MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လန်ဒန်ရောက်

လွှတ်တော်ဥက္ကဌ ဦးသူရေ၇ွှမန်းနှင့်BBC မေးမြန်းခန်း
ဥရောပ နိုင်ငံတွေမှာရှိတဲ့ အနောက်တိုင်း ပါလီမန်တွေကို လေ့လာရအောင် လန်ဒန်မြို့ ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဘီဘီစီ မြန်မာပိုင်း ဌာန သီးသန့် တွေ့ ဆုံ မေးမြန်းခွင့် ရခဲ့ရာမှာ သူရ ဦးရွှေမန်းက အနောက်တိုင်း ပါလီမန် တွေနဲ့ မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ကို နှိုင်းယှဉ်ပြ သွားပါတယ်။
ပါလီမန် ရဲ့ အခန်းကဏဟာ အရေးကြီး ကြောင်း၊ ဒါ့ကြောင့် အနောက်တိုင်း ပါလီမန် တွေ အကြောင်း အခုလို လေ့လာခွင့် ရတဲ့ အခါမှာ ပြည်သူ့လွှတ်တော် လုပ်ငန်းမှာ ပိုမို အဆင်ပြေမယ့် သင်ခန်းစာတွေ၊ ဗဟုသုတတွေ ရခဲ့လို့ မြန်မာနိုင်ငံ အတွက် အကျိုးများစွာ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
ဥရောပ နိုင်ငံတွေရဲ့ ပါလီမန် စနစ် တည်ဆောက်ရာမှာလည်း ကောင်းမွန်အောင်၊ ပြည့်စုံအောင် လုပ်ထားတဲ့ ကြားကနေ လိုအပ်ချက်တွေ၊ အခက်အခဲ တွေ ရှိတယ် ဆိုတာကို သက်ဆိုင်ရာ နိုင်ငံတွေ က
ထုတ်ဖေါ်ပြောခဲ့ကြတယ်လို့ သူရ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါကြောင့်မို့ အရင်က ယူဆချက် တွေ အရ အနောက်တိုင်း ပါလီမန် တွေ အပေါ် ခန့်မှန်း ထားချက် နဲ့ ကွာခြားချက် သိပ်မရှိပဲ လုပ်နည်း ကိုင်နည်း ကွာတာသာ ရှိတယ်လို့လည်း ရှင်းပြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြုတဲ့ ပါလီမန် ဖြစ်လာဖို့ ကတော့ အချိန် စောသေးကြောင်း၊ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို ၂ဝဝဂ ခုနှစ်က စတင် အသက်သွင်းပြီး၊ ၂ဝ၁၁ ခု နှစ် ကမှ လက်တွေ့ကျင့်သုံးတဲ့ အတွက် အချိန်ယူရဦးမှာဖြစ်ကြောင်းနဲ့ တွေ့ရှိချက်တွေ အပေါ် မူတည်ပြီး သက်ဆိုင်ရာ ပါလီမန် နဲ့ ပြည်သူ ရဲ့ အဆုံးအဖြတ် ကနေ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ ဥပဒေ တွေလည်း ရှိပြီးသားမို့ ကျိုးကြောင်းညီညွတ်ရင် ပြင်ဆင်နိုင်တဲ့ အနေအထား ရှိပါတယ် လို့လည်း ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောပါတယ်။

NLD နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အပိုင်းမှာလည်း လွှတ်တော်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူဝါဒ ကို အဓိက မထားပဲ နိုင်ငံ အတွက် အကျိုးများ မယ့် လုပ်ငန်းတွေ အဓိက ထားကြမယ် လို့ ယုံကြည် ကြောင်း ပြောပါတယ်။

တပ်မတော်သားတွေ ပါလီမန်ထဲ မပါဝင်တော့မယ့် အချိန်ကို ပြောဖို့တော့ စောသေးကြောင်း ၊ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီ အပြည့်အဝ ရှိကြောင်းတွေ သူရ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။

Media Player ဖြင့် ဖွင့်ပါ

သူရ ဦးရွှေမန်း တွေ့ဆုံမေးမြန်းခန်း ပထမပိုင်း နားဆင်ရန်

သူရ ဦးရွှေမန်းဟာ အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နိုင်ငံရေးအရ မဟုတ်ပဲ လူမှုရေးအရ တွေ့ဆုံဖြစ်ပုံကိုလည်း ပြောပြပါတယ်။

နောက်ပြီး သူ့အနေနဲ့ နောင်တက်လာမယ့် ဒုတိယ သမ္မတ ၊ ဒါမှမဟုတ် သမ0x081မတ ဖြစ်လာနိုင်ချေ ရှိမရှိ ကိုလည်း မေးမြန်းရာမှာ သူက ပြည်သူလူထုနဲ့ လွှ့တ်တော် ကိုယ်စားလှယ်တွေရဲ့ အားပေး ထောက်ခံမှုတွေ အပေါ်မှာပဲ မူတည်ကြောင်း ပြောပါတယ်။

 Media Player ဖြင့် ဖွင့်ပါ

သူရ ဦးရွှေမန်း တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်း နားဆင်ရန်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။