MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 4, 2012

လူ့ ဘ၀အတွက်သိမှတ်လိုက်နာဖွယ်ရာများနှင့် လူ့ပတ်ဝန်းကျင်တွင်နေထိုင်နည်း။

 ဒီလောကကြီးမှာသင်အသက်ရှင်နေတာဘာ
အတွက်လဲဆိုတာသေချာစဉ်းစားပါသူငယ်ချင်း...။ဘာအတွက် မလိုလားအပ်တဲ့ အတွေးအခေါ်တွေခေါင်းထဲထည့်ထားတာလဲ???။ဘာအတွက် သင့်ကိုယ်သင့် မာနတွေစွတ်ကြီးပြီး မောက်မာနေတာလဲ???သင့်ကိုယ်သင့်ပြည့်စုံလှပြီထင်ပါသလား။ ထမင်းစားတဲ့ လူတိုင်းပြည့်စုံတယ်ဆိုတာမရှိသေးပါဘူး။လူုတိုင်းမှာ Perfect ဆိုတာမရှိပါဘူး။အတ္တတွေကို နင်းခြေပစ်လိုက်ပါလား။ တယူသန် ငါပြောတာကြီးပဲမှန်တယ် ငါလုပ်တာပဲမှန်တယ်ဆိုတဲ့ စိတ်လေးဖျောက်လိုက်ပြီး အများနည်းတူပတ်ဝန်းကျင်မှာနေကြည့်လိုက်ပါလား........မင်းရဲ့ ဘ၀လေးဟာ သာယာဆိုပြေလှပ ပျော်ရွှင်ပြီး ကြည်နူးစရာကောင်းတဲ့ နေ့ ရက်များပိုင်ဆိုင်ပြီးလူချစ်လူခင်ပေါလာမှာပါ။ ဒါပေမဲ့ တခုတော့ရှိတယ် ..... ဒီလောကမှ အထူးသဖြင့်ယနေ့လက်ရှိခေတ်မှ လူသားတွေက အမှန်ပြောတာကို အမုန်းဆုံးဖြစ်နေတယ်ဆိုတော့ သင့်ကိုကြိုတင်သတိပေးလိုက်မယ်နော်.။။ဒါပေမဲ့  ဘာမှဂရုမစိုက်ပါနဲ့ အမှန်တရားကိုလက်မခံတဲ့ လူတွေမုန်းတာကိုခံပြီးမှန်ကန်ဖြောင့်မတ်ရိုးသားစွာ မိမိကိုယ်ကိုယ်နှိမ့်ချပြီးအများနဲ့ လိုက်ရောညီထွေစွာနေတတ်အောင်နေကြည့်လိုက်ပါ။အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

                                              ****************************

သင်ဟာ ဘာအတွက်သင့်စိတ်ကိုသင် သူတပါးအပေါ်အကောင်းမမြင်တတ်အောင် လေ့ကျင့်ပေးနေတာလဲ???သူတပါးအပေါ
်ဘာကြောင့်ပြိုင်ဆိုင်ချင်စိတ် မနာလိုစိတ် မုန်းတီးစိတ်တွေမွေးနေတာလဲ??? တကယ်လို့ မိမိထက်သာတဲ့သူ တတ်မြောက်တဲ့ သူ လေးစားထိုက်တဲ့သူတွေဆိုရင် မနာလိုစိတ်တွေသင်မွေးပြီးသင့်ကိုသင် မီးလောင်တိုက်ထဲ သင့်စိတ်ကိုသွင်းမနေပါနဲ့ ။အေးချမ်းမှုအစစ်မှန်ကိုရ အောင်ကြိုးစားရှာကြည့်လိုက်ပါလား။ လောကမှာ မိမိကြိုးစားရင်မဖြစ်ဖူးဆိုတာတော့မရှိပါဘူး။အရာရာတိုင်းကံကိုမယုံပဲ မိမိကိုယ်တိုင်တော့ ကြိုးစားအားထုတ်ဖို့ပဲလိုပါတယ်။" မယုံဘူးဆိုတာ မကြုံဖူးသေးလို့ပါ"

 
                                                       ****************************

***  လူတွေဟာ ခဏတာ သာယာပျော်မွေ့ မှုကိုမက်မောသာယာနေကြတတ်တယ်။မ်
က်မွှေးတဆုံး ဆိုတာ တိုတိုလေးပါပဲ။ကြာကြာဝါးမယ့်သွားအရိုးတော့ကြည့်ရှောင်သင့်ပါတယ်
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေတောင် ခဏတာလေးအပျော်မက်ကြလို့ တသက်လုံးထိန်းခဲ့ တဲ့နာမည်တွေပျက်ရတာ သာဓကများစွာရှိခဲ့ပါတယ်။****
                                                      ****************************



အပေါစားကြိုက်တဲ့သူဟာ အပေါစားပဲရပါတယ်။အကောင်းစားကြို
က်တတ်သူကတော့ အကောင်းစားပဲရတတ်တယ်။အဲဒီတော့ အဲဒီစကားတွေမှန်မမှန်ဆိုတာတော့ မိမိအသိဥာဏ်နဲ့ဆင်ခြင်သင့်ပါတယ်။မျက်မမြင်တွေဟာ ကမ္ဘာပေါ်မှာ ကားတိုက်သေတာရှားပါတယ်။မျက်စိမြင်လျှင်နဲ့ ကားတိုက်ခံရသူတွေချဉ်းပါ။
                                                   ****************************  

အလကားဆိုတာကို နေရာတကာမှာကြိုက်နှစ်သက်တဲ့ သူဟာ တနေ့လွန်စွာဒုက္ခအကြီးအကျယ်ရောက်
တတ်စမြဲပါ။ Nothing get free။ Easy come, Easy Go
                                                   ****************************
မြန်မာပြည်ဖွား မြန်မာနိုင်ငံသားတွေ တိုင်းတပါးပြည်ပသို့ထွက်ခွာကြတယ
်ဆိုတာ ဘ၀တိုးတက်ဖို့ပါပဲ။အဘယ်ကြောင့်ပြည်ပသို့ရောက်ေ၇ာက် အမျိုးဂုဏ် ဇာတိဂုဏ်နှင့်ယဉ်ကျေးမှုကိုတော့မဖျက်လိုက်ပါနှင့်။ သူများယောင်တိုင်းလိုက်ယောင်ပြီး မြန်မာနိုင်ငံသားအချင်းချင်းစာနာစိတ်မွေးပါ။ညီအကိုမောင်နှမ ညီအမစိတ်များမွေးကြပါ။တိုင်းတပါးပြည်တွေရောက်နေကြတယ် လွတ်လပ်ကြတယ်ဆိုပြီးထင်တိုင်းကြဲမယ်ဆိုရင် ပင်လယ်ပြင်မှာ " ပဲ့  " မပါတဲ့ လှေတစီးလိုဖြစ်နေပါလိမ့်မယ်။ဘယ်နိုင်ငံကြီးပဲရောက်ရောက် နတ်ပြည်ရောက်နေတယ်လို့မထင်မှတ်ပါနဲ့ ။သူကတော့ နိုင်ငံသေးမှာနေလို့ ငါကတော့ နိုင်ငံကြီးမှာနေလို့လို့နှိမ့်ချချင်တဲ့ ယုတ်ညံ့စွာ လူတန်းစားပိုင်းခြား အဆင့်တန်းပိုင်းခြားတဲ့ စိတ်မျိုးမွေးရင်သင်ဟာ သောင်ပြင်မှာလွတ်လိုက်တဲ့  ...( ခ ) <<<{ဖြည့်စွက်စဉ်းစားရန်} လိုဖြစ်နေပါလိမ့်မယ်။ သင်လူလောကရောက်လာတုန်းကဘာအစွမ်းအစတွေပါလာလဲစဉ်းစားပါ။ အားကိုးမရှိပဲ ဘာမှမဖြစ်ပါဘူး။ဘုရားတောင်အမှီရှိမှပွင့်တယ်ဆိုတာ စာအုတ်စာပေတွေမှာမြင်ဖူးဖတ်ဖူးကြမှာပေါ့။ လူသားချင်း အထူးသဖြင့် မြန်မာနိုင်ငံသားအချင်းချင်း စာနာဖေးမကူညီလက်တွဲ ခေါ်ကြမယ်ဆိုရင် မြန်မာဆိုတဲ့ ယခင်က နာမည်ဆိုးများကို တိုင်းတပါးပြည်ပတွေမှာ ဖျောက်ဖျက်နိုင်ပါလိမ့်မယ်။
                                                    ****************************
လူသားတိုင်းချစ်တတ်တဲ့ နှလုံးသားတော့ရှိကြတာပါပဲ...သို့ပေမဲ့ အချစ်ရဲ့ကျေးကျွန်တော့မဖြစ်ပါစေနှင့်။

                                                     ****************************
သူငယ်ချင်းရေ....မင်းမှာရည်းစား
မရှိလို့ စိတ်မညစ်ပါနဲ့ ။စိတ်လည်းမပျက်ပါနဲံ့။အချစ်မရှိ အသက်မရှင်ချင်ဘူးဆိုတာ လူဖျင်း လူညံ့တွေရဲ့ အတွေးအခေါ်တွေပါ။အချစ်မရှိုလို့ ဂေါက်သွားတယ်ဆိုတာစံချိန်မချိုးလိုက်ပါနဲ့ ကွာ။အချစ်ရှိမှ လူဖြစ်ရကျိုးနပ်လိမ့်မယ်လို့ ဘယ်သူမှအဆိုအမိန့်မရှိခဲံ့ပါဘူး။ဖူးစာဆိုတာ ပါခဲ့ ရင် တနေ့သင့်ဆီရောက်လာမှာပါ..ထိုအတူသင့်ရဲ့ ဖူးစာဖက်ကလည်းသင့်နဲ့ တွေ့ ဖို့အချိန်ကိုစောင့်နေပါတယ်။ သူတပါးချစ်သူတွေရှိတိုင်း ငါလည်းချစ်သူရှိရမယ်ဆိုရင် သင်ဟာ သူများယောင်လို့လိုက်ယောင်နေသူပါ။
အချစ်က အရေးကြီးသလား သင့်ဘ၀တိုးတက်မှုကအရေးကြီးသလားစဉ်စားပါ။သင့်ဘ၀က စုတ်ပြတ်နုံချနေရင်တော့ မုချကြိမ်းသေ ဘယ်ကအချစ်မှ မလာပါဘူး။မျက်ကန်းတစ္စေဝေလေလေဖြစ်နေမှာပါ။အဲဒါကြောင့် သင့်ဘ၀တို့းတက်အောင်အရင်ဆုံးကြိုးစားလိုက်ပါ ..ထို့ နောက် အချစ်ကိုရှာဖွေစဉ်းစားလိုက်ပါ။သင့်မှာအတ္တတွေတကိုယ်ကောင်းဆန်မှုတွေလက်ရှိအချိန်မှာများနေသေးလို့ အချစ်က မရောက်ရှိလာသေးတာလို့တွေးပြီး မိမိကိုယ်ကို နှိစ်သိမ့်လိုက်ပါ။..... 

                                                      ****************************
" ရောမကိုရောက်လျှင် ရောမလိုကျင့်ပါ"ထိုစကားသည့်လူတု
ိင်းအတွက်အလွန်မှန်ကန်သည်ဟု ရှေးလူကြီးများကိုအဆိုရှိခဲ့ ပါသည်။လူဆိုသည့် သတ္တ၀ါတွေဟာ တစ်ဦးတယောက်တည်းရပ်တည်နေထိုင်လို့မရနိုင်တဲ့ အတွက် လူမှုပတ်ဝန်းကျင်မှာလည်း အများနည်းတူလိုက်ေ၇ာညီထွေအောင်နေတတ်ဖို့တော့လိုပါလိမ့်မယ်။ (မှတ်ချက်-ကောင်းသောအမှုကိစ္စအ၇ာများသာ)
     
                                                        ****************************
"မကူညီလျှင်နေပါ မနှောင့်ယှက်ပါနှင့်" ထိုစကားလိုပဲ သင်လည်း သူတပါးကိုမကူညီနိုင်လျှင်နေပါ သူတပါးအား ချောက်ချ ကုန်းချော ရန်လိုမှူတွေ မေ့လိုက်ပါ။


                                                       ****************************

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။