MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

ဂီတအနုပညာရှင်ကြီး ဒေါ်မာမာအေး ဂီတချစ်ပရိသတ်များတွေ့ ရှိနိုင်ဖို့အခွင့်အရေး

နိုင်ငံကျော်  ဂီတပညာရှင်ကြီး  (ဒေါ်  ) မာမာအေးအား    ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့   ခွင့်ပြုစာကို ၂ဝ၁၂ခုနှစ်၊  မေလ ၉ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံ သမ္မတရုံးမှ ပေးပို့ လိုက်ပြီလို့သိရပါတယ်။ အဆိုပါခွင့်ပြုစာကို ကြားဝင်ပြုလုပ်ပေးတဲ့ အနုပညာရှင်က  အီးမေးလ်မှ တစ်ဆင့် (ဒေါ်)မာမာအေးကို  ပေးပို့ခဲ့တာ ဖြစ်ကြောင်း အင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။ အင်တာနက်ပေါ်မှာ ဒေါ်မာမာအေး မြန်မာပြည်ကို အလည်ပြန်လာတော့မယ်လို့ သိရတဲ့အတွက် ဂီတအနုပညာရှင်များက လည်း ဝမ်းသာနေကြပါ တယ်။ ဒေါ်မာမာအေး ရဲ့ ဂီတချစ်ပရိသတ်များကလည်း ဒေါ်မာမာအေးရဲ့ ဂီတသံစဉ်တွေကို
နားဆင်ခံစားဖို့ စောင့်မျှော်နေကြပါတယ်။ ဒေါ်မာမာအေး မြန်မာပြည် ပြန်လာမယ့်အပေါ် ဝမ်းသာပီတိ ဖြစ်နေတဲ့ရန်အောင်က “အန်တီ မာမာအေးပြန်လာတဲ့အတွက် တအားဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်တီမာမာအေးလို ပုဂ္ဂိုလ်မျိုးက ကိုယ့်ဆရာဖြစ်လို့ ပြောတာမဟုတ်ဘူး။ သိပ်တော်ပါတယ်။ ပြန်လာမယ်ဆိုတော့ ကိုယ်တို့လည်း ပညာတွေ အများကြီးထပ်ရဦးမယ်။ နောင်ခေတ် ကလေးတွေအတွက် လည်း အခွင့်အရေးကောင်းတွေ အများကြီးရမှာပါ´´လို့ ပြောပါတယ်။ ဆက်လက်ပြီး ဒေါ်မာမာအေး မြန်မာပြည်ပြန်လာတဲ့အခါ ဖျော်ဖြေပွဲတွေစီစဉ်ပေး ဖို့အတွက်လည်း ဆန္ဒရှိနေတဲ့ ဇော်ဝင်းထွဋ်က “အန်တီမာမာအေးကို ဒီကိုပြန်လာစေချင် တယ်လို့ အစ်ကို အင်တာဗျူးတွေမှာ ပြောခဲ့ဖူး ပါတယ်။ ကြိုလည်းကြိုဆိုတယ်။ သူက အား လုံးရဲ့အမေလိုလည်း ဖြစ်တယ်လေ။ လာလို့ပွဲလုပ်မယ်ဆိုရင်လည်း ဘာမဆို အကုန်လုံးကူညီမှာပါ။ သွားလည်းသွားမှာပဲ လေ´´လို့ ပြောလာပါတယ်။ ဒေါ်မာ မာအေး ပြန်လာတဲ့အခါ မြန်မာပြည် ပရိသတ်တွေ အတွက် ဖျော်ဖြေပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်စေချင်တဲ့ မြန်မာသံအဆိုရှင် ပိုးအိစံကလည်း ”အန်တီ မာမာအေးက တကယ့်ကို ပညာရှင် ကြီးပဲလေ။ အစ်မတို့လည်းသူ့ကို အတုယူရ တာတွေ အများကြီးပဲ။ မြင်ဆရာပေါ့။ ခုလို ပြန်လာ ဖြစ်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်။ ဒီမှာလည်း ဒေါ်မာမာအေး ခရေဇီတွေကလည်း အများကြီးရှိတော့ အမှတ်တရအနေနဲ့ ဖျော်ဖြေပွဲလုပ်ရင် ပို ကောင်းမယ်။ လုပ်ကြမယ်ထင်တယ်။ ရှေ့မှာလည်း ဦးသိန်းတန်တို့၊ မဆွေတို့လာတုန်းကလည်း လုပ်ခဲ့တာဆိုတော့ လုပ်ဖြစ်မယ် ထင်တယ်။ လုပ်ဖြစ်ရင်တော့ အစ်မတို့လည်း တတ်အားသရွေ့ ပါဝင်ကြမှာပါ။ အခုလို ပြန် လာမှာဖြစ်တဲ့အတွက်လည်း ဝမ်းသာတယ်” လို့ပြောပါတယ်။
လင်းအက္ခရာ၊မေမွန်မောင်၊ ရဲရဲ
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။