MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

 နိုင်ငံတကာဖက်ရှင်နှင့် အ၀တ်အထည် ဒီဇိုင်းပြပွဲ BIFF & BIL 2012 ကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

e583
၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ခဲ့သည့် ပြပွဲမြင်ကွင်း
နိုင်ငံတကာ ဖက်ရှင်နှင့် အ၀တ်အထည် ဒီဇိုင်းပြပွဲ BIFF & BIL 2012 ကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ထိုင်းနိုင်ငံ၊ Department of International Trade Promotion, Ministry of Commerce မှ ကြီးမှူးကျင်းပမည် ဖြစ်ပြီး နှစ်စဉ် ပြည်ပနိုင်ငံမှ တက်ရောက်ပြသသည့် ကုန်စည်များ၊ ပြည်ပနိုင်ငံများမှ
ဖိတ်ကြားထားသော ဒီဇိုင်နာများ၏ လက်ရာများဖြင့် စည်ကားစွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
ပြပွဲအား ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ လေးရက် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြပွဲ နှင့် အတူဖက်ရှင်ရှိုး၊ Business Matching နှင့် တက်ရောက်လာကြသော နိုင်ငံများမှ ဖက်ရှင် ဒီဇိုင်းပညာရှင်များ စုစည်း၍ ဖက်ရှင်ရေစီးကြောင်း ဆိုင်ရာဖိုရမ်ကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဟု သိရသည်။
ယင်းပြပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ၂၀၁၁ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် ပြပွဲတွင် ထိုင်းနိုင်ငံအပါအ၀င် အာဆီယံ ၁၀ နိုင်ငံမှ ဖက်ရှင်ပညာရှင် များ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့်ထိုင်ဝမ်နိုင်ငံတို့မှ ကုမ္ပဏီပေါင်း ၆၀၀ ကျော်နှင့် ပြခန်းပေါင်း ၁၀၀၀ ကျော်ကို ခင်းကျင်း ပြသနိုင်ခဲ့သည်။
ပြပွဲသို့ ဖက်ရှင်ဒီဇိုင်းများနှင့် ဆက်နွယ်သည့် အသုံးအဆောင်နှင့် အ၀တ်အထည်များကို တက်ရောက်ပြသနိုင်ပြီး ယခုနှစ်တွင်ပြည်တွင်းနှင့် ပြည်ပနိုင်ငံမှ တက်ရောက်ပြသနိုင်ရန် အတွက် ပြခန်းပေါင်း ၁၀၀၀ ကျော် စီစဉ်ထားကြောင်း သိရသည်။
BIFF & BIL 2012 ပြပွဲကို ထိုင်းနိုင်ငံ၊ Challenger 2, IMPACT Muang Thong Thani Nonthaburi  တွင် ပြုလုပ်သွားမည် ဖြစ်သည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။