MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 25, 2012

EVDO စနစ်ပါ CDMA 800 MHz ဖုန်းအင်တာနက်လိုင်းများအား လကုန်ပိုင်းတွင် လျောက်ထားနိုင်


လက်ရှိ ချထားပေးလျှက်ရှိသော CDMA 800 MHz မိုဘိုင်းဖုန်းများအား EVDO စနစ်ဖြင့် အသုံးပြုနိုင်မည့် အင်တာနက်လိုင်းများအား  ယခု လကုန်ပိုင်းတွင် စတင်လျောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနက  သိရှိရသည်။ 
အင်တာနက်လျှောက်ထားခြင်းအတွက် လိုအပ်သောတည်ဆောက်မှုများကို ပြုလုပ်နေပြီဖြစ်ပြီး ယခု လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။အဆိုပါ လျှောက်ထားမှုကို ယခင်ချထားပေးသောမိုဘိုင်းဖုန်း များကဲ့သို အင်းတာနက်လျှောက်ထား နိုင်သည့် အချိန်ကို ကြေညာသွားမည်ဖြစ်သည်။“ရှေ့လလောက်မှာ ဖြစ်မယ် ၊ ဘယ်ရက်ဘယ်ချိန်ဆိုတာကိုတော့
အတိအကျပြောလိုမရသေးဘှုး ဘာလိုလည်းဆိုတော့ တစ်ခုခုကြောင့် ရက်မှားသွာရင် မကောင်းဘှုး ကျွန်တော်တို အရင်လိုပဲ အင်တာနက် လျှောက်ထားမှုကို ကြော်ငြာသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ တာဝန်ရှိသူ တစ်ဦးကပြောသည်။


CDMA 800 MHz ဖုန်းများအတွက် အင်တာနက်အသုံးပြုခွင့်ပေးရာတွင် EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး ယခင်ကလည်း အဆိုပါဖုန်းများတွင် အင်တာနက်အသုံးပြုခွင့်ပေးပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။


“အခုတော့ တစ်သောင်းပဲ ပေးရတော့တယ်။ အဲဒါကြောင့် ဒီတစ်ခါတော့ လျှောက်မယ်လို့ စဉ်းစားထား ပါတယ်။ အင်တာနက် အမြန်နှုန်းကလည်း EVDO စနစ်နဲ့ ပေးတာဆိုတော့ မြန်မယ်လို့ ထင်ပါတယ်” ဟု အင်တာနက် အသုံးပြုလိုသူ တစ်ဦးကပြောသည်။


အဆိုပါ ဖုန်းများအတွက် အင်တာနက်လျှောက်ထားရာတွင် ယခင်က ကျပ်သုံးသောင်းဖြင့်လျှောက် ထားရခြင်းဖြစ်ပြီး ယခုပြန်လည် ချထားပေးရာတွင် ကျပ်တစ်သောင်းဖြင့်သာ လျှောက်ထားရမည် ဖြစ်သည်။


အင်တာနက်လျှောက်ထားခြင်းကို မြန်မာ့ဆက်သွယ်ရေးမှ ဝန်ဆောင်မှုပေးပြီး မြန်မာ့ဆက်သွယ်  ရေးရုံး (၁၁)ရုံးတွင်   လျှောက်ထားနိုင်သည်ဟု သိရသည်။ 


မြစ်မခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။