ်ခန်းဌားသည့်  လစဉ်အခန်းခမှာ စင်ကာပူဒေါ်လာ ၇၀၀ဖြစ်သည်။သာမန် ဆိုလျှင်မည့်ကဲ့သို့ မျှ စင်ကာပူနိုင်ငံတွင် ထိုလစာဖြင့် တစ်ဦးတည်းအခန်းမဌားနေနိုင်ပါ။ 
 
အထက်ပါသာဓကများအပြင် အခြားသော သာဓကများလည်းရှိပါသေးသည်။သာဓက ၂ခုသာပေးပြီးဖော်ပြပေးထားပါသည်။မြန်မာမိန်းကလေးများ၏ မကောင်းသည့်ဗီဒီယိုနှင့် သတင်းများသည်လည်း အင်တာနက်ပေါ်တွင်ရောက်ရှိမှူနည်းလျှော့နည်း လျှော့ကျသွားစေရန် မိမိမှစတင်ပြီး ကောင်းမွန်စွာဆင်ခြင်မှုတရားဖြင့် လောကတွင် ပျော်ရွှင်သော လမ်းမှန်ကိုလူတိုင်းရွေးချယ်သင့်သည်။မိမိခဏတာအပျော်အပါးများအတွက် မိမိပုံနှင့်သတင်းသည် အင်တာနက်နယ်ပယ်တွင် နာမည်ပျက်စာရင်းဝင်သွားလျှင် သင်သည် ဘယ်မျှတတ်နိုင်မည်နည်း။အ လားတူစွာပင် SPONSOR ကြိုက်နှစ်သက်ပြီး ပျက်စီးနေသော
မိန်းကလေးအချို ၏သာဓကအချို့ လည်  စင်ကာပူမှာနေထိုင်သူကြာမြင့်သူ တိုင်း သိရှိနိုင်ပါလိမ့်မည်။
သို့ဖြစ်ပါသောကြောင့်  မိမိသည် မည်သည့်နိုင်ငံမည်သည့်အရပ်ဒေသပင်ရောက်ရှိနေစေကာမူ Sponsor မရှာပါနှင့် ချိုချဉ်တလုံးနှင့် ဘ၀ကိုတခုလုံးနစ်မွန်းမခံကြပဲ ကိုယ့်ဒူးကိုယ်ချွန် ဖြင့်  မွန်မြတ်သော အလုပ်ကိုင်ဖြင့် မြန်မာ့ပတ်ဝန်းကျင်တွင် နာမည်ကောင်းဖြင့်နေထိုင်ကာ တိုင်းတပါးသားများအမြင်တွင် အထင်သေးမခံကြပါရန် မြန်မာမျိုး မြန်မ့ာဂုဏ်နှင့် ကမ္ဘာမှ မြန်မာဟု အများက အထင်သေးခံနေရတဲ့ ဘ၀မှ လွတ်အောင် လူသားတိုင်းကြိုးစားနိုင်ကြပါစေ.....
 
 
ယနေ့လိုခေတ်အခြေနေမကောင်းသည့်ခေတ်တွင် မိမိသည် မိမိပင်ကိုယ်စွမ်းရည် လုပ်ရည်ကိုင်ရည် ဖြင့်
မှန်ကန်စွာဘ၀ကို၇ပ်တည်ခြင့်ဖြင့်  ပျော်ရွှင်သောအနာဂတ်လမ်းခရီးကို မိမိဆန္ဒရှိသည့်အတိုင်းပျော်ရွှင်ကောင်းမွန်စွာလျှောက်လှမ်းနိုင်ပါစေ။

 
Post By ;မင်းသူရ

 Bikini babes steal the show at Sentosa parties
 
Despite not being within the indoor confines of a nightspot, partygoers were still dressed to impress at the Splash! Liquid Buffet (Apr 6 & 7) at the Hard Rock Hotel and an Easter edition of Smack My Beach Up at Tanjong Beach Club (Apr 8).

It was a poolside buffet at Resorts World Sentosa unlike any other as patrons were treated to a free flow of beer and cocktails and the grooving sounds of female DJ Rebecca Chan.

Moving from the pool to the lush beds of sand, clubbers turned up in sexy beachwear and played games like beer pong in celebration of Easter at Tanjong Beach Club.

With that said, it isn't just the outdoor parties which are capable of attracting a partisan crowd. Zouk played host to just that as French DJ Arno Cost made his Singaporean debut (Apr 5) at the Jiak Kim nightspot to a sell-out dancefloor.

Check out the galleries to the three parties below, as well as more party pictures at Club STOMP now!
  Click on thumbnails for larger image

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။