
ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမေ်းရးအဖွဲ့ နှင့် ပြီး ခဲ့ တဲ့ မတ်လအတွင်း ဆွေးနွေးခဲ့စဉ်က
ဆောင်ပါဝင်တယ်လို့ ကချင်အသိုင်းအဝန်းက သိရပါတယ်။
ဆွေးနွေးပွဲ အသေးစိတ်အချက်အလက်တွေကတော့ မသိရသေးပါဘူး။
ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက “အဓိက သူတို့ အရင်က ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အဖွဲ့နဲ့ ကေအိုင်အိုကြားမှာ ဆွေးနွေးပွဲတွေအားလုံးက မရှိတော့ဘူး၊ မအောင်မြင်တော့ဘူး၊ လုံးဝရပ်သွားတော့ နောက်တဆင့် အသစ်ဖွဲ့ စည်းထားတဲ့ အစိုးရြငိမ်းချမ်းရေးကော်မတီနဲ့ ဘယ်လိုဆွေးနွေးကြမလဲဆိုတဲ့ အပိုင်းပေါ့။ အဲဒီကိစ္စကို အဓိက ညှိတယ်ဆိုတာ သိရတယ်။ အခုနောက်ပိုင်းမှာ ဒီဆွေးနွေးပွဲက အောင်မြင်တယ်ဆိုရင် သူတို့နောက်ပိုင်းမှာ တရုတ်ပြည်မှာဖြစ်ဖြစ် ဆွေးနွေးပွဲတွေ ထပ်လုပ်မယ်။”
ဦးအောင်မင်းနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျိုင်းတုံမြို့မှာ ရှမ်းပြည်တပ်မတော် အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ နဲ့ တွေ့ ဆုံပွဲအပြီး ကေအိုင်အိုနဲ့ အခုလို တွေ့ ဆုံခဲ့တာပါ။
ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့ ကာလအတွင်းမှာ ၃ ကြိမ်တိုင်တိုင် တွေ့ ဆုံခဲ့ပေမယ့် ပြေလည်မှုမရခဲ့ပါ။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်ပေါင်း ၆ သောင်းကျော်ခန့် စစ်ဘေးအန္တရာယ် လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ီDVB
No comments:
Post a Comment