MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 8, 2012

ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ယနေ့ကျင်းပ ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြု

ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ၇ရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ မိမိသွင်းလိုသော ကားအရေအတွက်၊ မိမိ တင်သွင်းရာတွင် ကုန်ကျမည့် ငွေပမာဏကိုသာ ငွေစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး အစိုးရဘဏ်များတွင် သာမက ပုဂ္ဂလိကဘဏ်များတွင်လည်း Account ဖွင့်နိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တင်သွင်းလိုပါက သက်ဆိုင်ရာ ပြည်နယ်
(သို့မဟုတ်) တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပါသည်။
အဆိုပါအစီအစဉ်ကို နှစ်ရက်အတွင်း စတင်အကောင်အထည်ဖေါ်မည် ဖြစ်ပြီး စီပွားကူးသန်းဝန်ကြီးဌာနမှ ၂၀၀၇ ခုနှစ်အထက် ကားတင်သွင်းလိုသူများ၏ လျှောက်ထားမှုကို ယနေ့ မေလ ၇ ရက်နေ့မှ ၂ ရက်အတွင်း စတင်လက်ခံလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဘဏ်စာရင်းဖွင့်လှစ်ရန် သတ်မှတ်ထားသည့် အသက်အရွယ်ပြည့်ပြီးသူတိုင်း ဘဏ်စာရင်းဖွင့်လှစ်ကာ ကားတစ်စီးစီ တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။  နိုင်ငံခြားငွေ ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် မည်သည့်ဘဏ်တွင်မဆို ငွေစာရင်းဖွင့်လှစ်နိုင်ပြီး ငွေစာရင်းဖွင့်လှစ်ရာတွင် ကားတင်သွင်းရန်ဟု ပြောကာ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ မကျင်းပမီ စီးပွားကူသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရားဝင် ကားအရောင်းပြခန်း ဖွင့်ခွင့်ရထားသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နံနက် ၁၀နာရီ ၀န်ကျင်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အရောင်းပြခန်း ဖွင့်ခွင့်ရ လုပ်ငန်းရှင်များမှ ပြောင်းလဲပြင်ဆင်ရန်ရှိသည့် မူဝါဒများအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဆာကူရာ ဦးဌေးအောင်မှ "အခုလို လူတိုင်းကို ကားတင်သွင်းခွင့် ပေးမယ်ဆိုတဲ့ မူဝါဒတွေကြောင့် တရားဝင်ဖွင့်ခွင့်ရရှိထားတဲ့ ကားအရောင်း ပြခန်းတွေမှာ စလစ်နဲ့လာဝယ်တဲ့သူက လွဲလို့ ကျန်တဲ့သူတွေက လာဝယ်ကြတော့မှာ မဟုတ်ဘူး။ လူတိုင်းကားတင်သွင်းခွင့် ရှိတဲ့အတွက် ကိုယ့်ဘာသာကိုယ် တင်သွင်းကြမှာပဲ။ အခုလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ဒီလုပ်ငန်းရှင်တွေ အနေနဲက မူဝါဒပိုင်းဆိုင်ရာ မေးခွန်းတွေ အများကြီး မေးပြီး ဆွေးနွေးခဲ့ကြတယ်။ ဥပမာ- အိမ်ထောင်စုတစ်ခုမှာ လူ ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး သွင်းခွင့်ရမှာလား။ အရင်ကားဟောင်းအပ်ပြီး အသစ်သွင်းထားတဲ့ သူတွေကော ထပ်သွင်းလို့ ရမှာလား။ ဘဏ်အကောင့် ဖွင့်ရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်ရမှာလဲ အစရှိတဲ့ မေးခွန်းတွေအပါအ၀င် မေးခွန်းပေါင်း မြောက်များစွာကို မေးမြန်းခဲ့ကြပါတယ်။" ဟု ပြန်လည် ရှင်းပြပါသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။