MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 17, 2012

ART ဆေးဝါးမရရှိသည့် HIV ဝေဒနာရှင် ၈၀၀၀၀ ကျော်ရှိနေ၊ ၂၀၁၁ ခုနှစ်အတွင်း အေ့ဒ်စ်ရောဂါဖြင့် သေဆုံးသူ ၁၈၀၀၀ ကျော် ရှိခဲ့ကြောင်းသိရ

578
၂၀၁၁ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် HIV/AIDS ကူး စက်ခံရသူ ခန့်မှန်း ၂၁၅၀၀၀ ရှိခဲ့ပြီး အဆိုပါလူဦးရေမှာ အသက် ၁၅ နှစ် အထက်လူဦးရေ၏ ၀ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့က Central Hotel တွင် ကျင်းပသော မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ရပ်ရွာအခြေပြုကွန်ရက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များ တွေ့ဆုံပွဲတွင် UNAIDS မှ ဒေါက်တာစိုးနိုင်က ဆိုပါသည်။အဆိုပါ HIV ပိုးတွေ့ရှိရသော သူများ၌ တစ်သိန်းနှစ်သောင်းကျော် မှာ ART  ဆေးဝါးလိုအပ်နေသူများ ဖြစ်ပြီး ဆေးဝါးလိုအပ်သူများအနက် မှလေးသောင်းနီးပါးကို ART ဆေး ၀ါးပေးနိုင်ခဲ့ရာ ရှစ်သောင်းကျော်မှာ ART ဆေးဝါးရရှိရန်လိုအပ်နေသူ များဖြစ်ကြောင်း သိရသည်။“ဆေးလိုအပ်သူတွေရဲ့ သုံးပုံတစ်ပုံပဲ ဆေးပေးနိုင်တယ်။
လိုအပ်သလောက် ဆေးမပေးနိုင်လို့ သေဆုံး သူတွေ ရှိနေပါတယ်”ဟု ဒေါက်တာ စိုးနိုင်က ဆိုပါသည်။
၂၀၁၁ ခုနှစ်အတွင်း အိတ်ခ်ျအိုင်ဗွီပိုးအသစ် တွေ့ရှိသူဦးရေ ရှစ်ထောင်ကျော်ရှိခဲ့ပြီး  သေဆုံးသူ ခန့်မှန်း
တစ်သောင်းရှစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။
HIV ပိုးရှိသူများမှာ ART ဆေးဝါးကို CD4 ၃၅၀ အောက်ဖြစ်ပါက စတင်သောက်သုံးရမည် ဖြစ်သော်လည်း လက်ရှိတွင် ဆေးဝါးရရှိမှု အခက်အခဲကြောင့် CD4 ၁၅၀ အောက် ဝေဒနာရှင်များသာ ဆေးပေးနိုင်ကြောင်းနှင့် ဝေဒနာရှင်များမှာ ဆေးရရှိရေးအတွက် CD4 ၁၅၀ အောက် ရောက်အောင် ဖန်တီးပြုလုပ် မှုများကိုလည်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ဒေါ်ယိမ်းမျှော်က အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံတွင်း HIV  ပိုးတွေ့ရှိရသူ များ၌ အမျိုးသမီး လိင်လုပ်သား များတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း (အမျိုးသမီး လိင်လုပ်သား ၁၀၀ ၌ ကိုးဦးမှာ HIV positive ရှိသူများ ဖြစ်)၊ လိင်တူဆက်ဆံသူများတွင် ခုနစ် ရာခိုင်နှုန်းကျော် (လိင်တူဆက်ဆံသူ ၁၀၀ ဦးတွင် ခုနစ်ဦးမှာ HIV positive ရှိသူများဖြစ်)၊ မူးယစ် ဆေးဝါးထိုးသွင်းရာမှ ဖြစ်ပွားမှု ၂၁ ရာခိုင်နှုန်း (မူးယစ်ဆေးဝါးထိုးသွင်း သူ ၁၀၀ တွင် ၂၁ ဦးမှာ HIV positive ရှိသူများဖြစ်)၊ ကိုယ်ဝန်ဆောင်ရာမှ တစ်ဆင့်ဖြစ်ပွားမှုနှုန်းမှာ ၁ ရာခိုင်နှုန်းခန့် တွေ့ရှိရကြောင်းလည်း ဒေါက်တာစိုးနိုင်က ဆိုပါသည်။
မြန်မာနိုင်ငံတွင် တီဘီဝေဒနာရှင် ၁၀၀ ဦးတွင် ၁၀ ဦးမှာ HIV positive တွေ့ရှိရကြောင်းလည်း သိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။